သူလိုချင်ခဲ့သည်မှာ အရာဝတ္ထုပစ္စည်းမဟုတ်။ သက်ရှိလူသား တစ်ယောက်။ ရှင်းရှင်းပြောရလျှင် နှလုံးသားရှိသော မိန်းမသားတစ်ယောက်။ မနေ့တစ်နေ့ကမှ လက်ဝယ်ပိုင်ဆိုင်ရရှိလိုက်သော မိန်းမသားတစ်ယောက်သည် ကံစမ်းမဲမဟုတ်။ သူ ကံစမ်းမဲပေါက်ခဲ့သည်။  သူ လက်ခံရရှိလိုက်သော ကံစမ်းမဲသည် နောက်ဆုံးလက်ကျန် မဲတစ်မဲဖြစ်နေသည်ကိုတော့ သူမသိခဲ့ချေ။ ခုမှတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရလျှင် ပြောမယုံ ကြုံဖူးမှ သိဆိုသလိုဖြစ်ရတော့မည်။ သူ့မျက်နှာသည် ပူလှသည်။ သံယောဇဉ်သည် ပူနွေးနေတုန်းရှိသဖြင့် မျက်နှာကို ဖင်ခုထိုင်လျှက် ဆီလူးသထက်ပြောင်လှသော မျက်နှာကို လှလှကြီး ပြလျှက် ရယ်ကျဲကျဲလုပ်နေရတော့သည်။ (၁) ကဆုန်လနေသည် သူ့အတွက် ပူပြင်းသည်ဟု မခံစားမိချေ။ နေပူစပ်ခါးတွင် ချွေးတို့နှင့်ချွဲနေသော မျက်နှာကလေးသည် စိုစိုပြည်ပြည်လှနေတော့သည်။ မဆလာဗန်းကလေးရွက်ပြီး မျက်လုံးကလေး ကလယ်ကလယ်နှင့် သူ့အားကြည့်နေပုံက တစ်မျိုးဆန်းပါဘိ။ အသားတော်က ညိုညိုဆိုသော်လည်း သူ့အထင် ဝင်းဝါလှသည်။ လှုပ်လီ […]


          သူသည်နေ့ ညီ့အခန်းထဲရောက်သည်။ မရောက်တာကြာပြီဖြစ်သော ညီညီအခန်းသည် ရှုပ်ထွေးပွနေ၏။ မှောင်မှောင်မည်းမည်းနှင့် အလင်းရောင်သိပ်မရသော ညီညီ့အခန်းပြတင်းတံခါးတွေကို သူ ဖွင့်လိုက်သည်။ မျက်စိထဲတွင် ထင်းခနဲ လင်းခနဲမြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်လုံးပင် သူရှက်သွားရလောက်အောင် အခန်းနံရံရှိ ပိုစတာတစ်ခုက မြင်ကွင်းထဲ ဝင်လာသည်။ သည်လို ဆန့်ကျင်ဘက် အမျိုးသားနှင့် အမျိုးသမီး ဖက်လည်တကင်း ချစ်တင်းနှောနေပုံမျိုးကို ညီညီမို့ အခန်းနံရံတွင် ကပ်ထားရဲသည်။ နောက် နံရံသုံးဘက်တွင်လည်း ထိုထိုသော မဖွယ်မရာမည်သော ပုံများ ကပ်ထားလိုက်သည်မှာ ခန်းလုံးပြည့်။ ဘုရား။ သူ ညီညီကိုလွတ်လွတ်လပ်လပ်နေပါစေဟု လွှတ်ထားမိသည်မှာ မည်မျှလောက်ကြာခဲ့သနည်း။ နေကုန်နေခမ်း ခြံထဲတွင်သာ အချိန်ကုန်နေပြီး ညီညီတစ်ယောက် ဘာတွေလုပ်လို့ ဘာတွေဖြစ်နေသနည်း သူမသိခဲ့။ ခုတော့ သူ ညီညီကို စစ်ကြောရေးဝင်မှရတော့မည်။ ၁။       ။ […]


