အခုတလော ဟော့နေတဲ့ကိစ္စကြီးတစ်ခုအကြောင်း မပြောမပြီးမတီးမမြည်ဆိုသလို ပြောကိုပြောမှဖြစ်မယ် သူကြီးကတော့ သိလား၊မသိလား၊မသိခြင်ထောင်ထောင်နေတာလား၊မနိုင်လို့လွှတ်ထားတာလားတော့မသိ။ ဘယ့်နှယ် ဟိုနေရာသွားလည်း ကျောက်သတင်း၊ဒီနေရာသွားလည်းကျောက်သတင်း ဖွဘုတ်မှာတစ်မျိုး၊ရွာထဲလည်းတစ်ဖုံ ကျောက်ခေတ်မှာနှင်းမိုးတွေရွာနေသလားမှတ်ရ။ ဂလိုတွေ အမျိုးမျိုးကြွားပြနေလေ၊ကျောက်ခဲပေါ်နှင်းမိုးတွေကျလေလေ အဆွေးပိုစေတဲ့လူတစ်စုက မသိမသာကော၊သိသိသာသာပါ ထုတ်ဖော်အော်ဟစ်လာကြလေရဲ့။ ဦးကြောင်လို မျက်နှာပြောပြီးသားလူကြီးက ယူCatမယ်တွေ၊ယူDogမယ်တွေ ပေါ်တင်ဖော်ပင်နေတာတွေ့လား တွေ့ရဲ့။ လူမသိသူမသိ ရှက်သလိုကြောက်သလိုလိုနဲ့ကျိတ်ကြံနေတဲ့လူစုတွေလည်းရှိလားရှိရဲ့။ ဘာပဲပြောပြော ကျောက်ခေတ်မှာနှင်းကျတာကို အထီးကျန်မှုပိုစေတယ်လို့ယူဆပြီး မယူရသေးတဲ့လူကစယူမယ်ကြံ၊ ယူပြီးတဲ့လူကလည်းထပ်ယူမယ့်မာန်တွေနဲ့ ဒီဝါမကျွတ်ခင်ကြီးကို ယူကိုယူကြမယ်ဇုံတွဲတွေအား ဖော်ကောင်လုပ်လိုက်ပါရဇီ။ ဒီဝါမကျွတ်ခင်ကြီးမှာပဲ   မောင်ဇာနဲ့လောင်ချာယူမြီ။ မွန်လေးနဲ့ဖွန်ဂေးယူမြီ။ ဖေပေါက်နဲ့ရေတံလျောက်ယူမြီ။ မခိုင်ဇာနဲ့ဓာတ်တိုင်အမွှာယူမြီ။ မောင်မာဂနဲ့ကြောင်ဆရာမယူမြီ။ ဦးကြောင်နဲ့နဖူးပြောင်ယူမြီ။ ဦးဆာမိနဲ့အရူးသာဂိယူမြီ။ အလက်ဆင်းနဲ့ကြွက်ငပျင်းယူမြီ။ ရွှေကြည်နဲ့ရေစည်(သို့မဟုတ်)မယ်တိုးနဲ့ဒယ်အိုးယူကြမြြီဖစ်သီ ဆိုတာကို အသိပေးဖွထားလိုက်ရပါလေသတည်း။                       […]


alinsettSeptember 12, 20134min31328
ဂဇက်ဝဒိန်သာနတ်ပြည်တွင်ဖြစ်သည် ။   မဲလိမ် မဲညစ် မဲကောက်ကျစ်အပြင် ဆွေးမျိုးတစ်သိုက်နှင့် စစ်မက် နှစ်ဆယ့်ငါးရာခိုင်နှုန်းကြောင့် နတ်ပြည်သမဒ ဖြစ်လာသော သကြားမင်းဦးမာဃ . . . . အလွန်တရာမှ ဒေါသအမျက် ထွက်နေသည် ။   စိတ်က ထောင်းခနဲ ဆို ဖင်က ဟောင်းခနဲ ဖြစ်တတ်သူ . . . စိတ်က ထစ်ခနဲဆို ဖင်က ဗျစ်ခနဲ ဖြစ်တတ်လွန်းသူမို ့……. ” သကြားအပေအတေ ” မဖြစ်အောင်လည်း စိတ်ကို ထိန်းရသေးသည် ။   စိတ်တိုရခြင်းအကြောင်းကိုလည်း ကြည့်ချေဦးလေ ။   ကာမတစ္ဆေ မီးလောင်သလို ရှုရဆိုးစေသော အမှုတစ်ခု ဖြစ်ပျက်သွားခြင်းကြောင့်ဖြစ်သည်။   ဖြစ်ပွားပုံမှာ […]


