sorrowMay 20, 20161min49217
အခုခေတ်က လမ်းမှာပုခုံးချင်းတိုက်မိလို့ မေးကြည့် …သူလဲခရီးသွားကုန်ပဏီတခုခုက ဒါရိုက်တာ ….မန်နေဂျာစသဖြင့် ..ရာထူးကြီးတခုခုရထားတဲ့သူချည်း…. ငွေနည်းနည်းရှိရင် Travel ထောင်ပြီ…အသက်၂ဝလောက်နဲ့ .. ဘယ်လိုအုပ်ချုပ်နေလဲတော့မသိ.   .ကိုယ်တွေမန်းနေ့မန့်အတွေ့အကြုံ ဆယ်နှစ်လောက်ရှိတာတောင် …ခုထိ နှစ်ယောက်တပိုင်းပဲရှိတဲ့ဝန်ထမ်းတွေနဲ့ရန်ဖြစ်ကောင်းတုန်း…   တချို့များမေးကြည့်..တိုးဈေးလဲမတွက်တတ်..ခရီးစဉ်လဲမဆွဲတတ်…Airline system လဲမခေါက်တတ်…ဘာဆိုဘာမှမတတ်… မတတ်ပဲမတတ်လို့ Contact ရှိလားဆိုတော့ ဘာဆိုဘာမှမရှိ ပြီးတော့ခရီးသည်နည်းနည်းလေးရှိတဲ့ဈေးကွက်ကို ဝံပုလွေလိုက်သလိုလိုက်နေရတာ..တခါတလေ.တစ်ကျပ်တလေ ပိုမိရင်တောင် ဖုန်းဆက်ပြန်အမ်းခိုင်းတာ..   အသွားတစ်ကြောင်း ငါးကျပ်တဆယ် စသဖြင့် tax တွေ fuel ဈေးတွေမပြောပဲ air fare ချည်းပဲပြောပြီး လိမ်ရောင်းတဲ့ အဲလိုင်းတွေကရှိသေး..တကယ်လျော့တာက လေးငါးခုံကို…   ကိုယ်တွေကတော့ ရှင်းရရော သေအောင်. ကိုယ်တွေက.ငါးကျပ်နဲ့မရောင်းပေးရင်ပဲ လိမ်ရောင်းသလိုလို…တကယ်ဖြင့် ရတာလဲမဟုတ်..အဲ့ ငပေါအဲလိုင်းတွေ   ပြီးတော့ သဘေ်ာသားတွေအချိန်မှီတက်ရဖို့ တိုင်းတပါးကအဲလိုင်းတွေက…မန်နေဂျာမမတွေအချိန်မတော် […]


padonmarMay 16, 20162min47012
  ထိုင်ဝမ်မြေပဲကျွန်းအကြောင်းမှာ တတိယ နေရာအဖြစ် ပြောချင်တာကတော့ ဖန်တရာတေအောင် ပြောပြီးဖြစ်တဲ့ တန်းစီခြင်း Queue ပါပဲ။ ထိုင်ဝမ်မှာ ဘယ်နေရာမဆို တန်းစီပါလို့ ပြောနေစရာ မလိုပါဘူး။ ရထားပေါ်တက်မယ့် တံခါးဝမှာ တန်းစီဖို့ မျဉ်းကြောင်းလေး ဆွဲပေးထားပါတယ်။ တန်းအဝေးကြီး စီမနေရအောင် တန်းစီတဲ့ လိုင်းကို အနားမှာတင် ၃ပတ်လောက် ကွေ့ပြီး ဆွဲပေးထားပါတယ်။ မျဉ်းကြောင်းအတိုင်း ဝင်စီသွားရုံပါပဲ။ စက်လှေခါး Escalator တွေမှာလည်း ညာဖက်ကို ကပ်စီးပေးကြပါတယ်။   ရုံးတက်ချိန် ကျောင်းတက်ချိန် အလျင်လိုသူတွေ လူငယ်တွေက လွတ်နေတဲ့ ဘယ်ဖက်က လွတ်လွတ်ကြီး ပြေးသွားနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံတွေ တခုနဲ့ တခု ကပ်ရပ်ပေးတဲ့ ဖက်ချင်း မတူဘူးလို့ ဖတ်မှတ်မိပါတယ်။ ဂျပန်မှာက ဘယ်ဖက်ကို ကပ်ရပ်ပါတယ်တဲ့။ […]


