ယနေ့ နံနက် ၈ နာရီခန့် …. အလုပ်သွားရန် လိုင်းကားစီးအလာ …. ၁ဝ မိုင်ကုန်းကျော်တော့ စတွေ့ရတာ လုံထိန်းတွေ …. ပထမတုန်းကတော့ ဘာမှန်းမသိ … နောက်တော့ သတိရသွားသည် …. ဒီနေ့ အမေစု ရန်ကုန်ကို ပြန်လာမယ့်နေ့ပဲ …. ၉ မိုင်ခွဲရောက်တော့ ခေါင်းစည်းတွေ … အလံငယ်လေးတွေ … အလံကြီးတွေ… ဓါတ်ပုံကြီးတွေ …. ကြိုဆိုရေးစာတန်းတွေ …. တီရှပ်အနီတွေနဲ့ တွေ့လိုက်ရသော ကြိုဆိုရေး အဖွဲ့ ၁ ဖွဲ့… သူတို့  မျက်နှာလေးတွေ ကြည့်ရတာ တစ်ခုခုကို စိုးရိမ်စိတ် ဝင်နေသလိုပဲ … ပျော်ချင်သလောက် မပျော်နိုင်ကြ … သူတို့ အလွန် လုံထိန်းကား ၈ […]


etoneJune 26, 20121min105858
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ 24-6-12က MRTV 4ရဲ့ မနက်ပိုင်းသတင်းတပုဒ်မှာ ပါတဲ့ သတင်းတပုဒ်က ကျွန်မကို အတွေးတွေပွားစေခဲ့ပါတယ် ။ကမာ္ဘအေးဘုရားလမ်းက အမှိုက်ပုံးပျောက်တဲ့ သတင်းပါ ။ ကြားခါစကတော့ ကိုးလို့ကန့်လန့်ကြီး ဘယ်နှာ့ အမှိုက်ပုံးပျောက်တဲ့အကြောင်း သတင်းထဲ ထည့်လွှင့်ရသလဲပေါ့ … ။ သတင်းကြော်ငြာသူလေးက .. မျက်နှာ ချိုချို နှာသံလေးနဲ့ ကြော်ငြာသွားတော့ ….. သူ ့မျက်နှာလေး လိုက်ငေးနေတာနဲ ့ပဲ သတင်းအစဆုံးဂဃနဏ မမှတ်မိပါဘူး … ။ ကျွန်မက မိုးလင်းမိုးချုပ်အလုပ်သွားပြန်လုပ်ရပေမယ့် …အောက်ကြည့်မြင်တိုင်လမ်းပေါ်က … လမ်းထောင့်တစ်နေရာမှာ ဖိုက်ဘာအမှိုက်ပုံးအစိမ်းကြီးတပုံးရောက်နေတာကိုတော ဇွန်လ16ရက်နေ့လောက်ကတည်းက ညဘက်ကြီးပေမယ့် … သတိထားခဲ့မိပါတယ် … ။ ဓါတ်ပုံတောင် အမှောင်ထဲမှာ ရိုက်ဖြစ်ခဲ့သေးတယ် …. ။ ဘီးတပ်အမှိုက်ပုံးကြီးလာချပေးထားတာ […]


ကြောင်လေးJune 26, 20121min3576
သဂျီးတစ်ယောက် ၊ကောင်းဖို့ ရောက်မူ ရွာသူားများမှာ၊မျက်စိပြာကာ ဓမ္မတာတည့်…… အဲ…အဲ…မဟုတ်သေးပါဘူး သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည့်……… အနန္တသူရိယ အမတ်ကြီးက မျက်ဖြေလင်္ကာရေးစပ်ခဲ့တယ်……… ဟုတ်ပါတယ်။သူတစ်ယောက်ကောင်းဖို့ တစ်ယောက်ပျက်ပေးရတာမျိုးရှိပါတယ်။ တစ်စုတစ်ဖွဲ့ကောင်းဖို့ တစ်စုတစ်ဖွဲ့ပျက်ပေးရတာမျိုး…… အများကောင်းဖို့ တစ်ယောက်ပျက်ပေးရတာမျိုး…… တစ်ယောက်ကောင်းဖို့ အများပျက်ပေးရတာမျိုး…… အမျိုးမျိုးပေါ့ဗျာ… တလောက သမ်မတဂျီးမိန့်ခွန်းထဲမှာ လုပ်ငန်းတော်တော်များကို ပုဂ္ဂလိက လုပ်ပိုခွင့်ပေးမယ်လို့ဖတ်လိုက်ရတယ်၊ ဒီရက်မှာတော့ ဌာနတွေ တော်တော်များများမှာလွှဲမဲ့ပြောင်းမဲ့အကြောင်းတွေကို တော်တော်ပြောနေကြတယ်။တချို့ဌာနတွေ   တိုင်းကြထွာကြ၊ ရေးကြဆွဲကြ၊ တွက်ကြချက်ကြ၊နဲ့အလုပ်တွေတော်တော်ရှုပ်နေတဲ့အထိပါပဲ။ မနေ့ည ရှစ်နာရီလောက်က သူငယ်ချင်းတစ်ယောက်ဆီကဖုန်းဝင်လာတယ်။ မှားဝင်လာတာပါ။ သူခေါ်ချင်တာက တခြားသူငယ်ချင်းတစ်ယောက်ပါ။ ဌာနတူ သူငယ်ချင်းတွေပါပဲ။ ဘာအကြောင်းတွေများပြောမလို့လဲလို့မေးလိုက်တော့…… အခုဌာနတော်များများကို ပုဂ္ဂလိကလွှဲဖို့လုပ်နေကြောင်း၊တို့ဌာနကိုလည်းပုဂ္ဂလိက လွှဲတော့မယ်လို့ကြားတယ်ဆိုတဲ့အကြောင်း။ အဲလိုလွှဲရင် သတ်မှတ်လုပ်သက်မှီတဲ့ သူတွေက ပင်စင်ယူရင် ယူနိုင်ပြီးတော့၊ မမီတဲ့သူတွေကတော့ အခြားသင့်တော်ရာ ဌာနတွေကိုပြောင်းရမှာဖြစ်ကြောင်း။ အဲလိုပြောင်းရရင် […]


ba gyiJune 26, 20121min4158
လူကောင်းတွေ ဘာမှမလုပ်ပဲထိုင်နေတာဟာ၊မကောင်းမှု လုပ်သူတွေ အတွက် လိုအပ်နေတဲ့ ၊ တစ်ခုတည်းသောအရာပါ။ သည်စာတန်းကလေးကို 5 Movies မှပြသသော Tear of the sun . ဇတ်ကားကလေးအပြီးမှာ၊ စာတန်း ထိုးပြ လိုက် တာပါ။ ဇတ်လမ်းကလေးကိုတစ်ချို့လည်းကြည့်ဘူးကြမှာပါ၊နိုက်ဂျီးရီးယားပြည်တွင်းစစ်ပွဲကြားမှာပိတ် မိနေတဲ့ အမေရိ ကန်မစ်ရှင်အဖွဲ့မှ ဆရာဝန်မကလေးကို၊အမေရိကန် စစ်ကွန်မန်ဒို အဖွဲ့မှကယ် တင် တဲ့ဇတ်လမ်းလေးပါ။ ကွန်မန်ဒိုတွေဟာအထက်တာဝန်အမိန့်အရ၊ဆရာဝန်မလေးကိုပဲကယ်ရမှာပါ၊ဒါပေမည့်အဲသည်ဆရာဝန်မလေးနှင့်အတူ၊အခြားစစ်ပြေးဒုက္ခသည်တွေပါလာပြီး၊သူတို့ကိုပါကာကွယ်ရတာနဲ့ ဆရာဝန် မလေးအပါအဝင်ကွန်မန်ဒိုတွေပါအသက် ဘေးအန္တရာယ် များခဲ့ရပါတယ် ၊နောက်ဆုံး အထက် အမိန့်အရ၊အမေရိကန်ကယ်ဆယ်ရေးရဟတ်ယာဉ်ရောက်လာပြီး၊ဆရာဝန်မလေးကို အတင်း ဆွဲတင်ကာ၊ကွန်မန်ဒိုတွေ ကိုယ်လွတ်ရုန်းထွက်ခွင့်ရခဲ့ပေမည့်၊ အောက်မှကျန်ခဲ့တဲ့ ဒုက္ခသည်တွေ ကြည့်ပြီး၊လူသားချင်းစာနာတဲ့စိတ်၊အာဏာသိမ်းစစ်သားတွေလက်ထဲကျရောက်ပြီးမရှုမလှအသတ်ခံရမည့် ဒုက္ခသည်တွေရဲ့ဘဝ။ သည်လိုနှင့် ကွန်မန်ဒိုတွေ ရဟတ် ယာဉ်နောက်ကြောင်းပြန် လှည့် ဆင်းပြီး၊ဒုက္ခသည်တွေကိုကယ်တင်လိုက်တဲ့ဇတ်လမ်း ကလေးပါဗျား။ အဲသည်ဇတ်လမ်းလေးအပြီးရေးထိုးလိုက်တဲ့၊စာတန်းကလေးကြောင့်ဇတ်လမ်းအနှစ်သာရပိုကဲ၊ပြီးလူ့တာဝန်၊လူ့စရိုက်ဆိုတာကိုတွေးမိခဲ့ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးများ […]


weiweiJune 25, 20121min92247
Channel7 ရုပ်သံလိုင်းပေါ်လာပြီးနောက်မှာ ကြည့်စရာ တီဗီအစီအစဉ်တွေ ပိုများလာခဲ့ပါတယ်။ အစီအစဉ်အသစ်တွေနဲ့ ဝေဝေဆာဆာ အပြိုင်အဆိုင် တင်ဆက်နေကြတာကို အချိန်လုပြီး အသဲအသန်ကြည့်ဖြစ်ရင်း ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင် ဆိုတဲ့ အစီအစဉ်ကို ကြည့်မိသွားပါတယ်။ အစီအစဉ်ထဲမှာပါတဲ့ အဆိုတော်တွေက အနဲဆုံးတော့ ဘွဲ့ရကြလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် သူတို့တွေ ငါးတန်းကလေးတွေကိုတောင် မနိုင်ဘူးတဲ့ …. ဒါနဲ့ပဲ ဘယ်လိုတွေမေးလို့ သူတို့မဖြေနိုင်ကြတာပါလိမ့်ဆိုတာ သိချင်တာနဲ့ သေသေချာချာ စောင့်ကြည့်လိုက်တော့မှပဲ ပို့စ်ရေးတင်ချင်စိတ်ဖြစ်လာပါတယ်။ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ပထမတန်းကနေ ပဉ္စမတန်းအထိ အတန်းတွေထဲကနေ မေးခွန်း ၁ဝ ခု မေးထားပြီး ကြိုက်နှစ်သက်ရာ မေးခွန်းတွေကို ရွေးပြီး တဆင့်ချင်းဖြေရတဲ့အစီအစဉ်ပါ။ ကျွန်မလဲ ကြည့်ရင်း လိုက်ဖြေကြည့်ပါတယ်။ မေးခွန်းအားလုံးကို မဖြေနိုင်ပါဘူး။ သမိုင်းထဲက နံမည်တစ်ချို့ကို မေ့နေခဲ့ပါပြီ။ တစ်ချို့ကဗျာတွေကိုလဲ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် […]


etoneJune 24, 20121min89042
မြင်ဖန်များလာတဲ့ မြင်ကွင်းမျိုး ၊ ကြုံဖန်များလာတဲ့ အဖြစ်ပျက်မျိုးဆို လူသဘာဝအရ ရိုးအီသွားတတ်ကြပေမယ့် ….ကျွန်မကတော့ မြင်ရဖန်များလို့ ၊ ကြုံရဖန်များလို့ … မရိုးနိုင်ပဲ …ပွင့်အန်ထွက်ချင်နေတဲ့ ကိစ္စလေးတွေ မြိုသိပ်နိုင်စွမ်းမရှိလို့ …. ဖွင့်ချပြလိုက်ပြီဗျို့ ….  ။ တိုက်ဆိုင်သူတို့ကိုလည်း အားနာပါတယ် …. မေတ္တာပို့လျှင်လည်း ခံယူပါ့မယ် … ။ နေရင်းထိုင်ရင်း  ပျားအုံဒုတ်နဲ့ ထိုးတယ်လို့တော့ မထင်စေချင်ပါဘူး .. ဒါပေမယ့် ကာစတန်မာတွေကို ဆွဲဆောင်တဲ့နည်းလမ်းက .. ပရိယာရ်လွန်ကဲသွားပြီး လိမ်ညာမှုသဘောဘက်သက်ရောက်သွားတယ်ဆိုတာလေး သိစေရုံလောက်ပါ …. ။ %%%%%%%%%%%%%%%%% မြို့လည်ခေါင်နဲ့ လှည်းတန်းလို လူစည်တဲ့နေရာမျိုးက လူသုံးကုန်ပစ္စည်းဆိုင်(ဘာဆိုင်လဲဆိုတာ …ဆက်စပ်တွေးကြည့်ကြပါ ။ )  တချို့ရဲ့ …. လိမ်လည်ဆွဲဆောင်နည်းကို စပြောပါမယ် ။ ဘာတဲ့ […]


alinsettJune 23, 20121min3084
ဝေဖန်ခြင်း ။ ။ ၁ ။။ ။။ ဝေဖန်ခြင်း ဆိုသည်မှာ…. အရာဝတ္ထု တစ်ခု၏ ကောင်းခြင်း ၊ ဆိုးခြင်းဆိုင်ရာ ဂုဏ်သတ္တိများ ၏ တန်ဖိုး ကို ခွဲခြား..သတ်မှတ် စိတ်ဖြာ..ခြင်း ဖြစ်သည်..ဟု ဆိုလျှင် မမှားနိုင်ပါ ။။ တန်ဖိုးနှင့် အကောင်း အဆိုး ဆိုင်ရာ စံ / သတ်မှတ်ချက်များ…ပါဝင်လာသောကြောင့် … အရေးကြီးသော အလုပ် ဖြစ်ပါသည် ။ ဆုံးဖြတ်ချက် တစ်ချက် မှားသွားလျှင်… တစ်သက်စာ နောင်တ ရ ဖွယ် ဖြစ်၏ ။ သတ်မှတ်ချက် တစ်ခု လွဲချော် သွားလျှင်… ဘာနဲ ့မှ မတူသော အရှက် ရစရာ အဖြစ် အနုပညာသမိုင်းမှာ […]


etoneJune 13, 20121min95035
ဟိုးတလောက(ကြာတော့ကြာပြီ) အီးမေးလ်ထဲကနေ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခု ဖတ်ခဲ့ရတယ် …. တရုတ်နိုင်ငံမှာ လမ်းဘေးရေဆိုးရေညစ်တွေနဲ့နောက်ဖေးလမ်းကြားက ထမင်းဟင်းကျန်တွေကနေ ကြိုချက်ပြီး အဆီပြန်ချက်ယူတဲ့ သတင်းပါပဲ …ဓါတ်ပုံနဲ့ တကွပြုလုပ်ပုံအဆင့်ဆင့် ပါတာကြောင့် အကြံပက်စက်လေချင်းဆိုပြီး … အော့နှလုံးနာခဲ့မိပါတယ် ။ အဲ့ဒီလို ညစ်ပတ်နေတဲ့ ရေဆိုးမြောင်းတွေထဲက စစ်ယူပြီး… ကြိုချက်ထားတဲ့ အမှိုက်တွေထဲက ဆီတွေ ၊ ကျွန်မတို့နိုင်ငံရဲ့ ဈေးကွက်ထဲ ပါကင်ကောင်းကောင်းနဲ့ ရောက်နေမလားလို့လည်း စိတ်ပူမိခဲ့ပါသေးတယ် အဲ့ဒီဆီတွေက အကြော်ခံပြီးပုံးလိုက်ရောင်းတာမျိုးလို ့လည်း အဲ့ဒီမေးလ်ထဲရေးထားတာ ဖတ်လိုက်ရသေးတယ် … ။ ဈေးနှုန်းအားဖြင့်လည်း သက်သာတယ်ရေးထားပေးမယ် … ဘယ်လောက်ဈေးရှိသလဲဆိုတာ ရေးသားထားခြင်းမရှိပါဘူး … အဲ့ဒီစာဖတ်ပြီးကတည်းက တရုတ်ကအဖြစ်ပျက်ပေမယ့် … အပြင်စာတွေစားတိုင်း ဆီသန့်ရဲ့လားဆိုတဲ့ စိတ်မျိုးနဲ့ ဇီဇာကြောင်ခြင်းတွေ ကျွန်မကိုယ်ထဲ စွဲကပ်လာခဲ့တယ် … […]


Knowledge SeekerJune 10, 20121min3389
