Ma MaMarch 4, 20153min46412
  တနေ့ပြီးတနေ့ (၃) က ကိုဘလက်ရဲ့ ကွန်မန့်မှာ ဆရာအော်ပီကျယ်ကို …….. အမေရိကားတို့ အင်္ဂလန်တို့ ရဲ့ ဒိတ်ဒိတ်ကျဲ တက္ကသိုလ်ကြီးတွေမှာ ပညာတွေ သွားသင်ခဲ့တာဟာလည်း လုပ်ကိုင်စားသောက်ဖို့မဟုတ်ပဲ ကာတွန်း ရေးဖို့ အတွက်ပဲလို့ ကြွေးကြော်သူပါ…။ လို့ ရေးထားတယ်။   အောင်မြင်သူတစ်ယောက်ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ဟာ ခိုင်မာတယ် ပြတ်သားတယ်။   အောင်မြင်ချင်ရင် အောင်မြင်သူတွေကို အတုယူသင့်ပါတယ်။   ပုံမှန်အားဖြင့်တော့ သာမန်လူတွေထက် ထူးချွန်ထက်မြက်လို့သာ၊ ပိုမိုစွမ်းဆောင်နိုင်လို့သာ ခေါင်းဆောင်ဖြစ်တာပေ့ါ။   ခုခေတ်မှာ အိုင်ကြူ  တမျိုးတည်းတင်မဟုတ်ပဲ အီးကြူ  အက်စ်ကြူ  တွေနဲ့ပါ တိုင်းတာမှုတွေ လုပ်ကြတဲ့အခါ…………   လက်ရုံးရည်ကောင်းလို့ ခေါင်းဆောင်ဖြစ်သူ နှလုံးရည်ကြောင့် ခေါင်းဆောင်ဖြစ်သူ ဆိုပြီး မြင်နိုင်ပါတယ်။   […]


ရာမညMarch 4, 20151min37211
သူငယ်ချင်းရေ – – – မင်းတို့က ကျောင်းတက်ခွင့်ရတဲ့ကျောင်းသားတွေပေါ့ကွာ ငါတို့ကတော့ ကျောင်းဆက်မတက်နိုင်တဲ့ မင်းတို့အရွယ်တူကျောင်းသားမဖြစ်နိုင်တော့သူတွေပါ – – – ကံကြမ္မာက ဒို့တွေကို စည်းခြားထားတော့ ဒီအချိန်မှာ သပိတ်မှောက်ကျောင်းသားနဲ့ သပိတ်တပ်ကိုတားရတဲ့သူတွေအဖြစ်နေကြတယ် – – – ငါတို့ ရင်ထဲကဆန္ဒအမှန်တွေကိုရော မင်းတို့မြင်နိုင်ရဲ့လားသူငယ်ချင်း – – – ငါတို့ရောပျော်နေမယ်ထင်သလားကွာ – – – မင်းတို့က မိဘတွေရဲ့ထောက်ပံ့မှုအောက်မှာ ပညာတတ်တွေဖြစ်ဖို့ကြိုးစားနေချိန်မှာ ငါတို့က ထမင်းကြမ်းတနပ်အတွက် ကင်းပတ်နေရတယ်လေ – – – မင်းတို့တွေဘွဲ့ရ ပညာတွေတတ်လာရင် မြင့်မားတဲ့ အခြေအနေတွေရနိုင်ပေမယ့် ငါတို့ကတော့ ဒီဘဝ ဒီမျှပါပဲ သူငယ်ချင်းရယ် – – – မင်းတို့တောင်းဆိုနေတာတွေ ငါတော့ညဏ်မမှီဘူးကွာ – – […]


ムラカミMarch 3, 20151min39312
အလွန်​အင်​မတန်​ အကျီးတန်​လှေ​သော အား​ဆေးဗူး​စောင်​့ သယဲမကြီး မွတဲပြာသည်​ ကြည်​့မြင်​တိုင်​ကမ်​းနားလမ်​းရှိ ဓတ်​ဆီ​ရောင်​း​ကီလားများ ​သေးပန်​း​လေ့ရှိသည်​့ ကြက်​ဆူပင်​ကြီး​ပေါ်တွင်​ ဇဘင်​ဖားယား ထမီရင်​ရှားနှင်​့ ငုတ်​တုတ်​ထိုင်​သန်​းတုပ်​ရင်​း အီတာလျံ​ဘောလုံးသမားရုပ်​ရည်​ရှိသည်​့ ​မောင်​ဂီ​လေးအား ဂုတ်​ချိုးရန်​​ ​အကုသိုလ်​တသိန်​း အဘိဇာ အနန်​တ နှင်​့ ​သန်​းေ​ခောါင်ယံ့တ်ွင်​ တင်​့တယ်​စွာ ​စောင်​့​မျှော်​​နေ​လေ့ရှိသည်​


( ကျွီ   ကျွီ       ဒုန်း ) ဘရိတ်အုပ်သံ ကားဘော်ဒီချင်းတိုက်မိသံတို့နဲ့အတူ ကျနော့်ကိုယ်ပေါ် ပစ်ကျလာတာက အိစက်နွေးထွေး မွှေး နေတဲ့ ခန္ဓာကိုယ်တစ်ခု ၊ ရုတ်တရက် သူ မထနိူင် ၊ သူ့မျက်နှာက ကျနော့်ပါးပေါ်မှာ ၊ ကျနော်ကလည်း မလှုပ်ရှားဖြစ် ၊ နောက်တော့ ကန်တော့နော် ကန်တော့ နွယ် တောင်းပန်ပါတယ် ဆိုတဲ့အသံလေး ထွက်လာပြီး သူ ကြိုးစားပြီး ရပ်လိုက်ရှာတယ် ၊ ကျနော် သူ့ကိုမော့ကြည့်တော့ ဒီမျက်နှာ ဒီယူနီဖေါင်း ၊ ဪ  ငါတို့ အမ်အိုင်စီတီဝင်းထဲကပဲ ၊ ဒီလိုဗျ  ဒီမနက် ရုံးအလာ ၂၂၆ ကားပေါ်မှာ ဒီလိုဖြစ်ခဲ့တာ ၊ ကားက အရှိန်တင်မောင်းနေချိန် သုခ နဲ့ […]


moonpoemMarch 3, 20151min38514
နေ့ပူလို ့ညချမ်း တပေါင်းလ သရမ်းတဲ့။အဲဒီ ဆိုရိုးစကားက မန္တလေးမှာတော့ မှန်ပေမယ့် ရန်ကုန်မှာကတော့ နေ့လည်းပူလို ့ညလည်း မအေးလှပါဘူးလေ။တစ်နှစ်ပတ်လုံး ခေါင်းရမ်း ကိုယ်ရမ်း ဟိုရွေ ့ဒီရွေ ့နဲ ့လများတို ့ရဲ ့နောင်တော်ကြီး တပေါင်းလကိုတောင် ပြန်ရောက်လာပြန်ပါပေါ့။တပေါင်းလကြောင့်ပဲလားတော့ မသိ။ တခုခုကို လွမ်းသလို ဆွေးသလိုလိုနဲ့။အတိတ်ကို လွမ်းကြည့်တဲ့အချိန် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကတော့ တပေါင်းလကိုရောက်ပြီဆိုရင်……..။ ဟေး နင်တို ့တမာပင်ပေါ်ကနေ ကြွေကျလာတဲ့ တမာရွက်တွေကို အကျင်္ ီနဲ ့အပြည့် ခံပြီးယူနိုင်ရင်စာမေးပွဲအောင်တယ်ဆိုတာ သိလား။အဲဒီ သူငယ်ချင်းလာပြောတော့ စာမေးပွဲကို အောင်ဖို ့အပြင် ဆုတွေပါ ရအောင်ဆိုပြီး ကြွေတဲ့ တမာရွက်တွေကိုရော၊ မကြွေသေးတဲ့ တမာရွက်တွေရောကိုပါ ခဲနဲ ့ပေါက်ပြီး အကျင်္ ီနဲ ့အပြည့် လိုက်ခံကြတယ်လေ။ […]


alinsettMarch 3, 20154min36010
Maera သို့. . . ”ကိုယ့်မှာတမ်း” ~~~~~~~~~~~~~~~~~~~~~~ maera ရေ . . . တွယ်ရစ် ပတ်ငင်တတ်ပါသော ချစ်ခြင်းတွေနဲ့. . . အင်္ဂ ါစုံစွာ ငါတွေ့ချင်လှပါရဲ့ … ငါ့ကို ငါပေါ့ကွယ်. . . ကမ႓ာဦးတုန်းက ရင်ခုန်စရာအသံတစ်ခုအလား… အရှိန်အဟုန်ခပ်ပြင်းပြင်းနဲ့  အပြေးအလွှားပါပဲ. . . ငါ လာခဲ့တယ် maera. . . ခန်းခြောက်သွားတဲ့ပင်လယ်ပြင်များ. . . ကြွေကျသွားတဲ့သစ်ရွက်များနဲ့ ပြီးဆုံးတိတ်ဆိတ် အိပ်မောကျသောသံစဉ်များ… ဒီထက်မကသေးပါဘူး maera… စကားလုံးတွေ ကျပျောက်သွားတဲ့… ကဗျာအပုဒ်များစွာကိုလည်း ငါ့ဇာတာထဲမှာ ရှာတွေ့ခဲ့လေရဲ့… maera ရေ. . ငါလိုချင်ခဲ့ဖူးတဲ့ အနှစ်အသားရှိခြင်းတွေအစား ငါမလိုချင်တဲ့ အပေါ်ယံအလွှာများပဲ. […]

CAM032301.jpg

Ma MaMarch 2, 20153min60912
အမြီးအမောက် မတည့်တဲ့ တင်ပြပုံကို ကြည့်ချင်ရင် တနေ့ပြီးတနေ့ ပိုစ့်တွေကို ကြည့်ပါလို့ ပြောရမယ်ထင်တယ်။ :bb:   အစီအစဉ်မကျပဲ ကိုယ်ပြောချင်တာကို ပြောချင်သလို ပြောရင်းနဲ့မှ…..   အော်ရီဒူးကာတွန်းပြက္ခဒိန်ရဲ့ မျက်နှာဖုံး ကာဗာလေးကိုလည်း မှတ်တမ်းတင်ချင်လို့ အပိုင်း ၄ ရောက်မှပဲ ရှေ့ဆုံးစာမျက်နှာကို တင်လိုက်ပါတယ်။ :a:   ဒါကတော့ ဖေဖော်ဝါရီလ တစ်လလုံးကို ခြုံငုံကြည့်နိုင်ဖို့ ဖြစ်ပါတယ်။   သဂျီးဆာဗာကို အားနာသောအားဖြင့် ပုံတွေကို ဆိုဒ်ပြန်ချုံ့ပြီးမှ တင်ပေမယ့်……. အထဲကပုံတွေ သေသေချာချာ မမြင်ရမှာစိုးလို့ ဒီပုံကိုတော့ ဆိုဒ်အကြီးတင်လိုက်ပါတယ်။   ဖေဖော်ဝါရီလ ၁ရက်နေ့က တနင်္ဂနွေနေ့ဖြစ်တာအပြင် ၂၈ရက်ပဲရှိတဲ့လမို့ ပျော်စရာလလို့ ပြောရမယ်ထင်တယ်။ :))   ဆရာအော်ပီကျယ်ကတော့ အလုပ်ပင်ပန်းတဲ့ပုံကို ဆွဲထားတော့ မောချင်ချင်။ […]


