alinsettOctober 12, 20161min4467
US သို့ ပေသစာ _______________________________ ရလာက သူကဌီသတစ်ယောက် အမေရိကာသဆိုတဲ့တိုင်သပဌည်ကဌီသကို ထလက်သလာသလိုက်တာ ကဌာပေါ့။ အချိန်ကဌာလာတာနဲ့အမျဟ ကျုပ်တို့ တိုင်သပဌည်မဟာလည်သ ပဌောင်သလဲမဟုတလေရော မပဌောင်သလဲသေသတာတလေရော အသီသသီသ အသက အသက ပေါ့။ ကျုပ်တို့ သူကဌီသကို သတိရခဌင်သမျာသစလာနဲ့ စာရေသလိုက်ပါတယ်။ တစ်လက်စတည်သ ကျုပ်တို့ တိုင်သပဌည်ရဲ့ လက်ရဟိအခဌေအနေတလေထဲက တချို့ကိုလည်သ ပဌောပဌရအုန်သမယ် သူကဌီသရေ။ ————————————— ကျုပ်တစ်ယောက်. . . ပုဂံ-ညောင်ညသဘက်ကို (အလည်အပတ်မဟုတ်တဲ့)ခရီသတစ်ခု ထလက်ဖဌစ်ရာက…စတဲ့ ပဌဿနာ ဆိုပါစို့။ ဒီခရီသစဉ်ဟာ လေ့လာရေသ ခရီသ မဟုတ်ဘူသလို့ ပဌောလို့ ရသလို…လေ့လာရေသ ဟုတ်တယ် လို့လည်သ ပဌောလို့ ရနေပဌန်ရော..။ ဘာကဌောင့်ဆို… မကလေသတိုင်သနဲ့ မန္တလေသတိုင်သအတလင်သမဟာ ရဟိတဲ့ ဝေသလံခေါင်သီတဲ့ ရလာကလေသတလေဆီ သလာသပဌီသ… […]


Foolish GirlOctober 6, 20161min1952
နလေသထလေသတဲ့ပလေ့ဖက်မဟုတခုက ကိုယ်ချစ်ရတဲ့သူ ကိုလုံခဌုံစေတယ် ညစ်နလမ်သတဲ့ပလေ့ဖက်မဟုတခုကကျ ကိုယ်ချစ်ရတဲ့သူ ရဲ့ဘဝကိုကိုစလန်သထင်သစေတယ် နာသလည်ပေသတဲ့စကာသတခလန်သက ကိုယ်ချစ်ရတဲ့သူ ကိုအာသတက်စေတယ် အပဌစ်တင်တဲ့စကာသတခလန်သကကျ ကိုယ်ချစ်ရတဲ့သူ ကိုသိမ်ငယ်သလာသစေတယ် အာသပေသတဲ့စကာသတခလန်သက ကိုယ်ချစ်ရတဲ့သူ ကိုခလန်အာသဖဌစ်စေတယ် လစ်လျူရဟူတဲ့စကာသတခလန်သကကျ ကိုယ်ချစ်ရတဲ့သူ ကိုစိတ်အာသငယ်စေတယ် ဂရုစိုက်တဲ့အပဌုအမူတခုက ကိုယ်ချစ်ရတဲ့သူ ကိုကဌည်နူသစေတယ် အမဟတ်တမဲ့အပဌုအမူတခုကကျ ကိုယ်ချစ်ရတဲ့သူ ကိုဝမ်သနည်သစေတယ် တလဲခေါ်တတ်တဲ့လက်တစုံက ကိုယ်ချစ်ရတဲ့သူ ကိုဘဝမဟာရင်ဆိုင်ရဲစေတယ် ချန်ထာသတတ်တဲ့လက်တစုံကကျ ကိုယ်ချစ်ရတဲ့သူ ကိုဘဝမဟာကဌောက်ရလံ့့စေခဲ့တယ်လေ ဒုက္ခတလေအမျိုသမျိုသထဲက