          “အို့ ဆံပင်လေး ကောက်လာတာဘာဖြစ်လဲ၊ ဒါများ ရေးကြီးခွင်ကျယ်လုပ်လို့ သူများတွေ ဒီလို ကောက်နေကြတာပဲ မကြီးရဲ့“ မျက်နှာဆူပုတ်ပုတ်နှင့် ဧည့်ခန်းဆက်တီပေါ် လွယ်အိတ်ကို ပစ်ထည့်ပြီး ထိုင်ချလိုက်ပုံက  မလေးမစားနှင့်။ ဆံပင်လိမ်လိမ် ခွေခွေ ကောက်ကောက်လေးတွေကိုမှ ခု ညီမလေး မီက လှတယ်ထင်သတဲ့။ ပုံစံက ပြေးလိုက်လို့မှမမီသည့် ခေတ်ရှေ့ပြေးပုံနှင့် နီ မီ့အတွက်ရင်လေးနေမိသည်။ နီ ကတော့ ကျောင်းဆရာမဆိုသော ဂုဏ်ပုဒ်နှင့်အညီ အိန္ဒြေအပြည့်နှင့် ရိုးရိုးယဉ်ယဉ်သာဝတ်ပြီး မြန်မာဆန်ဆန်နေခဲ့ရတာ။ ခုတော့ နီ လက်နှင့်ရေးသည်ကို ညီမလေးမီက ခြေနှင့်နောက်မှ ဖျက်နေပြီ။ “သူများတွေ ကောက်နေကြတာ ပိုက်ဆံကိုရေလို သုံးနေနိုင်တာကိုး။ မကြီးတို့က ဝန်ထမ်းတွေလေ။ ခု မီဆံပင်ကောက်လာတာ ဘယ်ကပိုက်ဆံနဲ့ ကောက်လာတာလဲ။ ပြောစမ်းပါဦး။ မီ့ကို ရေကြီးခွင်ကျယ် လုပ်နေတာမဟုတ်ဘူး။ […]


ဒီပို့စ်လေးကိုတင်ရတဲ့ အကြောင်းက ကျွန်တော့်ကို ကျွန်တော် တာဝန်မကျေဘူးထင်လို့ တင်လိုက်ရခြင်းပါ။ ကျွန်တော်က တာဝန်မကျေဘူးဆိုတော့ ကျန်တဲ့သူတွေရောတဲ့။ ကျေပါတယ်ဗျာ။ ကျေလိုက်သမ အားနာမိရလောက်အောင်ကို တာဝန်ကျေကြတာ။ ကျွန်တော်က ရွာထဲမှာ ကိုယ်ရေးချင်တာရေးပြီး ပြန်လှည့်မကြည့်တဲ့ လူတစ်ယောက်လိုများဖြစ်နေပြီလားလို့။ ကျွန်တော် တင်သမျှ ပို့စ်တွေကို ဝိုင်းပြီး Commentပေးကြတဲ့ ဂေဇက်ရွာသူရွားသားတွေကို ပြန်ပြီး အကြောင်းမပြန်နိုင်တာ။ တစ်ခါတစ်လေမှ( ဒါလည်း ဝေးလွန်းလှပါတယ်) ကျွန်တော် Commentဝင်ရေးဖြစ်တယ်။ တစ်ခါတစ်လေ အခြား သူတွေရဲ့ ပို့စ်တွေကို ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ သို့သော်ပေါ့ဗျာ။ Commentတစ်ခုတောင် ကျွန်တော် မရေးသွားနိုင်ခဲ့ပါဘူး။ ဒါတွေကြောင့် တာဝန်မကျေဘူးလို့ထင်တာပါ။ စာရေးသူဆိုတာ ကိုယ်ရေးသမျှစာတွေ သူများတွေဖတ်နေဖို့ချည်းရယ်လို့ မသတ်မှတ်သင့်တာကိုလည်း သဘောပေါက်ပါရဲ့။ အပြန်အလှန်အားဖြင့် ဝေဖန်ဆွေးနွေးမှုဟာ လိုကိုလိုအပ်တာပါ။  ကျွန်တော်ကတော့ ပြေးပြေးလွှားလွှားဖြင့် ရွာထဲလာ။ ပြီးရင် ကိုယ်တင်ချင်တဲ့ […]


