အမည်ရင်း-”သူရ” အသက်- ”ရှူး တိုးတိုး”   မှတ်ပုံတင်အမှတ်- “ဘဏ်ကနေ ငွေလွှဲပေးမယ် ဆိုမှ ပြောမယ်” အရပ် – ”ဆရာနီကိုရဲထက် တစ်ပေခွဲလောက် ပိုရှည်တယ်။” ကိုယ်အလေးချိန်-”ဒါလည်း ရှူး တိုးတိုး”   အိမ်ထောင်ရေးအခြေအနေ- ”အချိန်တန်ရင် ပရိသတ်ကြီးရှေ့မှာ ချ ပြမယ်”   ပညာအရည်အချင်း-”ရေးတတ်ဖတ်တတ်”   ထင်ရှားတဲ့အမှတ်အသား- “မျက်နှာမြင် သတ်ချင်-အသံကြား အုတ်နီခဲနဲ့လိုက်ထုချင်အောင် ရုပ်နာတယ်” နေရပ်- ”ခြေသလုံးအိမ်တိုင်” အလုပ်အကိုင်- ‘Driver'(ဒါကြောင့် ခြေသလုံးအိမ်တိုင် လို့ ပြောတာ) ဝါသနာ- “ခရီးထွက်ခြင်းနဲ့ အဟောင်းပြင်ခြင်း(နောက်ဝါသနာတစ်ခုကိုတော့ မပြောပြဘူး) စရိုက်- “မဟုတ် မခံ၊ ဟုတ်လည်း မခံ၊ နည်းနည်း အာကျယ်အာကျယ်နိုင်” ရည်မှန်းချက် – “မသေခင် ဖြစ်ချင်တာမှန်သမျှ ဖြစ်ပစ်လိုက်မယ်” ဆောင်ပုဒ် – […]


alinsettApril 17, 20171min30110
ပင်လယ်ဆီကို ပို့တဲ့စာ —————– မြစ်ကြီးက ပင်လယ်ကြီးနဲ့ တူချင်လို့. . . အစွမ်းကုန် လှိုင်းခတ် လှုပ်ရှားပြနေလည်း… မီးပြတိုက်ကလေးကတော့ . . . ငြိမ်သက်စွာသာ . . . လက်ပိုက်နေလေရဲ့။ မပြည့်တဲ့အိုးတွေ မျောလာပြီး မီးပြတိုက်ကလေးကို တိုးတိုက်သမျှကိုလည်း မှိတ်တုတ်မှိတ်တုတ် အလင်းကလေးအောက်မှာတောင်. . . မြင်တွေ့ရတာ များခဲ့ပြီ တဲ့။ —————— သင့်အေးရိပ် ဧပြီ၊၁၇၊၂၀၁၇                    


Swal Taw YwetApril 14, 20175min3134
မင်္ဂလာပါခင်ဗျာ ဒီနှစ်လည်း ကာတာနိုင်ငံ ဒိုဟာ မြို့ရောက် မြန်မာများရဲ့ အမိမြေအလွမ်းပြေ မြန်မာ့ရိုးရာ အတာ သင်္ကြန်ကို ၁၄ ဧပြီ ၂၀၁ရ မြန်မာသင်္ကြန် အကျနေ့ သောကြာနေ့ မှာ စုစည်း ကျင်းပ ခဲ့ကြပါတယ်။ Face book Group – Myanmar Society ( Middle East ) ကနေတဆင့် စည်းရုံး လှုံ့ဆော်ခဲ့ကြလို့ ဒီနှစ် လူအသစ်တွေ အများကြီး ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ စုစုပေါင်း ခန့် မှန်းခြေ ၁၅ဝ လောက် လာရောက်ဆုံဆည်းခဲ့ပါတယ်ခင်ဗျာ။ အလုပ်ခွင်ဝင်ရမယ့်သူတွေ စောစောလာ စောစောပြန်၊ မရောက်ဘူးသေးသူတွေက ဟိုမေးဒီစမ်း ဖုန်းတွေတကြော်ကြော်ခေါ်ရတာမို့ နောက်ကျမှ ရောက် အဝင်အထွက်တွေ လွဲနေကြပေမယ့် ရောက်သူတိုင်းတော့ ပျော်ခဲ့ကြရပါတယ်။ […]