padonmarMay 15, 20163min57212
  ထိုင်ဝမ်ဆိုတဲ့ မြေပဲကျွန်းမှာ ခဏရောက်တုံး သဘောကျမိတာလေးတခုကတော့ အများနဲ့ ဆိုင်သောနေရာများကို အများသုံးခွင့်ရတာပါပဲ။ Public usage of public space လို့ ဘိုလိုတော့ကြည့်ပါမယ်။ တရုတ်လိုတော့ (ပုဟွေ့ကျန်ဟွ) မပြောတတ်လို့ပါ။ ဆရာမကြီး ဒေါ်ခင်လှတင်ရဲ့ ဓမ္မသင်တန်းဖွင့်လှစ်ရာ ကျုံးဟို အလယ်တန်းကျောင်းမှာ ညဖက်ဆို ကျောင်းသားလေးတွေ အကကျင့်တာ၊ စန္ဒယားတီးတာ၊စာဖတ်တာတွေ တွေ့ခဲ့ရသလို လူကြီးတွေလည်း ထိုက်ကျိကျင့်တာ၊ဝူရှူး ကျင့်တာ ညတိုင်းတွေ့ခဲ့ရပါတယ်။                   တနင်္ဂနွေတရက်မှာ အမျိုးတွေရှိရာ ပန်ချောင်းရပ်ကို ဒေါက်တာနှင်းဝတ်ကြည် Hnin Wut က MRT နဲ့ လိုက်အပို့ ပန်ချောင်းဘူတာရဲ့ မြေအောက်ထပ် အကျယ်ကြီးမှာ လူငယ်လေးတွေ […]


padonmarMay 13, 20163min31111
ခရီးထွက်ခဲတဲ့ ဒေါ်ပဒုမ္မာက အိမ်ကနေထွက်ပြီး ခရီးလေးများ သွားမိပြီဆို ရေးမဆုံးပေါင် တောသုံးထောင် ဖြစ်ပါလေရော။ တနှစ်က ကိုရီးယားလေး ၅ရက်သွားမိပါတယ်။ ကကြီးအကြောင်း တတို့နှစ်တို့ ရေးလိုက်တာ ၄ပိုင်းဖြစ်သွားတယ်။ အခုလည်း မြေပဲကျွန်းဆိုတဲ့ ထိုင်ဝမ်ကို တလလေး သွားရပါတယ်။ ရေးချင်တာတွေ များလို့ ၁။၂။၃။၄ ဇာတ်လမ်းတွဲမယ် စိတ်ကူးတာပဲ။ဘယ်တော့ပြီးမယ်တော့ မသိ။ ထိုင်ဝမ်ကျွန်းက မြေပဲတောင့်ပုံလေးနဲ့ တူလို့ မြန်မာပြန်များက မြေပဲကျွန်းလို့ ခေါ်ကြပါတယ်။ ထိုင်ဝမ်တရုတ်တွေကိုတော့ မြေပဲတွေလို့ ATT (=အတင်းတုပ် credit tဝ Kay Thwe Oo) ကြပါတယ်။ သူတို့က ကိုယ်တို့ ရွှေပြည်ကြီးထက် တိုးတက်တော့ ရိုးရိုးမြေပဲ မဟုတ်။ Value added= packing ကောင်းကောင်းထုပ်ထားတဲ့ မြေပဲယိုပါ။ မြေပဲကျွန်းအကြောင်းပြောပြမယ့်ထဲမှာ တိုက်အမြင့်ကြီးတွေ […]


