မြေပဲယိုလေး တကိုက် နှစ်ကိုက်(၁)

padonmarMay 13, 20163min37011

ခရီးထွက်ခဲတဲ့ ဒေါ်ပဒုမ္မာက အိမ်ကနေထွက်ပြီး ခရီးလေးများ သွားမိပြီဆို ရေးမဆုံးပေါင် တောသုံးထောင် ဖြစ်ပါလေရော။
တနှစ်က ကိုရီးယားလေး ၅ရက်သွားမိပါတယ်။ ကကြီးအကြောင်း တတို့နှစ်တို့ ရေးလိုက်တာ ၄ပိုင်းဖြစ်သွားတယ်။
အခုလည်း မြေပဲကျွန်းဆိုတဲ့ ထိုင်ဝမ်ကို တလလေး သွားရပါတယ်။ ရေးချင်တာတွေ များလို့ ၁။၂။၃။၄ ဇာတ်လမ်းတွဲမယ် စိတ်ကူးတာပဲ။ဘယ်တော့ပြီးမယ်တော့ မသိ။

ထိုင်ဝမ်ကျွန်းက မြေပဲတောင့်ပုံလေးနဲ့ တူလို့ မြန်မာပြန်များက မြေပဲကျွန်းလို့ ခေါ်ကြပါတယ်။

ထိုင်ဝမ်တရုတ်တွေကိုတော့ မြေပဲတွေလို့ ATT (=အတင်းတုပ် credit tဝ Kay Thwe Oo) ကြပါတယ်။
သူတို့က ကိုယ်တို့ ရွှေပြည်ကြီးထက် တိုးတက်တော့ ရိုးရိုးမြေပဲ မဟုတ်။ Value added= packing ကောင်းကောင်းထုပ်ထားတဲ့ မြေပဲယိုပါ။

မြေပဲကျွန်းအကြောင်းပြောပြမယ့်ထဲမှာ တိုက်အမြင့်ကြီးတွေ တံတားကြီးတွေ လမ်းကောင်းတွေ ကျည်ဆံရထားတွေ စတဲ့ ကြီးကျယ်ခမ်းနားတာတွေ မပါလို့ အပြစ်မတင်ကြပါနဲ့ လို့ ကြိုတောင်းပန်ပါတယ်။ ကိုယ့်စိတ်ဝင်စားမှုက သူများနဲ့ အံလွဲနေတဲ့ ဂေါက်ကလပ်ဝင်မို့ပါ။

မြေပဲကျွန်းကို ပထမဆုံးစရောက်တဲ့ ညနေမှာ တည်းခိုရမယ့် အိမ်ကို လိုက်ပို့ရင်း ရန်ကုန်လမ်းတွေပေါ်မှာ ဘိန်းမုန့်လိုက်ရောင်းတဲ့ လှည်းတွေက အသံမျိုး တီးတောင်တီးတောင်နဲ့ ကြားရတော့ ကားမောင်းပို့တဲ့ ကိုခင်မောင်အေးက တီဒုံရဲ့ ဂေါက်ရာဇဝင်ကို အကြားအမြင်ရထားသလားမသိ။

‘ဆရာမရေ အဲဒီမှာ ကားအဝါက အမှိုက်ကား လို့ ပြပါတယ်။ အမှိုက်ကားနောက်က Recycle ကားအဖြူပါ တွဲလာတယ် တဲ့။

1
1

 

2
2

 

အဲဒီကတည်းက လမ်းထွက်တိုင်း အမှိုက်ကားနဲ့ Recycle သိမ်းတဲ့ကားကို ဓာတ်ရိုက်ဖို့ ကြံတော့တာပဲ။
အမှိုက်ကားက ညနေပိုင်းဆို လိုက်သိမ်းတာ ညအထိပါ။ တည်းအိမ်နားမှာ အမှိုက်ကားတီးလုံးက တညနေဆို ၃ခါလောက်ကြားနေရပါတယ်။
တပတ်ကို ကြာသပတေးနဲ့ တနင်္ဂနွေ ၂ရက်တော့ နားပါတယ်။
တည်းအိမ်Condo အောက်မှာ အမှိုက်လာသိမ်းတော့ Condo ဝန်ထမ်းက အမှိုက်တွေ ကူတင်ပေးနေတာ တွေ့ရပါတယ်။

