ဆရာ တင်နိုင်တိုး နဲ့ ကျွန်တော် နဲ့ လုံးဝ မရင်းနှီးပါဘူး။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ် ဗဟို စာကြည့်တိုက် ကို သုံးကြသူချင်း မျက်မှန်းတန်းမိနေကြပါတယ်။ ဆရာက အင်္ဂါ နေ့တိုင်း စာကြည့်တိုက်ကို လာတတ်ပါတယ်။ စာကြည့်တိုက်မှာက သတင်းဂျာနယ်တွေက သတင်းထောက် ကောင်လေးတွေ ကောင်မလေးတွေ သတင်းစာအဟောင်းတွေထဲက သူတို့လိုချင်တာတွေကို လာ ရှာတတ်ကြတာကို ကျွန်တော် သိထားပါတယ်။ ဆရာ ့ကိုလည်း ဂျာနယ်တစ်ခုခုက အယ်ဒီတာ တစ်ယောက်ယောက်လို့ပဲ ကျွန်တော်က ထင်ထားမိခဲ့ပါတယ်။ တစ်ရက်တော့ ကျွန်တော်က ရောက်အသွား ဆရာက ရောက်နှင့်နေသူမို့ မျက်လုံးလှန်ကြည့်ပြီး ပြုံးပြပါတယ်။ ကျွန်တော်ကလည်း ပြန်ပြုံးပြပြီး “ဆရာ ဘယ်ဂျာနယ်ကလဲ ခင်ဗျ “ လို့ စပ်စုလိုက်မိပါတယ်။ ဆရာက “ကျွန်တော် တင်နိုင်တိုး ပါ” […]