Tawwin PanMay 10, 20161min24213
သူမကိုတော့ ရုံးကသူတွေက မခိုင်လို့ပဲ အလွယ်ခေါ်ကြသည်။ သူမက ရုပ်ရည်ချောတဲ့အမျိုးထဲမှာမပါပေမယ့်လည်း သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်၊ အရပ်အမောင်းနဲ့ တော်ရုံမိန်းကလေးမထားနိုင်တဲ့ ဆံပင်အရှည်ကြောင့် သူမနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ ယောကျင်္ားတွေလည်း မနည်းပါဘူး။ ဒါ့အပြင် ပြေလည်တဲ့အသိုင်းအဝန်းဖြစ်တာကြောင့်လည်း သူမရဲ့ကိုယ်ပေါ်မှာလည်း ရွှေတွေညွှန့်နေအောင် ဆင်ထားတော့ သွားလေရာမှာ မိတ်ဖွဲ့ချင်တတ်တဲ့ ငနဲသားတွေလည်း ခဏခဏကြုံဖူးလို့ ရိုးအီနေပါပြီ။ သင်တန်းကျောင်းတစ်ခုမှာ Reception အနေနဲ့ အလုပ်ဝင်နေတဲ့သူမအတွက်ကတော့ စကားအပြောအဆိုမှာလည်း ညက်ညောနေတာ အမှန်ပါပဲ။ သူမဆီသင်တန်းစုံစမ်းဖို့ ဖုန်းနဲ့မေးမြန်းသူတိုင်းကို တဖက်သူထပ်မေးစရာမလိုအောင် သင်တန်းအကြောင်းကို မလွတ်တန်းရှင်းပြနိုင်တာလည်း သူမရဲ့အရည်အချင်းတစ်ခုပါ။ ဒီကြားထဲ သူမကို အရမ်းချစ်ပြီး အလိုလိုက်တဲ့ ရည်းစားတစ်ယောက်ကလည်း ရှိသေးတော့..သူမအတွက် အရာရာဟာ ကြွားလုံးထုတ်ချင်စရာတွေပါပဲ……………… အဲလိုကြွားလုံးထုတ်ခဲ့တာတွေက တချိန်ချိန်မှာ သူမအတွက် လူရယ်စရာ လှောင်စရာဖြစ်ခဲ့မယ်မှန်း သူမ မှ ကြိုမသိနိုင်ခဲ့တာပဲလေ…. ကြိုသိလို့မရတဲ့ကံကြမ္မာကြောင့် […]


ဇီဇီMay 9, 20161min30812
  လွယ်လွန်းလို့ လုပ်စားပြီး အရသာကောင်းလွန်းလို့ ကြိုက်လို့ လာမျှတာ။ ပါဝင်ပစ္စည်း ပုဇွန်ထုတ်/ပုဇွန်ဆတ်ထုတ် – ၁ဝ ကောင် အသားပြား – ၁ဝ ပြား ဆား/ငရုတ်ကောင်းအနက် – အနည်းငယ် ဟင်းချက်ဝိုင်/အရက် – ၁ ဖုံး ပင်စိမ်းရွက် – အရွက် ၂၀ သွားကြားထိုးတံ – ၁ဝ ချောင်းး ထောပတ်ဆီ – ထမင်းစားဇွန်း ၂ ဇွန်း ခိခိခိခိ ပိန်အူးမှာ     ပြုလုပ်နည်း ၁) ပုဇွန်တွေ ခေါင်းပြုတ်၊ ချေးကြောင်းထုတ်၊ အခွံခွါထား ၂) ဆား/ငုတ်ကောင်းအနက်မှုန့် ဟင်းချက် အရက်နဲ့ နယ်ထား ၃) အသားပြား ၁ဝ ပြားကို ခွါထုတ်ပြီး […]


ဇီဇီMay 8, 20161min44318
ဒီ တစ်ပတ် cocktail ကတော့ Tequila နဲ့ စပ်တဲ့ Margarita ကို ပြောမှာ ဖြစ်ပါတယ်… လိုအပ်တဲ့ ပစ္စည်းတွေက Tequila- 1 cup orange – 1 lime – 1 sugar – 2 tea spoons salt – a bit mint – 5 branches basil – 5 leaves Ice – 5 cubes     ပြုလုပ်နည်း ၁) ဖန်ပုလင်းထဲ ကို ပင်စိမ်း ၅ ရွက်/ ပူစီနံ ၅ ညွန့် ထည့်. တကီလာ […]