alinsettApril 6, 20171min2052
                                                ရနံ့တစ်ဝက် အသံတစ်ဝက်နဲ့  လွင့်ပျံ့လာတဲ့ အရောင် ———————————————– ကြားလိုက်သလား။ ဟိုး. . . အဝေးဆီက. . . ပန်းပွင့်တွေသီဆိုတဲ့ ဂီတသံ ခပ်သဲ့သဲ့၊ ဘယ်လောက်များ ယစ်မူးစရာ ကောင်းလိုက်သလဲဆိုရင်. . . နက်ပြာရောင် ဝတ်ရုံကို ခြုံထားတဲ့ လင်းတလက်လက်ကြယ်ပွင့်တချို့တောင် … ဖြုတ်ခနဲ ကြွေကျကုန်လေရဲ့။ ——– ကြားနေရတဲ့ ဂီတထဲကနေ တစ်သက်မမေ့ချင်စရာ […]


alinsettMarch 27, 20172min2856
မရှိမာန ————————- မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ ခေတ်ထဲမှာမှ. . . ငါက. . . လှံ အမြင့်မှန်သမျှ မြေမြှင့်ပြီး ဖို့ပစ်ချင်တဲ့သူ. . . – ဘာရယ်တော့ မဟုတ်ပါဘူး။ ငါက. . . သာမန်တောရွာကလေးဆီက ၃ပေ ၆ပေ မြေသား တစ်ပုံတစ်စရယ်ပါ။ ————— သင့်အေးရိပ် မတ်လ ၁၂ရက်၊ ၂၀၁၇ (photo- internet)


“ကျပ်၂၀ဝ နဲ့ အဆ ၄၀” ကျနော်ရန်ကုန်ကိုရောက်တဲ့အခါ ဘယ်သွားသွား ဘတ်စ်ကားစီးလေ့မရှိပါဘူး။ မစီးရတဲ့အကြောင်းရင်းက တော့ ကိုယ်က အညာသားရုပ်ပေါက်နေတော့ခါးပိုက်နိူက်ခံရမှာစိုးလို့ပါ။ နောက်ပြီး ဘယ်ကားစီးရင် ဘယ်ရောက်တယ် ဆိုတာလဲ မသိတာရယ် မှတ်တိုင်များမှားဆင်းရင် ပိုပြီး ဒုက္ခရောက်တတ်တာကိုကြောက်ပြီး မစီးရဲတာပါ။ အဲတော့ ဘယ်သွားသွား တက္ကစီဘဲစီးတော့ ပိုက်ဆံ အရမ်းကုန်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ တက္ကစီးရတာ အဆင်မပြေတော့ပြန်ပါဘူး။ တက္ကစီမောင်းသူတွေ က လမ်းမသိတော့ အဆင်မပြေဘူးဖြစ်နေပါတယ်။ နယ်ကရောက်လာတာ သိပ်မကြာသေးဘဲအငှားကားတက်မောင်းကြတော့ ဘယ်အပိုင်း ဘယ်နားရောက်အောင် ဘယ်လို သွားရမယ်ဆိုတာ မသိ တဲ့ ကားမောင်းသူတွေများများလာပါတယ်။ ကိုယ်ကလဲ နယ်က လာသူဆိုတော့ ရန်ကုန်ကို မကျွမ်း ။ တစ်ခါလောက်ဘဲ ရောက်ဘူးတဲ့ နေရာဆို ဘယ်လို လမ်းပြရမှန်းမသိ။ ကားမောင်းသူ ကိုယ်တိုင်ကလဲ […]


အားလူးအလုံးကြီး ငါးလုံးကို ပြုတ်ထားပါ ဆန်မုန့်(၁၅)ကျပ်သား ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်း ဆားအနည်းငယ်ကို ရေနဲ့ ခပ်ပြစ်ပြစ်ဖျော်ထားပါ။ မွှေရင်း ခပ်ပြစ်ပြစ်လေးဖြစ်လာပြီဆို ခဏဘေးဖယ်ထားပါ အာလူးပြုတ်ပြီးသားကို ပါးပါးလှီးပါ။ လှီးပြီးသားအာလူးကို စောနက ဖျော်ထားတဲ့ မုန့်နှစ်ထဲထည့်ပါ။ ကြက်သွန်မြိတ် သုံးပင်လောက် ပါးပါးလှီးထားတာရယ် ကြက်သွန်နီ သုံးလုံး ပါးပါးလှီးထားတာရယ် ထည့်ပါ ဆား လက်ဖက်ရည်ဇွန်း (၁)ဇွန်း ဟင်းခတ်မှုန့် ဖက်ဖက်ရည်ဇွန်း (၂)ဇွန်း ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ မွှေကာ ချေပေးပါ။ လက်ကို သန့်စင်စွာဆေးပြီး ချေပေးလည်းရပါတယ်။ အရမ်းကြေစရာမလိုပါဘူး။ ပုံပါအတိုင်းဆို ရပါပြီ။ ဒယ်အိုးအပြားအဝိုင်းမှာ ဆီ အနည်းငယ်ထည့်ပါ။ ဒယ်အိုးပူလာရင် စောနက အာလူးငါးလုံးချေထားတဲ့ အနှစ်ထဲက တစ်ဝက်ကို အဝိုင်းပုံစံ ဖြန့်ပါ။ (၃)မိနစ်လောက ်မီးအလယ်အလတ်လောက်ထားပြီး အဖုံးအုပ်ထားပေးပါ။ (၃)မိနစ်ပြည့်ရင်တော့ […]


