alinsettOctober 17, 20138min102685
🙄   🙄     🙄     🙄     🙄 သီတင်းကျွတ်ပြီ….။ သီတင်းကျွတ်ဆိုသည်မှာ …. မိုးလေ ကင်းလွတ်သော ပွင့်လင်းရာသီဖြစ်သည်။ စိုစွတ်အိုက်စပ်သော ရာသီဥတု နေ့ရက်များဆီမှ. . . …ဆောင်းအငွေ့အသက် ခပ်သဲ့သဲ့နှင့်  သာသာယာယာ နေချင်စဖွယ်နေ့ရက်များဆီကို . . . လှစ်ခနဲ ကူးပြောင်းလိုက်ခြင်းသည် . . .သီတင်းကျွတ် ဖြစ်သည်။ ဗမာပြည်သူပြည်သားတို့၏ ထုံးတမ်းစဉ်လာအရ. . . ဤအချိန်အခါသည်. . . သမိုင်းရာဇဝင်မှာ အစဉ်အလာကြီးသော အခါကြီးရက်ကြီးဖြစ်သည့်အပြင် မြင်မြတ်တင့်တယ်သော ပြုဖွယ်အစုစုတို့ ့နှင့် စည်ကားသိုက်မြိုက်သော အချိန်အခါလည်း ဖြစ်ပါသည်။ ဗမာလူမျိုးတို့၏ အစဉ်အလာများထဲမှ ချစ်စရာကောင်းသော အစဉ်အလာတစ်ခုအဖြစ် . . […]


ယပ်တောင်လေး တဖျပ်ဖျပ်ခတ်လိုက်ဟောဒီလမ်းမကြီးကို မျှော်ကြည့်လိုက်နှင့် မစိန်ရီ နေမထိထိုင်မသာဖြစ်နေတာ သိသာလှသည်။ ဒါမျိုးဆိုရင် မစိန်ရီ စားဖို့သောက်ဖို့ပူနေရပြီဆုိုတာ သိသာ၏။ ခါတိုင်းလို တိမ်ပြာမို့မို့လွင်သီချင်းကိုလေသံတိုးတိုးလေးတောင် မညည်းနိုင်မှတော့ မစိန်ရီ ဘယ်လောက် ယောက်ယပ်ခတ်နေမလဲ ဆိုတာကိုတွေးသာကြည်တော့ပေါ့။ မနေ့ညက မိုးကြီးထားတော့ အနည်းဆုံး ဒီနေ့ ကိုကျော့မောင် ထမင်းစားကျောက်ကလေးပဲရလာပါဦး အူတော့ စိုကိုစိုလာမည်။ ဒါ့အပြင် ကိုကျော့မောင်ရဲ့ ကြံရည်ဖန်ရည်နဲ့ဆိုသောင်းဂဏာန်း ပိုပိုလောက်တော့ ပါလာနိုင်သည်။ ဒီလိုဆိုရင် ဒီနေ့ညအဖို့ မစိန်ရီ စိတ်ကူးထဲမှာလသာလို့ရပြီ။ အဲဒီလ သာမလား မသာမလားဆိုတာတော့မစိန်ရီက ခုမှ အိမ်ရှေ့ထွက်လမ်းမပေါ် မျှော်ရတာကိုကပဲ မောမောလှပေါ့။ သူတကာတွေ ဟေးခနဲဝေးခနဲ ကျောက်ထမ်းပြီး ရွာထဲဝင်လာရင် ကိုကျော့မောင်များပါလာလေးမလားလို့ မျှော်ကြည့်ရတာလည်းမောပါသည်။အနည်းဆုံးနောက်နားကျကျကနေပဲဖြစ်ဖြစ် ရှေ့ကနေပဲ ဖြစ်ဖြစ် စိန်တူတွေစုပြီး ထမ်းလာသည့်လူတွေထဲတွင် ကိုကျော့မောင်ကိုရှာရတာလည်း မျက်စိတွေမူးရသည်။ ကျောက်မရလို့ သူများတကာရသည့်ကျောက်ကိုလိုက်ထမ်းပေးဦး […]


