naywoon niMay 1, 20151min57111
အရက်​သမားပို့စ်​ -၂ မြန်​မာပြည်​မှာက ရှိရှိသမျှလူဦး​ရေရဲ့ ၄၀% ​ကျော်​က အရက်​​သောက်​သုံးကြသူ​တွေပါ ။ ​နေ့စဉ်​ရက်​ဆက်​ မပျက်​မကွက်​ ​သောက်​သုံးသူ​တွေကိုသာ အရက်​သမားလို့ သတ်​မှတ်​ပြီး ​နေ့စဉ်​ရက်​ဆက်​ မသောက်​နိုင်​တဲ့သူ​တွေက​တော့ အရက်​သမားစာရင်​းမဝင်​ပြန်​ပါဘူး ။ (ဥပမာ ​နေဝန်​းနီ တို့လို​ပေါ့ ။ အကြံအဖန်​​လေးရမှ ​ဘောလုံးပွဲ အကြံ​ပေး ၂လုံး အကြံ​ပေး​လေးလုပ်​ က​လေး​တွေကြားထဲ fb အ​ကောင်​့​လေးလုပ်​​ပေး ။ တစ်​ခါတစ်​​လေလည်​း အ​မေ့ဆီက နဲနဲပါးပါးဘတ်​တဲ့ ​ငွေ​ယား​လေးရှိ​နေမှ ဘီယာဆိုင်​​ပြေး ။ ) ​နေ့စဉ်​​သောက်​နိုင်​ဖို့​ဝေးစွ ။ တစ်​ပတ်​တစ်​ရက်​​တောင်​ ဘီယာနားမကပ်​နိုင်​ဘူး ။ ကံများဆိုးချင်​​တော့ ​နေဝန်​းနီ ​ပေးလိုက်​တဲ့ အသင်​းက ခွက်​ခွက်​လန်​​အောင်​ရှုံး​နေ​တော့ ​ဘောလုံးပွဲ​လောင်​းတဲ့သူ​တွေ ​နေဝန်​းနီ မြင်​ရင်​ထွက်​​ပြေး​နေပြီ ။ ၂လုံးသမား​တွေ​ကောပဲ ။ ​နေဝန်​းနီ​ပေးလိုက်​တဲ့ ဂဏန်​းက […]


alinsettApril 30, 20154min57513
အလင်းခြုံတဲ့ သတင်း Zone ( သို့မဟုတ်) အောင်ဇေမီဒီယာကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့ …   မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်ပွါးနေဆဲပဲလို့ ပြောဆိုလိုက်တဲ့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောဆိုမှုများ ၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက် ကဆုန်လပြည့်နေ့တွေအတွင်း မြန်မာပြည်တွင်းက အလုပ်သမားတွေ ဆန္ဒပြကြမယ့်သတင်း… မြန်မာအလုပ်သမား အယောက် ၂ဝ လိုက်ပါလာတဲ့ ယာဉ်တစ်စီး ၊       ထိုင်းနိုင်ငံမှာ တိမ်းမှောက်ခဲ့ပြီး မြန်မာ ၉ ဦး သေဆုံးသွားတဲ့ သတင်း၊ မြန်မာပြည်တွင်းမှာ မိုးထစ်ချုန်း ရွာခြင်းများနဲ့ မိုးကြိုးမုန်တိုင်း အန္တရာယ်များ ကျရောက်နေတဲ့ သတင်း ၊ US ၊ တက်ဆက်စ်ပြည်နယ်၊ အမာရီလိုမြို့မှာ […]


alinsettApril 29, 20154min52619
ရန်ကုန်မြို့ပြ သင်္ကြန်ပွဲတော်ကို ”မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းဆက်ဆံရသလို” ခံစားမိပြီးတဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ကျနော် အိမ်တွင်း အောင်းပါတော့တယ်။ တွင်းအောင်း သတ္တဝါလည်း မဟုတ်လေတော့  အိမ်တွင်း ကြာကြာ မအောင်းနိုင်တော့တဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ခရီးစဉ်တခုခု ဆွဲပြီး ရန်ကုန်နဲ့ဝေးရာကို ပြေးပါတယ်။  ငွေကြေး ပြည့်စုံပေါများသူလည်း မဟုတ်လေတော့ ကျနော့်သူငယ်ချင်းတယောက်ရှိရာ ကရင်ရွာကလေးဆီကိုပဲ ဒီနှစ်တွေထဲ သွားဖြစ်နေတယ်ဆိုပါတော့. . .။ >>>>>>>>>>>>>>>>>>>>>> မနှစ်က (၂၀၁၄)သင်္ကြန်တွင်းမှာတော့ ကရင်ရွာထဲ မြို့ထဲ လျှောက်မသွားပဲ မြစ်ကမ်းစပ်တို့ တောင်ထိပ်တွေတို့ကို သွားနေခဲ့တာ။ ဆိုတော့ မနှစ်က သင်္ကြန်ဆိုတဲ့ အငွေ့အသက်ကို လုံးမဝ မရ။ ရေလောင်း ရေပတ်ခြင်းဟာ ကျနော်ဆိုတဲ့ချာတိတ်နဲ့ မဆိုင်ရေးချ မဆိုင်ခဲ့။ ဒီနှစ် ၂၀၁၅ […]