 

3
3

 

အမှိုက်ကို အမှိုက်ထည့်တဲ့ ကြွပ်ကြွပ်အိတ် တံဆိပ်ကပ်ထားတာနဲ့ပဲ ပစ်ခွင့်ရှိပါတယ်။
အိမ်မှာကတည်းက အမှိုက်တွေကို စားကြွင်းစားကျန်သပ်သပ်၊ စက္ကူတစ်ရှူး နဲ့ ဖုံလို အမှိုက်မျိုးက သီးသန့် စုထားရပါတယ်။ ရေသန့်ဘူး၊စက္ကူဘူး။ဖော့ဘူး၊ ပလပ်စတစ်ဘူး။စက္ကူအိတ်၊သတင်းစာ တို့လို Recycle ပစ္စည်းတွေကို လည်း တအိတ်သီးသန့် ထားရပါတယ်။
တည်းအိမ်မှာ အတူလာနေပေးတဲ့ မမဆွေနဲ့ မမစောက အမှိုက်တွေ Basement မြေအောက် ကားပါကင် မှာ ညတိုင်း သွားပစ်ကြပါတယ်။

4
4

 

8

စားကြွင်းစားကျန်တွေကို ပလပ်စတစ်ပေပါ အပြာရောင်ထဲ သွန်ထည့်ပေးရပါတယ်။ အဲဒါတွေကို တိရစာ္ဆန်အစာ(သို့) မြေဩဇာ လုပ်တယ်လို့ ဆိုပါတယ်။ စားကြွင်းစားကျန်ထည့်လာတဲ့ ကြွပ်ကြွပ်အိတ်ကို ပေပါဘေးက ခြင်းထဲ စနစ်တကျထည့်ရပါတယ်။ ပြီးရင် လက်ဆေးဖို့ Basin နဲ့ လက်ဆေး ဆပ်ပြာတွေ ထားပေးထားပါတယ်။
အဲသလိုထားပေးတော့ လက်နံနံကြီးနဲ့ ပြန်သွားရမယ့် ဒုက္ခပါ ဖြေရှင်းပေးပြီး ဖြစ်ပါတယ်။

 

9

 

10

 

11

 

12

 

13

 

 

ပြီးရင်တော့ သယ်လာတဲ့ Recycle ပစ္စည်းတွေကို သူ့အမျိုးအစားနဲ့သူ ဆိုင်ရာ ခြင်းတွေထဲ ခွဲထည့်ပေးခဲ့ရပါတယ်။ ပစ်ချင်သလို ပေါင်းပစ်လိုက်လို့ မရပါဘူး။
CCTV camera နဲ့ ရိုက်ထားတာကြောင့် စည်းကမ်းမရှိ ပစ်သွားတာ ဘယ်အခန်းက ဆိုတာ သိပြီး ဒဏ်ချခံရပါတယ်။

CCTV
CCTV

မေ့ပြီး ပစ္စည်းထဲ့တဲ့ စက္ကူဖာလေး နေရာမကျထားခဲ့မိရင်တောင် ပျာပျာသလဲ ပြန်ဆင်းယူရပါတယ်။

14

 