http://khitthit.blogspot.com/2012/05/blog-post_28.html ကမာ္ဘ့ဂင်းနစ် စံချိန်အဖွဲ့မှ ချီးမြှင့်သော စံချိန်သစ်များအား မြန်မာနိုင်ငံမှ အားလုံးရရှိသွားခြင်း ကမာ္ဘ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမာ္ဘ့စံချိန်သစ်များကိုထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာ စံချိန် သစ် များအားလုံးကိုမြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။ ဤသည်ကိုက ကမာ္ဘစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ…. (၁)အာကာသထဲမှကြည့်လျှင်မြန်မာနိုင်ငံအားကမာ္ဘ့အခြားနိုင်ငံများကြားထဲတွင်ထင်ရှားစွာမြင်တွေ့နိုင်သော တစ်ခုထဲသာရှိသောနိုင်ငံအဖြစ်ကမာ္ဘ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသောအကြောင်းအရင်း။    ။မီးများထိန်ထိန်လင်းနေသောကမာ္ဘ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့်အခြားနိုင်ငံများကိုကျော်လွန်ပြီးအာကာသထဲမှကြည့်လျှင်မြန်မာနိုင်ငံအား ဂုဏ်ယူ ဖွယ်ရာထင်ရှားစွာမြင်တွေ့ရခြင်းရွေးချယ်လိုက်ရခြင်းဖြစ်သည်။ (၂)ကမာ္ဘ့အကောင်းဆုံးအလုပ်အကိုင်အဖြစ်မြန်မာနိုင်ငံ၏အစိုးရအဖွဲ့ဝန်ကြီးရာထူးများအားကမာ္ဘ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသောအကြောင်းအရင်း။ ။ဝင်ငွေအလွန်ကောင်းပြီးပြောချင်ရာပြော၊လုပ်ချင်ရာလုပ်လို့ရပြီး တာဝန်လည်းယူစရာမလိုသောကြောင့်ဤလိုအလုပ်မျိုးတခြားနိုင်ငံများတွင်မရှိသောကြောင့်ယခုနှစ်ကမာ္ဘ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ် သည်။ ( ၃ )  ပြဿနာများအား အလွန်လျှင်မြန်စွာဖြင့်အကောင်းဆုံးဖြေရှင်းပေးနိုင်ဆုံးနိုင်ငံအဖြစ် မြန်မာ နိုင်ငံအား ကမာ္ဘ့ စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသောအကြောင်းအရင်း။  ။လျှပ်စစ်ဓာတ်အားလွန်စွာနည်းပါးစွာရရှိမှုကြောင့်ပြည်သူများမှ ဖယောင်းတိုင်များထွန်းညှိပြီးအစိုးရမင်းများသတိပြုမိစေရန်ငြိမ်းချမ်းစွာလှည့်လည်ပြီးမိမိတို့၏ဆန္ဒများအား ဖော်ထုတ်ခဲ့ သောကြောင့်လျှပ်စစ်ဓာတ်အား ပေးရေးဌာနသည်အလွန်လျှင်မြန်စွာဖြင့်သတင်းစာ ရှင်းလင်း ပွဲ အားပြုလုပ်ပြီးတာဝန်ရှိသူအရာရှိတစ်ဦးမှ ၎င်းတို့မှာလျှပ်စစ်ဓာတ်အားတကယ်မရှိ၍မပေးနိုင်ခြင်းသာ ဖြစ် ပါကြောင်း၊လျှပ်စစ်ဓာတ်အားရရှိလိုပါက( မိုးနတ်မင်း )ထံတွင်သာဆုတောင်းကြရန် ဟု ပြောကြားရှင်း […]