alinsettApril 27, 20151min143122
    .တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး ကိုယ် လာခဲ့သည်။ ကိုယ်၏ ခြေဦး တည်ရာသည်ကား ချင်းတောင်တန်းတနေရာ။ ကိုယ်၏ ချစ်သူရှိရာ မြူတွေရစ်ဆိုင်းနေသည့် ချင်းတောင်တန်းမြေပေါ်သို့ ဆွေးမြေ့လွမ်းလျသော တမ်းတစိတ်တို့ဖြင့် ကိုယ် လာခဲ့ပြီ။ ကိုယ့်ချစ်သူသည် ”အမိကောင်းကင် ကြယ်စင်မောင်နှမ” နာမည်ဖြင့် အများသိကြသော ဇာတ်လမ်းထဲမှ စေတနာ့ဝန်ထမ်း ဆရာမလေးသာဖြစ်သည်။ ကိုယ့်ချစ်သူသည် ရုပ်ရှင်မင်းသမီး သက်မွန်မြင့်နှင့် နည်းနည်းကလေးမှ မလွဲ တထေရာတည်းဖြစ်သည်။ ဟိုအချိန်တခါကဖြင့် ကိုယ့်ချစ်သူရှိရာ တောင်ပေါ်ဒေသသို့ ကိုယ် သွားရောက် ခေါ်ငင်ခဲ့ဖူးသည်။ ထိုစဉ်ကတော့ ကိုယ့်ချစ်သူလေးခမျာ တောင်ပေါ်ဒေသမှ လူမည်ခွင့် အပြည့်အဝ မရရှာသော လူမမည်ကလေးများ၏ ဘဝများကို သနားလွန်း၍ဆိုကာ သူမဘဝကို ကလေးများအတွက် မြှုပ်နှံပစ်တော့မည်ဟု ဆုံးဖြတ်ကာ နေရစ်ခဲ့သည်။     […]


padonmarApril 26, 20156min103535
ဒီတခေါက် ဇာတိမြေ အပြန်ခရီးမှာ နေ့လည်ပိုင်းကျတော့ အဖေ့ဆီစက်လုပ်ခဲ့ရာ တရုတ်တန်းရပ်ကွက်ကလေးကို ပဲ့ထောင်နဲ့ ကူးခဲ့ကြပါတယ်။ ရောက်တဲ့ အချိန် ကလေးတွေ နည်းနေလို့ သာကူကျိုနေတဲ့ အဖွဲ့ကို မေးကြည့်တော့ ညနေ ၃နာရီမှ လာလို့ ခေါ်ထားတယ်တဲ့။ အခုက ၂နာရီပဲ ရှိသေးတယ်။စောနေသေးတော့ အနီးအနားကို လိုက်ကြည့်ဖို့ ထွက်ခဲ့ပါတယ်။ မထွက်ခင် ရောက်နေတဲ့ ကလေးတွေကို `အခုစောသေးတယ်။ သားတို့ သမီးတို့ ဒီနား တဝိုက်မှာ အမှိုက်တွေ ပွနေတာပဲ၊ဆရာမ ဟိုဖက်သွားတုံး အမှိုက်ကောက်ထားကြနော်။ အမှိုက်ကောက်ပြီးရင် ဘယ်မှာ ပစ်မလဲ´ `မြစ်ထဲ ချပါမယ်´ `မြစ်ထဲ အမှိုက်ချရင် အဲဒီအမှိုက်ဘယ်ရောက်သွားမလဲ´ `ရေထဲ မျောသွားပါမယ်´ `မျောပြီးရင်ကော´ တချို့က နည်းနည်း တွေ သွားကြတယ်။ `ကမ်းပေါ် တနေရာရာမှာ တင်သွားပါမယ်´ […]