15

ဒဏ်ကြေးထက် ဒဏ်ဆောင်ရတယ်ဆိုတာ ရှက်စရာလို့ မြင်လာကြတာကိုး။

အမှိုက်စနစ်တကျ ပစ်ရတာနဲ့ ပတ်သက်ပြီး မြန်မာပြည်က ဆရာဝန်ဖြစ်ပြီးမှ ထိုင်ဝမ်မှာ အခြေချနေတဲ့ သူငယ်ချင်းက ဒို့လည်း ရောက်ခါစက အဲသလို အမှိုက်ပစ်ရတာ စိတ်ရှုပ်တယ်။နောက်တော့ အကျင့်ရပြီး စနစ်တကျပစ်တတ်သွားရော။ တကယ်တော့ အိမ်မှာအစကတည်းက အမျိုးအစားခွဲထည့်ရတာ ကိုယ်သိပြီးသားအမှိုက်ဆိုတော့ လွယ်လွယ်လေးရယ်။ သူများ အမှိုက်တွေနဲ့ ပေါင်းသွားပြီးမှ ဆိုရင် ပြန်ခွဲရ မလွယ်ဘူးလေ လို့ ပြောပြပါတယ်။

7

 

 

တကယ်တော့ အမှိုက်ဆိုတာ ရွှေပါပဲ။

ကြွပ်ကြွပ်အိတ်ကနေ လူသုံးကုန်ဖြစ်တဲ့ ပလပ်စတစ်ခွက်တွေ စောင်တွေ ပြန်လည် ထုတ်တဲ့ လုပ်ငန်းကို မဟာယန ထိုင်ဝမ်သီလရှင်ကြီးဦးဆောင်တဲ့ Tsu Chi Foundation က လုပ်ပေးနေတယ်လို့ ကြားဖူးပါတယ်။

စားကြွင်းစားကျန်က အစ ပြန်သုံးပေးမယ့် လုပ်ငန်းရှိတော့ အလဟဿ မဖြစ်၊ယင်မနား၊ကြွက်မစား၊ပိုးဟပ်လည်း မတွေ့ရပါဘူး။

ပုရွက်ဆိတ်တောင် မတွေ့မိတော့ စားစရာတွေ စားပွဲပေါ် ဒီတိုင်းတင်ထားလည်း ပုရွက်ဆိတ်တွေ ယင်ကောင်တွေနဲ့ စစ်မခင်းရတော့ပါဘူး။

မြန်မာ အိမ်ရှင်မတွေ အဲသလို ဘဝမျိုး ဘယ်လောက် လိုချင်ကြမလဲလို့ တွေးမိပါတယ်။

လိုချင်ရင် ဖြစ်အောင် လုပ်ရပါမယ်။

ဦးဆောင်သူ အစိုးရဖက်ကလည်း အမှိုက်များကို စနစ်တကျသိမ်းမယ့် အဖွဲ့အစည်းကို တာဝန်ပေးသင့်ပါပြီ။
ဒီလို အလုပ်မျိုးကို လုပ်တဲ့ အတွက် အခွန် လျှော့ပေးတာမျိုး လုပ်ငန်းလိုင်စင်ကြေး သက်သာစွာ လုပ်ခွင့်ပေးတာမျိုး စသည် subsidize တွေ ပေးရပါမယ်။

တနေရာမှာ အသုံးတဲ့မယ်ဆိုရင် ဘာကိုမှ ပစ်စလက်ခတ် လွှင့်မပစ်တော့ပါဘူး။
ပစ်ရင်လည်း ဒဏ်ချဖို့ မတွန့်ဆုတ်ပါနဲ့။
ပါးတခါရိုက် ၁၀၀ဝ လို အမှိုက် တခါပစ် ၁၀၀ဝ ဆိုလို့ကတော့ အမှတ်တမဲ့ အမှားတွေ ရှိအုံးမှာပါ။
ဒဏ်ကြေးကြီးကြီးနဲ့ ခြစားမှုလည်း မရှိအောင် ထိန်းပေးရပါမယ်။