          လက်ဖမိုးနဲ့သုတ်လို့မှ ဒီမျက်ရည်တွေမကုန်ရင် လက်ညိုးနဲ့ ကော်ထုတ်ပစ်လိုက်မယ်။ ဒီမျက်ရည်တွေက မိန်းမသားတွေရဲ့ လက်နက်ငယ် တစ်ခုတဲ့လား။ အလကားပြောကြတာ။ တကယ်လို့ လက်နက်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင်တောင် ဖော့ဖယောင်းနဲ့လုပ်ထားတဲ့ ကစားစရာ လက်နက် တစ်ခုပဲဖြစ်လိမ့်မယ်။ ၁။ ခြောက်ဆယ်ဝပ် မီးသီးကလေးက အခန်းထဲမှာ မိန်ပျပျလင်းနေတယ်။ ဒူးပေါ်မေးတင်လို့ မျက်ရည်တွေကျ ကျွန်မငိုနေမိတာ ဘယ်လောက်ကြာသွားပြီလဲ။ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကျွန်မတစ်ယောက်ထဲ။ မနေ့က မနက် ကျွန်မအဝယ်ထွက်ရင်း အမေ့အိမ်မှာ သမီးလေးကို ဝင်ထားခဲ့တယ်။ ဒီနေ့ည ကျွန်မတစ်ယောက်တည်း။ ကျွန်မ မီးဖိုချောင်ထဲ ဝင်ခဲ့တယ်။ မှောက်ထားတဲ့ ထမင်းအိုးကိုလှန်ပြီး ညနေက ဝယ်ခဲ့တဲ့ ဆန်လေးလုံးထဲက နှစ်လုံးကို ထည့်ပြီး ရေဆေးလိုက်တယ်။ လွှစာမီးဖိုးက မနက်ကတည်းကသိပ်ခဲ့လို့ အလွယ်ကောက်မွှေးလိုက်ရုံ။ ကျွန်မ ဈေးတောင်းထဲက ဆလားဗီးယားငါးခြောက်နှစ်ကောင်ကိုတော့ မီးဖုတ် သုပ်ရုံပေါ့။ […]


  ၁။   ကျွန်တော် သွားခဲ့သည်။ ကျွန်တော် သွားနေသည်။ ကျွန်တော် သွားလိမ့်ဦးမည်။ သွားနေသော ကျွန်တော်သည် သွားနေကြောင်း သေချာစေရန် စမ်းစစ်ကြည့်ရန် လိုအပ်ပါသလား။ သို့မဟုတ် အဘယ့်ကြောင့် သွားရန် လိုအပ်ပါနည်း။ “ဟေ့ … ဘယ်သွားမလို့လဲ” “ဟေ့ … ဘယ်က ပြန်လာတာလဲ” မေးခွန်းတစ်ချို့က ကျွန်တော့်ထံ ခန့်ခန့်ညားညား ဝင်ရောက်လာကြပါသည်။ ကျွန်တော် ဖြေရန်လိုအပ်ပါသည်။ သို့သော် ထိုမေးခွန်းများထက် ပိုခက်သော မေးခွန်းက နောက်ဆုံးမှ တိတ်တိတ်လေး ဝင်ရောက်လာခဲ့ဖူးသည်။ “ဟေ့ … ဘာကြောင့် သွားနေတာလဲ” ကျွန်တော် တိတ်ဆိတ်သွားမိသည်။ ဟုတ်ပါသည်။ ကျွန်တော် ဘာကြောင့် သွားနေပါသနည်း။ ထိုမေးခွန်းသည် သွားရန်မလိုအပ်သဖြင့် မေးသော မေးခွန်းပေလော။ သို့တည်းမဟုတ်ပါက သွားနေခြင်းကို […]


ဆုျမတ္မိုးDecember 12, 20121min22216
ဝရံတာနောက်က တိတ်တခိုးချောင်းကြည့်တတ်တဲ့မျက်ဝန်းတစ်စုံကို မောင်သိခဲ့မယ်ဆိုရင် ၊ ကျစ်လျစ်တဲ့မောင့်ပုံစံလေးကို အဝေးကနေမျှော်ကြည့်တတ်တဲ့သူတစ်ယောက်ကိုမောင်သိခဲ့မယ်ဆိုရင် ၊ မမလေးဆီကိုလာတိုင်း အငယ်မလေးအတွက်ဆိုပြီး လက်ဆောင်တွေယူယူလာတတ်တဲ့ မောင့်ကို ဒီဇင်ဘာ ပိတ်ရက်ရောက်တိုင်းလည်တမော့မော့နဲ့မျှော်နေတဲ့သူကို