naywoon niMarch 16, 20151min2568
ကဲ ​ရေးပါ​ရေးပါနဲ့ တွန်​းတဲ့သူ ရှိလို့ ​ခေါင်​းစဉ်​​တော့ တပ်​လိုက်​ပြီ။ ဘယ်​က​နေစ ​ပြောရပါ့ ။ တစ်​ကယ်​့ကို မိုးကြိုးပစ်​ရပါ​စေရဲ့ ကင်​မလာတစ်​လုံးနဲ့ ဓာတ်​​သေ ရိုက်​တဲ့ ဓာ​့​သေဆြာ ဖြစ်​သွားတာပါဗျာ ။ ယုံတယ်​မဟုတ်​လား ။ ကင်​မလာနဲ့ ဓာ​သေ အ​ကြောင်​းကလည်​း တစ်​ဖက်​ကမ်​းခတ်​ တတ်​ကျွမ်​းတာဆို​တော့ အ​ရှေ့ကျွန်​းက ​မောင်​ဂီ​တောင်​ လက်​လန်​သွားမယ်​ ။ ဓာ​တ်​သေ ဆြာလုပ်​ဖို့ ကင်​မလာ လက်​ထဲလာထည်​့တဲ့ အချိန်​ထိ ကင်​မလာနဲ့ ဓာတ်​​သေ တစ်​ခါမှမရိုက်​ဖူး​သေးဘူးဗျ ။ မရိုက်​ဖူးဘူးဆိုတာ စက္ကူ ကတ်​ထူဖြူဖြူ​ချော​ချော​လေး​ပေါ်မှာ ပုံထုတ်​ကြည်​့တဲ့ အဆင်​့မ​ရောက်​တာ​ပြောတာပါ။ သူငယ်​ချင်​း ကင်​မလာ​လေးနဲ့​တော့ ဟို​ဆော့ ဒီ​ဆော့ ရိုက်​ကြည်​့ဖူးတာ​ပေါ့ ။ ဖွတ်​ဖုန်​း ​လေးနဲ့​တော့ ရိုက်​ဖူးတာ​ပေါ့ ။ လက်​ထဲ​ရောက်​လာတဲ့ ကင်​မလာ​လေးက ​သေး​သေး​လေးဗျ […]


Kaung Kin PyarMarch 16, 20151min72628
မနေ့ညက အမေ ဖုန်းပြောနေတာပါ…. ကျမက အမေ့ဘေးမှာ စာအုပ်ဖတ်နေတယ်…။ အမေ့ဖုန်းသံကလဲ အတော်ကြည်လေတော့ ဘေးကကျမက ဟိုဘက်က ပြောသမျှ အတိုင်းသားကြားနေရတယ်… “ဟယ်လို….ဆရာလေး..ဒေါ်———– ပါလား…” “ဟုတ်ပါတယ်….ဘယ်သူလဲ…..” “တင်ပ့ါဆရာလေး….တပည့်တော်က…မနေ့က ဆရာလေးကို သီလရှင်ဝတ်ဖို့ လာလျှောက်ထားတဲ့သူပါ…။ မနေ့က ဆရာလေး မအားလို့ အသေးစိတ်မလျှောက်လိုက်ရတာနဲ့….ဖုန်းထပ်ဆက်လိုက်တာပါ…။ တပည့်တော်..ဘာတွေများ…ပြင်ဆင်ဖို့ လိုမလဲ သိချင်လို့ပါ…ဆရာလေး….” “အင်းးးးး ကမ္ဘာလုံးတည်ရမယ်…..” ဟင်…စကားလုံးကအဆန်းကြီး…။ တစ်ခါမှ မကြားဖူးလို့ ကျမ..ဖတ်လက်စ စာအုပ်ကနေ အမေ့စကားသံကို အာရုံရောက်သွားတယ်….။ ဆရာလေးဆိုသူက ဒီစကားကို ပြန်ရှင်းပါတယ်…။ “ပဒေသာပင် သီးတာကို ပြောတာပါ…..” ဪ…ပဒေသာပင် သီးတာကိုး…..အင်းအင်းးး (ကျမစိတ်ထဲကပါ…) ဖတ်လက်စ သုခဘုံစာအုပ်ပေါ် မျက်နှာပြန်လွှဲလိုက်တယ်…။ “အဲ့ဒါ…သုံးသိန်းလောက် လှူပေါ့….” ငွေကြေးတန်ဖိုးတစ်ခုကို ဆရာလေး ပြောတာကြားလိုက်တော့ ကျမ မျက်မှောင်တော့ ကြုတ်လိုက်မိတယ်….။ […]


alinsettMarch 16, 20155min93624
                  ဖြစ်စဉ်(၁) ညီရင်းအစ်ကိုလို ခင်မင်တွယ်တာနေသူတစ်ယောက်၏ မင်္ဂလာဦးညတွင်ဖြစ်သည်။ ထိုညမှာ သတို့သားဖြစ်သူက သူငယ်ချင်းမိတ်ဆွေများကို ညစာစားပွဲတစ်ခုနှင့် ဧည့်ခံသည်။ ဖွယ်ဖွယ်ရာရာ စားသောက်ရယ်မောနေကြဆဲမှာပဲ ကိုယ်က စကားတစ်ခွန်းကို အလေးအနက် ပြောလိုက်သည်။ ”အင်းးး ဒီညဟာ. . . ဟောဒီက သတို့သား မောင်ထွန်းအောင်ရဲ့ နောက်ဆုံးညတစ်ညဖြစ်တယ်. . . ကျုပ်တို့သူငယ်ချင်းရဲ့ လူပျိုဘဝ. . .” ကိုယ့်စကားမဆုံးလိုက်ချေ။ .မောင်ထွန်းအောင်က ”ဘာာာာ. . . နောက်ဆုံးည ဟုတ်လားးး” ဆိုပြီး ရှုးရှုးရှဲရှဲ ဖြစ်သွားသည်။ ထိုညသည် သတို့သားဖြစ်သူက စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲဝိုင်းမှ ထွက်ခွါသွားသည့်ည ဖြစ်သည်။ မင်္ဂလာယူနေတဲ့အချိန်မျိုးမှာ […]


padonmarMarch 16, 20151min79319
ဒီပုံထဲက အကျီင်္ စိမ်း ဘောင်းဘီနီကာတွန်းရုပ်နဲ့ ကလေးကို မှတ်မိကြပါသလား။ 2014 နိုဝင်ဘာလ ၁ရက်နေ့တုံးကပေါ့။ ကျမတို့ တက်ခဲ့တဲ့ အထက်တန်းကျောင်းရဲ့ ဘုံကထိန်ပွဲမှာ လှည့်လည်လာတဲ့ ပဒေသာပင်တွေ အိုးစည်ဒိုးပတ်ဝိုင်းတွေကို တနေရာက ရပ်စောင့်ပြီး ဓာတ်ပုံမှတ်တမ်းတင်နေတုံး…. `ဆရာမ´လို့ နှုတ်ဆက်သံကြားလိုက်ရပါတယ်။ ကျမ အသံကြားရာကို လိုက်ကြည့်တော့ ဒီကလေးလေးကို တွေ့လိုက်ရတာပါပဲ။ ကထိန်လှည့်တာကို တပျော်တပါး လိုက်ကြည့်ကြတဲ့ ကလေးအုပ်စုထဲမှာပါ။ မနှစ်က တရုတ်တန်းရပ်ကွက်ကလေးမှာ ခိုင်ဇာ၊မနှင်းပြုံး၊ရဲစည်တို့ ပေးလိုက်တဲ့ လက်ဆောင် စာရေးကိရိယာနဲ့ ကျောင်းတက်ရင် သုံးဖို့ အသုံးအဆောင်လေးတွေကို Essay နဲ့ စာစီစာကုံး ပြိုင်ပွဲလေး လုပ်ပြီး ဆုချတုံးက သူ့ကိုတွေ့ခဲ့တာပေါ့။သူ့နာမည်တောင် မသိခဲ့ပါဘူး။ ဒီကလေးက ထူးချွန်ဆုမရပါဘူး။ဒါပေမယ့် ကျောင်းတက်တဲ့ ကလေးအားလုံးကို အကျီင်္နဲ့ ဗလာစာအုပ်၊ဘောပင်လေးတွေ ဝေပေးဖို့ တန်းစီခိုင်းတဲ့ […]


naywoon niMarch 15, 20151min40612
ကိုယ်​့ကိုကိုယ်​​ဖော်​ မသူ​တော်​ ( ၂ ) ​ဒီနေ့ချက်ခြင်း ပြောင်းလို့ရမလား အဆင်​သင်​့ဖြစ်​မလား​ပြောပါ ​ အဲ့ အ​ကြောင်​းအရာ​လေး ဆက်​​ပြောပါ့မယ်​ ။ ကိုယ်​​တွေ့နဲ့ယှဉ်​ ​ပြောမှာ​နော်​ ။ ကြားဖူးနားဝ ​တွေ စာအုပ်​ထဲက အ​ကြောင်​းအရာ​တွေ သ​ဘောတရားပိုင်​း​တွေ သီအိုရီ ​တွေ မကိုင်​ဘူး ။ ” ဒီ​နေ့ ချက်​ချင်​း ​ပြောင်​းလို့ ရမလား ” ဆိုရင်​ ရတယ်​ ။ အစိမ်​းသက်​သက်​​ပြောင်​းလိုက်​ရတဲ့ အတွက်​​ကြောင်​့ ပင်​ပမ်​းမယ်​ ။ လုံ့လ ပိုစိုက်​ရမယ်​ ။ စိတ်​ဓာတ်​ ကြံ့ခိုင်​သူအတွက်​ ဘာပဲ​ပြောင်​းလုပ်​လုပ်​ ဘယ်​​နေရာကိုပဲ ​ပြောင်​း​ပြောင်​း လိုက်​​လျောညီ​ထွေ ဖြစ်​မှာပဲ ။ စိတ်​ဓာတ်​​ပျော့ညံ့ ​နေသူ​တွေအတွက်​က​တော့ ​ပြောင်​းလဲမှုကို ​ကြောက်​စရာလို့ ထင်​မှာပဲ ။ […]


naywoon niMarch 15, 20151min3117
ကိုယ်​့ကိုကိုယ်​​ဖော်​ မသူ​တော်​ ( ၁ ) ​နေဝန်​းနီ ဆိုတဲ့​ကောင်​က လူတစ်​မျိုး ။ ခုရွာထဲမှာ ​ပြောခဲ့ဖူးတဲ့ စကား​တွေအားလုံး အတွက်​ ကိုယ်​တာဝန်​ယူနိုင်​​လောက်​ပဲ ​ပြောခဲ့တာ။ လူ​ပြောသူ​ပြောနဲ့ ဝါးလုံးဖမ်​းပြီး ဒါန်​းမစီးခဲ့ဖူးဘူး ။ ​ပြောခဲ့သမျှထဲ မှာလည်​း တစ်​ချိန်​က ကိုယ်​ကျင်​လည်​ ဖြတ်​သန်​းသမျှထဲကပဲ ဆွဲထုတ်​ပြီး​ပြောခဲ့တာ ။ တစ်​ချိန်​က ​ခေါင်​းထဲ ရိုက်​အသွင်​းခံခဲ့ရဖူးတဲ့ မစားရဝခမန်​း မူဝါဒ​တွေ ​ပေါ်လစီ​တွေအားလုံး ​ခေါင်​းထဲမှာ​ကော ကိုယ်​ခန္ဓာ ဘယ်​အစိတ်​အပိုင်​းမှာမှ မကျန်​​အောင်​ ရှင်​းထုတ်​ပစ်​ခဲ့ပြီးပြီ ။ ဒါကို လာပြီး အ​ပြောခံလိုက်​ရ​သေးရဲ့ ။ ဘာတဲ့ ​ “ကျွန်မပြောတဲ့ထဲမှာ မပြောင်ချင်ဘူးပြောမိလား ရှင်တို့က စာတစ်လုံးလာမသင်ဖူးပဲ လေရိုက်နေကြတာပဲ ဒီစနစ်ဆိုးကြောင်းကျွန်မလည်းကျောင်းသူဖြစ်ဖူးလို့ ကိုယ်တိုင်သိခဲ့ပါတယ် ဒီနေ့ချက်ခြင်း ပြောင်းလို့ရမလား အဆင်​သင်​့ဖြစ်​မလား​ပြောပါ ” […]


black chawMarch 14, 20151min64433
ထုံးစံအတိုင်း မြို့မေတ္တာခံယူဖို့ ဘလက်ချောကြီးတစ်ယောက် အရောက်လာခဲ့ပြန်ပါပြီခင်ဗျာ…။ ခင်ဗျားတို့ စိတ်တွေ အဆာပြေနိုင်ကောင်းပါရဲ့…။ ကလင်…ကလင်…ကလင် ဟုတ်ကဲ့…မြန်မာဂဇက်ကပါ ခင်ဗျာ…။ အော်…မန္တလေးက ကိုမာဃပေါ့နော်…။ ဘာများရင်ဖွင့်ချင်ပါသလဲ ခင်ဗျ…။ အော်…မြန်မာအစိုးရကပေါ့နော်…။ ဘာပဲလုပ်လုပ် တရုတ်ဆီက ငွေချေးပြီးလုပ်နေတယ်ပေါ့နော်…။ သူတို့မှာလည်း မရှိရှာကြလို့ နေမှာပါ ကိုမာဃရယ်…။ သူတို့က မရှိတဲ့ ကြားက ပြည်သူလူထုကို စေတနာထား…ထား…။ ခင်ဗျာ…။ ပြည်သူတွေကို စေတနာထားရင် ဟုတ်ကဲ့ဆက်ပြောပါခင်ဗျ…။ အခုလို ပြည်သူတွေကို နှိတ်စက်နေတဲ့ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်ပေးဖို့ လုပ်ပါ့မလားပေါ့နော်…။ ပြည်သူတွေကို ဒီထက် အဆင့်မြင့်တဲ့ ဒုတ်တွေနဲ့ ရိုက်ဖို့ လုပ်နေတာပေါ့နော်။ ခင်ဗျာ။ အစ်ကိုကြီးကလည်း ဒဲ့တွေပြောနေပြန်ပါပြီခင်ဗျာ။ ရဲတပ်ဖွဲ့ အဆင့်မြှင့်ဖို့ ငွေချေးမှာက တရုတ်နိုင်ငံကပေ့ါနော်။ ကျပ်ငွေ ၄၄ ဘီလီယံတောင်ချေးမှာပေါ့နော်။ အတိုးနှုန်းက ၄.၅ […]


သို့ ဘကြီးစိန် သမီး စာရေးလိုက်ပါတယ်။ ဘကြီးစိန် နေကောင်းပါရဲ့လား။ ၂၀၁၅ ခုနှစ်ထဲမှာ ဘကြီးစိန် အတော်လေး စိတ်ဖိစီးရမယ် ထင်ပါတယ်။ အဲဒါကြောင့်ပဲ ဒီစာကို ရေးလိုက်ရပါတယ် ဘကြီးစိန်။ ဘကြီးစိန်ရဲ့ စိတ်ထဲမှာ ငါ့နဲ့ပတ်သက်ပြီး ကောင်းစားနေတဲ့သူတွေကလွဲလို့ ကျန်တဲ့ အောက်ခြေပြည်သူတွေက ငါ့ကို အမုန်းကြီးမုန်းနေကြမယ်လို့ ထင်နေကောင်း ထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး ဘကြီးစိန်။ ပြည်သူတွေထဲမှာလည်း  ဘကြီးစိန်ကို ချစ်နေတဲ့သူတွေ ရှိနေပါတယ်။ ဘကြီးစိန် ဝမ်းသာသွားအောင် ပြောပြချင်လို့ပါ။ သူတို့တွေက အကျိုးအမြတ်ကို မျှော်ကိုးပြီးတော့ ဘကြီးစိန်ကို ချစ်တာ မဟုတ်ပါဘူး။ ဘကြီးစိန်ကို ဒီအတိုင်းချစ်နေကြတာပါ။ ဘကြီးစိန် သိပါတယ်။ သမီးကတော့ ကြီးမေကိုပဲ ချစ်တဲ့သူလေ။ သူတို့တွေနဲ့ စကားပြောရတာ အတော်လေးတော့ စိတ်ကသိကအောင့် ဖြစ်ရတာပေါ့။ သူတို့တွေက ဘကြီးစိန်ကို […]


