ကာရံDecember 3, 20121min20914
စစ်မြေပြင်မှာ အချစ်ရေစဉ်တိုက်ကျွေးရမှာလား ပစ်လွှတ်လိုက်တဲ့ ကျည်ဆံတွေကြားမှာ မင်းရဲ့ ရင်ခုန်သံမသာယာတာတော့ အမှန်ဘဲလေ အကျည်းတန်ဆန်တဲ့ စစ်ပွဲတွေကြောင့် မေတ္တာတွေလဲ အရောင်ပြောင်းကုန်ပြီနော် အရှုံးကြောင့် အမုန်းဆိုတာစတင်လာခြင်းလား အငြိုးကြောင့် အပြုံးတွေလဲပျောက်ကွယ်ရခြင်းလား အနိုင်လိုချင်တဲ့မင်းရဲ့စိတ်ကတော့ ဘယ်တော့မှ ထိန်းမရတဲ့ မိုင်းတစ်လုံးအလား စနက်တန်ဖြုတ်ပြီးမှ ပြန်တက်ဖို့မလွယ်ကူတဲ့ မင်းရဲ့ အတ္တ မာနတွေအောက်မှာ အခုတော့ အပြစ်မဲ့တဲ့နှလုံးသားတွေလဲ အပြုံးများပျောက်ကွယ်ကုန်ကျပြီနော် ရင်ခွင်မဲ့တော့မဲ့ သူတွေရဲ့လက်ထဲမှာတော့ အမှောင်ပျိုးတော့မယ့် အလင်းပမာ ချစ်ခြင်းတရားတွေလဲ အနောက်အရပ်လို့ လျှိုးကွယ်ကြကုန်ပြီ ကြည့်စမ်းပါဦး ဒီတစ်ညတော့ ကြယ်တွေလဲပျောက် လမင်းလည်းပျောက် အော် ချစ်ခြင်း မုန်းခြင်း ပူဆွေးခြင်းတွေသာ အနားသို့ ရောက်လာရပြီဘဲလေ ပိတောက်မိုး


ကာရံDecember 3, 20121min1514
အချစ်ရဲ့နောက်ကွယ်က ပြစ်လွှတ်လိုက်တဲ့မြှားတစ်စင်း ငါ့ရင်ကိုဆူးနစ်စွာ စိုက်ဝင်ခဲ့ပြီနော် နှုတ်ရင်လဲဆူး ထားရင်လဲရူးရတော့မယ်ချစ်သူရယ် မင်းရဲ့အကြင်နာတွေကြားမှာ နာကျင်မိနေတဲ့ငါ့နှလုံးသားကတော့ အမြဲရှံးနေရတာဘာကြောင့်လဲ ငါ့သိပ်ချစ်မိသမျှ မင်းအတွက်တော့စိတ်ညစ်စရာတွေ ဖန်တီးပေးမိလို့လားကွာ  အဖြူရောင်အလင်းတန်းအောက်မှာ မင်းနဲ့ငါ လျှောက်လှမ်းဖူးတဲ့ လမ်းလေးလဲ အခုတော့ ပန်းတွေတောင်ဝေနေကုန်ပြီပေါ့ ချစ်ခရီးကဘဲကြမ်းတာလား မေတ္တာလမ်းကဘဲ မဖြောင့်ဖြူးတာလားတော့မသိ ကောင်းကင်ကတိမ်တိုက်တွေတောင် အရောင်တွေပြောင်းလို့ မိုးပေါက်လေးတွေတောင် မြေပြင်ကိုဆင်းသက်ရော့မယ်ထင်တယ်လေ ငြိုးငယ်နေတဲ့ ငါ့ရဲ့စိတ်လေးတွေကို မင်းနားလည်းပေးနိုင်ရင် ရင်ခွင်ထဲတိုးဝင်ခဲ့ပါချစ်သူ နွေးထွေးမှုအပြည့်နဲ့ ထွေးဖက်ထားမယ်ဆိုရင် မင်းပျော်နိုင်မလား………… အခုတော့ အပြုံးရောင်အောက်မှာ အမုန်းလက်ဆောင် လှလှလေးပေးသွားတဲ့ ချစ်သူကိုတော့ နောက်ကွယ်ကပြစ်လွှတ်လိုက်တဲ့မြှားတစ်စင်းပမာ  နှုတ်ပစ်ဖို့ခက်ခဲနေစဲပါဘဲလေ ပိတောက်မိုး  