မောင်သာသိခဲ့မယ်ဆိုရင် … ပြီးတော့ ကိုယ့်ထက် ငါးနှစ်နီးပါးကြီးတဲ့သူတစ်ယောက်ကို မောင်လို့တိတ်တခိုးလေးခေါ်တဲ့သူကို  မောင်သာသိခဲ့မယ်ဆိုရင်…. ဒီဇင်ဘာနှင်းစက်တွေက အလွမ်းတွေသယ်လာစရာအကြောင်းမရှိဘူးလေ ။ မောင့်ကိုမောင်လို့စခေါ်မိတဲ့နေ့လေးအကြောင်းကို မောင်သိချင်နေမလား အဲဒီနေ့က မောင်နဲ့ကျမနဲ့ပထမဆုံးဆုံဖူးတဲ့နေ့လေ…လွန်ခဲ့တဲ့ငါးနှစ်လောက်က ဒီဇင်ဘာရဲ့ ညနေခင်းတစ်ခုမှာ… အပြာနုရောင်ရှပ်အကျီလေးဝတ်ထားတဲ့မောင့်နဲ့ ကျမတို့ညီမနှစ်ယောက်နဲ့လမ်းမှာတွေ့ကြတာလေ..။ မမလေးရဲ့လက်ကိုဆွဲရင်း မောင့်မျက်နှာကိုမော့ကြည့်ပြီး မောင်နဲ့မျက်လုံးချင်းဆုံသွားတဲ့ခဏ အံအားသင့်သွားတဲ့မောင့်မျက်နှာရယ်လေ…။ ‘မမလေး နင့်ညီမက အချောလေးပဲဟေ့… ပုတာလေးကလွဲရင်ပေါ့’ တဲ့..။ အချောလေးပဲဆိုလို့ ဝမ်းသာရမလိုရှိသေး ပုတာလေးကလွဲရင်ဆိုတဲ့စကားက ကျမရင်ကိုဆို့စေခဲ့တယ်မောင်..ဒါပေမယ့်လည်း….တောက်ပတဲ့မောင့်မျက်ဝန်းတွေအတွက် ကျမစိတ်မဆိုးရက်ဘူးလေ..။ ငါးပေဆယ့်တစ်လက်မဆိုတဲ့မောင့်အတွက်..ငါးပေမပြည့်တဲ့ ကျမက ပုတာပေါ့နော်..မောင်..။ သန့်စင်ထက် ဆိုတဲ့နာမည်အစား…..အဲဒီညက မောင်လို့နာမည်လေးပေးရင်း ကျမတစ်ညလုံးကြယ်ပွင့်လေးတွေရေတွက်ခဲ့မိတယ်မောင်..။ ပြီးတော့ ပုပုသေးသေးကိုယ်လုံးနဲ့မလိုက်အောင် ဒေါက်ဖိနပ်မြင့်မြင့်ကြီးတွေကျမစီးဖြစ်ခဲ့တယ်…။ […]


စိန်ကြက်ဆင်December 11, 20122min25311
မောင်မောင်ရဲ တစ်ယောက် ပြီးခဲ့တဲ့ လတွေက အလုပ်ပြုတ်လို့ ဌာနေကို ပြန်လာရပါတယ်။ နှစ်လလောက်လကြာ ကံကောင်းချင်တော့ တစ်ခြားအလုပ်ကလေးတစ်ခု ပြန်ရတယ်။ ရတဲ့ အလုပ်က နားအေးပါးအေးမို့ ရွာထဲမှာ ပို့စ်တွေ ပြန်တင်၊ စာတွေ ပြန်ဖတ်ဖြစ်နေပါဘီ ….. လောလောဆယ်တော့ တစ်ကိုယ်တည်း အထီးကျန်ဆန်နေသူ မောင်မောင်ရဲတယောက် ဆောင်းတွင်းကို ဘယ်လို ကျော်ဖြတ်နေရတယ်ဆိုတာလေး မျှဝေခံစားစေချင်ရဲ့ ဤမှန်သော သစ္စာ ပို့စ်ကြောင့် လခကောင်းကောင်း ရပါလို၏။ ကျန်းမာရေးကောင်းရပါလို၏။ ချစ်ရသူနဲ့ အမြန်ဆုံးနီးရပီး အထီးကျန်ဘွကို အမြန်အဆုံးသတ် ရပါလို၏။ ခွိ … ခွိ နံနက်ခင်း ကောင်းကင်ပြာရဲ့အောက် အထီးကျန်ဆန်တဲ့ အဖြစ်တွေနဲ့  …… ကြင်ဖော်မဲ့ ငှက်ကလေးတကောင်လို တည်ရာမဲ့ ဝဲလွင့်ခြင်း ( နှစ်ယောက်ထိုင်ခုုံတွေကို မုန်းတယ် ) တယောက်တည်းဘွ စာနာတတ်ကြပါစေ၊ အိမ်ပြန်ရောက်လို့ ကျောတစ်ခင်းစာ အခန်းငယ် အတွင်းမှာ ကမာ္ဘကြီးကို ရွာလုပ်ပီး၊ တယောက်တည်း စကားတွေပြောပီး ကြေကွဲ၊ ဒေါသ၊ […]