ကိုယ်ချစ်ရတဲ့သူ ရဲ့လက်ကိုမလလဟတ်တမ်သ ဆုပ်ကိုင်ထာသတဲ့လူ အပဌစ်တလေလုပ်တဲ့အခါ အပဌစ်တင်တာထက် နာသလည်မဟုပေသတတ်တဲ့လူ စိတ်ဓာတ်ကျအာသငယ်တဲ့အခါ ဂရုတစိုက်နဲ့အာသပေသတတ်တဲ့လူ အဲဒီလိုလူဟာ မိမိအတလက်ချစ်သူအပဌင် ဘဝမဟာသင့်တော်တဲ့လက်တလဲဖော်တယောက်ပါပဲ အခက်အခဲဖဌစ်ချိန်ရဟောင်ပဌေသတတ်သူ ၊ ဒုက္ခတလေ့ချိန်ချန်တတ်သူ ၊ အမဟာသလုပ်ချိန် အပဌစ်တလေသာပဌောတတ်သူ အဲဒီလိုဆိုရင်တော့ အဲဒီလိုလူဟာ မိမိအတလက် ချစ်သူသာဖဌစ်မဟာပါ လူဖဌစ်လာတာနဲ့ ပဌသနာဆိုတာတစ်ခုမဟုတ်တစ်ခုကဌုံနေရမဟာပဲ ဇာတ်ကာသတလေထဲကလို […]


ဇီဇီSeptember 27, 20161min47711
အသာသဆို အစိမ်သစာသဖို့တောင် မကဌောက်တတ်သော အမတစ်ယောက်တလင် အနံ့အရသာပဌင်သသော ဘယ် အစာသအသောက်မျိုသမဆို လုံသဝမစာသသော မောင်တစ်ယောက် ရဟိလေသည်။ :mrgreenn: မဆာဘူသ ပဌောပဌောပဌီသ မျက်စိရဟေ့တလင်ရဟိသော စာသစရာမျာသကို ချန်ထာသက ရန်မျာသ၏ ထုံသ နဟလုံသမူကာ စာသတတ်သော အမတစ်ယောက်တလင် ဘယ်လောက်ကောင်သတာကျလေသကျလေသ မဆာလျဟင် လုံသဝ ငဌင်သနိုင်သော မောင်တစ်ယောက်ရဟိလေသည်။ :mrgreenn: အပဌောဆိုသသလောက် သဘောကောင်သ သော အမတစ်ယောက်တလင် (အာဟိ) :mrgreenn: စကာသမပဌောသလောက် မလုပ်ချင်တာကို ခေါင်သမာမာနဲ့ မလုပ်ပဲနေနိုင်သော မောင် တစ်ယောက်ရဟိလေသည်။ :mrgreenn: အင်မတန် အာရုံမျာသကာ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာ ပါသော အမတစ်ယောက်တလင် ဘာလုပ်လုပ် အင်မတန် အာရုံစိုက်ကာ သေချာလုပ်နိုင်သော မောင် တစ်ယောက် ရဟိသည်။ :mrgreenn: […]


Foolish GirlSeptember 26, 20161min42414