  လောလောဆယ် နတ်နေကိုင်းထဲမှာ ကျွန်တော်နေပါတယ်။ ကျွန်တော်က သူ့အတွက်တော့ ပြက်လုံးတစ်ခုပဲဆိုပါတော့။ ကျွန်တော်ဟာ ကံဆိုးသူလား။ အားငယ်သူလားဆိုတာ ကိုယ့်ကိုကိုယ် ဝေခွဲလို့မရဘူးဖြစ်နေတဲ့အချိန်။ ကျွန်တော် အလှောင်ခံလိုက်ရပါတယ်။ မျက်စိရှေ့မှာ စကားလုံးတွေ အိုးနင်းခွက်နင်းနဲ့ပေါ့။ မျက်နှာထားတွေ အပျက်ပျက် အယွင်းယွင်းနဲ့ ဘယ်သူက မိတ်ဆွေ စစ်သလဲဆိုတာ ကျွန်တော် မသိတော့ဘူး။ ဒါပေမယ့် ဒီမျက်နှာက ကျွန်တော် သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဆိုတာတော့ သိလိုက်တယ်။ ဒါနဲ့ ကျွန်တော် နုတ်ဆိတ်ငြိမ်သက်လိုက်တယ်။ သူ ခုတ်နေတဲ့ ကိုင်းတစ်ကိုင်းဟာ ကျွန်တော်ဖြစ်နေမှန်း သူမှမသိဘဲကိုး။ (၁) (အစ)           “ဒါကတော့ ဖားကန့်ကနေ ခွေးပြေး ဝက်ပြေး ပြေးလာတဲ့ ငါ့ရဲ့ သူငယ်ချင်းကြီး သော်ဇင်ပေါ့ကွာ။ မှတ်ထား ဟေ့ကောင် ။“ လက်ဖက်ရည်ဆိုင်ရဲ့ လူစည်ကားပြီး […]


နိဒါန်း ဧပရယ်….။ နွေလေက ခပ်ပြင်းပြင်း မတိုက်ပါဘူး။ ပူလောင်မှုက ရင်မှာအတိုင်းသား သိနေတယ်။ စပ်ဖျင်းဖျင်းခံစားနေရတဲ့ နှလုံးသားမှာ အမည်မသိ ဝေဒနာလို့ အမည်တပ်ရင် ကောင်းမလား။ အသည်းကွဲ ဒဏ်ရာလို့ ပြောရရင်ကောင်းမလား။ ရုတ်တရက် မုးိရွာချတယ်…။ ဒါဆို…ပိတောက်တွေ ပွင့်ဦးမှာပေါ့…..။ မနက်ဖြန်….ပိတောက်ပန်းတွေ ပွင့်ရင် မျက်ရည်တွေ စိုမိမှာလား…။ ငိုမိမှာလား….။ တကယ်တော့…..ဧပရယ်ဟာ………..။   (၁) (ညီသစ်) ရက်စက်တယ်ဆိုတဲ့ စကားကိုပြောပြောဖို့ ငါ့မှာ အင်အားမရှိဘူး ချစ်သူူ။ ကျိုးကြောင်းစုံလင်စွာ မသိပဲနဲ့ နင့်ကိုလည်း ငါမမုန်းလိုက်ချင်ပါဘူး။ ခု နင်ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ ငါ့အသည်းကို ဆားပက်၊ သံပုရည်ညစ်ထည့်လိုက်သလို စပ်ဖျင်းဖျင်း ငါခံစားရတယ်။ နင်နဲ့ငါ ဝေးခဲ့ကြတာ ဘာကြာသေးလို့လဲ။ ဒီအချိန်တိုလေးအတွင်းမှာ ပြောင်းလဲသွားခဲ့တဲ့ နင့်စိတ်ဟာ သူတစ်ပါး ပယောဂကြောင့်ဆိုရင်တောင် […]


