alinsettFebruary 26, 20157min66611
အလင်း ခြုံတဲ့ သတင်း Zone သို့တည်းမဟုတ်… အောင်ဇေမီဒီယာကနေ အခုအပတ်တင်ပြပေးသွားမယ့် သတင်းတွေကတော့ …    မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ လမ်းလွဲနေပြီး လမ်းမှန်ပေါ် ပြန်ရောက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးက ပြောဆိုလိုက်တဲ့သတင်း…  မြန်မာနိုင်ငံဟာ ကမာ္ဘပေါ်မှာ လုပ်အားခ ဈေးအသက်သာဆုံးနိုင်ငံ ဖြစ်နေတဲ့သတင်းကြေညာချက် မြန်မာနိုင်ငံအတွင်းက အုပ်ချုပ်သူတွေအနေနဲ့ ဥပဒေပိုင်းဆိုင်ရာမှာ အလျှော့အတင်းလုပ်ကြတာတွေကို ပြုပြင်ဖို့အရေး တိုက်တွန်းချက်များ.. US ၊ မေရီလန်းပြည်နယ်၊ ဆီးလ်ဗားစပရင်းမှာ ရှိတဲ့ မြန်မာ/ချင်းတိုင်းရင်းသားတွေ ဝယ်ယူလိုက်တဲ့ ဘုရားကျောင်းကြီးရဲ့ သတင်း နဲ့… လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမယ် ့အစီအစဉ်များ… သတင်းမီဒီယာအခန်းကဏ္ဍအရေး ကာကွယ်ရေးဝန်ကြီးဌာနကို ဝေဖန်ပြောဆိုလိုက်တဲ့ PEN Myanmar အဖွဲ့ရဲ့ ပြောဆိုမှုများ.. ကိုးကန့်ဒေသ ပဋိပက္ခတွေ […]


Ma MaFebruary 26, 20155min50422
          တနေ့ပြီးတနေ့ သွားလိုက်တာ နံပါတ် ၃တောင် ရောက်လာပါပေ့ါ။ မပြီးခင်တော့ မဖြစ်နိုင်မယ့်ပုံပေါက်မှာပဲ (တနေ့ပြီးတနေ့ ၁မှ) ဆိုတာရယ် မစခင် ဘယ်လိုဆုံးမလဲ တွေးပါ (တနေ့ပြီးတနေ့ ၃တွင်) ဆိုတာရယ်ကို အရင်ဆုံးဖတ်မိရင် အခုပိုစ့်တွေ ရေးဖြစ်မှာ မဟုတ်ဘူး။  :((   ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလို ဇွဲကလည်း မရှိတော့……. စချင်သလို စပြီး ဆုံးချင်သလို ဆုံး ရတော့မှာပဲ။ :a:     အရွှေ့နဲ့ အရွေ့ ဘယ်ဟာကြိုက်ကြမလဲဆိုတာ ပြောစရာမလိုအောင် ရှင်းလင်းပြီးသား ဖြစ်ကြပါလိမ့်မယ်။   ဒီနေရာမှာ မြန်မာစာပေရဲ့ ထူးခြားမှုကို ပြောချင်မိတယ်။ အရွှေ့ နဲ့ အရွေ့ လျှောက်တာ […]


weiweiFebruary 25, 20155min37020
လွိုင်ကော်သွားလည်မယ်ဆိုရင် သွားသင့်တဲ့နေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းကနေ ဆက်သွားရပါတယ်။ ကြတ်ဂူသွားတဲ့လမ်းနဲ့ လမ်းမကြီးအတူတူဖြစ်ပြီး လွိုင်ကော်ကနေသွားမယ်ဆိုရင် အောင်သပြေလှိုင်ဂူကို အရင်ရောက်မှာဖြစ်ပါတယ်။   လမ်းမကြီးကနေ လမ်းညွှန်ဆိုင်းဘုတ်အတိုင်းဝင်သွားရပါတယ်။ လယ်ကန်သင်းတွေကိုဖို့ပြီး လမ်းဖောက်လုပ်လက်စမို့လို့ ကားအသေးတွေအတွက် သွားလာရခက်နေပါသေးတယ်။ ဒါပေမယ့် မကြာခင် ပြီးသွားမှာပါ။ ညနေခင်းလေးရောက်သွားတော့ လူတစ်ယောက်မှ ရှိမနေလို့  တိတ်ဆိတ်နေတယ်။ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး အဲဒီကျောင်းကနေ မီးစက်နဲ့ မီးဖွင့်ပေးပါတယ်။   ကျွန်မတို့လဲ ပါလာတဲ့ဓါတ်မီးတွေယူသွားပြီး ဂူထဲဝင်သွားလိုက်ကြတယ်။ ကံကောင်းတာက ဖိနပ်စီးခွင့်ပြုထားပါတယ်။ အထဲမှာ အစိုဓါတ်ရှိနေတယ်။ လေဝင်လေထွက်က ကြတ်ဂူလောက်မကောင်းပေမယ့် ပိတ်ချင်းမြှောင်ထက်တော့ ကောင်းပါတယ်။ သဘာဝကျောက်ဂူအလှကို သဘာဝအတိုင်း တွေ့နိုင်ပါတယ်။ မြင်ဖူးသမျှ ဂူတွေထဲမှာတော့ အလှဆုံးပါပဲ။ အထဲမှာ သွားလာရခက်တဲ့နေရာတွေ ရှိနေပါသေးတယ်။ ဦးဇင်းလေးတစ်ပါးက ဝင်လာပြီး လိုက်ရှင်းပြပေးပါတယ်။ လူတွေက ကျောက်ခတ်ပန်းဆွဲတွေကို […]


alinsettFebruary 25, 20151min64131
                                ##################################################   ဆူးလေဘုရားလမ်းပေါ်၊ မဟာဗန္ဓုလပန်းခြံဘေးက သစ်ပင်တန်းလေးများ စီစီရီရီ… သစ်ပင်ကလေးများအောက်က အုတ်ခုံကလေးများပေါ်မှာ လမ်းဘေးဗေဒင်ဆရာများ ဟိုနားတစ်ယောက် သည်နားတစ်ယောက်. . . သစ်တစ်ပင်အောက်မှာ ဗေဒင်ဆရာတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ခွန်းကြီးခွန်းငယ် စကားများနေကြတယ်. . . အနားရောက်တော့မှ သူတို့ဟာ လင်မယားတော်စပ်မှန်း သိရတယ်။ ထုံးစံအတိုင်း အိမ်ရှင်မက အိမ်စရိတ်မလောက်ငလို့ ငွေအရှာအဖွေညံ့တဲ့ ဗေဒင်ဆရာ လင်ယောကျာ်းကို ