CourageSeptember 25, 20131min1817
လူသိဖို့ လူတက်လုပ်နေသူများ (facebook တွင်း လုပ်ဆောင်ချက်)             တွေ့နေမြင်နေရတာကြာပြီဖြစ်သလို ဒီအကြောင်းတွေ ရေးချင်သားချင် နေတာ တော်တော်ကြာပါပြီ။ သို့ပေမယ့် သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း မပြောချင်တာရော မြို့မေတ္တာခံယူကာ ဖရုဿဝါစာ အလှူခံ မဖြစ်လိုတာရော ပေါင်းပြီး ပြောချင်တာတွေကို မျိုသိပ်ထားတာ ကြာလှပြီ။ ကဲ… အခုတော့ မမြင်သာတဲ့အရာတွေကိုတောင် ပွင့်လင်းစွာ ထုတ်ဖေါ်ပြသနေတဲ့ ခေတ်ကြီးထဲမှာ အကျွန်ုပ်လဲ ပွင့်လင်းစွာပြောတော့မည်။ တစ်နေ့တစ်နေ့ ကြိုးပေါ်(online) တက်လိုက်တိုင်း အထူးသဖြင့်Facebook ထဲဝင်လိုက်တိုင်း ပို့စ်(posts)တွေ စတေးတပ်စ် (status)တွေများ ကြည့်မနိုင်လောက် အောင် အရာ အထောင် အသောင်း။ အဲ့ထဲမှာမှ ဘာမဟုတ် ညာမဟုတ်တဲ့ အကြောင်းအရာတွေ ဥပမာဆိုရရင် “ချစ် ကိုယ်ထမင်းစားပြီးသွားပြီ ချစ်ကော စားပြီးပြီလား” “ဝါး… အိပ်ချစ်လိုက်တာ” […]


ကြီးမိုက်တစ်ယောက် အကြီးအကျယ်ကို စဉ်းစားတယ်…ရွာအကြောင်းပေါ့ဗျာ… လူဟောင်းတွေဘယ်ရောက်နေလဲပေါ့…ဘာလို့ရွာတိတ်ဆိပ်လာတာလဲပေါ့.. ဂဇက်လူခြေတိတ်လာတဲ့ကိစ္စဟာ…ကျုပ်စဉ်းစားမိသလောက်… ၁။ အရင်ကလူများစုဟာ အင်တာနက်ကိုရုံးမှာအလစ်သုံးရင်သုံး မဟုတ်ရင် ကိုယ်ပိုင်အချိန်မှာ နီးစပ်ရာအင်တာနက်ဆိုင်မှာ ပိုက်ဆံပေးသုံး…ခဲ့ကြရတာပါ ၂။ အခုတော့ လက်ကိုင်ဖုန်းဆိုတာ ဆိုက်ကားသမားလောက်တောင်ကိုင်နေနိုင်တာ၊ အင်တာနက်ကို ပါအလွယ်တကူ လက်ကိုင်ဖုန်းနဲ့သုံးနေနိုင်လာတော့ အင်တာနက်ဆိုင်ဘယ်သူမှ တကူးတကမသွားကြတော့ပါဘူး (ကျုပ်သူငယ်ချင်း အင်တာနက်ဆိုင်ဖွင့်ပီး လုပ်စားနေတဲ့သူတောင် နားကားနေပီ) ဖုန်းအင်တာနက်မှာကလည်း လိုင်းသိပ်မကောင်းပေမဲ့…သစ်ထူးလွင်လိုဝက်ဆိုဒ်မျိုး ဖေ့စ်ဘုတ်လိုမျိုးကတော့ ဖွင့်လို့ပြုလို့လွယ်ပါတယ်…အဲ…အဓိကကတော့ အင်တာနက်လိုင်းတွေ မကောင်းတဲ့ကြားမှာ..