kotun winlattSeptember 11, 20133min1385
ကံကိုယုံပြီး နွားလှည်း စီးကြမယ်.. @@@@@@@@@@@@@@@@@ ကျနော်နေထိုင်တဲ့ တောမက မြို့မကျ ရွာကြီးမှာ စက်တင်ဘာ ၆ ရက်နေ့က မိုးတွေသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့တယ်…။ ရွာကြီးကို ဖြတ်သန်းသွားတဲ့ မော်တော်ကားလမ်းမကြီးပေါ်မှာလည်း ရေက တစ်ချို့နေရာတွေမှာ တစ်ပေခွဲ၊ တစ်ချို့နေရာတွေမှာ လေးပေခန့်အထိ ဖုံးလွှမ်းသွားခဲ့တယ်…။ရေပြန်ကျသွားချိန်ကျတော့ လမ်းမကြီးပေါ်မှာ ကျောက်တုံးကျောက်ခဲတွေ ကျင်းတွေချိုင့်တွေ ဖြစ်ကျန်ရစ်ခဲ့တာပေါ့။ ရွာကြီးရဲ့ အဝင်က ချောင်းကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ သစ်သားတံတားကြီးရဲ့ ကြံ့ခိုင်မှုဟာလည်း စိုးရိမ်စရာ အခြေအနေဖြစ်ခဲ့တာပေါ့..။ ရေကြီးရေလျှံမှုနဲ့အတူ မျှောပါလာတဲ့ အမှိုက်သရိုက် သစ်တုံးတွေက တံတားကြီးရဲ့ နာမကျန်းဖြစ်နေမှုကို ပိုမိုချည့်နဲ့အောင် ဇာတ်ရှိန်မြင့်ပေးသွားခဲ့လေရဲ့..။ ရေဖုံးလွှမ်းခဲ့တဲ့ မော်တော်ကားလမ်းမကြီးဟာ ဟိုးရှေးယခင်ကတည်းက ရှိနေခဲ့တာပါ…။ သမိုင်းနဲ့ချီပြီးပြောရရင်တော့ အရှည်ကြီးပေါ့…။ ကျနော်ငယ်ငယ်က ရွာကြီးကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ […]


marblecommetSeptember 11, 20131min24013
ကိုယ်က အမှောင်ကမ္ဘာထဲမှာ ငြိမ်ဝပ်နေတယ် သူမက အလင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ တည်တည်ငြိမ်ငြိမ် ကိုင်ထင်ပြလို့ အချစ်ရဲ့ မျိုးရိုးဗီဇဟာ အဲဒီနေရာမှာ စတင်ပေါက်ကွဲမှု ဖြစ်သွားတယ် ……။ ……. ……. ဒီတော့မှ ကမ္ဘာကြီးကလည်း ကိုယ်တို့ရဲ့ ခေါင်းမာမှုကို ရှက်ကိုးရှက်ကန်းလေး ရယ်သွမ်းသွေးလို့ လောကဓံနဲ့ ချီးမွမ်း(၇)ရက်၊ ကဲ့ရဲ့ (၇) မိုးလေဝသကလည်း ၎င်းတို့ကို ဂရုမစိုက်တဲ့ အချစ်ရဲ့ ရိုင်းပျလင်းပွင့်မှုကို