aye.kkMarch 3, 20171min1405
စိတ်ကောင်းစေတနာရှိရမယ် ရိုးသားဖြောင့်မတ်မှုရှိရမယ် တရားအသိရှိရမယ် ဒါတွေနဲ ့ပြည့်စုံခြင်းမှမရှိရင် လောကထဲမှာ လူ ဖြစ်ရကျိုး မနပ်ဘူးနော်။ သူတစ်ပါးကို ဒုက္ခပေးဘို့မွေးဖွားလာသလား ကိုယ်ပြန်ရမှာက ဒုက္ခပဲဆိုတာမသိလို့ပါ ဒေါသ လောဘ မောဟ-ဆိုတဲ့တရားတွေက လူသားအချင်းချင်းဖျက်ဆီးနေတဲ့တရားတွေဆိုတာ ဘယ်သူမှငြင်းနိုင်မယ်လို့မထင်ပါဘူးနော်။။  


alinsettFebruary 28, 20172min2153
“ကျုပ်ဟာ လောကအတွက် အလင်းရောင်ကို နှစ်ပေါင်းများစွာ လိုက်ရှာရင်း ခုလို ခါးကုန်းခဲ့ရတာပါ” ဟု ခါးကုန်းနေသော အဘိုးအိုက ဆို၏။ “ဟော အခုတော့ အောင်မြင်ပါပြီ၊ လောကကြီးအတွက် ကျုပ် အလင်းထွန်းညှိပေးနိုင်တော့မယ်” သူ့လက်ထဲမှ ဖယောင်းတိုင်ကို ကိုင်မြှောက်ပြရင်း ပြောခြင်း ဖြစ်၏။ ဖယောင်းတိုင်မှာ အလင်းထွန်းညှိရန်လည်း ပြင်သည်။ ခက်သည်က သူ့ဖယောင်းတိုင်ကလည်း သူ့လိုပဲ ခါးကြီး ကုန်းနေလေပြီ။ (ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း၊ ၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခါးကုန်းကြီး”အမည်ရှိ ဝတ္ထုတို) —————————————————— ထိုဝတ္ထုတိုကလေးထဲမှ ခါးကုန်းကြီးလိုပင်… ကျွန်တော်တို့ တိုင်းပြည်မှာလည်း တိုင်းပြည်အတွက် လင်းချင်းတောက်ပစေချင်စိတ်ဖြင့် အလင်းကို ရှာဖွေပေးနေသည့် ခါးကိုင်းလုလု အမယ်အိုကြီးတစ်ယောက် ရှိလေသည်။ အမယ်အိုသည် နှစ်ပေါင်းများစွာကာလအတွင်း ဒုက္ခဆင်းရဲ အကျပ်အတည်းများစွာ… အချိန်များစွာ […]