naywoon niMarch 1, 20151min45715
ဆင်​ ဦးတိုက်​ကြဦးမလား ဘယ်​တုန်​းကတည်​းက အရိုးစွဲလာတဲ့ အယူသည်​းမှုလဲ​တော့ မဆန်​းစစ်​ချင်​​တော့ပါဘူး ။ အိမ်​ဝင်​းတံခါး​ပေါက်​ကို ဆင်​ဦးတိုက်​ရင်​ လာဘ်​​ကောင်​းတယ်​ ။ ဆိုတဲ့ အယူသီးမှု ။ ခု​တော့ အဲ့ အယူသီးမှုကို အခွင်​့​ကောင်​းယူပြီး အသုံးချလိုက်​တာက​တော့ သစ်​ဆွဲစရာ မရှိ​တော့တဲ့ ဆင်​ဦးစီး တစ်​​ယောက်​​ပေါ့ဗျာ ။ ​နေဝန်​းနီ ညည ရှစ်​နာရီ​လောက်​ စက်​ဘီး​လေးနဲ့ အိမ်​ပြန်​လာရင်​ ​တွေ့​တွေ့​နေရတာ နှစ်​ည သုံးညရှိပြီ ။ ​တွေ့ကာစ ညက​တော့ အမှုမဲ့ အမှတ်​မဲ့ ပါပဲ ။ ​အော်​ ……. ဆင်​အငှားရှိလို့ မြို့ထဲက​နေဖြတ်​ပို့တယ်​လို့ပဲ ထင်​မိတာ ။ ​နောက်​ညကျ​တော့လည်​း အရင်​​နေ့က ​တွေ့ခဲ့တဲ့ လမ်​းမဟုတ်​ပဲ ​နောက်​တစ်​လမ်​းမှာ ။ အဲ့ ဆင်​နားမှာလဲ လူစုစု စုစုနဲ့ […]


padonmarMarch 1, 20151min375823
ဆွေမျိုးမိဘဘိုးဘွားများထဲမှာ တန်ရွှေကြူး ဒေါ်ပိုက်အမည်များရှိလျှင် ဆက်သွယ်ပေးစေချင်ပါတယ်။ ဝါးခယ်မမြို့သကျမဟာသီရိဘုရားကြီးဝင်းအတွင်းမှာ မြန်မာသက္ကရာဇ် ၁၂၅၂ ခုက (လွန်ခဲ့တဲ့ ၁၂၄ နှစ်ကပါ) ဦးကြင်ငန်း-ဒေါ်သာရေး မိသားစုတို့ က ရေကြည်တော်ဝတ်အသင်း တန်ဆောင်းနဲ့ ဘုရားကြီး နတ်လမ်းစောင်းတန်းအကြားမှာ တန်ဆောင်းအဆောက်အဦတခု ကို ရေစက်ချ လှူဒါန်းခဲ့ပါတယ်။ နောက် ၃၉ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၉၁ ခု (လွန်ခဲ့တဲ့ ၈၅နှစ်က) မှာ အလှူရှင်မိသားစုရဲ့ သားမက် တံရွှေကြူး နဲ့ သမီး မပိုက် တို့က အဲဒီ အဆောက်အဦကို ပြန်လည်ပြုပြင်ရေစက်ချလှူခဲ့ကြပါတယ်။ အခုအခါမှာအဲဒီ တန်ဆောင်းဟာ နှစ်ပေါင်း ရာချီပြီး ယိုယွင်းနေပြီဖြစ်လို့ ဂေါပကအဖွဲ့က အကြီးစားပြန်လည်ပြင်ဆင်မှု ပြု ဖို့ ဆုံးဖြတ်ပါတယ်။ အလှူတခုကို ပြင်ဆင်မွမ်းမံမယ်ဆိုရင် မူလအလှူရှင်ရဲ့ အစဉ်အဆက်ကို […]


WowFebruary 28, 20151min70831
You never ever lose your childhood dream. There is never late to achieve your childhood dream. ကြားဖူးနားဝရှိတာလေးပါ……. တော်တဲ့သူတွေကို ကျနော်လေးစားပါတယ်၊ ကျနော်ဆိုသူတို့လိုတော်ဖို့ အိမ်မက်ထဲတောင် ယောင်လို့မတော်ဖူးဘူး… တစ်ခါသား စစ်နိုင်တဲ့ ဗိုလ်ချုပ်တစ်ယောက်ကို အင်တာဗျူးတော့၊ အောင်နိုင်ရေးလျို့ဝှက်ချက်ကို ပြောပြပါဆိုတော့ 1st Planning 2nd Planning 3rd Planning ပါတဲ့… ခုတလော Project Management လဲရုံးမှာ သင်တန်းပေးနေတော့ ပလန်ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလာပါတယ်… တော်တဲ့သူတွေကိုလေးစား အားကျပေမဲ့ ကျနော်သိပ်မတော်ချင်ဘူးဗျ… တော်ရတာပင်ပန်းသလို တော်ချင်ယောင်ဆောင်ရတာ ပိုပင်ပန်းတယ်… သူများရိုးလ်မော်ဒယ်ဖြစ်ဖို့ဆိုတာ လွယ်မှတ်လို့ဗျာ…. ကျနော့်ငယ်ဘဝအိမ်မက်ကဘာလဲလို့ပြန်စဉ်းစားကြည့်တော့…. တစ်စွန်းတစ်စ Flashback လေးတွေက… ကျနော်က […]


ဇီဇီFebruary 27, 20152min69233
(2006 December)   ” “ဘာရယ်!!”   “ဟဲ့!! အသာ အော် ပါဟယ်၊ အတာ ကလဲ၊ လန့်လိုက်တာ…”   “နင်လန့်တာထက် ငါက ပိုလန့်သေးတယ်။ ဘာစိတ်ကူးပေါက်လို့ ဒီ အကြံတွေ ထွက်တာတုန်းဟာ။ နင်ဟာ ပြသနာကို မီးထွန်းရှာတယ်…”   “ဒါ ပြသနာမဟုတ်ပါဘူးဟ။ ငါက ဖြစ်ချင်တာကို ပြောပြတာ။ ကျန်တာ နင်တို့ အပိုင်းပဲ…”   ရှိသမျှ သူငယ်ချင်းတွေ နှုတ်ဆိတ်ကုန်တယ်။ ဟုတ်လည်းဟုတ်တယ်လေ။ မိုင်ခိ ရှာလိုက်တဲ့ ပြသနာတိုင်း ခေါင်းခဲစရာ။ ခုပဲ ကြည့်!!! ရန်ကုန်မှာ မင်္ဂလာဆောင်မဲ့ ၁တွဲက သူငယ်ချင်းအရင်းကြီးတွေ တစ်ဖွဲ့တည်းမို့ သူငယ်ချင်း အကုန် မင်္ဂလာဆောင် သွားဖို့ စီစဉ်ကာမှ တစ်စခန်းထတဲ့ […]


Mr. MarGaFebruary 26, 20153min86443
ဒီနေ့ ထုံးစံအတိုင်း လိုင်းပေါ်မှာ ဟိုမွှေဒီမွှေလုပ်ရင်း စကားလုံးလေး (၂)လုံးကို သွားတွေ့တယ် By choice နဲ့ By chance တဲ့ ဖတ်ရင်းနဲ့ ရောလာတာမို့ နည်းနည်း ပိုပြီး ရေရေရာရာသိချင်တာနဲ့ ဟိုဂျီးဒေါ်ကို သွားမေးလိုက်တယ် (ပုံမှန်ဆို ကိုယ်တိုင်ရှာနေကျပေမယ့် နည်းနည်း အပျင်းဓာတ်ဝင်နေလို့)   သူ့ကိုမေးမှ သူပါ လည်ထွက်သွားသလားမသိပါဘူးဗျာ ရှင်းရင်း ရှုပ်နေရော အဲ့လိုပြောနေရင်း ဘယ်နားက ရှာလာတယ်မသိ စာလေးတစ်ပုဒ် ပို့လာတယ်။ (အဲဒီစာကိုဖတ်လိုက်တာ အစက သိချင်နေတဲ့ကိစ္စလေးတောင် မေ့တေ့တေ့ဖြစ်သွားတဲ့အထိ)     ဆိုတော့ အဲဒီစာလေးဖတ်ပြီး ပြန်ချပြချင်စိတ်ပေါက်လာတာမို့ မတောက်တခေါက် ဘာသာပြန်စွမ်းရည်နဲ့ ပေါင်းပြီး ဘာသာပြန်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ (အင်္ဂလိပ်လိုက ပိုလှတယ်၊ ကျနော် ဘာသာပြန်လိုက်တာ တချို့နေရာတွေ ကပေါက်ကချော်ဖြစ်နေတယ်) […]