Sine SantApril 24, 20151min81726
ငါးဒုက္ခ @ ငါးရာဇဝတ်သား ******************** သင်္ကြန် ရုံးပိတ်ရက်တွေမှာ ဘယ်မှမသွားဘဲ အိမ်မှာ နေရင်း မုန် ့တွေအဝအပြဲ လုပ်စားဖြစ်ပါတယ် ။ အဲ့ထဲမှာမှ အင်းသားရိုးရာ ငါးကြော် တွေလည်း သုံးရက် ဆက် တိုက်လောက်ကြော်စား လိုက်ကြတာ အနံ ့တောင်မခံချင် လောက်အောင် ဝ သွားတော့တယ် ။ အဲ့တုန်းကတော့ ဒီလိုငါးကြော် တနှစ်လောက်မစားလည်းနေနိုင် ပြီလို ့အသံကောင်းဟစ်ခဲ့ မိပါ ရဲ ့။ ခုတော့ ပြန်စားချင်လာလို ့စားတပုဒ်အနေနဲ ့လွမ်း လိုက်ပါတယ် ။ mrgreen ငါးဒုက္ခ တနည်းအားဖြင့် ငါးရာဇဝတ် . . ငါး ကြော် မယ်ဆိုရင် အလွယ်တကူ နဲ ့ပဲ လူတိုင်းကြော်တတ်ပါတယ် ။  […]


ကျွန်မ၏အိမ်တွင် ကလေးနှစ်ယောက် ရှိသည်။ မောင်နီ နှင့် မောင်ဖြူ ဟုပင် ခေါ်ကြပါစို့။  ကျွန်မ၏ မောင်နှစ်ဝမ်းကွဲများ ဖြစ်သည်။  မောင်နီ၏ အဖေ နှင့် မောင်ဖြူ၏ အမေသည် မောင်နှမဖြစ်သောကြောင့် သူတို့နှစ်ဦးမှာ ညီအစ်ကိုတစ်ဝမ်းကွဲများ တော်စပ်သည်။ မောင်နီက မောင်ဖြူထက် နှစ်ရက်သာကြီး၏။ သူတို့နှစ်ဦးလုံးသည် ယခုနှစ်ကျောင်းဖွင့်လျှင် သတ္တမတန်းသို့ တက်ရောက်ကြမည်ဖြစ်သည်။ မောင်နီ၏ မိဘနှစ်ပါးသည် လွန်ခဲ့သော သုံးနှစ်ခန့်က ဆုံးသွားကြပြီဖြစ်သည်။ မောင်နီ့တွင် အစ်မတစ်ယောက်ရှိ၏။ သူတို့မောင်နှမနှစ်ဦးကို အဒေါ်အရင်းဖြစ်သော မောင်ဖြူ၏ အမေက စောင့်ရှောက်ထားသည်။ ယခုအခါ မောင်နီ၏ အစ်မကို တစ်ဝမ်းကွဲအဒေါ်များက ခေါ်ယူစောင့်ရှောက်ထားသောကြောင့် အိမ်တွင် မောင်နီတစ်ယောက်သာ ကျန်တော့၏။ မောင်ဖြူ့တွင်တော့ ညီတစ်ယောက်ရှိသည်။ မောင်ဖြူ့အောက် ငါးနှစ်ခန့်ငယ်သည်။ ထို့ကြောင့် မောင်ဖြူတို့မိသားစုတွင် မောင်ဖြူ့အဘွား (အမေ၏ […]


alinsettApril 23, 20154min69126
အပတ်စဉ်တင်ပြပေးနေတဲ့ …. အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ် ) အောင်ဇေမီဒီယာရဲ့ သတင်းအစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …     ထိုင်းနိုင်ငံထဲမှာ တရားမဝင် မြန်မာ အလုပ်သမားတွေကို အရှိန်အဟုတ်မြှင့် စစ်ဆေး ဖမ်းဆီးနေတဲ့သတင်း .. ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်    ၆ သောင်းကျော်ရဲ့ နောက်ဆုံးရ သတင်းများ… ကိုးကန့်ဒေသနဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွါးနေတဲ့ ပြည်တွင်း စစ်ပွဲဆိုင်ရာ သတင်းများ … ကရင်ပြည်နယ်က ဇွဲကပင်တောင်ပေါ်ကို တက်ရောက်နိုင်ကြဖို့ ကေဘယ်လ်ကားစီမံကိန်း လုပ်ကိုင်ရေးကို ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့က စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြကြချိန်က ရဲတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတဲ့ တောင်သူဒေါ်ခင်ဝင်းရဲ့ […]