Tawwin PanMay 2, 20161min16113
အိမ်မှာ အဖေက အမြဲပြောပါတယ်…ငါ့သမီး “မအ” နဲ့တဲ့….အဲလိုပြောနေဆုံးမနေတဲ့ကြားထဲက တုံးလွန်းတဲ့သူမ အလိမ်ခံရဖူးပါတယ်.. အိမ်ကိုတော့ ပြန်မပြောရဲပါဘူး……ပြောလိုက်ရင် အပြင်ထွက်ခွင့် ပါမစ်ပိတ်သွားမှာစိုးလို့ရယ်…… တက္ကသိုလ်ပထမနှစ်တက်တုန်းဆိုတော့ ၂၀၀၂ ခုနှစ်လောက်ဖြစ်မယ်ထင်ပါတယ်။ အဲဒီနေ့က အမေခိုင်းလို့ မင်္ဂလာဒုံဈေးထဲသွားပြီး…လုပ်ငန်းရစရာငွေတွေယူပြီး အိမ်ကိုပြန်လာတဲ့အချိန်ဖြစ်တာပါ။ အရင်နေ့တွေတုန်းကလည်း ဒီလိုပဲ သွားလိုက် လာလိုက်လုပ်နေကျပါပဲ……သူမအကျင့်ကလည်း ပိုက်ဆံအိတ်မကိုင်တတ်တော့ ဆိုင်ကပေးလိုက်တဲ့ ပိုက်ဆံ ၃သောင်းကို ကြွတ်ကြွတ်အိပ်လေးထဲထည့်ပြီး လက်ထဲလုံးပြီးကိုင်လာတာပါ။ သံလမ်းထိပ်ရောက်တော့ ဆံပင်တွေဝယ်တဲ့အစ်မကြီးက (သူ့ကိုလည်း ရပ်ကွက်ထဲလာတိုင်း မြင်ဖူးပါတယ်) သူမကို လက်တို့ပြီး “ညီမလေးရေ အစ်မ ပိုက်ဆံလဲချင်လို့ …ထောင်တန်တွေပါသလား ” ဆိုပြီး မေးပါတယ်။ သူမကလည်း “ထောင်တန်တော့ မပါဘူး အစ်မရေ…အကြွေတွေပဲပါတယ်” ဆိုပြီး ပြန်ပြောမိပါတယ်……”အဲဒါဆိုရင်လည်း အကြွေလဲပေးပါတဲ့”… အဲဒီအစ်မကြီးက ဘယ်လိုကြီးလဲလို့ပေ့ါ.မေးတော့ထောင်တန်ပါလားဆိုပြီး အကြွေပဲရှိတယ်ဆိုတော့ အကြွေလဲမယ်ဖြစ်သွားတယ်ဆိုပြီး သူမစိတ်ထဲမှာတွေးနေမိပါသေးတယ်….သူတို့လည်း အရောင်းအဝယ်လုပ်နေတော့ […]


ဇီဇီApril 28, 20163min38029
အမယ်မယ်။ အမှန်တော့ …. ရုံးပြောင်းလို့ မအားတာရယ်၊ ဒရမ်မာ အခန်းဆက်ရုပ်ရှင်တွေနဲ့ အိပ်ရေးပျက်တာရယ်၊ တဂျီး ဆိုက် ဖွင့်လိုက်တိုင်း ပေါ့ပတ်တွေ အရမ်းတက်လာတာရယ်နဲ့ စာမရေးဖြစ်တာ။ (ဘူမှလည်း မမျှော်ပဲ ဂလို လူအထင်ကြီးအောင် လျှောက်ပြောရတာရယ်) :k: ရေးချင်ပြီး ရေးထားတဲ့ ပို့(စ) ၃ ပုဒ်လောက်က တန်းလန်းး ဆိုတော့ အားတိုင်း ဖွဘုတ်က အမျိုးတွေကို အတင်းရော ဇွတ်ရော အဒမရော ရိုက်ထားတဲ့ လက်ချာတွေကို ဇီ တိုက်မဲ့ ကြက်စွပ်ပြုတ် အနေနဲ့ တင်ပါမယ် (အိုင်ဒီယာကို အရီးကို ခွက်ဒစ်ပေးပါတယ်) ဇီ ရဲ့ ကြက်စွပ်ပြုတ်ဆိုတော့ ချဉ်စပ်ဖြစ်နေရင်တော့ သည်းခံပေါ့နော့။ ကိုယ့် အတွေ့အကြုံရယ်၊ အတွေးတွေရယ်ပေါင်းပြီး ချချရေးထားတာပဲ။ :bb: အမယ်မယ် အမဝေကတော့ဖြင့် […]


