“မော တဲ့ နေ့” ၂ဝရက်၁၁လ တနင်္ဂနွေနေ့။ အလုပ်ပိတ်တော့ မူဆယ်ဘက်ထွက်စရာမလို။ ထုံးစံအတို်င်း မနက်ငါးနာရီခွဲအိပ်ယာထ။ ဖွဘုတ်လေးဖွင့် ပြီးစာတွေဖတ်တာပေါ့။ အဲ့မှာ ခြောက်နာရီခွဲကျော်ကျော်မှာ ၁၀၅မိုင်မှာဆော်ကြပြီဆိုတဲ့သတင်းတက်လာပါတယ်။ လူတွေပိတ်မိနေတာ အမျိုးသမီးတစ်ယောက်ကားမောင်းလာရင်းသေနတ်မှန်ပြီး အသက်ပျောက်သွားတာ လက်နက်ကြီးနဲ့ထုထားလို့ ပျက်စီးနေတာ မီးခိုးတွေလုံးတက်နေတာကိုပုံတွေနဲ့တက်လာပါတယ်။ ပိုစ်တွေတက်ပြီဆိုတော့ ကော်မင်းတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်။ နောက်တော့ ဖွဘုတ်မှာသတင်းပေါင်းစုံတက်လာပါတယ်။ ၁၀၅မိုင်ကထွက်ခွာဘို့ ဆယ်မိနစ်ဘဲအချိန်ပေးတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ကားတွေထော်လာဂျီတွေသုံးဘီးတွေဆိုင်ကယ်တွေနဲ့မူဆယ်ဘက်ကိုလူတွေ တဖွဲဖွဲဝင်လာပါတယ်။ လားရှိးအဝင်ပိတ်ထားတယ် သန္နီက တံတားကျိုးသွားပြီ။ အသွားအလာတွေရပ်သွားပြီ။ ကွတ်ခိုင်ကစ ပိတ်ပြီဆိုတဲ့ သီတင်းတွေက ဆောင်းလေအေးများနဲ့အတူ ပျံ့လွင့်လို့လာပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာ မူဆယ်ဘက်ကနေ တရုပ်ပြည်ကျယ်ခေါင်ဘက်အဝင်ကို ပိတ်လို်က်တယ်လို့ သတင်းစကားကြားပေမယ့် အားလုံးအသွားအလာမပျက်ရှိနေပါသေးတယ်။ ၂၂ရက်၁၁လ တနင်္လာနေ့ မနက်ခြောက်ခွဲလောက် မူဆယ်ဘက်ထွက်တော့ ရာသီဥတုကလဲအေး။ မြို့ကလဲကြည်လင်သန့်ရှင်းစွာ […]