hmeeApril 22, 20151min73931
                                    သူ့ နာမည်က ဦးသောင်းတင်လို့ ခေါ်ပါတယ်။  အသက်ကတော့ ၅ဝကျော်ပါပြီ။ လူပျိုကြီးပါ။ ညီမဖြစ်သူနဲက အတူနေပါတယ်။  မွေးလာကတည်းက နားမကြားပါဘူး။ ဒါ့ကြောင့် စကားလည်း မပြောတတ်ဘူး။ ငယ်ငယ်တုန်းက  နေ့ခင်းဘက် မျက်စိ မြင်ပါတယ်။ ည ဘက်ဆိုရင်တော့ မမြင်ရဘူး။ အခု အသက်ရလာတော့ နေ့ဘက်တောင် ခပ်ဝါးဝါးပဲ မြင်ရပါတော့တယ်။ မတ်တပ်ရပ်နေရင်  မြေပြင်ကို မမြင်ရ ထိုင်နေရင် မတ်တပ်ရပ်နေသူကို မမြင်ရပါဘူး။ ဒါပေမဲ့ သူ့ဘဝကို အရှုံးမပေးထားဘူး။  သူ တတ်တဲ့ […]


အဲသည်နေ့က ကျွန်တော်တို့အိမ်ကို မကြီးကခွေးလေးတစ်ကောင်ယူလာခဲ့တယ်။ အဲ့သည်တုန်းက ၂၀၀၅ခုနှစ် လောက်ကပေါ့။ ကျတော်က အိမ်အလုပ်နဲ့ အိမ်မှာကလေးတွေစာသင်နေခိုက်အချိန်။ အိမ်ကလူ အကုန်က ကြောင်လေးတွေဆို သိပ်မချစ်တတ်ကြဘူး။ ကျွန်တော်အပါအဝင်ပေါ့။ အဲသည်အချိန်တုန်းက အစိုးရဝန်ထမ်း တွေဟာလည်း နေပြည်တော်ကိုပြောင်းရတဲ့အချိန် မှတ်မှတ်ရရပါပဲ။ ကျွန်တော့် အစ်မကလည်း MRTV-4 မှာမဟုတ်ဘဲ ဘဏ်မှာလုပ်နေတဲ့အချိန်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အစ်မကြီးက နေပြည်တော်ပြောင်း ရမှာမို့ အထီးနဲ့အစ်မနှစ်ကောင်ရှိတဲ့အထဲက “ကဲကဲ”ဆိုတဲ့ တယ်ရီယာခွေးမလေးကို အစ်မကိုပေးလိုက်တာ ပါပဲ။ ရောက်ရောက်ချင်း အဖော်မဲ့နေတဲ့ ကျွန်တော့်အတွက်ပျော်စရာပါပဲ။ အိမ်မှာလည်း အမွှေးပွပွခွေးလေး တစ်ခါမှ မမွေးဖူးသေးတော့ ပျော်တာပေါ့။ “ကဲကဲ”က ရောက်ခါစ သုံးနှစ်သမီးလောက်ရှိမှာပါ။ ထိန်းရကျောင်းရ တာ ကျွန်တော့်အလုပ်ပဲပေါ့။ မကြီးကတော့ ပေးလိုက်တဲ့သူတွေက အလုပ်ရှုပ်မှာစိုးလို့ တားဆေးထိုးပေး လိုက်တယ်ပြောတယ်။ ရောက်တာတစ်ပတ်လောက်ကြာတဲ့အခါ “ကဲကဲ”မှိုင်မှိုင်နေတာ ကျွန်တော် […]


naywoon niApril 21, 20151min84219
အရက်​သမားပို့စ်​ -၁ ​ခေတ်​​တွေက ​ပြောင်​းလဲလာခဲ့ပြီ။ အမျိုးသမီး​တွေ​တောင်​ လူမြင်​ကွင်​းမှာ ​ပေါ်​ပေါ်ထင်​ထင်​ ဘီယာဘူး ကိုင်​ရဲတဲ့ အချိန်​မှာ အရက်​အ​ကြောင်​း မ​ကောင်​း​ပြောပါက အဆဲ​တောင်​းသလိုဖြစ်​​တော့မယ်​ ။ ဆို​တော့ကာ အရက်​အ​ကြောင်​း အ​ကောင်​းအဆိုး သိခဲ့သ​လောက်​ ကြုံ​တွေ့ခဲ့ရသ​လောက်​က​တော့ဖြင်​့ ဒီလိုပါဗျာ ဆိုပြီး ကိုယ့်​ဂုဏ်​ ကိုယ်​​ဖော်​ မသူ​တော်​အလုပ်​ ဝင်​လုပ်​ရ​တော့မယ်​ ။ နို့မို့ဆို သိ​နေရက်​နဲ့ ကြိုမ​ပြောရ​ကောင်​းလား လို့​တော့ အ​ပြောမခံနိုင်​​ချေဘူး ။ ​ ​နေဝန်​းနီ က အရက်​နဲ့ ဘဝခါးဆက်​ပြတ်​ခဲ့ရသူ ။ အနီးပါတ်​ဝန်​းကျင်​မှာ သိတဲ့သူ​တွေက ဇိုး စာရင်​း အသွင်​းခံထားရသူ ။ ကျင်​လည်​ခဲ့သ​လောက်​ ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ထဲမှာ အနိုင်​နဲ့ပိုင်​းထားသူလို့ ကိုယ့်​ကိုကိုယ် ယူဆထားသူ( ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ဆိုတာ ကိုယ်​့ဝင်​​ငွေ​လေးနဲ့ […]