သဝန်တို ဝန်တို ဖြစ်လို့ ……။ ……. ……. ကံတရားရဲ့ အလိုက်အကန်းဆိုး မသိပုံများ ပြောပါတယ် သူစော်ကားသမျှ သူ့ကို ပြန်အမှုပတ်လို့ …… သစ္စာရှိသူတို့ရဲ့လမ်းဟာ အဲဒီလို တန်ခိုးရှင်မျိုးကိုတောင်မှ အဲဒီလို ရမ်းလို့ ရဲလို့ ရတယ်ဆိုတာ ဥပမာတစ်ခုလိုလို တူနှစ်ကိုယ်ဘဝတစ်ခုလိုလို….။ 10 […]


အခန်း ( ၆ ) ” ကဲ လုပ်မယ်ဆိုတော့လဲ စကြတာပေါ့ကွာ။ ဂျာနူးရေ မင်း အမျိုးတွေကိုအသင့်ပြင်ခိုင်း ထားပြီး ပြီ လား” ” ၂ ရက်လောက်ကတည်းက ပြောပြီးသာပါ။သူတို့ရွာကနေအသင့်စောင့်နေမယ်တဲ့။” ” ဒါဆိုတို့ဘက်ကပဲလိုတာပေါ့။ မနက်ထွက်နိုင်မလားသူငယ်ချင်း” ” ကောင်းတယ်။ မြန်မြန်ပြီးလေ အားလုံးအတွက်အဆင်ပြေလေပဲ။ ငါ့အတွက် ဘာတွေ ပြင်ထားလဲ။ ငါမလာခင်ထဲက ကြိုပြောပြီးသားနော်။” ” အေး ပါကွာ။ ဒို့ဆီမှာအခွင့်မရှိတော့ ရောက်ရာနေရာကပဲ ရှာသုံးရတာပေါ့။ ရော့ ဒီမှာမင်းအတွက်” ” ဟားးးး တယ်မိုက်ပါလားကွ။ ဘယ်ကရှာထားတာလဲ” မောင်ထွန်းလတ် လက်ထဲရောက်လာသောသေနတ် ကိုကိုင်တွယ်ရင်း ကျေနပ်မူ့အပြည်ဖြင့် တအံ့တဩ မေးနေလေသည်။ ” ပြောရမှာတော့ တမျိုးဖြစ်မယ်ကွာ။ဟိုဘက် (တရုတ်နယ်စပ်) သွားလေ့ရှိတဲ့ အသိတယောက် ကိုအကူအညီတောင်းထားတာပါ။ […]


” အဲဒါ နဲ့ ဂျာနူး ရဲ့ အဖေ က ကိုယ့်ကို အကူအညီတောင်းလာတယ် သူငယ်ချင်း” ” မင်းတို့ ဘယ်လိုလုပ်သလဲ ?” ” ငါလဲဘယ်နေပါ့မလဲကွာ စခန်းမှုးကိုခွင့်တောင်းပြီး တောနင်းရှာတာပေါ့ကွာ။ ဒါပေမဲ့ ခြေရာတောင်မတွေ့တော့ သူပြောတာတောင်ဟုတ်ပါ့မလားစဉ်းစားမိတယ်။ တခြားအနီး အနားရွာတွေဆီက တချို့ ဒီလိုတွေ ခံရတဲ့သူတွေ တယောက်စ နှစ်ယောက်စ တွေ့ရ ပြန်တော့ မယုံလို့မရပြန်ဘူး။ ငါလဲမတတ်နိုင်တဲ့အဆုံးမင်းကိုအကူအညီတောင်းရတာပဲ သူငယ်ချင်း” ” ဘယ်နှစ်ယောက်လောက် အကုတ်ခံလိုက်ရပြီလဲ?” ” အင်းးး အားလုံးပေါင်းရင် ၁ဝ ယောက်ကျော် တော့မယ်ထင်တယ် ” ” ဆရာ ဝန်တွေကရောဘာပြောလဲ ဒဏ်ရာအနာနဲ့ပါတ်သတ်ပြီးတော့ ” ” မေ့တော့မလို့ သူတို့အားလုံးဆေးရုံကိုတယောက်မှ ရောက်မလာကြဘူးကွ။ အဲဒီတကြောက တိုင်းရင်းဆေးဆရာက ကုပေးတာတဲ့။ […]


alinsettSeptember 7, 20134min51640
ဖြစ်ပုံက ဒီလို ။   ကနာစီးဂီ ဆိုတဲ့မာမီဂီ က သူငယ်တစ်ယောက်ကို ကောက်ယူပြထည့်လိုက်တာ ။   မိန်းမလျှာလောကတစ်ခုလုံး အုန်းအုန်းထ သွားတာပေါ့ ။ မာမီဂီ က တခြားမိန်းမလျှာအပေါင်းသူတော်ကောင်းတွေကို မဲ့ကာရွဲ့ကာနဲ ့ပြောနေသေးတာ ။   ” ကျွန်မက . . . . . .ယောကျာ်းတစ်ယောက်ကို တင့်တောင်းတင့်တယ် လုပ်ကျွေးနိုင်တယ်တော့်။ ဒါကို….. ကိုယ်တော်ကြီးကိုယ်တော်လေးတို့ ့အသိ ။ ”   အဲသလို ကြွေးကြော်သံတွေ ပွက်ပွက် ညံပြီး . . . . . . သူယူလိုက်တဲ့ သူငယ် ကို ပလစ်ထအောင် ချစ်ပြနေလိုက်တာများ ဝက်ဝက်ကိုကွဲနေတော့တာ။   […]


ချစ်ချစ်ချစ်(အပိုင်း-၁) အခန်း-၄ နေမွန်းတည့်အချိန် ဖြစ်လေသည်။ နိုဝင်ဘာလ အတွင်းရောက်နေပြီဖြစ်သဖြင့် အပူရှိန်မှာသိသိသာသာလျော့ကျနေပေပြီ။ စိုက်ခင်းများရိပ်သိမ်ချိန်ကိုစောင့်မျော် နေရချိန်ဖြစ်သဖြင့် ဦိးဇော်ရိန်း တို့လိုယာသမားမျာအဖို့အားလပ်ချိန်ရနေသည်။ မိမိစိုက်ပျိုးထားသောယာခင်းမျာကို တောကောင်များလာရောက်စားသောက်ခြင်း ဖျက်စီးခြင်းရန်ကိုတချက်တချက်စောင့်ပေးရသည်။မဟုတ်ပါကရိပ်သိမ်းကာနီးအ ချိန်တချက်ပေါ့ပါကစိုက်သမျှ အချည်းနှီးဖြစ်သွားပေမည်။ သို့ပေမဲ့တချိန်လုံးစောင့် စရာကာမလိုပေ။ တောကောင်များ ကလည်း အသီးအနှံကောင်းစွာကြီးထွားနေချိန် ရိပ်သိမ်းကာနီး တွင်လာတတ်သည်။ ဦိးဇော်ရိန်း သားဖြစ်သူ နှင့် တူဖြစ်သူ တို့ အလာကိုစောင့်မျော်နေသည်။မိမိယာ တဲကိုညအိပ်စောင့်ကြပ်ချိန်ရောက်နေပြီ။ မိမိ စိုက်ပျိုးထားသောပြောင်းခင်းကိုယမန် နေ့များကတောကောင်ဝင်ထားကြောင်းယာနီးချင်းရွာသားတဦးမှအသိပေးထားသည်။ အခါတိုင်းမိမိတယောက်တည်းညအိပ်စောင့်ကြပ်လေ့ရှိသော်လည်း အသက်အရွယ်ရ လာသည်ကတကြောင်း တောလည်(မုဆိုး) မထွက်ရတာကြာပြီဖြစ်သဖြင့်လည်းကောင်း တယောက်တည်းထက်စာပါကအဖော်ပါသင့်သည်ဟု အမျိုးသမီးဖြစ်သူကတိုက်တွန်းသဖြင့် လည်းကောင်း ထိုနှစ်ယောက်အားခေါ်လိုက်ရခြင်းဖြစ်လေသည်။ ထိုနှစ်ယောက်ကလည်း အရွယ်ရောက်ပြီးသူများပီပီ အတော်အတန်မုဆိုးပညာတတ်ကျွမ်း နေပေပြီ။တကိုယ်တော် လူကြီးများမသိအောင်ခိုးခိုးထွက်လေ့ရှိကြသည်။ဒါပေမဲ့သားကောင် မရကြသဖြင့်လူကြီးများမသိကြ။ ဝါရင့်မုဆိုးများနှင့်တွဲဖက်မှသားကောင်ရတတ်ကြသည်။ ဦးဇော်ရိမ်း ကားထိုရွာတွင်အလွန်ကျွမ်းကျင်သောမုဆိုးဖြစ်သဖြင့်သူခေါ်လျှင်ငြင်းမည့်သူ မရှိ။လိုက်ချင်သူပေါများလေသည်။ သူကလည်းမျှတသူတဥိီပီပီ အလည့်ကျအားလုံးကို ခေါ်သည်။အခြားသူများကတော့ […]


ဦးေက်ာက္ခဲSeptember 2, 20132min67449
မင်္ဂလာပါ ခင်ဗျ… ကျနော်များ မန်းဂဇက်မှာ လူခြေတိတ်နေတာမို့ နည်းမျိုးစုံနဲ့ ပရိုမိုးရှင်းလုပ်ပါ့မယ်…   တတ်သိပညာရှင် ဆရာ၊ဆရာမများက နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေ ရေးကြ ဆွေးနွေးကြတာမို့၊ ဉာဏ်မမီတဲ့ ဦးကျောက်ခဲက ယနေ့ကြွလာတဲ့ စာဖတ်သူ ပရိတ်သတ်ကို ဧည့်ခံချင်တာကတော့ ယိုးဒယားစတိုင် ဝက်ပေါင်သားစတူး “Khao Kha Moo” ဖြစ်ပါတယ်ခင်ဗျ ။ အဲ… ဝက်သားမစားရင်တော့ ဆောဒီးလို့ တောင်းပန်ပါရစေ။ ဒီဝက်ပေါင်သားနဲ့ ထမင်းပွဲကို ထိုင်းနိုင်ငံ တလွှားက… ( တိန်… တောင်ပိုင်း ပတ္တနီ၊ ယာလ၊ နရသီဝပ် မပါ ) လမ်းဘေးဈေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူ စားသုံးနိုင်တာမို့ လွယ်ကူစားမြိန် ဈေးသက်သာတဲ့ ဟင်းလျာတစ်မျိုးပေါ့ ခင်ဗျာ။ အဲသည့်အထဲမှာမှ ချင်းမိုင်ညဈေးထဲက မြန်မာဆိုင်ဆိုရင် နာမည်ကြီးခင်ဗျ။ […]


ムラカミAugust 30, 20131min35920
အဘေးက သာကီ အဘိုးက ဘာမထီ အဖေက အာဇာနည် ငါက …ငါက … ဟီး.. ငါက ဆပ္ပလီ..။     ကာလရွေ့လျောတော့ ဂလိုပဲ သေဂျင်းဇိမ်း တယောက်လည်း ဒုတိယနှစ်ကို လိမ်ဖယ်လိမ်ဖယ်နဲ့ ဆပ္ပလီဖြေရင်း ရောက်လာလေရောပေါ့ဗျာ..။ အဲ့ဒီမှာ သေဂျင်းဇိမ်းတယောက် ကျောင်းမှာ ကိုယ်လုံးကိုယ်ပေါက် သိပ်လှတဲ့ စိနမလေးကို ခြစ်မိလေသပေါ့။ (ဟိတ်လူဒွေ- ကိုယ်လုံးတော့ ဟုတ်ပါဘီ ကိုယ်ပေါက် ဆိုတာ ဘာလဲ ကပ်သီးကပ်ဖဲ့ လာမမေးနဲ့ နှုတ်ခမ်းကိုပြောဒါ သွပ်သွပ်) ဒင်းကလေးက မျက်နှာလေးက ငုံးအုလေးလို လုံးချွန်ချွန်လေး ..(မေးဖျားပြောပါတယ်) … ငိ .. ပြောရင်းသဒိယလာဘီ..   ထားပါတော့လေ… သေဂျင်းဇိမ်း ခညာ အရင်ယဲဇား ထားသွားလို့ အယက် […]