Tawwin PanApril 27, 20161min18511
ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကပေ့ါ…ရွှေဟင်္သာကွန်ဒိုမှာ ကျောင်းသားတစ်ယောက်ကို ကွန်ပျူတာအိမ်လိုက်သင်ပေးဖူးပါတယ်။ တစ်ရက်တော့ အဲဒီကျောင်းသားက ဆရာမကို ကျွန်တော် ဒီနေ့တော့ အပြင်မှာ အကျွေးအမွေးနဲ့ ဧည့်ခံပါရစေဆိုပြီး ပြောလာပါတယ်။ နောက်ဆုံးငြင်းမရတော့ လက်ခံလိုက်ရပါတယ်။ ကွန်ဒိုရှေ့ကနေ ဖြတ်လာတဲ့ တက္ကစီတစ်စင်း တားပြီး ပါရမီလမ်းကို ငှားပါတယ်။ ကားဆရာကို ရှေ့နားကလမ်းတိုလေးကနေ သွားခိုင်းတာကို ကားသမားက မသွားဘဲ ပြည်လမ်းပေါ်ကနေ တဆင့် ဓမ္မာရုံလမ်းကို သွားဖို့ ပြင်ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတော့တာပါပဲ။ တက္ကစီဆရာကို သွားခိုင်းတဲ့လမ်းအတိုင်းမသွားလို့ဆိုပြီး ကားပေါ်မှာ ဗျစ်တောက်ဗျစ်တောက်လုပ်ပါတော့တယ်။ ကားဆရာက နားညည်းတယ်ဗျာ။ ပိုက်ဆံလည်းမပေးနဲ့တော့ ခင်ဗျားအခုဆင်းဆိုပြီး ပြည်လမ်းပေါ်မှာ ကားကိုထိုးရပ်လိုက်ပါရော။ ဟိုကျောင်းသားကလည်း စိတ်ဆတ်တဲ့သူဆိုတော့ ကားပေါ်ကချက်ချင်းဆင်းပြီး နောက်က တက္ကစီကိုတားပြီး တက်ကော။ ပထမစီးတဲ့ကားဆရာကလည်း တက္ကစီခပေးဆိုပြီးတောင်းကော။ ကိုယ်တော်ချောကလည်း မပေးနိုင်ဘူးဆိုပြီး တင်းခံနေပြီး နောက်စီးတဲ့ကားဆရာကို အတင်းမောင်းခိုင်းပါလေရော။ […]