ကျန်တာတွေဖွင့်ရပေမဲ့ ကျုပ်တို့ချစ်တဲ့ မန်းဂဇက်ကတော့ဖွင့်မရပါဘူး…အံ့ဘွယ်သုတ ကျုပ်ဖုန်းဆို  ဂဇက်ဖွင့်ရသေးတယ်…ဒါပေမဲ့ လော့အင်ဝင်လို့  မရပါဗျာ.. ဆိုတော့ ဂဇက်ရွာထဲ ဝင်ဖတ်ရင်တော့ဖတ်ကြလိမ့်မယ်..ကွန်မင့်ပေးဖို့တော့ ခက်ခဲသွားပါတယ်။ဒါဟာလည်းလူတွေနည်းစေတာပဲ။     ၃။ တစ်ခါတလေ အင်မတန်ကောင်းနေတဲ့ ရုံးကလိုင်းတောင်..ကျန်ဝက်ဆိုဒ်တွေဖွင့်ရပြီး ဂဇက်ကျတော့ ပရော်ဘလန်လုတ်ဒင်း ဖြစ်နေပြန်ရော(သဂျီးစဉ်းစားဘွယ်) Firefox can’t find the server […]


Mahar MyanmarSeptember 23, 201327min51222
ကျုပ်  ဆို တာ  က  …အသင်  မဟုတ်ဘူး  လေ…ဒါကြောင့်…ဘာ  မှ  မတူ  နိုင်ပေဘူး ကိုး  ဗျ..အခု  ..  ကျုပ်  ရွာ  ထဲ  ကို   သူကြီး  မသိအောင်   တစ်အိမ်တက်ဆင်း  ပတ်  မွှေ  လိုက် တာ  အခု  တော့   အနီးစပ်ဆုံး   ၁၁  ယောက်  စာရင်း ထွက်လာပါ့  လား … အဲဒီ  စာရင် း  ကို  အခု    ရဲ  လက်   အဲ  လေ…ဒေါ်ကြီးလုံ   လက်ထက်  အခု  လို  ပို့စ်တင်ပြီး  အပ်လိုက်ပါတယ်  ဗျာ..   ပွိုင့်   တိုး  ဖို့  ပို့စ်တင်  တယ်  ပြောပြော…တကယ်  တော့  […]


ムラカミSeptember 22, 20131min27112
ငိငိ တနေ့သားပေါ့ဗျာ. ဟိုကရင်မဝတုတ်ပေါ့. သူ့အမေ ဆေးခန်းပြဖို့ သူ့အိမ်ရောက်နေတာ. ကျော်နဲ့ စကားပြော. ပါ ဆိုတော့. အင်း. ပေါ့. ဒါပေသိ နည်းနည်းတော့ ကျွတ်ကျဲတာပေါ့. သိတယ်မလား. ကျော်က. ပေါက်ပန်းဈေးက လွှတ်ပြောတတ်တာ. လူက ဖဲထုပ်ထဲက ဂျိုကာလိုအစား. လူကြီးသူမနဲ့ စကားပြောရရင်တောင် မျက်နှာပိုးက သတ်ရတာမဟုတ် အဲ့လာဗျာ. အားမိုးခေါ် မာမီမာမားချစ်မေမေ(ခရက်ဒစ်တူ ဟိုလူမဲယီး) နဲ့ စကားပြောခါနီး. ကရင်မဝတုတ်ဖုန်းဆက်လာတယ်. မောင် တဲ့ ထမင်းသွားစားလိုက်ဦးမယ်တဲ့. ပြန်လာရင် မိုးမိုးနဲ့ ဖုန်းပြောနော်. တဲ့. နောက်တနာရီလောက်ကြာရင်ပြန်လာမယ်တဲ့ ကျနော်လည်း. အော်. အင်း ပေါ့. နေ့ဘက်က ဆေးခန်းပြေးထားကြတာဆိုတော့ ညဖက် ထမင်းစားပြီးမှ စကားပြောဖို့ရယ်လေ. ဘုရင့်နောင်သွေး ရဲဘာဒယ်ဗျ. လူက. လက်ဖျားတွေအေးနေပီ. ဟီး. […]