မီ မီMarch 14, 20151min46018
သေရဲလား ရဲဘော် ကျောင်းသားဆိုတာ ဘယ်တော့မှမသေဘူး ရိုက်လိုက်စမ်းပါ ဒဏ်ရာတွေမငဲ့ကွက်ဘူး ခွတ်ဒေါင်း ရဲ့စိတ်ဓတ် လူလဲရင်တောင် အလံမလဲဘူး နှဖူးက အနီပတ် ရာထူးရာခံအတွက်မဟုတ်ဘူး အော်လိုက်စမ်းကွာ ညီလေး ဟစ်ပြလိုက်စမ်း ညီမလေး မင်းတို့တွေ သရုပ်ပြကောင်းမှ တို့တွေ အထုတ်ကောင်းကောင်းရမှာ ရော့ ရေသောက် အာခြောက်နေရင် အသံမကျယ်ဘူးကွ ခဏလေးနော် ငါလည်းရေဆာလို့ ဘီယာဆိုင် ဝင်လိုက်ဦးမယ် ဆက်အော်ထားကွ အသံမတိတ်စေနဲ့ ဒါမှ နိုင်ငံတကာသိကြမှာ သတင်းထောက်တွေလာရင် များများငို ရဲ တွေလာရင် ဆဲလွှတ်လိုက် အမှန်တရားက မင်းတို့လက်ထဲမှာ လူအခွင့်ရေးက မင်းတို့ရဲ့ပါဝါ ဟဲ့ သောက်ပလုတ်တုတ် တုတ်တွေနဲ့ ရိုက်ပဟ ဟေ့ကောင်တွေနောက်မဆုတ်နဲ့ ခံထား ကျောင်းသားသွေးရဲတယ် ငါ တော့အဖမ်းခံလို့မဖြစ်သေးဘူး ခေါင်းဆောင်ဆိုတာ ရှင်သန်နေဖို့လိုတယ်ကွ ငါပြေးပြီဟေ့ ကံကြုံရင်ပြန်ဆုံမယ် […]


naywoon niMarch 12, 20151min49934
တစ်​ကယ်​​တော့ ဘယ်​သူမှ မနိုင်​ကြပါဘူး လတ်​​တစ်​​လော ​ဖေ့စ်​ဘုတ်​မှာ ​လူတိုင်​းလိုလို တင်​နေကြတဲ့ ပို့စ်​က ” ​ကျောင်​းသား​တွေ နိုင်​တယ်​ ” တဲ့ ။ ( တစ်​ဖက်​က လည်​း ​ကျောင်​းသား​တွေကို သူပုန်​လိုလို ​ပြော​နေကြတာ​တွေလည်​း ရှိသ​ပေါ့ ။ ဒါ​ပေမဲ့ ​နေဝန်​းနီ က အ​ကောင်​့​တွေစပြီး အက်​ကတည်​းက / လက်​ခံကတည်​းက ​သေချာစ်​ီစစ်​ပြီးမှ လက်​ခံခဲ့ တာ​ကြောင်​့ ဆန်​့ကျင်​ဘက်​တင်​တဲ့ ပို့စ်​​တွေ အ​တွေ့ရနည်​းပါတယ်​ ) ။ အခု လက်​ရှိ​ကျောင်​းသား​တွေ မ​ပြောနဲ့ဦး ။ ရှစ်​ဆယ်​့ရှစ်​ ​ကျောင်​းသား​တွေ​တောင်​ အသည်​းအသန်​ တိုက်​ပွဲဝင်​​နေကြရတုန်​း ။လယ်​ဗယ်​ညီ ကွင်​းမှာ နည်​းစနစ်​မှန်​မှန်​ကန်​ကန်​နဲ့ စည်​းကမ်​းရှိရှိ ကစားရတဲ့ ပြိုင်​ပွဲမှ မဟုတ်​တာ ။ ဘယ်​လိုလုပ်​ နိုင်​ဦးမလဲ […]


alinsettMarch 12, 20155min36011
မင်္ဂလာပါ ။   ဒီတစ်ပတ် အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်  အောင်ဇေမီဒီယာ သတင်းအစီအစဉ်ကနေ ကြေညာပေးမယ့် သတင်းတွေကတော့…   • ကရင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ မြန်မာအစိုးရတပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲသတင်းများ…. • ဘာသာရေးကျောင်းတွေကို ဖွင့်ခွင့်မပြုဖို့ ဘာသာရေးကျောင်းတွေကို ဖွင့်ခွင့်မပြုဖို့ တင်ပြဆွေးနွေး တင်ပြဆွေးနွေးကြတဲ့သတင်း • ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို မကြာခင် ရက်ပိုင်းအတွင်း ပြုလုပ်တော့မယ်ဆိုတဲ့ သတင်း ၊ • လောက်ကိုင်ဒေသ စစ်ရေးအခြေအနေများနဲ့ တရုတ်နိုင်ငံ နယ်စပ်ရေးရာ ပြဿနာများ… • စစ်ဘေးဒဏ်သင့် ဒုက္ခသည်များရဲ့ အခြေအနေသတင်းများ • ဆူပူအကြမ်းဖက်မှုဖြစ်နေတဲ့ လက်ပံတန်း အရေးအခင်း သတင်းများ… • နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လက်ပံတောင်းကျောင်းသား အရေးအခင်းဆိုင်ရာ ကြေညာချက်များ […]


verylovemanMarch 12, 20151min3037
အမေ……….။ အမေဘယ်မှာလဲအမေ…..? အမေဘယ်သူလဲအမေ…..? အမေက ချောလားဟင်………..? သားကအမေနဲ့တူလားအမေ……?   အမေ့ကို အမေ….လို့ အားရပါးရနဲ့ အကျယ်ကြီး အော်ခေါ်လိုက်ချင်ပါတယ် အမေရယ်။ တခါတလေ အမေ့ကို တမ်းတရင်း သားအားငယ်စိတ်တွေ ဝင်မိတယ်။ ဒါပေမဲ့သားတို့ ဆရာတော်က သဘောကောင်းတယ်အမေရဲ့။ မုန့်တွေလဲဝယ်ကျွေးတယ်။ စာတွေလဲသင်ပေးတယ်။ အားမငယ်ဖို့လဲ အမြဲဆုံးမတယ်။ အမေ.. သားအတွက် ဟိုး…..အဝေးတစ်နေရာကနေ စိတ်ပူမနေနဲ့နော်။ သားဒီမှာနေရတာ အဆင်ပြေပါတယ်အမေ။ သားနဲ့ဘဝတူ သူငယ်ချင်းတွေလဲ အများကြီး ရှိတယ်အမေရဲ့။ တခါတလေ အမေ့ရင်ခွင်ထဲ ခေါင်းလေးဝှက်ပြီး တစ်ညလောက် ဖြစ်ဖြစ်တော့ အိပ်ခွင့်ရချင်တာပေါ့အမေရယ်။ ဒါပေမဲ့ အမေ့ရဲ့ နို့ရည်နံ့သင်းတဲ့ ရင်ခွင်ထဲမှာ သားအိပ်စက်ခွင့် မရခဲ့ပေမဲ့ ဆရာတော်ရဲ့ သင်္ကင်္န်းနံ့ကြားမှာ သားပျော်အောင် အိပ်တတ်နေပါပြီအမေ…။ ————————&&———————— အဖေ……….။ အဖေဘယ်မှာလဲအဖေ…..? အဖေဘယ်သူလဲအဖေ…..? […]


alinsettMarch 11, 20151min75913
                              ဘာရယ်မဟုတ် .ကျောင်းသား  သပိတ်ကိစ္စ ကိုယ့် ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ထိုင်စဉ်းစားနေတာ။   တာဝန်ယူမှု တာဝန်ခံမှု အဲ့ဒါလေးက အတော် တာသွားတယ် တွေးမိ။   ကျောင်းသားတွေရှေ့က ပိတ်ထားရတဲ့ ရဲဘော်တစ်ယောက်ချင်းစီကနေ ဟိုးးး ထိပ်က ထိုင်ခံအကျအနထိုင်ထားတဲ့ လူကြီးဆိုတာတွေထိ အဆင့်ဆင့် တာဝန်ယူရဲ တာဝန်ခံရဲရင်. . . ကျောင်းသားတွေဘက်ကလည်း အဲ့လိုပေါ့. .. . . ညှိသင့်တာညှိ လိုတိုးပိုလျှော့နဲ့ ဒါလုပ်မယ် ဒါမလုပ်ဘူး ဝင်တာဝန်ယူရင်ပေါ့ တာဝန်ခံရင်ပေါ့. . .   […]