Tawwin PanApril 27, 20161min1603
ဟိုတနေ့က ကြည့်မြင်တိုင်မှာ ကလေးကို ဓါးစာခံလုပ်ပြီး သိန်း (၅၀) ယူသွားတဲ့သတင်းမှာ ရဲတွေကားနဲ့လိုက်တာတောင် မျက်ခြည်ပြတ်သွားတယ် ဆိုတဲ့ သတင်းကို ဖတ်မိပါတယ်။ အဲဒါနဲ့ အရင်တုန်းက တပည့်မတစ်ယောက်ကြုံဖူးတဲ့ အကြောင်းလေးကို ပြန်ပြီး သတိရသွားလို့ စာလေးဝင်ရေးပါဦးမယ်။ ၂၀၀ရခုနှစ်ကလို့ ထင်ပါတယ်။ ထောက်ကြန့်ကနေ သင်တန်းလာတက်တဲ့ တပည့်မလေးတစ်ယောက်က အဲဒီနေ့က မနက် (၉)နာရီ တက်ရမယ့်အတန်းကို (၁၁)နာရီနီးနီးမှ ရောက်လာပါတယ်။ ဘာလို့နောက်ကျတာတုန်းမေးမလို့ရှိသေး…ဆရာမရယ် ရေလေးအရင်သောက်ပါရစေတဲ့…..ရင်တွေတုန်လွန်းလို့ပါဆိုတော့…ဟယ်..ဘာတွေဖြစ်ခဲ့တာလဲဆိုတာမေးမှ ဇာတ်လမ်းအကြောင်းစုံသိရပါတော့တယ်။ အဲဒီနေ့က မှော်ဘီကားသေးလေးနဲ့ သင်တန်းကိုလာတုန်း ခရေပင်လမ်းခွဲအရောက်မှာ မော်တော်ပီကယ်က ကားကိုလှမ်းတားတဲ့အချိန်  ကားကရပ်ပေးမလိုလိုနဲ့ အနားရောက်မှ တဟုန်ထိုးဆောင့်ထွက်ပြီး ထွက်ပြေးပါလေရောတဲ့။ မှော်ဘီကားသေးလေးတွေဆိုတော့ သိကြတဲ့အတိုင်း အမိုးပေါ်မှာ ထိုင်စီးတဲ့သူတွေနဲ့ ခြေနင်းခုံမှာ တွယ်စီးတဲ့သူတွေနဲ့ လူတွေအားလုံး  ကားအရှိန်ကြောင့် ကားပေါ်မှာ ဝရုန်းသုန်းကားဖြစ်ကုန်ကြပါလေရော။ အားလုံးကအချင်းချင်း တန်းကို […]


JICA က Youtube မှာ တင်ထားတာတွေ့လို့ပါ။ စီမံကိန်းလား ဘာလားတော့မသိ။ အဲ့လိုဖြစ်လာရင်တော့ သိပ်ကောင်းမှာပဲ။ တလောကတော့ ခုရန်ကုန်က ဂုံးကျော်တံတားအချို့ဟာ မိုးပျံလမ်းဆောက်ဖို့ မသင့်တော်လို့ ဖျက်ပေးရမယ်လို့ လည်း JICA ကပြောတယ်ဆိုလား ကြားမိပါရဲ့ ။ အိပ်မက်တွေ ဖြစ်လာတော့မှာလား။   အောင်မိုးသူ   https://www.youtube.com/watch?v=EAlVxV3TgSI&app=desktop


မဝင်ဖြစ်တာကြာလို့ မေ့များမသွားပါနဲ့ဦး။ ရိုက်ကူးရေးတွေ အလုပ်များနေတာနဲ့ ရွာထဲမလာဖြစ်ဘူး ဖြစ်နေတယ်။ သူကြီး မျိုးစေ့ ပေးမယ့် ပို့စ်ကြီးတွေ့မှ ဝင်ဖြစ်တော့တာရယ်။ ဒါနဲ့ ကျတော့်ရဲ့ Movie Crazy ဆိုတဲ့ ပရိုဂရမ်လေး Episode 4 ခု တိုင်ခဲ့ပါပြီ။   ဒီတစ်ပတ်မှာ အထူးအစီအစဉ်လေးလည်း ပါတာကြောင့် ပြောပြပါရစေဦး။ ဒီတစ်ပတ်တော့ Parasyte ဆိုတဲ့ ဂျပန်ကားက စိတ်ထဲရောက်နေလို့ အဲ့ရုပ်ရှင်အကြောင်းပြောဖြစ်တယ်။ ရှာရွှတ်ခန် FAN ကားကလည်း ကောင်းဆိုတော့ အဲ့သည်ကားရယ် ပြောဖြစ်တယ်။   အထူးအစီအစဉ်ကတော့ အစီအစဉ်အပြီး ရုပ်ရှင်နဲ့ ပတ်သက်တဲ့ မေးခွန်းလေးနှစ်ခုမေးတာပါ။ အဖြေမှန်ကို အစီအစဉ်ပြီးပြီးချင်း မှာ ဖုန်းနံပါတ်တစ်ခုကို မက်ဆေ့ရိုက်ပို့ရတာပေါ့။ အမှန်ကန်ဆုံးနဲ့ အဖြေမှန်တဲ့ အစောဆုံး ငါးယောက်ကို ဆုလက်ဆောင်တွေပေး တာပါ။ […]