alinsettOctober 12, 20131min33119
ကဲဗျာ . . . . ထုံးစံအတိုင်းပေါ့ ။   ကျွန်တော် ဖတ်ဖူးတဲ့ ဟာသလေးတစ်ပုဒ်ရယ် ကျွန်တော် တွေးမိတဲ့အတွေး ရယ်ကို. . . ပြောပြမယ်။   ဖတ်ဖူးပြီးသား ဟာသဆိုလည်း အခု မှ ဖတ်ဖူးသလိုလို နဲ့ ပြန်ဖတ်ပေးဦးဗျာ . . .။   ***********************************   လူတစ်ယောက် ညကြီးအချိန်မတော်မှာ အိမ်တစ်အိမ်ရဲ့တံခါးကို ဆွဲဖွင့်ဖို ့လုပ်နေတယ် ။   (သူ အရက်မူးနေတယ် ။ )   အဲဒီ အချိန်မှာပဲ . . . ညဘက် ကင်းလှည့်စစ်ဆေးဖို့လာတဲ့ ရဲတွေက တွေ့သွားပြီး မေးမြန်းစစ်ဆေးပါတော့တယ်။   ” […]


Phyo Thit LuuOctober 11, 20131min90825
ဟားဟားဟား… ခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ ဘာကိုစဉ်းစားမလဲဆိုတာ ကျမ တန်းပြီးတော့ သိလိုက်ပြီလေ။ အိပ်ရာပေါ်က ကိစ္စကို တန်းစဉ်းစားကြတယ် မဟုတ်လား။ ၇ဝ ရာခိုင်းနှုန်းလောက်သော ဒီစာရဲ့ ခေါင်းစဉ်ကို ဖတ်မိတဲ့သူတွေက ဒီလိုပဲ လိင်ဆက်ဆံတဲ့အကြောင်းအရာဖက်ကို ဦးတည်စဉ်းစားမိမယ်ဆိုတာ ကျမ သိနေပါတယ်လေ။ ပြောတော့လည်း မြန်မာ့ယဉ်ကျေးမှုအရ လိင်ကိစ္စအကြောင်း မပြောကောင်းဘူး ဘာဘူးနဲ့ သူတို့တွေစိတ်ထဲက စဉ်းစားနေတာတွေကိုကျ မသိတာမှတ်လို့နော့။ ထားလိုက်ပါလေ ဒါတွေက။ ဒါပေမယ့် အခု ကျမပြောချင်တာကတော့ စကားလုံး တစ်လုံးကြောင့် တချို့ချို့သော သူတွေအပေါ်မှာ ဘဝနဲ့ရင်းပြီးတော့ ဖိနှိပ် အနိုင်ကျင့် စော်ကား ခွဲခြား အကြမ်းဖက်ခံခဲ့ကြရတယ်ဆိုတာလေးကို ပြောပြချင်လို့ပါ။ ဟိုးလွန်ခဲ့တဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက ကျမ နေထိုင်ကြီးပြင်းလာခဲ့ရတဲ့ ဒေသတစ်ခုမှာပေါ့နော်… ဂန်ဒူး xxx မိန်းမလျာ xxx […]


ညသည် မှောင်မိုက်လွန်းနေသည်။ ဘာကိုမှ သဲကွဲစွာမမြင်ရပါဘဲခြေလှမ်းများ ဗွက်ထဲသို့ စွပ်ခနဲ စွပ်ခနဲ ဝင်ဝင်သွားသည်။ လာမိသည့်လမ်းတော့ နောက်ပြန်လှည့်ရန်သာလှ စိတ်မကူး။ သည်ခရီး သည်လိုလာချင်လို့ ပင် တမင်သက်သက် ကိုလှမောင်ကို ဖုန်းလှမ်းဆက်ပြီးခေါ်ခဲ့သေးတာ။ ရှေ့တွင် မည်မျှပင် ဒုက္ခကြီးကြီး အရောက်သွားမည်ဟု စိတ်ကိုဒုံးဒုံးချထားသည်။ သာလှလက်ထဲတွင် ကျွတ်ကျွတ်အိတ်မည်းကြီး တစ်လုံးဆွဲထားသည်။ ထိုအိတ်ထဲတွင် သည်ညအတွက် ရိက္ခာအပြည့် အစုံပါလာသည်။ ဘီယာ၆လုံးလောက်နှင့် အာလူးကြော်၊ ငါးမုန့်ကြော်၊ ဆေးလိပ် စဖြင့် စုံလင်သည်။ ညကောင်းကင်ယံတွင် ကြယ်ကလေးတွေ မှိတ်တုတ်မှိတ်တုတ် လင်းနေရုံမှလွဲပြီး လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်အနေအထားကလည်း မည်းမည်းမှောင်မှောင်နေသည်။သာလှနှင့် ကိုလှမောင် အပါအဝင် နောက်ထပ် အဖော်လိုက်လာသူနှစ်ယောက်ရှိသေးသည်။ ထိုနှစ်ယောက်ကားမောင်လွင်နှင့် မင်းမောင်။ သာလှနှင့်ကိုလှမောင်သွားလျှင် ငရဲအထိ ပျော်ပျော်ကြီးလိုက်မည်ဟုတွေးထားသူတွေ။ခုလည်း ခရီးတစ်ဝက်လောက်ကစ၍ မမြင်မကန်းနှင့် စွပ်ရွတ်လာခဲ့သည့် ခရီးသည်မည်သည့်နေရာသို့ဦးတည်နေမှန်းမသိသော်လည်း […]