aye.kkNovember 30, 20121min29119
လိမ္မာရေးခြား ရရှိရန်အတွက် ၊ အမေနှင့်ကျမ၏ အမေးအဖြေများ ပြုလုပ်ခဲ့ဘူးသည့် ။ ကျမငယ်စဉ်ဘဝက ဖြတ်သန်းခဲ့သော ကိုယ်ပိုင်အတွေ ့အကြုံ ၊အကြောင်းအရာများမှအချို ့တို ့အား ။ ပြန်လည်ချပြ ပြောပြချင်မိပါတယ် ။ မေး= ညအိပ်ရာဝင်ရင် ဘုရားရှိခိုးကန်တော့ပြီးတဲ့အခါ ဘာလို ့အမေ့ကိုခြေဆုတ်လက်နှယ်ပြုပြီး ရှိခိုးကန်တော့ပြီးမှ အိပ်ခိုင်းရတာပါလည်း အမေ။ ဖြေ=မြင့်မိုရ်မကကျူးတဲ့ မိဘကျေးဇူး ရဲ ့ဂုဏ်အင်ကို် မြတ်စွာဘုရားက တဂိုဏ်းတည်းထားရှိခဲ့တာမို ့ ။ အနနေ ္တာ အနန ္တဂိုဏ်းဝင်(၅)ပါး ။ အနေနဲ ့ကျေးဇူးဆပ်ရာရောက်တဲ့အပြင် ။ ယုံကြည်မြတ်နိုးအားကိုးထိုက်သည့်အတွက် ။ မိဘအပေါ်မှာ ခြေဆုတ်လက်နှယ်ပြုလုပ်ပြီးမှ ရှိခိုးကန်တော့ပြီးမှ သာအိပ်သင့်တယ် ။ မိဘကိုခြေဆုတ်လက်နှယ်ပြုပြီး ။ ကန်တော့ပြီးမှအိပ်တာဟာ ။ မိဘကျေးဇူးကိုဆပ်ရာရောက်တယ် ။ […]


TheWinner GetprizeNovember 28, 20121min41316
မင်းထင် မင်းထင်စင်္ကာပူရောက်နေတာ တစ်လလောက်ရှိပါပြီ။ ရောက်စက ပျင်းလိုက်တာလည်း မပြောပါနှင့်တော့။ အစ်ကိုကြီးကို ဆေးလာကုဖို့ ရောက်နေတာပါ။ အစ်ကိုက ခေါင်းထဲက အကြိတ်ကို ထုတ်ရမှာလေ။ စုစုပေါင်း သိန်း ၃၀ဝ လောက် ကုန်မယ်မှန်းတာပဲ။ ရှိလို့တော့ မဟုတ်ပါဘူး။ မိသားစုတွေ အကုန်လုံးပေါင်းပြီး အချိုးကျ ရှယ်လိုက်တော့ ပြည့်သွားတယ်။ မရောက်ဘူးတဲ့ နေရာမှာပေမယ့် အိမ်ရှင်တွေက ကူညီကြပါတယ်။ ဒါပေမယ့် အစ်ကိုကလည်း နေ့တိုင်း ဆေးခန်းပြရတာ မဟုတ်တော့ ဒီရက်တွေကို ဘယ်လို ကျော်ဖြတ်ရပါ့မလဲနော်။ ကိုယ့်ဆီမှာသာဆို လုပ်စရာတွေက ဒုနှင့်ဒေး။ ပုသိမ်ကနေ ၁ဝ မိုင်လောက် ဆက်သွားရတဲ့ တိုက်နယ်ဆေးရုံလေးမှာ မင်းထင်နဲ့ မစိုးတို့ အတူတကွ တာဝန်ကျပါသည်။ မစိုးဆိုတာလား မင်းထင်ရဲ့ မဟေသီပေါ့။ သူလည်း ဆရာဝန်မလေးပါပဲ။ နယ်မှာဆိုတော့ […]


ကာရံNovember 27, 20121min1305
ချစ်သူလည်းမရောက် လမင်းလဲပျောက် အော်မြူနှင်းတွေတောင် ဘယ်ဆီရောက်နေပါလိမ့် ကြယ်လေးကငို နေမင်းကပြို အော်အလင်းတန်းလည်း ညိုးရော့ပြီထင်တယ်နော် ချစ်သူရေ အချမ်းမပိုတဲ့ ဆောင်းတစ်ညမှာ မင်းလေး ပျောက်ရှလို့နေပြီလား ငတ်မွတ်တောင်းတမိတဲ့ အနမ်းငွေ့လေးတောင် အခုတော့ အလွမ်းလည်းမပြေတော့ပါဘူးလေ မှိတ်တစ်ခါ လင်းတစ်လှည့် ပိုးစုန်းကြူးလေးနဲ့ ပျော်မြူးနေတဲ့ လိပ်ပြာငယ်လေးတွေက အော် အတိတ်ပန်းချီကားတစ်ချပ်အလား ငါရေးမယ့် စုပ်ချက်တွေအောက် ကျရောက်နေပြီလေ ဒါပေမယ့် ချစ်သူရယ် အရောင်တွေထပ်မရတဲ့ ဒီတစ်ညမှာတော့ နောက်ခံကာလာအောက်မှာ မင်းလေးက ဘေးမှာရှိနေမယ်ဆိုရင် အပိုမပြောပါဘူးတစ်ကယ်ပါ ပြီးပြည့်စုံမယ့် ကားချစ်တစ်ချပ်ဖြစ်ပြီလေ တင်စားပြောလိုက်မယ်ချစ်သူ မင်းလေးရဲ့ အပြုံးတစ်ချက်တိုင်းမှာ ငါ့နှလုံးသား အမုန်းတွေထပ်မသွားတာတော့ အမှန်ပါ ပေးခဲ့ဖူးတဲ့ အနမ်းပန်းလေးတွေကို တစ်ပါးသူခူးဆွပ်မရအောင် ငါလေ ရူးသွပ်စွာ သိ်မ်းထားဆဲချစ်သူ အခုတော့ နှင်းလည်းမရောက် ချစ်သူလည်းပျောက် အော် လမင်းလေးလဲ ဘယ်ဆီရောက်လို့ […]