          ဆောင်းလေညှင်းက အေးနေပြီ။ မနက်ဖြန်ဆိုရင် နယ်ကိုပြန်ရတော့မယ်။ ရောင်စုံ မီးရောင်တွေအောက်ကနေ ခဏသာ ပျောက်ကွယ်ရဦးတော့မှာပေါ့။ လွမ်းလို့တော့မဟုတ်ပါဘူး။ ဒါ လွမ်းလောက်စရာမှ မဟုတ်တာ။ အညှီ အဟောက်တွေမှန်းလည်း သိပြီးပြီ။ အများပိုင်ရင်ခွင်တစ်ခုမှာ တစ်ဦးဆိုင်နာမ်အတွက် စွန့်သင့်တာကို စွန့်ပစ်လိုက်ခြင်းလို့ သတ်မှတ်မိတယ်။ ဒီအနေအထားမှာ နေခွင့်ရတာကို ပျော်ပိုက်တယ်လို့ ကိုယ့်ကိုကိုယ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့။ ပြီးပြည့်စုံခြင်းမရှိတဲ့ဘဝမှာ လေလွင့်ငှက်တစ်ကောင်ရဲ့ ခိုနားရာသစ်ကိုင်းက ဆွေးနေတာတော့မဟုတ်ဘူး။ ဆွေးနေမှန်းမသိဘဲ နားခိုခဲ့မိတဲ့ ငှက်တစ်ကောင်ရဲ့အမှားပါပဲ။ တကယ်ဆိုရင် အပျံသင်ရင်း နယ်လွန်ခဲ့မိတဲ့ ငှက်တစ်ကောင်ရဲ့ဘဝက လေထန်နေခဲ့ခြင်း သက်သက်သာ။ ဝေဟင်မှာ လေခိုစီးရမှန်းလည်းမသိ။ အတောင်ညောင်းလို့နားခိုခဲ့မိတဲ့ နေရာလေးတစ်ခုဟာ အဆိပ်တွေနဲ့ပြည့်နေတယ်။ သူမ သောက်သုံးခဲ့မိပါတယ်။ ×××××××           သူ့ကိုတွေ့ခါစက သာမန် ယောကျာ်းတွေထဲက ဒီပုတ်ထဲက ဒီပဲပါပဲလို့ သတ်မှတ်မိခဲ့တာ။ […]


ဆုျမတ္မိုးDecember 11, 20121min1694
 တိတ်ဆိတ်တဲ့လမ်းမကြီးက ဝါကျင့်ကျင့်မီးရောင်တွေကလွဲရင် ခွေးတစ်ကောင်ကြောင်တမြီးမှမရှိ ။ လမ်းတစ်ဘက်က အုပ်အုပ်ဆိုင်းဆိုင်းနွယ်ပင်တွေ ကားမှတ်တိုင်ခေါင်မိုးပေါ်ကိုတိုးတက်နေလိုက်ကြတာ ။ မိုးတိတ်ပြီးစ ဒီလိုအချိန်ဆိုရင် ဒီနေရာမျိူးက ခြောက်ကပ်တတ်တာကို သူမသိလျက်နဲ့ပဲ ဒီလမ်းကိုဇွတ်လာမိခဲ့တာလည်းသူမအပြစ် ။ ဘေးပတ်ဝန်းကျင်ကိုအကဲမခပ်ရဲလောက်အောင် သူမထိတ်လန့်နေမိသည်။ နောက်ဘက်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကလည်း ခါတိုင်းတနင်္ဂနွေရက်တွေနဲ့မတူ တိတ်ဆိတ်ငြိမ်သက်နေလိုက်တာ ။ မနက်ခင်းကပဲသူမဘုရားကျောင်းတက်ဖို့ရောက်လာခဲ့သေးတယ်လေ။ဘုရားကျောင်းဘက်ကိုဆတ်ခနဲ့တစ်ချက်ငေးအကြည့် ဘေးနားမှာက