အမေကပြောသော စကားကြောင့် ကျွန်တော် ရယ်နေလိုက်မိသည်။ ဆေးလက်စ ဖန်ခွက်ကလေးကိုကြည့်ပြီး မကြာခင် မှန်ဗွီဒိုထဲ ထည့်သိမ်းဖြစ်တော့မည်ဆိုတော့ ဝမ်းနည်းသလိုလို။ သို့သော် အသစ်အသစ်တွေကို တောင့်တနေတတ်သော ကျွန်တော်က လက်ထဲကဖန်ခွက်ကလေးကိုလည်း မကြာခင် ချန်ထားရစ်တော့မည်မှာလည်း သေချာသည်။ ယခုဆေးလက်စ ဖန်ခွက်ကလေးသည် တစ်ပတ်သာ သူနေခွင့်ရှိသည့်အချိန်ကလေးအတွင်း ကျွန်တော်ကို စိတ်ကြည်နူးမှုပေးခဲ့သည်။ ကျွန်တော်ပြုသမျှ သူ့အလှနှင့် သူအန်ဝင်ခွင်ကျ အသုံးတော်ခံပေးခဲ့သည်။ ခု တစ်ပတ်ပြည့်သွားသည့်အချိန်တွင် ထိုဖန်ခွက်ကလေး ဘယ်လောက်လှလှ မူလနေရာဖြစ်သည့် အမေ့၏ မှန်ဗွီဒိုထဲတွင် ပြန်လည်ထည့်သွင်းခံရမည်ဖြစ်သည်။ ထိုသို့ ကျွန်တော်ပြုမူတိုင်း အမေပြောသည်မှာ “ဖန်ခွက်တွေကို တစ်ခွက်ဆိုလည်းတစ်ခွက်ပဲ သုံးပါလား။ ခုကြည့်ဦး ဖန်ခွက်တစ်ခွက်ကို တစ်ပတ်သုံး ပြီး ဆေးကြောပြန်သိမ်းနဲ့ အလုပ်ရှုပ်တယ်။ သားအခန်းထဲမှာလည်း ဖန်ခွက်တွေကိုတစ်ခွက်မက ရှိနေတာကို ဒီက ခွက်တွေကိုလည်း မျက်စောင်းလာလာထိုးနေတယ်” ဟု။ […]


alinsettOctober 9, 20131min25514
မနေ့ညနေက လှိုင်သာယာဘက်ကို သွားတာ.. . . . . . . . . . . . . . အပြန်မှာ . . . . . .   ============================   လှိုင်သာယာ အဝေးပြေးကားဝင်း-ဒဂုံဧရာကနေ ၇၉ ဒိုင်နာ စီးပြီးပြန်လာတာပါ ။   ဒိုင်နာ ဆိုတော့ ဘေးမှာ အကာ အကွယ် မရှိ ဟာလာဟင်းလင်းပေါ့။   လေတွေ တဟူးဟူး ဝင်နေတဲ့ ကားကျပ်ကျပ်ပေါ်မှာ . . . လမ်းကြမ်းလို့ ့ခုန်ပေါက်နေတဲ့ ကားရဲ့ ကိုင်စရာတန်းကလေးကို တင်းတင်း ဆုပ်ကိုင်ပြီး စီး […]