ကာရံNovember 27, 20121min1405
မွန်းကျပ်နေတဲ့ ရင်ခွင်လည်ထဲမှာ မင်းလေးကိုဆွဲမခေါ်ရက်ပါဘူးကွာ သိပ်ချစ်မိခဲ့တိုင်း ဘာကြောင့်အပြစ်တွေဖြစ်ဖြစ်လာရတာလဲ မေတ္တာဆိုတဲ့ စကားလုံးအောက်မှာ ငါလေသုံးမရအောင် ဖြုန်းတီးနေမိပြီလား သစ္စာရှိပေမယ့်လဲ အနှစ်သာရမရှိတော့တဲ့ မင်းရဲ့ ချစ်စရာကောင်းတဲ့ အမှုအရာတွေရော အခုတော့ ပုံပြင်သက်သက်ဖြစ်နေခဲ့ပြီလားလေ အရူးတစ်ယောက်လို မူးရစ်နေတဲ့ ငါ့ရဲ့ ဆူးနစ်တဲ့ နှလုံးသားလဲ အခုတော့ သုံးမရအာင် ပျက်သုန်းလုလုဖြစ်နေပြီ အချစ်ရယ် အပြစ်ပယ်လိုက်ပါနဲ့ မင်းလေးငြင်းပယ်လိုက်တဲ့တစ်နေ့ ငါဆိုတဲ့ နာမ်ရုပ်လေးလဲ အခိုးအငွေ့ဖြစ်သွားနိုင်တယ်ဆိုတာ……….. ပိတောက်မိုး  


ကာရံNovember 26, 20121min944
နေကွယ်ချိန်ရောက်လုနီးတော့မယ်နော် ပြန်ပြောင်းလို့မရတဲ့နာရီလက်တံတွေအောက်မှာ ဘယ်အချိန်ထိများ ဆက်လက်ပြီးရှင်သန်နေဦးမလဲလေ လူကအချိန်ကိုစောင့်နေတာလား အချိန်ကဘဲလူကိုပြန်ခေါ်နေတာများလား မေးခွန်းများနဲ့ပြည့်နှက်နေတဲ့ လောကကြီးအလည်မှာ ငါလေ သောကတွေဝေနေတုန်းဘဲလား ပျော်ရွှင်မှုတွေတောင်ငါ့အနားကို အလည်တစ်ခေါက်တောင် ရောက်မလာခဲ့ဘူးနော် ဘာကြောင့်များလဲ အများတွေပျော်နေတဲ့အချိန်မှာ ငါတစ်ယောက်ထဲ အထီးကျန်ဆန်နေခဲ့တာ အဆွေးကိုဘဲနှစ်ခြိုက်မိနေလို့လား မဟုတ်ပါဘူးကွာ စမ်းချောင်းလေးရဲ့တစ်နေရာမှာ ငါအနားယူချင်မိပါရဲ့ ဒါပေမယ့် ရောက်နေတာက သဲကန္ဒာရ အလည်မှာပေါ့ ကူမဲ့သူမရှိ အဖော်ဆိုတာ လွန်စွာဝေးပေါ့ အားတင်းထားပါတယ် ရောင်ခြည်သန်းလာတဲ့တစ်နေ့ မျှော်လင့်ချက်ပန်းတိုင်ကို အပြေးလှန်းလျှောက်ရင်း ပိတောက်မိုး


