ဒီနေ ့မနက် မိုးလေဝသအခြေအနေအရ အအေးဓတ်လေးနဲနဲလွန်ကဲနေသော်လည်း၊ အိပ်ရာမှထသည်နှင့်ရေနွေးအိုးလေး တည်ထားခဲ့ပြီးမှ၊ အောက်ထပ်မှာ ရေချိုးဖြစ်သည်ပင်။ ပုံမှန်အိပ်ရာထချိန်၊ နံနက်၃နာရီခွဲပါ။ ရေချိုးပြီးမှသာ၊ဒုတိယထပ်မှာ၊ဘုရားသောက်တော်ရေချမ်း,ဆွမ်း,ပန်းကပ်လှူရန်ပြင်ဆင်ပြီး အမေ့အတွက်၊ကော်ဖီ,မုန် ့အရံသင့်လုပ်ထားပေးရသည်။ပြီးလျင်တော့ အပေါ်ထပ်ဘုရားကျောင်းဆောင်မှာ၊ဘုရားဝတ်ပြု,ငါးပါးသီလခံ,မေတ္တာပို ့သပြီးမှသာ အလုပ်သွားကြမည့်သားတွေအတွက်၊မနက်စာပြင်ဆင်ပေးရတာ ကျွန်အတွက် နေ ့စဉ်ပုံမှန်ပါပဲ။ မနက်ကဘုရားရှိခိုးပြီး၊ညက ကပ်ထားသည့်၊သောက်တော်ရေချမ်း စွန် ့ရန်အောက်ထပ်သို ့ ယူဆင်းလာပီး၊ဘုရားသောက်တော်ရေခွက်ပန်းကန်တို ့အား၊ကိုယ်တိုင်ဆေးကြော သန် ့ရှင်းပြီးသည်နှင့်ညီမလေး ဖြစ်သူအား၊ ဘုရားကျောင်းဆောင် အပေါ်ထပ်၌ သွားထားပေးရန်ခိုင်းမိလိုက်ပါတယ်။ ခိုင်းမိပြီးကာမှ၊ ချက်ခြင်းပြန်သတိရလိုက်မိသည်။ ညီမလေးကသူ၏ ဒူးခေါင်း သိတ်မကောင်းသဖြင့်၊ အပေါ်ထပ်နှင့်အောက်ထပ်သို ့ ခဏခဏ အတက်အဆင်းလုပ်ဖို ့မလွယ်ကူတာကို စဉ်းစားမိပြီးမှ၊ ညီမလေးအား မထားတော့ရန်နဲ ့၊သားတွေအိပ်ရာမှနိုးလာတဲ့အခါမှသာ ထားခိုင်းတော့မယ့် အကြောင်း ပြန်ပြောပြလိုက်မိပါတယ်။ ညီမလေးကတော့၊သူ ့စိတ်၏ ခံစားချက် ထင်မြင်မှုအရ ကျွန်မကို ချက်ခြင်း ပြန်ပြောလိုက်တဲ့စကားကြောင့်၊ကျွန်မပြန်ရှင်းပြရမယ့် အနေအထားဖြစ်သွားပါတယ်။ ကျွန်မကို-ညီမလေးက၊ ဒုတိယအစ်မဖြစ်နေလို ့၊ ယီကြည့်လို ့ဘဲခေါ်ပါတယ်(တရုတ်လိုပါ)။ ယီကြည့်က ညီမကို အပေါ်ထပ်မတက်ခိုင်းတာဟာ၊ […]