ဦးေက်ာက္ခဲAugust 30, 20131min48154
တက္ကသီလာ မြကျွန်းသာက ပညာရည်နို့ သောက်စို့လို့အပြီး အစိမ်းဝတ်များကြီးစိုးတဲ့ ရွှေပြည်ကြီးကို မောင်ကျောက်ခဲ စွန့်ခွာလာတာ အခုဆိုရင် နှစ်နှစ်ဆယ်နီးနီးရှိပြီခင်ဗျ။ မစွန့်လို့ကလည်း မဖြစ်ဘူးလေ။ တိုင်းပြည့်တာဝန် ထမ်းဆောင်ချင်ပါတဲ့ အမျိုးကောင်းသားများကို မတတ်တာဘာမှမရှိ၊ ရေဗူးပေါက်တာမလိုချင် ရေပါတာပဲလိုချင်တဲ့ ဒေါ်စိန်အေးကျောင်းတော်ဆင်း အစိမ်းဝတ်များက အထက်စီးကနေ နှိပ်စက်ကလူပြုနေကြတဲ့ အမှောင်ခေတ်ဆိုတော့ ဝေးရာကိုပြေးရတာပေါ့။ မောင်ကျောက်လိုပမွှားမပြောနဲ့ မောင်ကျောက်ရဲ့ဆရာ အမေရိကားပြန်ပညာရှင်ကိုတောင် သွားလေသူ အစိမ်းဝတ်ဘဘကြီးတစ်ဦးက လူပုံအလယ်မှာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆဲတာဆိုတော့ အနေအထိုင်မတတ်ရင် နံရံလေးဖက်ကြားမှာ လုံးတီးဆန်ကြမ်းနဲ့ ငပိပုပ်ကို ကိုယ်တိုင် ဝါးတီးပေးနေရမယ်။   စကားစပ်မိလို့ ဆရာကြီးအဖြစ်ကို ပြန်ဖောက်သည်ချရရင်တော့… တစ်ရက်သား အစိမ်းဝတ် ဝံမင်းတစ်ပါးက လိုအပ်သည်များကို စီမံညွှန်ကြားဖို့ ရွှေပုထိုးလုပ်ကွက်ကို ရောက်လာပါသတဲ့။ စခန်းရဲ့တာဝန်ခံ ဘူမိဗေဒပညာရှင် ဆရာကြီးက ရွှေကြောရဲ့ အခြေအနေ၊ ခန့်မှန်းထွက်နှုန်း […]


——————-အခန်း(၁) ———————– မြန်မာနိုင်ငံမြောက်ပိုင်း။ ဂျပန်များမြန်မာနိုင်ငံကိုအုပ်စိုးနေချိန်။ ၁၉၄၄ခုနှစ်။ဒီဇင်ဘာလ ၁၁ ရက်နေ့။ ညအချိန် ၁၁ နာရီဝန်ကျင်ခန့်။ ဗန်မော်မြစ်ဆိပ်ကမ်းမှ ၆ မိုင်ခန့်အကွာ။ လူတစုတစုံတရာအရေးကြီးသည့်အလားတောလမ်း အတိုင်းခပ်သုတ်သုတ်ခရီးနှင်နေကြသည်။အားလုံးပေါင်း အမျိူးသားကြီးမျသာဖြစ်လျက်အားလုံးပေါင်းလျှင် ၁၁ ဦး အတိအကျဖြစ်လေသည်။ဂျပန်စစ်ယူနီဖောင်းဝတ်ဆင်ထား သူ ရ ဦးဖြစ်ပြီး အရပ်သားဟုယူဆနိုင်သောလူ ၄ ဦး ဖြစ်သည်။ဤလူဦးဆောင်သူမှာဂျပန်စစ်ဗိုလ်ဟုယူဆနိုင်သော “ကူရှီးမား”အမည်ရှိ ဂျပန်ဟုဆိုနိုင်သော်လည်းအရပ်မပု သူတဦးပင်ဖြစ်လေသည်။ ညအချိန်ခါဖြစ်၍လမ်းခရီးကို မှုန်ပြပြကြယ်လေးများ ခပ်ကွေးကွေး လရောင်ကလေးမှအထူထောက်ပံ့ထားပေးနေသည်။သို့ ပေမဲ့ဤခရီးလမ်းကြောင်းကိုရှေ့ဆုံးမှသွားရန်တာဝန်ကျ စစ်သည် သုံးဦးကိုအတိအကျပြပြီးသားမို့အခက်အခဲမရှိလှ။ မနက်မိုးမသောက်မှီအရောက် သတ်မှတ်နေရာသို့အချိန်လု ၍ခရီးနှင်နေရသည်။ဤခရီးစဉ်အတွက်အဓိကကျသော ပစွည်းကိုသယ်ပိုးရန်အထမ်းသမားများကိုငွေကြေးအပို ပေးလျက်ဌားရမ်းထားသည်မဟုတ်ပါလော။အထမ်းသမား များကလည်းလိုသည်ထက်ပိုရသည်မို့ သူလိုချင်သည့် အတိုင်းသယ်ပိုးလျက်မနားတမ်းခရီးဆက်နိုင်ခဲ့သည်။ အထုပ်ကိုနောက်မှထမ်းပိုး၍ခပ်သွက်သွက်ခြေလှမ်းနေချိန် ပင်ကိုဘသိန်းမစဉ်းစားပဲမနေနိုင်။မိမိတို့ကိုအခပေးဌား ရမ်းသူများကားအခြားမဟုတ် ဤမြေပေါ်တွင်ထင်တိုင်းစိတ် ကြိုက်မင်းမူနေသောဂျပန်များဖြစ်နေ၍ပင်။ရွာလူကြီးထံမှ တဆင့်ဌားရမ်းခြင်းမို့မငြင်းနိုင်။သို့သော်တနေ့လျှင်နေ့တွက် သုံးရာဆိုသောငွေကြေးကအသက်ပင်ကြေကြေပင်ဖြစ်ချင် ချင်။အိမ်ထောင်မရှိလူလွတ်ချင်းငယ်ပေါင်းဖော်စိန်သောင်း ကိုပင်အဖော်ထပ်ဌားသဖြင့်အိုကေလိုက်သည့်ဖြစ်ခြင်း။ သို့သော်၎င်းတို့စခန်းအရောက်တွင်အံ့အားသင့်စရာများ ဆက်တိုက်မြင်ခဲ့တွေ့ခဲ့ရပြန်သည်။သာရေအိပ်စွပ်ထားသော […]


alinsettAugust 29, 20139min32422
မသာတစ်ကောင်၏ မှတ်စုများ °°°°°°°°°°°°°°°°°°°°°°°°°°°°° ___________________________________   ဒီနေ ့။ ။ __________ ကောင်းကင်ကို မတော်တဆ ကြည့်မိသည် ။ ကျွန်တော် ကြည့်လိုက်သည့်အခိုက်မှာပဲ ဖြုတ်ခနဲ ကြွေကျသွားသော ကြယ်တစ်ပွင့် ။ အဲသည် ကြယ်ပွင့်ကလေး ရဲ့ လက်ထဲမှာ ” Art ” ဆိုသော စာတန်းကလေးတစ်ခု ကိုင်လျက်သားးး ဇောက်ထိုးးးး မိုးးးမျှော် ာ် ာ် ာ် လိမ့်ကာာာာ လူးကာာာာ သက် . . .ဆင်းးးးးကွယ်ယ်ယ် ပျောက် . . . ။ ကျွန်တော့် ရင်ထဲမှာ တုန်ရီလှိုက်မော . . . ဟင်းးးးခနဲ သက်ပြင်းးးတစ်ချက်ချရင်းးးး ကိုယ့် မှတ်တမ်းတွေ […]