ယူကလစ်ပင်အောက်မှာ လူရိပ်ယောင်ယောင်မြင်လိုက်မိသည်။ သေချာအောင်ထပ်ကြည့်လိုက်တော့ ဘာမှမရှိပြန်.. သူမမျက်စိမှားတာပဲနေမှာပါ ကြောက်ပါတယ်ဆိုမှ ။ ကြောက်စိတ်တွေဝင်နေပေမယ့် စိတ်ထဲမှာမသိုးမသန့်ခံစားချက်ကို သူမခုမှစခံစားမိသည်။ အချိန်က ည ဆယ့်နှစ်နာရီနီးပါး ၊ နေရာက လူ့မလိုင်တွေအနေများတဲ့ အိမ်ရာဝင်းတစ်ခုရဲ့ နောက်ဘက်က ကားလမ်းမကြီးဘေးက ကားမှတ်တိုင်သေးသေးလေးတစ်ခု ၊  မိုးတိတ်ပြီးစ လူခြေတိတ်နေတဲ့ညတစ်ညမှာ သူမဘာကြောင့်ကားစောင့်နေရသလဲ….။ သူကဘာကြောင့်တစ်ယောက်တည်းဖြစ်နေရတာလဲ..။ ပင်ပန်းလွန်းတဲ့နှလုံးသားအတွေးတစ်စကိုဖယ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုအာရုံစိုက်လိုက်မိတယ်..။ညက တိတ်ဆိတ်လွန်းသလို ကားအသွားအလာကလည်း ပြတ်လုနီးပါးဖြစ်နေပြီ ။မြို့ပြရဲ့ညတွေကလည်းတိတ်ဆိတ်နေလိုက်တာ။ […]


ဒေါ်ခင်ရီက တီဗွီခန်းထဲတွင် အေးအေးလူလူ လက်ဖက်သုတ် ထိုင်စားနေသော ချွေးမ မစန္ဒာကိုကြည့်ပြီး နုတ်ခမ်းက အလိုလိုနေရင်း ရွဲ့သွား၏။”တတ်လည်း တတ်နိုင်တဲ့ မိန်းမ”ဟု စိတ်ထဲကပြောရင်း အိမ်ရှေ့ဆိုင်လေးထဲ ကူးလာခဲ့သည်။ ဒေါ်ခင်ရီက ဆိုင်ထဲရှိ ဆန်အိတ်များကို ကြည့်ပြီး စိတ်အလိုမကျဖြစ်ရပြန်သေးသည်။ ဆန်အိတ်။ “တရားခံက ဒီဆန်အိတ်တွေပဲ”ဟုရေရွှတ်ရင်း နောက်ကျောက တီဗွီခန်းကို လည်ပြန်ကြည့်လိုက်သေးသည်။ ပြီးတော့ တကိုယ်တည်းရေရွတ်သလိုမျိုးနှင့်- “ဒီဆန်အိတ်တွေ လက်ခံထားမိတာကိုက ဂြိုဟ်ဆိုးဝင်သလိုပဲ ရောင်းမထွက် ပြုမထွက်နဲ့ ပစ္စည်း အဝင်မတော်ဘူးထင်ပါရဲ့” ဟုပြောတော့ တီဗွီခန်းထဲရှိ ချွေးမ မစန္ဒာက ဆိုင်ဘက်ကို ခေါင်းလှည့်ကြည့်ပြီး တစ်ချက်မဲ့လိုက်၏။ ထို့နောက် တီဗွီဘက်ပြန်လှည့်ပြီး – “ယောက္ခမတွေများ ဒီလိုချည်းပဲလား မသိပါဘူး”ဟု စိတ်ထဲပြောလိုက်မိသည်။ (၁)           “ချွေးမရေ ဒီတစ်ခေါက် ယောက္ခမကို ခဏ […]


koyin sithuDecember 6, 20121min33920