myat pearl phyuFebruary 28, 20171min38110
တစ်ခါတုန်းကပေါ့… အမေ နဲ့ အသိအမကြီးတို့ နှစ်ယောက်သား ကျွန်မချစ်သူစာမေးပွဲအောင်ဖို့ဆိုပြီး မြောက်ဥက္ကလာက ဇွဲစုံဘုန်းကြီးကျောင်းမှာ ဗေဒင်မေးယတြာသွားချေကြသေးတယ်…။ သင်္ဘောသားတွေလည်း ကိုယ်ပိုင်ကားတွေနဲ့ လာကြ တစ်ခြား ကားကြီး ကားငယ်အသွယ်သွယ်နဲ့ ဗေဒင်လာလာ မေးကြတာ လူတွေကို စည်ကားနေတာပဲတဲ့…။ ဇွဲစုံနဲ့မပြီးသေးဘူး အိမ်နားက အသိဘုန်းကြီးကျောင်းမှာ ဆြာရာတော်က ယတြာချေပေးတယ်ဆိုပြီး အဲ့ဒီလည်း သွားလိုက်ကြသေးတယ်..။ ကျွန်မကတော့ လိုက်မသွားပါဘူး..။ ဘုရားရှိခိုးတိုင်းတော့ ဆုတောင်းမေတ္တာပို့ပေးပါတယ်။ ရွှေမန်းတင်မောင်သီချင်းလေးလို အောင်ပါစေသား အောင်စေသားပေါ့။ ====================== နောက်တစ်ခါ ဗေဒင်ယတြာ … သူငယ်ချင်းက ကျွန်မကို ဗေဒင်သွားမေးမလို့ လိုုက်ခဲ့ပါလားဆိုတော့… ကိုယ်တွေသားအမိပါ ရောယောင်ပြီး လိုက်သွားကြရင်း အမေကလည်း ဝါသနာပါတော့ ဝင်မေးခဲ့ကြတယ်… ဗေဒင်မေးခကလည်း ၁ယောက် ၃၀၀ဝ ပဲဆိုတော့ တန်တယ်ပေါ့…… ဗေဒင်ဆြာအလုပ်ခန်းက ကိုယ်တွေအိမ်နဲ့နီးနီးလေး ဒါပေမယ့် […]


Win Lwin LayFebruary 27, 20171min1905
” မင်္ဂလာပါဆရာ ” ” အေး မင်္ဂလာပါကွယ် ထိုင်ပါ ” ” ဟုတ်ကဲ့ အနာဂတ် ကံကြမ္မာကို မေးချင်လို့ပါ ” ” ရတယ်လေ အရင်ဘယ်တုန်က ဘာဖြစ်ခဲ့မယ် အခုဘာတွေဖြစ်နေတယ် နောင်အနာဂါတ်မှာ ဘာတေွဖြစ်အုံးမယ် အဲလို ဘာတွေဖြစ်မယ့်ထဲ အဆိုးတွေများပါရင် အဲဒီအဆိုးတွေပျောက်အောင် ဆရာယတြာပါ တွက်ချက်ပေးလိုက်အုံးမှာ ” ” အရင်ကဘာတွေဖြစ်ခဲ့တာနဲ့ အခုဘာတွေဖြစ်နေတာကိုတော့ သိနေပြီးသားမို့မသိချင်တော့ပါဘူး ဆရာရယ် နောင် အနာဂတ်မှာဘာတွေဖြစ်မလဲတာ လိုရင်းဟောရင်ရပါတယ် ” ” အေးလေ အဲဒါဆိုလဲ ဆရာလေကုန်နည်းနည်းသက်တာတာပေါ့ကွယ် အဲ ဆိုစမ်းပါအုံး မောင်ရင်မွေးနေ့က ” ” ကျွန်တော်မွေးနေ့က ဘာလုပ်မလို့လဲဟင် ” ” ဟ မောင်ရင်ဘဲ အနာဂတ် ကံကြမ္မာအတွက် ဗေဒင်မေးမလို့မဟုတ်လား […]


Mr. MarGaFebruary 25, 20171min34510
သက်ရောက်မှု တိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ် ဆိုတဲ့ နယူတန်ရဲ့ နိယာမ ဟာ အချစ်မှာ ကျရှုံးခဲ့သူတွေအဖို့ အပြစ်တင်စရာချည်း ဖြစ်လို့နေတယ်။ နယူတန်သာ အသက်ရှင်နေတုန်း ဆိုရင် တုန့်ပြန် ဖြေရှင်းခွင့် မရှိဘဲ တဖက်သတ် အပြစ်တင်ခံခဲ့ရတာကို ဘယ်လောက်များ မချိတင်ကဲ ဖြစ်လိမ့်မယ် မသိ တကယ်တမ်း ပြန်တွေးကြည့်ရင် နယူတန် မမှားခဲ့ပါဘူး သက်ရောက်မှုတိုင်း တန်ပြန်သက်ရောက်မှု ရှိပေမယ့် သိသာတဲ့ ပမာဏ မဟုတ်ခဲ့ရင် တန်ပြန်သက်ရောက်မှုဟာ ဘယ်လိုလုပ် မြင်သာတော့မလဲလေ…. အချစ် ဆိုတာကလည်း ပေးသလောက် ပြန်ရတဲ့ အရာမှ မဟုတ်ခဲ့တာ….   မစ္စတာ မာဃ