အဲဒီအလုပ်ဟာ ပုဂ္ဂလိကကို ပေးလိုက်ရင် သူ့ဖာသာ ထိန်းညှိသွားမှာပါ။

ဒီလို အမှိုက်ကို စနစ်တကျ ပစ်တတ်ဖို့ အချိန် ဘယ်လောက်လိုသလဲ လို့ မေးရင် စနစ်ကျတဲ့ ပတ်ဝန်းကျင်သာ ဖန်တီးပေးလိုက်မယ်ဆို မိနစ်ပိုင်းနဲ့ ဖြစ်မယ်လို့ ပြောချင်ပါတယ်။

မြန်မာပြန်တွေဟာ ကျမတို့နဲ့ သင်ကြားခံခဲ့ရပုံချင်းတူတူပါပဲ။
သူတို့တောင် စည်းကမ်းရှိတဲ့ ပတ်ဝန်းကျင်ရောက်မှ စည်းကမ်းရှိတတ်လာရင်
ကျမတို့ ပတ်ဝန်းကျင်ကို စည်းကမ်းရှိအောင် ပြောင်းလဲလိုက်နိုင်တဲ့အခါ ကျမတို ့ မြန်မာပြည်သူတွေလည်း စည်းကမ်းလိုက်နာလာမှာပါ။

လူတွေရဲ့ စိတ်ထဲ အမှိုက်ကို သူ့နေရာနဲ့ သူ ပြန်သုံးတာ ရှက်စရာ မဟုတ်လို့ မြင်လာဖို့ပဲ လိုပါတယ်။

သူများတိုင်းပြည်မှာ နာမည်ကြီး Department storeဖြစ်တဲ့ Marks & Spencer ကတောင်မှ သူ့ရဲ့ ဈေးဝယ်အိတ်မှာ

Please reuse to help protect the environment (ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ကျေးဇူးပြူ၍ ပြန်သုံးစို့ ) လို့ နှိုးဆော်ထားပါတယ်။

1

ကျမတို့ မြေပဲကျွန်းက မိတ်ဆွေတွေကို မီအောင် ကိုယ့်ကိုကိုယ် ပြုပြင်ကြပါစို့။

 

11 comments

  • အောင် မိုးသူ

    May 13, 2016 at 9:32 am

    အစကတော့ အလုပ်ရှုပ်မယ် နောက်ဆို အသားကျသွားမယ် မှန်ပါတယ်။ ရပ်ကွက်ထဲမှာ အချို့တွေ နောက်ဖေးလမ်းကြားကို အမှိုက်တွေပစ်တုန်းပဲ။ အိမ်မှာတော့ အကျင့်လေး လုပ်ထားလိုက်တယ် အိမ်ရှေ့မှာ စည်ပင်အိတ်နဲ့ အမှိုက်ထည့်စရာတစ်ခု နောက်ဖေးမှာတစ်ခု။ ပြည့်ပြီဆိုရင် စည်ပင်အမှိုက်ပုံးရှိရာကိုတော့ သယ်ပြီးပစ်ရတာပေါ့။

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 13, 2016 at 11:41 am

    အီမယ်တော့ အမှိုက်ထဲကနေ
    ငွေ အဖြစ် ကောင်းကောင်း ပြောင်းနိုင်တာ
    ကီလားတွေပဲ
    ရေဘူး အအေးဘူး အရက်ပုလင်း ဘီယာဘူး ကတ္ထူပြား ဖိနပ်
    စတဲ့ဟာတွေ ခွဲခြမ်းစိတ်ဖြာလို့ ပြန်သုံးနိုင်တယ်
    ကောင်းကောင်း အမှိုက်ထုတ်နိုင်တာတော့
    ဘသူတွေလဲ
    ထမင်းထုုပ် ထမိန်ထုပ် ပန်ကာစုတ် ဖနပ်စုတ် ထီးစုတ် ဖျာစုတ်
    အကုန်ရောထုတ်လို့ ပစ်ကြတုန်း
    မိုးရွာရင် အမှိုက်ပိတ်ပြီး ရေကြီး လမ်းပိတ်တဲ့သတင်း
    ကြားရဦးမှာ ကြားရဦးမှာ လောင်းကြေးတောင် ထပ်လိုက်ချင်သေးထပ်လိုက်ချင်သေး
    မှန်တာပြောရင်လဲ ကြိုက်ကြမှာမဟုတ်
    မိုးရာသီအမှီ မြောင်းရှင်း အမှိုက်ကောက်ကြဖို့ လုပ်ကြပါဦးစို့
    ကျနော်က အီးပန်းနေလို့ အိပ်ယာထဲက မထနိုင်လို့ လိဖ်

  • Ma Ei

    May 13, 2016 at 1:01 pm

    မြန်မာစည်ပင်ကလဲ မီးဖိုချောင်အမှိုက်၊ သစ်ရွက်အမှိုက် တွေကို အိတ်အစိမ်း အပြာ စသည်ဖြင့် ခွဲစွန့်ပစ်တဲ့စနစ် လုပ်ပါသေးတယ်။ အိတ်တွေတော့ခွဲခိုင်းပါရဲ့ ပစ်ရတာကတစ်နေရာတည်း ဘာမှမထူး ခွဲတဲ့သူကခွဲ မခွဲတဲ့သူကမခွဲ ဆိုတော့ ရေတက်ငါးဇင်ရိုင်း ရေတက်တုံးခဏ လက်လက်ထ သလို နောက်တော့လဲ ထုံးစံအတိုင်းပါဘဲပေါ့…
    အိမ်မှာတော့ စားကျွင်း မီးဖိုချောင်အမှိုက်သပ်သပ် ကျွပ်ကျွပ်အိတ် စက္ကူစ ပုလင်းဘူးခွံသပ်သပ် သစ်ရွက်အမှိုက်သပ်သပ် တစ်အိတ်ဆီ ခွဲပစ်ပါတယ်…
    ဘယ်သွားသွား အမှိုက်မချတတ်တာလဲ အကျင့်ဖြစ်နေပါပြီ…
    တစ်နေ့ကတောင် ဒေးစွန်ပါဘုရားနားက ဘုန်းကြီးကျောင်းမှာ ရုံးအဖွဲ့နဲ့ ရေအလှူသွားရင်း ကလေး 150 အတွက် Fudo cake လေးတွေဝေပေးရင်း ကလေးတွေကို မုန့်စားပြီးရင် အမှိုက်တွေကို အမှိုက်ပုံးထဲထည့်ရမယ်နော် ဆိုတော့ ပြောတဲ့တိုင်း အမှိုက်ပုံးလေးထဲ ထည့်နေတဲ့ ကလေးတွေကြည့် ပီတိဖြစ်ခဲ့ရသေးတယ် အစ်မရေ…
    စနစ်ကောင်းသာ အကောင်ထည်ဖော်နိုင်မယ်ဆိုရင် ကျမတို့တွေလဲ မြေပဲကျွန်းက မိတ်ဆွေတွေကို မကြာခင် မှီလာနိုင်မှာပါ အစ်မရေ….

  • kai

    May 13, 2016 at 2:18 pm

    LA မှာတော့..
    ကလေးတွေနဲ့ လူတချို့ကတော့.. ရီဆိုင်ကယ်လုပ်လို့ရတဲ့.. အလူမီနီယံဘူး..။ပလပ်စတစ်ဗုးတချို့ကို .. စုပြီးသိမ်းတတ်တယ်..။
    ဒါပေမယ့်.. အိမ်တွေရော..။ အပါ့မန့်တွေရော.. အများစုက… ခပ်ကြမ်းကြမ်းလေးခွဲပြီး… ပစ်သဗျ..။။
    အဲဒီလို သိပ်မရွေးပဲပစ်နိုင်ဖို့အတွက်… အမှိုက်သိမ်းကားကို.. ပိုက်ဆံပိုပေးထားရတယ်..။
    လုံးဝကို မရွေးပဲ.. ရောချင်ရင်.. သံပုံးကြီးတွေနဲ့ပစ်ပေါ့…။ ၆ပေလောက်သံပုံး.. တလ.. ၄ခါသိမ်းရင်.. ဒေါ်လာ၃၀ဝလာက်ပေးရမယ်..။