padonmarJune 10, 20121min61920
ဘယ်နေရာက ဘယ်လို အကြောင်းကြောင့်နဲ့ဘဲစခဲ့စခဲ့ မောင်တောမြို့မှာတော့ ကြေကွဲဖွယ် မုန်တိုင်းတစ်ခုကျသွားခဲ့သလိုပါဘဲ။ သူ့ကြောင့်ငါ့ကြောင့်လို့ အကြောင်ရင်းကိုဖွေရှာတာကတော့ တရားစီရင်ရေးအဖွဲ့ရဲ့တာဝန်ပါ။ ကျမတို့တွေ ဒီမုန်တိုင်းလေး စဲစအပြုမှာ ရှေ့ဆက်ရမယ့် ခရီးစဉ်လေးတွေ ဆွဲကြည့်ကြရအောင်ပါ။ (၁)မောင်တောဒေသ ပြန်လည်ထူထောင်ရေး ရံပုံငွေ ကျမတို့ MG ရွာသားတွေကတော့ ရခိုင်သွေးချင်းများအတွက် ကူညီရန် ရံပုံငွေ စစုနေကြပါပြီ။ သွေးမကွဲကြောင်းပြတဲ့ အနေနဲ့ ရွာထဲက မြန်မာမွတ်ဆလင်တွေလည်း နည်းများမဆို ငွေအား၊ လူအားပါဝင်စေချင်ပါတယ်။ ထို့အတူ မြန်မာပြည်အနှံ့က မြန်မာမွတ်ဆလင်များကလည်း စိတ်ပါလက်ပါကူညီရင်း အာဃာတမီးတောက်တွေ ငြိမ်းသတ်ကြစေချင်ပါတယ်။ ရခိုင်ပြည်သူတွေရဲ့ စားရေးနေရေးဝတ်ရေးကျန်းမာရေးကစ ကလေးငယ်တွေပညာရေးအထိ လိုအပ်နေမယ့် ကူညီသွားရမယ် ့နေရာတွေ အများကြီးနေမှာပါ။ (၂)ဂေဇက်ရွာလုံခြုံရေး ဒီရက်ထဲ သဂျီး မအိပ်နိုင်ဖြစ်နေတာ ကြည့်ပြီး သနားပါတယ်။ လုပ်ငန်းသဘာဝတွေ နားမလည်ပေမယ့် Moderator တစ်ယောက် […]


Phaung PhaungJune 9, 20121min3428
အယ်ကိုင်ဒါမှ မြန်မာပြည်သို့ အသိပေးကြေငြာချက်ဆိုပြီး ဖေ့ဘွတ်ပေါ်မှာတွေ့လိုက်ရလို့ ဒေါသအလိပ်လိုက်ထွက်ပြီး ဒီပို့စ်ရေးဖို့ဖြစ်လာရတာပါ။ ရေးထားတာကိုလည်းကြည့်လိုက်ပါဦး။ အလ်ကာအိးဟ်(အလ်ကိုင်ဒါ)မှ မြန်မာပြည်သို့ အသိပေးကြေငြာချက် ကျွန်ုပ်တို့သည် အလ်ကိုင်ဒဟ်အဖွဲ့အစည်းအား နေရာဒေသတစ်ခု(သို့) လူမျိုးစုတစ်ခုအတွက် ဖွဲ့စည်းထားခြင်အလျဉ်းမဟုတ်။ သို့သာမက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မြတ်နဗီ(ဆွ)၏အမိန့်တော်အား သက်သေပြရန်အတွက်၊ကျမ်းမြတ်ကုရ်အာန်၏ အမိန့်တော်အား လိုက်နာနေသူများအဖြစ်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လွန်ခဲ့ သောဆယ်စုနှစ်များမှစရျ် မြန်မာပြည်၏မွတ်စလင်များ အခြေအနေအရပ်ရပ်အား လေ့လာနေကြပြီး၊ စီမံကိန်းကြီးများပြုလုပ်လျှက်ရှိခဲ့သည်။ (အကြမ်းဖက်သိမ်းပိုက်ဖို့စီမံကိန်းလား ? ? အမေရိကန် မျိုးဖြုတ်လို့မကုန်သေးရင် မြန်မာတွေဆက်ပြီး ဒင်းတို့ကိုမျိုးဖြုတ်ပေးမယ်) ယခုမြန်မာနိုင်ငံမှ ကျွန်ုပ်တို့အား တိုင်ကြားစာ၊အကူအညီတောင်းခံစာများစွာ ရောက်ရှိလာသကဲ့သို့ အခြေအနေအရပ်ရပ်တို့ အားလေ့လာခွင့်၊သိရှိခွင့်များမှာလည်း ယခင်နှစ်များနှင့်မတူပဲဖြစ်နေတော့ပေသည်။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့အနေနှင့်ဦးစွာပထမ အသိပေးသဘောဖြင့် ကျ်ကျေငြာချက်အား မြန်မာပြည်သူများနှင့်အစိုးရထံသို့ပေးပို့လိုက်ပါသည်။လွန်ခဲ့သည့်အပတ်တွင် ဖြစ်ပွားခဲ့သော သဗ်လီဂီမွတ်စလင်(10)ဦးအား ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်မှုနှင့်ပတ်သတ်ရျ် ကျွန်ုပ်တို့သည် မွတ်စလင်များနှင့်ထပ်တူကြေကွဲခံစားရပါသည်။ မြန်မာပြည်ရှိမွတ်စလင်လူငယ်များ၊အမျိုးသားအမျိုးသမီးများအားလုံးအနေနှင့်၎င်း(10)ဦးအား […]


ကျွန်တော် ဒီရက်ပိုင်းအတွင်း မျက်စိနှစ်ကွင်းနဲ့ဖတ်လိုက်ရတဲ့စာတွေ မြင်လိုက်ရတဲ့ ပုံတွေတော်တော်များများ စိတ်မချမ်းသာစရာတွေပဲ ဖတ်ရ ကြားရ မြင်ရပါတယ်။ ကွန့်မန့်လေးပေးဖို့ကို ကြိုးစားလို့မရသလိုပါပဲ။ သူတို့ကိုပြောရင် ရမယ့်ပုံမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အများအားဖြင့် ဒေါသ…တွေ..မာနတွေ.. အာဃာတတွေ ဝင်ပူးခံနေကြရသူတွေများလို့ ပါ။ မြတ်စွာဘုရားလက်ထက်တုန်းက အိမ်သာထဲမှာ ရေခွက်လေး လှန်ထားခဲ့ တဲ့ကိစ္စနဲ့ ရဟန်းအချင်းချင်းစကားများကြရာကနေ.. ဘုရားပြောလို့ကို မရတဲ့ အနေအထားဖြစ်လာခဲ့တယ်။ ဒီတော့ ဘုရားက ဘာမှ မပြောတော့ပဲ တောထဲကြွသွားခဲ့ပါတယ်။ ကျွန်တော်လဲ ဘာမှကို မပြောချင်ပဲ ခံစားလိုက်ရတယ်။ ဒီရက်ပိုင်းမှာ ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်စာအုပ်ကိုလဲ ဖတ်လိုက်မိတယ်။ ဒီတော့လဲ ကျွန်တော် စိတ်တော်တော်မကောင်း ဖြစ်သွားတယ်။ ဒီတော့ ကျွန်တော် စိတ်ပြေလက်ပျောက် လေးပဲ ရေးလိုက်ပါရစေ… ကျွန်တော်နဲ့သူနဲ့အကြောင်းလေးပေါ့။ ဟဲဟဲ.. တစ်နေ့… ကျွန်တော်မြို့ထဲကိုသွားရင်းနဲ့ […]