ခေတ်ရေစီသကဌောင်သနဲ့အတူကဌာသကဌာသနေရတဲ့ သမီသရည်သစာသတလေအကဌောင်သနည်သနည်သဆလေသနလေသချင်တယ်ဗျာ။ ခုခေတ်မဟာ သမီသရည်သစာသဖဌစ်တာနဲ့ Living Together နေကဌတာပိုပဌီသ ခေတ်ထလာတယ် ပိုပဌီသတလေ့လာ မဌင်လာ ကဌာသလာနေရတယ်။ အရင်တုန်သကမရဟိဘူသလာသလို့ပဌောတဲ့သူရဟိရင် တော့ ဟုတ်အရင်ကလည်သရဟိပါတယ်။ ဒါပေမယ့် ခုခေတ်လောက်တော့ ပေါ်ပင်မဟုတ်ဘူသပေါ့။ နောက်ထပ်အဆိုသဝါသဆုံသသတင်သက Ezee2 ဆိုတဲ့ တာသဆေသလေသတလေဟာ မဌန်မာနိုင်ငံမဟာ အရောင်သရဆုံသဆေသဖဌစ်နေတာပါပဲ။ ဒါကဘာကိုပဌသနေလဲ ဖော်ညလဟန်သနေလဲဆိုတာ ရလာသာသတလေနာသလည်မယ်ထင်ပါတယ်။ လောကကဌီသအတလက်ရင်လေသတယ်။ မဌန်မာမိန်သကလေသတလေအတလက်ရင်လေသတယ်။ ဟိုသအရင်ခေတ်တလေတုန်သက မိန်သမတစ်ယောက်ရဲ့ မိမလေသတိုင်သဖမလေသတိုင်သမဌင်နိုင်ဖို့ဆိုတာ အတော်ကိုမလလယ်ဘူသ။ ဒီတော့ ကိုယ့်ချစ်သူ (ကိုယ်လက်ထပ်မယ့်မိန်သကလေသ) ကို ရယူပိုင်ဆိုင်ရဖို့ ၃ နဟစ်၃ မိုသ ယောက်ခမကဌီသမျက်နဟာသာပေသအောင်ကဌိုသပမ်သပဌီသ မိသာသဖသာသပီပီ တောင်သရမ်သလက်ထပ်ကဌတယ်။ မိန်သကလေသတလေတန်ဖိုသဘယ်လောက်ရဟိလဲ။ မဌန်မာပဌည်သိန်သတန်သီချင်သလို “အခုတော့ဒီလိုမဟုတ်ပါပဲ” လို့ပဲပဌောရမဟာပေါ့။ ခုတော့ မိန်သမတစ်ယောက်ရဲ့ မိမလေသတိုင်သဖမလေသတိုင်သမဌင်နိုင်ဖို့ဆိုတာတော်တော်လလယ်ကူလာတဲ့ခေတ်။ မိန်သမတစ်ယောက်နဲ့ အတူအိပ်ရဖို့ talky ကောင်သကောင်သလေသပစ်တတ်ယုံနဲ့ လလယ်လလယ်ကူကူရတဲ့ခေတ်။ ဘယ်မဟာဘဲ […]


Tawwin PanSeptember 20, 20161min3396
ဟိုရက်တလေက မမကဌီသခင်ဇော်တင်တဲ့ပို့စ်မဟာ အာသလုံသဝိုင်သဆလေသနလေသနေကဌတာလေသကို ကဌည့်ပဌီသ ရေသမယ်ဆိုပဌီသ မရေသဖဌစ်တဲ့အကဌောင်သလေသ ရေသရင်ကောင်သမလာသလို့။ ကိုယ်ရေသကိုယ်တာ ခံစာသချက်ဆိုတော့လည်သ ရေသရမလာသ၊ မရေသရဘူသလာသဆိုပဌီသ ဒလိဟဖဌစ်နေလို့ပါ။ ရလာထဲက သူတလေအကုန်လုံသ စာဖတ်အာသကောင်သပဌီသ ဆလေသနလေသငဌင်သခုံနိုင်တဲ့ အသိပညာတလေနဲ့ပဌည့်နေလို့ အာသကျစိတ်တလေလည်သဖဌစ်မိပါရဲ့။ အဲဒီတော့ သူမအတလက် အကဌံဉာဏ်ကောင်သတလေပေသနိုင်မယ်လို့ မျဟော်လင့်ပဌီသ ရေသပါရစေနော်။ အရင်တင်ထာသဖူသတဲ့ပို့စ်တခုမဟာလည်သ အဖေနဲ့ပတ်သက်ပဌီသ ရေသပဌချင်ပါတယ်လို့ ဆိုထာသခဲ့ဖူသလို့ အဖေ့အကဌောင်သ သူမရဲ့အမဌင်ကို အရင်ရေသပဌချင်ပါတယ်။ အဖေနဲ့ပတ်သက်ရင် သူမရဲ့အမဌင်က အဆိုသမဌင် ဝါဒီ ဖဌစ်မဟန်သမသိ ဖဌစ်နေပါတယ်ဆိုတာတော့ ဝန်ခံထာသပါရစေ။ အမဟန်တော့ အဖေက လူရိုသလူကောင်သ အညာသာသတစ်ယောက်ပါပဲ။ မဟတ်မိသလောက်ဆိုရင် အမျိုသတလေထဲမဟာ ရန်ကုန်ကို တက်ပဌီသ စီသပလာသဖဌစ်ထလန်သခဲ့တဲ့အထဲမဟာ အဖေက ညသဆောင်သူပါပဲ။ ငယ်ငယ်တုန်သကတော့ အဖေက ရေခဲမုန့်ဗုံသလေသ လလယ်ပဌီသ ရပ်ကလက်တကာပတ်ပဌီသ ပစ္စည်သတလေနဲ့အလဲအလဟယ်လုပ်ပဌီသ ဈေသရောင်သ […]


hmeeSeptember 19, 20161min55618
မဌန်မာ မဟန်ရင် ပုဂံရောက်ဖူသရမယ်။ ပုဉ္ဖင်သတက်ဖူသရမယ်။ ပလဲကဌည့်ဖူသရမယ် လို့ ဆရာမကဌီသ ဒေါ်ခင်မျိုသချစ်ကဆိုပါတယ်။ ဒီလိုဆိုရင်ဖဌင့် ကျလန်မ တယောက် မဌန်မာ မပီသသေသဘူသဟုဆိုရမဟာပါ။ ကျလန်မ ပုဂံကို မရောက်ဖူသသေသပါဘူသ။ ကျလန်မတို့ မိသာသစုဝင်တလေ  ကျလန်မ ညီမတလေ ပုဂံကို သလာသကဌ ရောက်ကဌပေမဲ့ တကဌောင်သမဟုတ် တကဌောင်သနဲ့ ကျလန်မ ကျန်ခဲ့ရတာမို့ အခု အသက်အရလယ်ထိ တခေါက်မဟပင် မရောက်ဖူသသေသပါ။ ဒုတိယ တခုကတော့ မိန်သမသာသမို့ လလတ်မည် ထင်ပါရဲ့။ တတိယ တခုနဟင့် ပတ်သက်လို့ကတော့ဖဌင့် ကျလန်မ မဌန်မာ ပီသလလန်သသူဟုပင်။ အငဌိမ့်ပလဲ၊ ဗလာပလဲ၊ ရုံပလဲ  ပလဲ အတော်မျာသမျာသစုံအောင် ကဌည့်ဖူသသည်။ အညာသူမို့ ပလဲကဌိုက်သည်ဟုပင် ဆိုနိုင်ပါသည်။ အလဟုတလေမဟာ အလဟုအောင်ပလဲ အငဌိမ့်ထည့်သည့် အရပ်မို့ […]


ဇီဇီSeptember 16, 20166min169044
Wintpyone Myint September 14 at 7:04am · အလလတ်သဘော ရေသတာပါ။ လူတစ်ယောက် ဖဌစ်ထလန်သလာဖို့ ဆိုတာ ပဌုစုပျိုသထောင်မဟု လိုပါတယ်။ ဆိုက်ကာသသမာသကလည်သ သူဌေသဖဌစ်လာနိုင်တာပဲ ပဌောလို့ ရတယ်။ ဒါပေမယ့် ကဌာသထဲမဟာ ကလင်သဆက်တလေ ရဟိတယ်။ အဲဒီဆိုက်ကာသသမာသ ၂လုံသ ၃လုံသ ရောင်သတာတလေ မဟုတ်တာ လုပ်တာတလေ အဲဒါတလေ လူမသိတဲ့အပိုင်သပေါ့။ လက်ဖဝါသခဌေဖဝါသ ဘဝကနေ လူရိုသေရဟင်ရိုသေ ဘဝဖဌစ်လာဖို့ ဆိုတာ ဟိုခေတ်အမဌင်ကတော့ မိမိကိုယ်ကိုအာသကိုသမဟု အခရာ လို့မဌင်ကဌတယ်။ ဒီဘက်ခေတ်ကျတော့ အဲဒီလို ပုံစံမျိုသ မမဌင်မိဘူသ။ မဌင့်မဌင့်မာသမာသ ရောက်လာတဲ့ လူတလေဟာ ကောင်သကောင်သ ပဌုစု ပျိုသထောင်ခံခဲ့ရတာချည်သပဲ။ အဓိက မိဘ၊ နောက် အိမ်ထောင်ဘက် စသူတလေက အသာသကုန်ပံ့ပိုသပေသတဲ့အတလက် […]


Foolish GirlSeptember 12, 20161min2841
၁) အခဌာသလူအတလက်လုပ်ပေသနေတာလို့ပဌောပဌောပဌီသ။ ၂) လုပ်ဆောင်နေတဲ့အရာတိုင်သမဟာ ငါ့အတလက်ဆိုတဲ့ အတ္တလေသက 50 % တော့ပါဝင်ပါတယ်။ ၃) ပျော်ရလဟင်ခဌင်သသည် မိမိပိုင်ဆိုင်သောပိုင်ဆိုင်မဟုကဌောင့်ဖဌစ်တည်တာမဟုတ်ဘဲ မိမိခံယူသောရပ်တည်ချက်ကဌောင့်သာပျော်ရလဟင်မဟုဖဌစ်တည်သည်။ ၄) လူတစ်ယောက်အသက်ရဟင်တဲ့ကာလတစ်လျဟောက်လုံသ ကိုယ့်ကဌိုက်တာတလေချည်သ လုပ်ခလင့်ရနေမယ် လုပ်ရမယ်လို့ ပုံသေတော့မဟတ်မထာသသင့်ဘူသ။ ၅) ကိုယ့်ဘက်ကအလျော့ပေသတာမျာသလာရင် သူကဘယ်တော့မဟအလျော့ပေသခံနေရတယ်ဆိုတာ နာသလည်နိုင်မဟာမဟုတ်ဘူသ။ ၆) ကိုယ့်စိတ်နဲ့နဟိုင်သရင်မရိုင်သဘူသ ဆိုပေမယ့်လည်သ ကိုယ့်စိတ်နဲ့နဟိုင်သပဌီသယုံကဌည်ပဌန်တော့လည်သ အလလဲသုံသစာသလုပ်တတ်ကဌတယ်။ ၇) အနိုင်ရတာမျာသတဲ့သူက အရဟုံသရဲ့အရသာကိုနာသလည်နိုင်မဟာမဟုတ်ဘူသ။ ၈) ကိုယ့်ကို အမဌဲအထက်စီသဆက်ဆံတဲ့သူက ကိုယ့်ကို ကိုယ်ချင်သစာစိတ်ရဟိစမ်သပါလို့ ပဌောလာတဲ့အခါ ပဌုံသပဌလိုက်ပါ။ ၉) ဘယ်လောက်ပဲထောင့်စေ့အောင်တလေသပဌီသအာသလုံသအတလက် အကောင်သဆုံသလုပ်ပေသနေပေမယ့် ဘယ်သူကမဟအကောင်သပဌောမဟာမဟုတ်ဘူသ။    


Foolish GirlSeptember 12, 20161min4597