naywoon niApril 21, 20151min37511
ဂွစာပို့စ်​ အချိန်​ပြည်​့ လူ​တွေကို ဒဲ့ ကြည်​့တတ်​သူဖြစ်​​နေ​တော့ ကြားသမျှ စကား​တွေ မဆုံးခင်​ အ​တွေးက အဆုံးထိ​တွေးမိလိုက်​ပြီးပြီ ။ အဲ့ဒါက မ​ကောင်​းမှန်​းသိ​ပေမယ်​့ ကိုယ်​နဲ့ နှစ်​​ပေါင်​း​လေးဆယ်​​ကျော်​ အတူယှဉ်​တွဲ​နေလာခဲ့တာဆို​တော့ အကျင်​့က ​ဖျောက်​မရတာခက်​တယ်​ ။ တက္ကသိုလ်​တုန်​းက ကဗျာ​ရေး​ဖော်​ ကို​အောင်​ဂျမ်​းရဲ့ ဲ​ဆေးလိပ်​တစ်​တိုနဲ့ လျှာကိုဓားလို​သွေး နာတာရှည်​​ရောဂါ​မွေးမယ်​ ဆိုတဲ့ ကဗျာတစ်​စ လိုပဲ ​ဟော့ဒိ ဖွားဘက်​​တော်​ ပါးစပ်​ကြီးက မ​ပြောရမ​နေနိုင်​​ပေါင်​ ​ပြော​ပြောမိ​နေ​တော့ မခက်​ဘူးလား :)။ တစ်​ရက်​က ဟိုး​လေးတစ်​​ကျော်​ ​ပြော​နေကြတဲ့ကိစ္စ ။ သူတို့​ပြောမှ လူ​တွေ ပိုပြီးစိတ်​ဝင်​စားကြ ။​မေးကြ မြန်​းကြ စုတ်​သပ်​ကြ ။ ​တောက်​​ခေါက်​တဲ့သူက​ခေါက်​ ။ အဆင်​းဘီးတပ်​​ပေးသူကလည်​းမရှား ။ သူတို့မျှမျှ တတ​ပြောပါတယ်​ဆိုမှ ပြစ်​မှုကပိုထင်​ရှားသွားတဲ့ စ​တေးတပ်​​တွေကလည်​း ​ဖေ့စ်​ဘုတ်​ထဲမှာပွစိရိုက်​သွား […]


alinsettApril 20, 20154min87528
ဗလငါးတန်ကို တစ်တန်ချင်းစီ စစ်ဆေးတိုင်းထွာတတ်သော အကြီးအကဲများနှင့် ကိုယ်ကြုံနေရသည်။ ပထမ ဗလတစ်တန်ကို စစ်ဆေးသူက ကိုယ့်ကို မေးသည်။ ”ဟေ့ မောင်ရင် မင့်ဆီမှာ စာရိတ္တဗလ ရှိသလား ” ကိုယ့်ထံမှ အဖြေက. . . ‘သုည’ —— ဒုတိယဗလ နောက်တစ်တန်စစ်ဆေးသူက. . . ”ဟေ့ သူငယ်. .  မင်းဆီမှာ ဘောဂဗလ ရှိလားကွဲ့” ကိုယ့်ထံမှ အဖြေကတော့ . . . ‘သုည” ——- တတိယဗလ တစ်တန်ကို တစ်ယောက်က စစ်ဆေးပြန်သည်။ ”ဟေ့. . . မင့်မှာ မိတ္တဗလ ရှိသလား” ကိုယ့်အဖြေကတော့ ထုံးစံအတိုင်း… ”သုည” ——— ထို့နောက် . […]