“မြန်မာစံတော်ချိန်” ပြီးခဲ့တဲ့သုံးလေးရက်လောက်က နယ်မှာနေတဲ့ မိတ်ဆွေတစ်ယောက်က အကူအညီတောင်းလာပါတယ်။ ကုမ္ပဏီတစ်ခုကနေသူဝယ်ထား တဲ့ကုန်ဘိုးက ငွေသွင်းရမယ့်ရက်ရောက်နေလို့ငွေစိုက်သွင်းပေးဘို့ပါ။ အဲဒါနဲ့ဘဲ ငွေသွားသွင်းပေးရတယ်ဆိုပါတော့။ ကျနော်သွားပေးရတဲ့ကုန်ဘိုးက သိန်းလေးဆယ်ကျော်ကျော်လောက်ပါ။ ဒါပေမယ့် အဲဒီငွေပြည့်မပြည့်စစ်တာကို နာရီဝက်ကျော်ကျော်စောင့်ခဲ့ရပါတယ်။ ငွေလက်ခံတဲ့ကောင်မလေးက ပိုက်ဆံရေလိုက် သူ့ဟန်းဖုန်းက အသံမြည်လာရင်ဖုန်းလေးဖွင့်ပြီး နားထောင်လိုက်။ တအိအိနဲ့ရီလိုက်။ ကျနော်ဘက်လှည့်ပြီး “ဦးလေး ခဏနော်လို့ပြောလိုက်”။ ရေလက်စပိုက်ဆံကို အစ ကနေပြန်စစ်လိုက်။ “ကွမ်……” ဆိုတဲ့အသံလေးမြည်လာရင်ဖုန်းကိုကြည့်ပြီး ခွိကနဲ့ရီလိုက်။ စာပြန်ရိုက်လိုက်။ (ဖုန်းက အင်တာနက်ချိတ်ထားပုံရပါတယ်) ကျနော်ကို ခဏနော်လို့ပြောလိုက်နဲ့ ဖုန်းလေးပွတ်လိုက်နဲ့ဆိုတော့ စက်နဲ့ပိုက်ဆံစစ်တာ ဆယ့်ငါးမိနစ်လောက်နဲ့ပြီးရမှာကို နာရီဝက်လောက်ကြာသွားပါတယ်။ ကျနော်အလုပ်လုပ်ရမယ့်အချိန်တွေလျော့ပါးလို့သွားပါတယ်။ *********************************************************** ကျနော့်လက်ကိုင်ဖုန်း ဟန်းဆက်က အတော်လေးစုတ်နေတော့ နောက်တစ်လုံးအသစ်လဲလိုက်ပါတယ်။ ဟန်းဆက်အဟောင်းထဲမှာ ထည့်ထားတဲ့ “ ဖုန်းမြည်သံ “လေးတွေကို ကျနော် အတော်လေးသဘောကျတဲ့ တီးလုံးလေးတွေပါ ပါတယ်။ ဖုန်းအဟောင်းထဲက […]


ムラカミSeptember 20, 20131min32413
မလွဲတော့ဘူး. သိလား လွဲချော်မှုတွေများလွန်းခဲ့တဲ့ကျနော် ဒီတခါတော့ တည့်ပြီထင်ရဲ့ သူမနွဲ့တတ် မပလီတတ်တာ တော့ ကျနော့် ကိုယ်ပိုင်ကံကောင်းမှုကိစ္စရပ် နှဖူးမှာတချက်နမ်းပါလို့. ပူဆာတတ်တဲ့ကလေးမ . ဖုန်းက ကျကွဲ အလုပ်က အဆင်မပြေ. ဝင်လေတဲ့ငှက်ဖျား. တောက်.