koyin sithuNovember 26, 20121min22413
ညစ်ပေဟောင်းနွမ်းပြီး ဝတ်ဖို့လုံးဝမသင့်လျော်တော့သော တီရှပ်အကျီအညံ့စားတစ်ထည်နှင့် ကွာတားဘောင်းဘီးတစ်ထည်ကိုဝတ်ရင်း အရှက်နဲ့အသက်ကို ကာကွယ်ခဲ့တဲ့ ကျွန်တော်ဟာ “အဆင်ပြေခြင်း” ဆိုတဲ့ ဝေါဟာရကိုတောင် မေ့လျောစပြုနေပါပြီ။ ကျွန်တော်တစ်ယောက်တည်း ဒီလိုဖြစ်နေတာတော့ မဟုတ်ပါဘူး။ နောက်တစ်ယောက်လည်းရှိပါတယ်သေးတယ်။ ကျွန်တော် ပြောတဲ့ နောက်တစ်ယောက်ဆိုတာ လူမဟုတ်ပဲ ခွေးတစ်ကောင်ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ချစ်ခင်ဖို့ကောင်းတဲ့ ရဲဘော်ရဲဘက်ကောင်း တစ်ယောက်ပါ။ သူ့နာမည်ကို ဂျက်ကီ၊ စနိုဘီတို့လို ဘိုဆန်ဆန် မပေးပဲ ကျွန်တော်ကတော့ အဲ့ဒီအကောင်ကို ဖိုးသားလို့ လွယ်လွယ်ကူကူခေါ်ပါတယ်။ လမ်းဘေးတစ်နေရာကနေ ကျွန်တော် ကောက်ယူမွေးစား ထားတဲ့ ဖိုးသားဆိုတဲ့ ခွေးဟာ ကိုယ်ပေါ်မှာ အမွှေးအလွန်ထူပါတယ်။ (အမွှေးထူတယ်ဆိုတာ လူတစ်ယောက်အတွက် မကောင်းပေမယ့် ခွေးတစ်ကောင်အနေနဲ့တော့ အလွန်ကောင်းပါတယ်) အမွှေးထူတဲ့ ကျွန်တော့် ဖိုးသားရဲ့ အရေးပြားပေါ်မှာ သန်းတွေဟာ စပေါ်မပေး၊ လခမပေးပဲ နေထိုင်ကြပါတယ်။ […]


   (၁) မျှော်လင့်ချက့်နဲ့ အသက်ရှင်နေကြတဲ့ လူဖြစ်နေလို့ ခက်နေတာပဲဖြစ်မယ်။ အေးအေးလူလူ မနေနိုင်တဲ့လူတွေ အထဲမှာ ဒေါ်မြရင်က ထိပ်ဆုံးကပါတယ်ဆိုရင် မမှားနိုင်ဘူး။ နေ့နေ့ညည မအိပ်နိုင်ပဲ စား၊ ဝတ်၊နေ ရေးဆိုတဲ့ နွံထဲကနေ ရုန်းထွက်ဖို့ပဲ စားလည်းဒီစိတ်၊ သွားလည်း ဒီစိတ်ဖြစ်ခဲ့ရတာ ကြာလှပေါ့။ အိမ်ဦးခန်းမှာ ထိုင်နေတော်မူတဲ့ အိမ်ဦးနတ်ကြီးကလည်း ပူဇော်ပသခံဖို့ပဲ ဟောဒီ အိမ်ကြီးကိုရောက်လာရသလို အခန့်သား အငြိမ့်သား နေတော်မူလို့။ နေ့ရှိသ၍ အိမ်သူဇနီးမယားက ဆူပူစောင်းမြောင်းပြောဆိုနေတာကိုလည်း ကျွဲပါး စောင်းတီးသလို တုတ်တုတ်ကိုလှုပ်တာမဟုတ်။ ရေခဲတုံးကြီး ဖင်ခုထိုင်ရသလို အေးတိအေးစက်ကြီးမို့ ဒေါ်မြရင်ခမျာ ခုတော့ တည်မိတဲ့ ဘုရား လင်းတပဲနားနားဆိုတဲ့အတိုင်း မမြင်သလိုနေလိုက်ရတာ ကာလအတော်ကြာပေါ့။ လင်တော်မောင်အပါအဝင် သားသမီးသုံးယောက်ရဲ့ နေရေး၊စားရေး၊ ဝတ်ရေးတွေ ဒေါ်မြရင် ပခုံးပေါ်ကို ပြောင်းထမ်းလိုက်ရကတည်းက […]