alinsettOctober 3, 20132min47421
သနပ်ခါးလေး လိမ်းပြီးတော့ ဆံပင် ရှည်ရှည်ကို ဆံထုံးလေး ထုံးလိုက်သည်။   ဆံထုံး ထုံးရင်းဖြင့် သီတာ. . .ကိုမြို့ကြီးသားအကြောင်း တွေး လိုက်မိသေးသည်။   သီတာ့ကို အလွန်ချစ်ခင် စွဲလမ်း သည့် ဟန်ဖြင့် တယုတယ ရှိလှပါသော ထို မြို ့ကြီးသား ။   သီတာ့ကို တကယ် ချစ်မြတ်နိုးတာမှ ဟုတ်ပါလေစ ဟု သံသယ မဝင်ရက်လောက်အောင်ကို သူ ့ပုံစံက ရိုးသားဖြူစင်နေသည် မဟုတ်လား။   မြို့ကြီးသား. . . မာယာများပြီး သီတာ့လို တောသူမရိုးရိုးအအကို ချစ်တမ်း လာကစားတာတော့ မဖြစ်ပါစေနဲ့ လို ့. . . မနေ့ကမိဗုံတို့နဲ့ ရွာဥင်္ီးစေတီ မှာ […]


Mahar MyanmarOctober 1, 20135min31416
စိတ္တဇ အကျဉ်း ခန်း နံပါတ် (၁၀)   ကဲ  ပြော  တုန်း  က  ပြော  ပြီး  ပြီ  ဆို တော့..  အလှည့် ကျ  မနွဲ့စတမ်း  ပေါ့  ခင်ဗျာ..  ။   အခု အလှည့် ကျသူ ကတော့ ကဗျာ ပြခန်း (၁၀)  ကိုဖန်တီး  ပေးတဲ့  ကိုမာဃ  ပါ..။       သကြားမင်း  ပဲ  ဆိုပါ တော့.. ကဗျာ  တွေ ကို  ဘယ် လို  ခံစား  ရသလဲ..။        ဘယ်လောက် ကျန်  ခဲ့  လဲ  ..တဲ့  ။    ဟုတ်ကဲ့      တစ် […]


alinsettSeptember 30, 20131min26714
လူတစ်ယောက်ချင်းစီဟာ..အမှောင်တစ်ခြမ်းစီ ရှိနေတဲ့ လမင်းတစ်စင်းစီပဲ….။ အနောက်တိုင်းက စာရေးဆရာကြီးတစ်ယောက်ပြောခဲ့တဲ ့…..အဲဒီ စကားလေးကို..ဖတ်ဖူးတဲ့နေ့ကဆို… ခပ်ပြုံးပြုံးလေး လက်ခံခေါင်းညိတ်လိုက်တာပေါ့ ။ ဟုတ်တယ်လေ….။ တခြားသူတွေအတွက်.. ဟုတ်တာမဟုတ်တာ.. အသာထား.. ကျွန်တော့်အတွက်တော့… အဲဒီ စကားက အမှန်ပဲ.. ။ ဟုတ်တယ်..။ ကျွန်တော်က…. အမှောင်တစ်ခြမ်း ရှိနေတဲ့..လမင်းတစ်စင်းပါ ။ ———————————— ကျွန်တော့် ဘဝမှာ.. ဘယ်သူ ့ကိုမှ မပြောဖြစ်တဲ ့…. အမှောင်တစ်ခြမ်း ရှိတယ် ။ အဲဒီ အမှောင်တစ်ခြမ်းဟာ..ကျွန်တော့် ဘဝ့ရဲ ့ လျှို ့ဝှက်ထားသင့်တဲ ့ အချက်တွေဖြစ်တယ် ။ အဲဒီ အရာတွေ အကြောင်း.. တခြားသူတွေ မသိစေချင်လို ့…. ကျွန်တော်… အဲဒီ အရာတွေကို အမှောင်ချထားတယ်..။ ကျွန်တော်..လျှို့ဝှက်ထားတာတွေကိုများ.. တစ်ယောက်ယောက်က… […]