ခ် အရေးထဲ မိုးကကြီးနေသေး. ဟုတ် ကျောက်စ့်တို့လိုလည်း တော်ကီမညက်တော့. ဆံပင်နီနီ မျက်လုံးပြူးပြူး. ပါးဖောင်းဖောင်းနဲ့ ပါးချိုင့်၂ဖက်ပါတဲ့သမီးတယောက်ပဲ. ပူဆာခဲ့မိတာပါ နော်ရှီး. ကိုမောင်ချစ်တယ်. ငါတို့ ဘဝတခုတည်ဆောက်ရအောင် ငါ့ အယူဝါဒကို ဆက်ခံမယ့်. သားတယောက်ရှိတယ်. နင့် အဖဘုရားသခင်ကိုယုံကြည်မယ့် သမီးတယောက် နင်မွေးမယ်ဆို. ငါတို့ မိသားစုက. ဘာလိုဦးမှာလဲ. ဟင်


မတရားသဖြင့် သူ့ပစ္စည်းကိုရယူလိုခြင်း ဟု သူတကာတွေ သမုတ်ကြမည်ဆိုလျှင် လက်ဆယ်ဖြာဦးထိပ်ပန်ဆင်ပြီး ကျွန်မ တိုင်တည်ပြောဆိုရဲပါ၏။ အကျိုးလိုသဖြင့်ညောင်ရေလောင်းခဲ့သည်ဟု ထင်မြင်ခြင်းသည် ကျွန်မကိုယ်တိုင်ထိခိုက်ခံခဲ့ခြင်းမှ လွဲ၍ သူတစ်ထူးအား ထိခိုက်စေခဲ့ခြင်းငှာ အလျဉ်းမရှိခဲ့ပါ။ ကျွန်မ၏ ရင်မှဖြစ်သော သားရတနာအတွက် ရည်ရွယ်၍  ကာယကံမြောက်၊ မနောကံမြောက် ပြုလုပ်ခဲ့ခြင်းသည် အနှိုင်းမဲ့ဖြစ်သော မိခင်တစ်ယောက်၏ မေတ္တာတရားကြောင့်သည်ကား အတည်ဖြစ်သည်။ ~~~~~~             အချိန်အားဖြင့် သုံးနှစ်ရှိခဲ့ပြီ။ သည်တိုက်ကြီးရှေ့ကနေဖြတ်သွားရတိုင်း လှည့်၍ပင်မကြည့်ဖြစ်ခဲ့ချေ။ မျက်စိသည် ရှေ့တူရှုကိုကြည့်၍ ကျွန်မလမ်း ကျွန်မဖြောင့်အောင်သွားခဲ့သည်။ လမ်းသည် အကွေ့အကောက်နှင့် ရှိတတ်ကြသည်မှန်သော်လည်း ဖြောင့်စင်းသည့်လမ်းကိုသာ ကျွန်မကြိုက်သည်။ သို့သော် လမ်းချိုးလမ်းကွေးလေးထဲသို့ ကျွန်မ ပြန်လျှောက်ရလိမ့်မည်ဟု အကြောင်းဖန်လာသည်။ ထိုအကြောင်းဖန်လာသူကိုပင် ကျွန်မ ဒေါသနှင့် နေ့စဉ် ဖရုဿာဝါစာတွေ ရွတ်ဖတ်သရဇယ်နေခဲ့သေးသည်။ ကမာ္ဘ့ရန်ဟု စာဖွဲ့လျှင်ရလောက်သည် ကျွန်မတို့နှစ်ဦး၏ […]


ムラカミSeptember 16, 20131min56142
နင်. အရမ်းချစ်ဖို့ကောင်းတယ်. ပြောတိုင်း. ဟင့်အင်း. နင် က ချစ်တတ်တာပါ. ဆိုတဲ့စကားက. ကျနော်တို့ကြားက အပြန်အလှန်ပြောနေကြ. ကွန်ဗာဇေးရှင်းပေါ့ဗျာ. နင်ကငါ့အတွက်. ဘုရားကပေးတဲ့ လက်ဆောင်. လို့ သူကပြောတော့. ကျနော်.