    အမှိုက်သိမ်းကားတွေက.. သွားပုံထားတဲ့.. စုရပ်စက်ရုံကြီးမှာ.. ဧရာမစက်ကြီးတွေနဲ့.. အလုပ်သမားတွေနဲ့.. လိုချင်တာတွေအဆင့်ဆင့်ပြန်ခွဲထုတ်တယ်..။
    အဲဒီလူတွေ လစာအင်မတန်ကောင်းသဗျ..။

    အလုပ်အကိုင်အခွင့်အလန်းတွေ အများကြီးဖေါ်ပေးတဲ့.. ဘီလီယံဘစ်ဇနက်ကြီး..။
    အဲလို.. သိထား..။

  • ကထူးဆန်း

    May 13, 2016 at 2:38 pm

    ရက် ၁၀ဝ စီမံကိန်းထဲ ထည့် စေ သတည်း … 🙂

  • မြစပဲရိုး

    May 14, 2016 at 3:01 am

    ဟိုး ကျွန်မတို့ ငယ်တုန်း ကလဲ အမေတို့ ဒီလိုဘဲ ခွဲပြီး အမှိုက်ပစ်တာ ပါ မဟုတ်လား အစ်မ ရာ။
    သတင်းစာ တွေ စာရွက်တွေ က တစ်ပုံ၊ ပုလင်း တွေ၊ ပလပ်စတစ် တွေ က တစ်ပုံ၊ ကျန်တဲ့ ရောင်းမရ ဟာ တွေ က အမှိုက်ကား အိမ်ရှေ့လာသိမ်းရင် အလွယ်ထည့်နိုင်ဖို့ အိတ်နဲ့ တစ်အိတ်။
    နောက်မှ သာ အမှိုက်မသိမ်းတော့ ဟိုဟိုဒီဒီ သွားပြစ်၊ မိုးရွာရင် အလွယ် မြောင်းထဲ ပြစ် ဖြစ်ကုန်တာ။
    သိပ်မဆိုး တဲ့ လူနေမှု ဘဝ တွေ က တဖြေးဖြေးချင်း က စုတ်ပြတ်သွားတာ။

    အခု လဲ အိမ်ပြန်တုန်းက လမ်းထိပ်မှာ အမှိုက်ပြစ်ဖို့ အဖုံး နဲ့ ပုံးကြီးချထားတာ။
    တော်ရုံ ဘယ်သူမှ အဖုံးကို လှန်ပြီး ထည့်မနေဘူး။ ဘေးမှာ ချသွားကြရော။
    ကျွန်မ ကတော့ နိုင်ငံကြီးသားဂျီး မို့ အမှိုက်ထုပ် ကို အဖုံးဖွင့် ပြီး ပစ် လိုက်ပါတယ်။
    နံလိုက်တာ။
    အမှိုက်ရော သိမ်းရဲ့ လားမသိ။
    နောက်တစ်ခါ ဆို ကျွန်မလဲ အပြင်မှာဘဲ ချမိခဲ့တော့ မလားပါဘဲ။

    ဒီလိုမျိုး တွေ ကို ဖြစ်သလို မထားဘဲ တာဝန်ရှိသူများ က စေတနာပါပါ ပညာရှိရှိ နဲ့ လက်တွေ့ အသုံးပြုနိုင်အောင် စံမံခန့်ခွဲဖို့ တွေ လိုပါတယ်။
    အဲတာတွေ ကို သက်ဆိုင်ရာ ကိုယ့်လွှတ်တော် အမတ် ကို အကြံပြု ပေးရမှာပါ။
    ဝိုင်းဝန်းကြပါလေ။
    စေတနာ တွေ နဲ့ တကယ်လုပ်ရင် ကျွန်မ တို့ နိုင်ငံ လဲ အမှိုက်နိုင်ငံ က နေ ရွှေနိုင်ငံ ဖြစ်လာမည် လို့ ယုံပါတယ်။