ကာရံNovember 25, 20121min1415
အခိုးအငွေ့တွေအောက်မှာ မင်းလေးတစ်ယောက်ရောက်နေပြီပေါ့ နစ်မွန်းသွားမယ့် မင်းတို့ရဲ့ဘဝလေးကို ခဏလောက်တော့စာနာပေးကြည့်ပါ နားလည်လာမယ့်တစ်နေ့ နောင်တတွေတစ်ပွေ့တစ်ပိုက် မရချင်စမ်းပါနဲ့ ဘာများအရသာရှိလို့လဲ တားမြစ်နေတာမဟုတ်ပါဘူးလေ တောင်းဆိုတာလေးပါ စိမ်းလန်းပြီးအေးချမ်းတဲ့ ပတ်ဝန်းကျင်ကို မင်းလေး အရောင်တွေဖုန်းလွှမ်းမပြစ်လိုက်ပါနဲ့ အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ ရင်မှာ အမှတ်မှားမိမှာစိုးရိမ်လို့ပါကွာ ကြိုက်လို့ဘဲ ရှိုက်ရှိုက် စိတ်ညစ်လို့ဘဲ ဖွာဖွာ ပျော်လို့ဘဲ ရှုရှု ဘယ်အရာမှ အတည်မြဲတဲ့ အရာတွေကြားမှာ မင်းလေးတစ်ယောက် ဒုက္ခတွေကို ဈေးကြီးပေးမဝယ်ချင်စမ်းပါနဲ့ကွာ ပိုနေရင်လဲ လိုအပ်နေတဲ့ နေရာလေးတွေကို မင်းလေးဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် အားလုံးအကျိုးရှိမယ့် ဒါနလေးတစ်ခုပါ များများလှူမှ ကြီးမြတ်တာမဟုတ်ပါဘူး မသိခြင်းသော အလှူတွေက မင်းတို့ငါတို့ရဲ့ရင်ခွင်ကို အစဉ်နွေးထွေးစေမှာ အသေအချာဘဲပေါ့ နောင်တအစဉ် အလင်းရောင်အောက် မရောက်သရွှေ့ လျှောက်လေခရီး ပင်ပန်းသည့်ဒဏ် ခံနိုင်မည်လား အသင်လူသား……………… နောင်တအစဉ် ဆုံးသည့်တစ်နေ့ ငွေနှင်းမြူဆိုင်း အပြုံးပန်ဝေ […]


ကာရံNovember 25, 20121min1022
အကြင်နာတရားတွေ ခေါင်းပါးလှချီလား ရင်မှာတောင်းတမိတာ မေတ္တာတရားပါ မင်းတို့ရဲ့နှုတ်ကထွက်တဲ့ သစ္စာဆိုတာတွေကို ဘယ်အရာနဲ့တိုင်းတာချင်နေသေးတာလဲ နာကျင်နေတဲ့ နှလုံးသားကို မင်းတို့ရဲ့ သုံးမရတဲ့ လောဘတွေနဲ့ တစက်စက်ထိုးနှုတ်နေတုန်းဘဲလေ မောဟမျဉ်းပြိုင်ကြားမှာ ငါလေ သောကတွေထွေးပိုက်ရင်း လျှောက်လှမ်းနေရတုန်းပါ ကြင်နာပေးပါ နာကျင်မှုတွေမလိုအပ်တော့တဲ့ ဘဝလေးကို အပြုံးခွန်အားလေး ပေးသနားလှည့်ပါကွာ တောင်းဆိုနေတာမဟုတ်ပါဘူး  တောင်းပန်မှုလေးပါ ကူမယ့်သူမရှိပေမယ့်လဲ နားလည်မှုလေးတွေကိုတော့ မင်းတို့ ဖန်ဆင်းပေးနိုင်သေးတယ်ဆိုရင် ဘယ်လောက်ဘဲ ပင်းပန်းတဲ့ လောကဒဏ်ဖြစ်နေပါစေကွာ  ငါ့ပုခုံးနဲ့ မင်းတို့အတွက် ထန်းပိုးပေးနိုင်မယ်ဆိုရင် ကျေနပ်ပေးနိုင်ပါစေ အေးချမ်းပါစေ ငြိမ်းချမ်းပါစေ ချစ်ရသောသူ ချစ်မိသူတွေ ရင်မှာအစဉ်လန်း ဝမ်းမြောက်မှုတွေ ပိုင်လှည့်တော့လေ…….. ပိတောက်မိုး