က ဟင့်အင်း. ငါ့အဖေ. ကို နင့်အဖေဆီမှာ. စိတ်ရင်းအရမ်းကောင်းပြီး ချစ်ဖို့ သိပ်ကောင်းတဲ့ သမီးလေးတယောက် တောင်းပေးပါ ပူဆာဖူးတယ်လို့. ပြောမိရဲ့. ဟုတ်တယ် ကောင်းကင်ဘုံမှာ. နင့်အဖေနဲ့ ငါ့အဖေ ပုခုံးဖက်ပီး. ရယ်မောပျော်ရွှင်နေလောက်ပြီ အော်. ငါတို့ လက်ထပ်ပွဲကို ထိုင်ကြည့်ပြီးတော့ ဆိုပါတော့ https://www.facebook.com/min.zarni/posts/10201013879887962 P.S အလုပ်လက်မဲ့ကျနော့်အတွက်. မောင်. နင် ဘာမှ. အားမငယ်ပါနဲ့နော်. အနည်းဆုံးတော့ ဒီကရင်မက. နင့်ကိုမျှစ်ချိုးပြီး ကျွေးမှာပါ. ဆိုတဲ့ ပက်ကညောအတွက်. မှတ်မှတ်ယယ. (မှတ်မှတ်သားသားနဲ့ယုယုယယ ဆိုလိုခြင်းဖြစ်သီ. […]


sorrowSeptember 16, 20131min28310
ကြယ်ပြောင်တစ်စင်းကြွေသည် ဝင်းကနဲ……ဖိန့်ဖိန့်တုန်တိုင်းပြည်တခုလုံးမှ ပန်းများ.အချိန်အခါမဟုတ်.ပင်လုံးကျွတ်မျှပွင့်သည်….. ဓါးလှံလက်နက်များ အလျှံတပြောင်ပြောင် အရောင်ထွက်သည်… ပန်းရနံ့များ တစ်တိုင်းပြည်လုံး သင်းပျံ့နေသည် နိမိတ်လက္ခဏာများ ကအံ့ဩကုန်နိုင်ဖွယ်… အိုလံပတ် တောင်ထိပ် နတ်ဘုရားများ ပွက်ပွက်ထနေသည်… ” ဟင်..ချောမောလှပခြင်း.ရဲရင့် တည်ကြည်ခြင်း.လက်ရုံးအစွမ်းသတ္တိကို အစိုးရသော လူသား..တပါး..ပေါ်ထွန်းမည်..ဟုတ်စ ” ” ထိုသူငယ်အရွယ်ရောက်လျှင် ဗီးနပ်၏အသဲနှလုံးကို သိမ်းယူသောအစွမ်းရှိလတံ့ ဟုတ်စ ” အံ့ဩမှုဖြင့်…ပြူးကျယ်သော မျက်လုံးအစုံတို့ဖြင့်. အလှတရားနှင့် .ချစ်ခြင်း ကိုအစိုးရသော နတ်သမီး ဗီးနပ်က ရေရွတ်သည်… တဆက်တည်းပင် အလှမာနကိုထိပါးလာသော နိမိတ်အတွက် တဆက်တည်း ကျိန်ဆိုလိုက်သည်…. ” သူ့ကိုအကယ်လို့သူမအား .ပြန်မချစ်ပါက ထိုသူ၏ဘက်ဘက်ရင်အုံ .လေတိုက်ယုံနှင့်နာကျင်ပြီ .ထိရုံနဲ့…ဇိကုန်ပါစေ.” ——————-။——————– လူပြည်တွင်လည်း အုံးအုံးကျွတ်ကျွတ်နှင့် ပြောဆိုနေရာမှ မင်းနားသို့ပေါက်ကြားသည့်သကာလ ဖိန့်ဖိန့်တုန်.ပြည့်ရှင်မင်းမြတ်မှာ. .သွေးပျက်စိုးရိမ်ထိတ်လန့်ပြီး. ယဇ်ပရောဟိတ်များနှင့်တိုင်ပင်လေတော့သည် ” […]


JuvenilemaySeptember 16, 20131min1889