ကျွန်တော်သည် ကြွက်တစ်ကောင်ကို မည်သည့်နည်းနဲ့မျှ သတ်မရသော လူတစ်ယောက်၏ ဒုက္ခကို မခံစားတတ်ပဲ သရော်ခဲ့ဖူးသည်။ အချစ်စိတ်သည် ကြွက်တစ်ကောင်က ပေးသော ဒုက္ခထက်ပို၏ ထို့အပြင် ကြွက်တစ်ကောင်ထက် ကျွန်တော့်နှလုံးသားကို ပိုမိုလှုပ်ခါနိုင်၏ အခုတော့ ထိုစိတ်ကို သတ်မရသည့်အတူတူ ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်တော့မည်။ နေဝင်ချိန်တို့သည် လှပပါသည်။ ဖြစ်ချင်တာတွေ ဖြစ်ပါစေတော့ အချစ်ရေ…။ ကျွန်တော်သည် သူမ၏ အလှတရားအကြောင်းကို စဉ်းစားပါက ကျွန်တော်သည် ယုတ္တိဗေဒကို ညံ့ဖျင်းသော တွေးခေါ်ပညာရှင်တစ်ယောက်ဖြစ်နိုင်၏ ဘာကိုမဆိုရဲဝံ့သော ၁၈နှစ်သား လူငယ်လေးတစ်ယောက်လို တက်ကြွနေ၏ အဲ့ဒီတုန်းကတော့ သူမမျက်နှာပြင်ပေါ်က ပန်းရောင်ကြွေနေသော အရှက်တရားကို ကျွန်တော် ငေးကြည့်၍ မဝနိုင်ဘဲရှိခဲ့ဖူးသည်။ ရေကြောင်းလက်မှတ်ရစ အလုပ်မရှိသေးသော ကျွန်တော်သည် သူငယ်ချင်းများနဲ့ ကွန်ပျူတာတက္ကသိုလ် အလည်သွားရင်းက ဘီအမ်ကျောင်းဖယ်ရီကား၏ ရှေ့ဆုံးနေရာတွင် ထိုင်တတ်သော […]


ကျွန်တော်သည် အတိတ်ကိုပိုင်ဆိုင်ခဲ့သည်။ ကျွန်တော်သည် အတိတ်ကိုပိုင်ချင်ပါသေးသည်။ အတိတ်သည် ကျွန်တော့် အား တိုးတက်မှုများစွာပေးခဲ့သည်။ နွေးထွေးမှုများစွာပေးခဲ့သည်။ မေတ္တာဓာတ်များစွာပေးခဲ့သည်။ တစ်ခါတစ်ရံ မွန်းကြပ်မှုများစွာလည်းပေးပြန်သည်။ အမှန်တကယ်တွင် အတိတ်သည်ကျွန်တော့်အနားတွင် မရှိမဖြစ်လိုအပ်ခဲ့သည်။ အတိတ်ကို အတိတ်မှာထားခဲ့ဆိုသည့်စကားအတိုင်း ကျွန်တော်သည် အတိတ်ကိုမထားခဲ့နိုင်ချေ။ ကျွန်တော်တတ်နိုင် သည်မှာ အတိတ်အားငေးမောကြည့်နိုင်ရုံသာ ကြည့်ခွင့်ရတော့၏။ အတိတ်သည် ကျွန်တော့်ရှေ့တွင်ပင် တဖြည်းဖြည်း ပါးပါးလျကာ ပျောက်ကွယ်သွားတော့မည်။ ကျွန်တော့်အား ပျောက်ကွယ်သွားမည့်ဆဲဆဲအထိ အတိတ်၏သံယောဇဉ်များ သည် အမျှင်တန်းလေးများသဖွယ် ကပ်ငြိကာကျန်နေခဲ့သေးသည်။ သေချာသည့်အရာတစ်ခုမှာ အတိတ်တွင် ကျွန်တော်၏ နောင်တများစွာ စုပုံကာ ကျန်ရစ်ခဲ့လိမ့်မည်။ ဒီနေ့ အတိတ်သည် ကျွန်တော်နှင့်အတူရှိမနေတော့ချေ။ လက်ရှိကျွန်တော့်လက်ထဲရှိ ပစ္စုပ္ပန်ကိုသာကျွန်တော်ပိုင်ဆိုင် တော့သည်။ ကျွန်တော့်တွင် ပစ္စုပ္ပန်များစွာရှိသည်။ ယခင်အတိတ်တုန်းကလည်း ပစ္စုပ္ပုန်များစွာရှိခဲ့ဖူးသည်။ ယခုအခါ ထိုပစ္စုပ္ပန်များသည် ကျွန်တော်၏လေလွင့်စိတ်ကြောင့် နောင်တများဖြင့်ပြည့်နှက်နေသော အတိတ်များဖြစ်သွားခဲ့သည်။ […]