ムラカミSeptember 27, 20131min19211
ကျနော်. စတိုင်း နောက်တိုင်းး. နင်နော်. နဲ့မွန်ကောင်ဇုတ်. ကလွဲပီး တခြားလည်း. မဆဲတတ်ရှာတဲ့. ကရင်မဝတုတ်လေးကို. ကျနော် ချစ်တယ်မေမေ. သေချာပါတယ်. နင်က. ငါ့. အမျိုးသမီးပါ. နော်ရှီးရယ်. PS ဒါအရှေ့ကျွန်းက. နောက်ဆုံးတင်တဲ့ပိုစ့်ဗျ. နက်ဖျင်မနက်. ရွာကို လိမ့်ဘီ.


လက်ထဲက စာရွက်ကလေးက ဘာလုပ်ဖို့လဲ။ မတော်လည်းဖြစ်တယ်လို့ ပြစ်ပြစ်ခါခါ စွန့်ပစ်ထားခဲ့ပြီးမှ ခုကျတော့ ဖိတ်ကြားလွှာ စာရွက်ကလေး လာကမ်းတယ်ပေါ့။ တောင်ပေါ်မှာ မိုးညို့တိုင်း ငွေတောင်ဆည်မှာ ရေမပြည့်ဘူးဆိုတာတော့ သိသင့်ဖို့ကောင်းတယ်။ မိုးကောင်းတုန်းရွာ မိုးခေါင်မှ မှားပါပြီလို့ တ..နေကြတာတော့ တဆိတ်လွန်လွန်းနေသလို ရာသီမမှန်တော့မှ နတ်တင်နေကြတာများ မျက်စိ ဆံပင်မွှေးစူးရပါရဲ့။ ပြီးတော့ “လာခဲ့ပါ မမရယ်။ ခုဆို မမကြီး သိပ်အားငယ်နေရှာတာ။ ဟိုတုန်းက ကိစ္စတွေကိုလည်း သင်ပုန်းချေပေးလိုက်ပါတော့နော်” တဲ့။ တရားကျစရာ ကောင်းလိုက်ပုံများ။ စိတ်ထဲမှာ အတေးအမှတ်ရယ်လို့ မဟုတ်ပေမယ့် တွေးမိတိုင်း တဆစ်ဆစ် နာကျင်ခဲ့ရတာတော့ သေချာတယ်။ ခုဆို မမကြီး သိပ်အားငယ်နေရှာတာတဲ့။ အားငယ်တယ်ဆိုတဲ့ စကားကို ရင်နဲ့မမျှအောင် သိုသိပ်မြိုသိပ်ပြီး မျက်နှာကို မော့ထားခဲ့ရတဲ့ အချိန်ကာလတွေကိုတော့ ဒင်းတို့ ဘယ်လွမ်းတော့ပါ့မလဲ။ […]


alinsettSeptember 27, 20136min27016
ကဗျာပြခန်း ( ၉ )မှာ… မော်ဒန် ကဗျာ သမား လို ့…ကျွန်တော့်ကို… ပြောကြဆိုကြတာ..လေး..ဖတ်ပြီး.. နည်းနည်းပြောချင်လာတယ် ။ မော်ဒန်ကဗျာဆရာလို ့လည်း..ပြောကြတယ်..ဆိုတော့…..။ အတွန့်လေး..နည်းနည်းတက်တယ်လို ့သဘောထားပြီးဖတ်ပေးပါဗျ ။   ===================================== အနုပညာသမားလို ့ ကျွန်တော့်ကို ခေါ်ကြတယ် ။  ကျွန်တော် ့မိတ်ဆွေတွေကပါ ။ သူတို့က ကဗျာလေး စာလေးရေး ပြီး ကဗျာအတွေး စာအရေးနဲ ့နွေးထွေးနေတဲ့ သူဆိုရင် အနုပညာသမားလို ့ပဲ ခပ်လွယ်လွယ် ခေါ် လိုက်ကြတာကိုးးး။ တကယ်တော့ ကျွန်တော်က ကိုယ့်ကို ကိုယ် အနုပညာသမားလို ့ မသတ်မှတ် သေးပါဘူး ။ အနုပညာ + သမား = အနုပညာသမား ။ […]