“သဘာဝဟာ.. သဘာဝပါ…….” စိုင်းထီးဆိုင်ဆိုထားတဲ့ သီချင်းလေးကို ကျွန်မပြန်ကြားယောင်နေမိတယ်။ ဟုတ်ပါတယ်။ သဘာဝဟာ.. သဘာဝပါပဲ။ ဘာမှပြုပြင်ပြောင်းလဲလို့မှမရနိုင်တာလေ……. (၁) ကျွန်မဟာ Retail Shop တစ်ခုရဲ့ Customer Service Desk မှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတစ်ယောက်ပါ။ နေ့စဉ်ရက်ဆက် ဝယ်သူတွေနဲ့ ဆက်ဆံနေရတယ်။ အမြဲတမ်း ဘာသာစကားမတူတဲ့ လူမျိုးခြားတွေ၊ ယဉ်ကျေးမှုမတူတဲ့ လူမျိုးတွေ၊ အကျင့်စရိုက် စိတ်နေစိတ်ထားမတူတဲ့ လူမျိုးတွေနဲ့ နေ့တိုင်းထိတွေ့ဆက်ဆံနေရပါတယ်။ ကုလားလူမျိုး၊ အင်္ဂလိပ်လူမျိုး၊ အာရပ်လူမျိုး၊ တရုတ်လူမျိုး၊ ဖိလစ်ပိုင်လူမျိုး စတဲ့ လူမျိုးပေါင်းမြောက်များစွာနဲ့ နေ့စဉ်မြင်နေတွေ့နေရပါတယ်။ ဘာသာစကားမတူ၊ ယဉ်ကျေးမှုမတူတဲ့အတွက်ကြောင့် ပေါင်းသင်းဆက်ဆံရတာ တစ်ခါတလေ ထိုင်ငိုချင်လောက်အောင်စိတ်ညစ်ခဲ့ရတဲ့အချိန်တွေလည်းအများကြီးပါပဲ။ တချို့လူတွေက ပိုက်ဆံအရမ်းချမ်းသာတော့ စကားအပြောအဆိုမှာ အရမ်းမောက်မာကြတဲ့လူတွေရှိတယ်။ တချို့လူတွေက ကြည့်လိုက်ရင် ခြွတ်ခြုံကျနေတဲ့ပုံစံမျိုးနဲ့ စကားပြောတာအရမ်းရိုင်းဆိုင်းကြတယ်။ တချို့တွေကျပြန်တော့ တစ်ပြားကို […]


ကျုပ်နာမည်လား။ ကျုပ်နာမည်က ဒေါ်ကြီးလုံတဲ့။ ဒီရွာမှာနေတာတော့ နှစ် (၂၀) လောက်ရှိပြီ။ ရွာလယ်ပိုင်းမှာ တူမလေးနဲ့ နေတယ်လေ။ အောင်မယ်လေး…ရွာက ပျော်ဖို့ကောင်းတာတော့ မပြောနဲ့။ မှတ်မိသေးတယ်။ ဒီရွာကို ရောက်ခါစက ကျုပ်က ခပ်ငယ်ငယ်ရယ်။ ဘာမှလည်း ဟုတ်တိပတ်တိမသိ။ ဒီလိုပဲ ရွာလူကြီးတွေ စကားဝိုင်းထဲ ဝင်နားထောင်ရင်း နားထောင်ရင်းနဲ့ စာလေးဘာလေးတွေဖတ်၊ အဲဒီကနေ ကိုယ်ထင်တာလေးတွေ ဝင်ပြောကြည့်၊ လူကြီးတွေကလည်း မှားရင်ပြင်ပေးကြတယ်။ ဒီလိုနဲ့ ပြောရဲဆိုရဲက ရှိလာ၊ နေတာလည်းကြာတော့ ရွာထဲက အတော်များများနဲ့ သိပေါ့။ ဒါတောင် တစ်ချို့ အဝေးရောက်နေတဲ့ ရွာသားတွေ ပြန်လာရင် ကျုပ်က ကြောင်တောင်တောင်ကို ဖြစ်တတ်သေးတာ။ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ပေါ့။ ဒါနဲ့ … ပြောတာ ဘယ်ရောက်သွားပါလိမ့်။ အော်…ရွာက ပျော်စရာကောင်းတာ… ကျုပ်ဆို […]


kotun winlattSeptember 14, 20131min1656
စံတော်ချိန် သတင်းစာပါ သတင်း…   စံတော်ချိန်ပါ သတင်းအား တုံပြန်ထားသည့် နံရံကပ်စာ… သတင်းတစ်ပုဒ်၏ နောက်ကွယ်….. @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ချီတက်နေသည့် မြန်မာနိုင်ငံတော်ကြီးတွင် မီဒီယာသမားတို့၏ အခန်းကဏ္ဍအား မဏ္ဍိုင်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းထားခဲ့သည်မို့ မီဒီယာသမားတို့၏ တာဝန်မှာ မသေးလှဟု ဆိုရပေလိမ့်မည်။ မီဒီယာသမားဟု ဆိုရာဝယ် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည် စသည်တို့မှ သတင်းထောက်များဟု အများအားဖြင့် သတ်မှတ်သိရှိထားကြပေသည်။ ၎င်းသတင်းထောက်များတွင်လည်း တိုက်ပိုင် သတင်းထောက် အလွတ်တန်း သတင်းထောက်၊ ကော်လံစား သတင်းထောက် အစရှိသဖြင့် ထပ်မံခွဲထွက်သွားပြန်သည်။ ထိုသတင်းထောက်တို့၏ ဖော်ထုတ်ရေးသားမှုများကြောင့် ပြည်သူများ သတင်းမှန်များကို သိရှိကြရသည်။ ဒေသတွင်း နိုင်ငံတွင်း နေ့စဉ်ဖြစ်ပျက်နေမှုများအား ပြည်သူတို့ထံ တင်ပြနေကြသူများပင်…..ဤသို့ဆိုလျှင် သူတို့တွေ၏ ကျေးဇူးတွေ ကျွန်တော်တို့ ပြည်သူတွေဆီမှာ ရှိနေကြသည်ဆိုရမည်ပင်… […]


alinsettSeptember 13, 20131min35119
မနက်ဖြန် အတွက် . . . မနေ့က တည်ဆောက်ထားသမျှ ပြိုကျပျက်စီးသွားခဲ့ပြီပဲ။   အားယူ ပြန် ထဖို ့တောင် . . . . ခြေထောက်တွေ အားအင်တွေ ပျောက်ရှ ထားပြီးပြီ ။   ဘယ်လို လုပ်မလဲ ။ အသက်ရှူဖို ့တောင် လေ ရှာ မတွေ ့ဘူး။ အသက်ရှင်ဖို ့တောင် အချိန်ကာလ မဲ့နေပြီ။   ဘယ်လိုလုပ်မလဲ ။ သူတို ့ပြောတဲ့ ကံတရားဆိုတာက ငါ့အတွက် ဆူးချွန်တွေ သိပ်များနေတယ် ။   ဘယ်လို ရှေ့ဆက်ရမလဲ ။ စကားတွေပြောချင်ပေမယ့် ပြောသမျှတွေက စကားမဖြစ်တော့ဘူး။   အလံတလူလူလွှင့်ထားပါလျက်နဲ့တောင် […]