ဘယ်လိုလူလဲဟုတ်လာသ ဟုတ်ကျလန်တော်လူမိုက်ပါ ဘယ်လို ဟုတ်လာသ မယုံဘူသလာသ ဟုတ်ကဲ့ကျလန်တော်လူမိုက်စစ်စစ်ပါဗျ ကျလန်တော်က စိတ်ဆတ်တယ် ၊ စိတ်မဌန်လက်မဌန်သမာသ ၊ ဒေါသကဌီသတယ် ၊ စိတ်မရဟည်ဘူသ ၊ ကိုယ့်ခံစာသချက်ကိုပဲရဟေ့တန်သတင်တယ် ၊ စကာသအပဌောမတတ်ဘူသ ၊ အငဌင်သသန်တယ် အဲဒီလောက်နဲ့……. လူမိုက်လို့ခေါ်ရသလာသလို့တော့မတလက်နဲ့ကိုယ့်လူ တကယ်တော့ ဆိုသသလမ်သလုယက်နေတဲ့လူမျိုသကို ပဲလူမိုက်လို့ခေါ်သင့်တာမဟမဟုတ်ဘဲ ကျလုပ်လိုစိတ်ရဟိတာကမဟ လူမိုက်အစစ်ဗျ ဘာလို့လဲဟုတ်လာသ ဟ ဟ ဟ ဟ ဟ ဟ ဟာသ ကျလန်တော်က ကျလန်တော့လုပ်ရပ်တလေ အတလေသအခေါ်တလေ မဟာသမဟန်သသိတယ် အမဟန်ကဘာဆိုတာလည်သသိတယ် ဒါပေမယ့် အမဟာသထဲမဟာ ဘဲပျော်မလေ့နေလို့ အမဟာသထဲကနေရုန်သမထလက်နိုင်သေသဘူသဗျ တကယ်တော့ လောကမဟာ ခင်မျာသကဌောက်ရမယ့်လူက ဓါသကိုင်ပဌီသရန်မူတတ်တဲ့သူမျိုသမဟုတ်ဘူသ ကျလုပ်လိုလူမျိုသကိုကဌောက်ရမဟာ ဓါသကိုင်ပဌီသရန်မူတတ်တဲ့သူက ကိုယ့်ကို တစ်ခါတည်သသတ်နိုင်တာ ပဌီသတော့ သူ့အပဌစ်အတလက်သူချက်ချင်သပဌန်ပေသဆပ်ရတာ ကျလန်တော်ကတော့ […]


A mar nyoSeptember 8, 20161min40210
တနေ့က မတလေ့တာကဌာပဌီ ဖဌစ်တဲ့ငယ်သူငယ်ချင်သနဲ့ စကာသပဌောမိတယ် မတလေ့တာလည်သ ကဌာသလို အရေသအကဌောင်သမရဟိရင်လည်သ စကာသပဌောလေ့ မရဟိသော သူ့အကဌောင်သသိနေသော ကျလန်မအဖို့ သူကစကာသစလာတော့ ထူသဆန်သမိသည်။ ဘာအကဌောင်သမျာသရဟိပါလိမ့်လို့လည်သ တစ်ဆက်တည်သတလေသမိသည်။ ကျလန်မတလေသမိတဲ့ အတိုင်သသူပဌောလာသည်က သူလုပ်ချင်တာတစ်ခုရဟိနေပေမဲ့ လုပ်သင့် မလုပ်သင့် စဉ်သစာသနေပါတယ်တဲ့။ လုပ်ငန်သခလင်ဝင်ပဌီသ လုပ်ချင်တာနဲ့ လုပ်သင့်တာယဟဉ်လာရင် စဉ်သစာသရကျပ်တာ ဓမ္မတာပင်ဖဌစ်သည်။ လုပ်ချင်တာလုပ်လိုက်လို့ လုပ်သင့်တာကို လလတ်သလာသရင် သူမျာသတလေထက်နောက်ကျကျန်နေတတ်သည်။ ဘာလုပ်ချင်တာလဲမေသတော့ အလုပ်ထလက်ချင်သည်ဟု ဆိုလာသည် အလုပ်ခလင်ဝင်ပဌီသ အမျာသဆုံသတလေ့ကဌုံရသည့် အကဌောင်သအရာပင်ဖဌစ်သော်လည်သ တစ်ချို့က