  • ဝင့်ပြုံးမြင့်

    May 14, 2016 at 11:51 pm

    နယ်မြို့တွေမှာတော့ အမှိုက်ကို ရပ်ကွက်တစ်ခုချင်းစီ စုရပ်လုပ်ပေးထားတာ ကောင်းမယ် ထင်တာပါပဲတီဒုံရေ။ နို့မို့ရင် အမှိုက်ကားက တစ်လမ်းဝင်တစ်လမ်းထွက် မောင်းနေရတော့ ဓာတ်ဆီကုန်တာပေါ့။

  • ဦးကြောင်ကြီး

    May 16, 2016 at 2:21 am

    တလှုပ်ဖြူ ခိုနီဒုံဂျီးအား တလှုပ်နီ ကူမြူ နစ်ပါတီကေဒါ ကြေးမုံဂျီးထံပို့ ဘရိန်းဝှက်ရှ် လုပ်ကြ…

  • ခင်ဇော်

    May 16, 2016 at 6:31 am

    ဒီ စံနစ်ကျ စလုံးထက် သာပြန်ရောဗျာ…
    ဒီမှာ တော့ အဲလို မဖြစ်မနေ မလုပ်ခိုင်းဘူးးး
    လူများတဲ့ လေဆိပ်တို့ ရှော့ပင်းစင်တာတို့လောက်ပဲ အမှိုက် ၃ ပုံးး စီ ထားးထားးပေးးတယ်…
    ဒီမှာ နေတာ ကြာပြီ.. အဲလို လေးးတွေ နည်းလမ်းကောင်းလေးတွေ ကိုယ်တွေ့တာ မျှ လို့ ရတယ်ဆိုတာ တီဒုံ့ ပို့စ်တွေ ဖတ်ပြီးး အမြင်မှန်ရပါပြီ ..
    :mrgreenn:

  • Thint Aye Yeik

    May 16, 2016 at 10:12 am

    ဗမာပြည်သည် အမှိုက်ပြည်
    ဖြစ်နေတာ ကြာပါပြီ။

    သူများတွေ လာပစ်ချထားတဲ့ အမှိုက်တွေရော
    ကိုယ်တိုင်က လိုလိုချင်ချင် ဆွဲယူလာတဲ့ အမှိုက်တွေရော
    ကိုယ့်လက်ကလွတ် ဗြွတ် ဆိုပြီး ပြီးစလွယ် ပစ်ချခဲ့တဲ့ အမှိုက်တွေရော
    အမှိုက်မြို့တော်ထဲမှာ အမှိုက်မြို့တော်သူားများကြား လူးလားခေါက်တုန့် နေ နေရပါပြီ။
    တစ်နေ့တော့ ပြင်ပအမှိုက်များရော စိတ်တွင်းအမှိုက်များပါ
    ရှင်းလင်းပြီး စင်ကြယ်သွားလိမ့်မည်ဟု မျှှော်လင့်သော်လည်း
    ထိုတစ်နေ့နေ့သည်ကား အဘယ်ဆီ အဘယ်ဝယ်နည်းးးး

  • အိမ်မှာလည်း အဲဒီလိုပစ်ခိုင်းတာ မရဘူး.. လက်လွယ်တဲ့ပုံးထဲ ထည့်လိုက်ကြတာ… နောက် ဈေးထဲက ဈေးသညေ်တွ.. တစ်အိတ်ပဲ ထုပ်ပေးလိုက်ပါဆိုတာကို စေတနာတွေပိုပြီး နှစ်အိတ်ထပ် ထုပ်ပေးတာ… ပြောလို့မရဘူး.. မယူရင် စိတ်ဆိုးသေတယ်.. ဈေးသည်တွေက စသင့်တယ် ထင်တာပဲ…

Leave a Reply