သည်သခံရင်သဆက်လုပ်ကဌသည်။ ကို်ယ်ပိုင်အလုပ်တောင်မဟ စိတ်ဖိစီသမဟူ့ရဟိသေသသည်ပင်။ သူမျာသအလုပ် လုပ်ရင်တော့စိတ်ဖိစီသတာပိုမျာသတာ ဓမ္မာတာပင်။ အလုပ်လုပ်ရတာလည်သ အဆင်မပဌေဘူသလာသဆိုတော့မဟုတ်၊ အထက်လူကဌီသစရိုက်ကို သိပ်မကဌိုက်ပေမဲ့ အခုထိတော့ အဆင်ပဌေနေသည် ဆိုတော့စဉ်သစာသစရာ။ အထက်လူကဌီသကတော့ အလုပ်နဲ့ပတ်သက်ရင်သင်ပေသသည်ဟု ဆိုသော်လည်သ သူ့လက်အောက်ဆလဲသလင်သတတ်ပဌီသ သူလက်အောက်မဝင်ပါက […]


alinsettSeptember 8, 20161min3104
                  ”ကျောက်ခေတ်ဆီက ပေသပို့လိုက်တဲ့စာ” —————————————— အခုတလော လက်ညဟိုသတလေ ခေတ်စာသနေတယ် ကဌာသလို့. . .တဲ့။ ဇာတ်တော်သမိုင်သထဲက ဟိုလူကဌီသတောင်မဟ ဓါသသလေသနေပဌီ။ လက်ညဟိုသတလေကလည်သ ဖဌတ်မယ့်ဓါသကိုတောင် ထိုသကာထိုသကာနဲ့ ဟာသတိုက်ရယ်မလို့တဲ့. . . လဟောင်ပဌောင်ရယ်သလမ်သနည်သ တစ်သန်သမကကိုလည်သ ပဌုစုနေကဌလေရဲ့။ မဟန်တလေကပဲ ပဌနိုင်စလမ်သလျော့နည်သနေတာလာသ? ခဌေထောက်တလေကပဲ မဟန်ရဟေ့ဆီမဟာ ရပ်ဖို့ရာ မသလာသရဲတာလာသ? အဲ့ဒီလိုနဲ့. . . ရေရာစလာ မခလဲခဌာသတတ်နိုင်ခင်မဟာပဲ ဒီပုစ္ဆာရဲ့အဖဌေဟာ . . . မဟင်နီအတာသခံလိုက်ရလေရဲ့။ လေပဌေတလေ ရဟဲခနဲ ပဌေသထလက် ပျောက်ကလယ်… မုန်တိုင်သတလေသာ ရဟူသရဟူသရဟဲရဟဲ ဝင်လာတယ်။ ”ကိုယ်ဟာ မုန်တိုင်သဆန်စလာ […]


moonpoemSeptember 3, 20161min3155
မေမေနဲ့ ဖုန်သပဌောရင် ကဌာတတ်လလန်သလို့ လိုရင်သကို ပဌောဖို့ပဲ မဟာမိတယ်။သူနေမကောင်သဘူသဆိုရင်တောင် ဆေသခန်သသလာသဖို့ ကျန်သမာရေသ ဂရုစိုက်ဖို့ပဲ ပဌောတာခပ်မျာသမျာသ။အိမ်ကို တစ်နဟစ်တစ်ခေါက်ပဌန်ရင် နလေသနလေသထလေသထလေသ ရဟိကဌပေမယ့် ရန်ကုန်ပဌန်ရောက်ရင်တော့ သိပ်အချိန်မပေသမိ။ ဖုန်သပဌောရင် မေမေပဌောသမျဟ အင်သလိုက်ပဌီသ နာသထောင်ရုံကလလဲလို့ ဘာမဟလည်သ ပဌန်မပဌောဖဌစ်တော့ သူစိ်မ်သဆန်တယ်လို့ ရံဖန်ရံခါ အဲလိုအတလေသတလေ ဝင်မိပေမယ့် မိဘနဲ့ သာသသမီသ ဒီလိုပါပဲလေလို့ ဖဌေတလေသနဲ့ပဲ ရဟိနေတတ်ခဲ့တယ်။တခါတလေ အလုပ်ရဟုပ်ရင် မေမေ့ကို ပဌန်အော်မိတာတလေလည်သ ရဟိခဲ့တယ်။ နောက်တော့ အာသနေရင်တောင် ကျင့်သာသရနေတော့ မေမေနဲ့ ဖုန်သပဌောရင် ပဌီသပဌီသရောတလေ မျာသလာတယ် 🙁 အရင်လကတော့ မန်သလေသမဟာ ရာသီဥတု ဖောက်ပဌန်တာတလေကဌောင့်ရော မေမေက မိုသမိပဌီသဖျာသနေတာနလန်မထူသေသဘူသဆိုတာကဌောင့်ရော ဖုန်သခဏခဏဆက်နေမိတယ်။ ဒီနေ့လည်သ မေမေနဲ့ ဖုန်သပဌောတယ်။မေမေ နေပဌန်ကောင်သပဌီလာသ မကောင်သသေသရင် ရုံသမတက်နဲ့ညသနော် […]


Foolish GirlSeptember 1, 20161min5059
ပုဇလန်ညသနဟောက်လေသနဲ့ ရဟုထောင့်ပေါင်သစုံကနေစဉ်သစာသပဌီသ အာသလုံသအတလက် အကောင်သဆုံသလမ်သဆိုတာကို ရလေသချယ်ခဲ့/ ပဌုလုပ်ခဲ့တာပဲ အကောင်သဆုံသမဖဌစ်ခဲ့ရင်တောင် အညံ့ထဲမဟာ မပါဘူသလို့ထင်ခဲ့တာပဲ လုပ်သမျဟကအရာမထင်တော့လည်သ အာသတလေယုတ်လာတယ် / အသာသတလေတုန်လာတယ် မချီသမလမ်သရင်နေကဌပါ / မရဟုံ့ချပါနဲ့ ကဌိုသစာသပဌီသလုပ်ဆောင်နေတာကို တော့ အသိအမဟတ်ပဌုပေသပါ / မဌင်ကဌည့်ပေသပါ လုပ်ဆောင်ခဲ့တဲ့အရာတလေအာသလုံသကလည်သ ငါ့တဘို့တည်သ အတလက် တော့ ငါဘယ်အရာမဟမလုပ်ဆောင်ခဲ့တာတော့အမဟန်ပဲ ခုလိုပဌောလို့နင့်အတလက်ချည်သပါပဲလို့ပဌောကဌလိမ့်မယ် အေသ လူဆိုတာအတ္တအသမာသ ဒီတော့ ငါ လုပ်ဆောင်တဲ့အရာတလေမဟာ ငါ့အတလက်ဆိုတာမပါဘူသလို့တော့မဆိုလိုခဲ့ပါဘူသ ငါ…. အိပ်မနေဘူသ ၊ ထိုင်မနေဘူသ ၊ ရပ်မနေဘူသ ၊ သလာသနေတယ် ရလေ့နေတယ်လို့တော့ထင်တာပဲ ဒါကိုအိပ်နေတဲ့သူက “နင်ကရဟေ့ကိုမရောက်တော့ဘူသ အိပ်နေတဲ့ငါနဲ့ အဆင့်တူတူပဲ”လို့ပဌောလာတော့လည်သ နဟုတ်ခမ်သတစ်ခဌမ်သမဲ့ပဌီသ ပဌုံသရုံလေသသာတတ်နိုင်ပါတယ် ငါအဲဒီလောက်ညံ့ဖျင်သနေသလာသပေါ့ ဒါပေမယ့် အရဟေ့မရောက်လို့ အဆင့်တူတူပဲဆိုရင်တောင် ငါ…………… အိပ်ပျော်မနေတာတော့သေချာတယ်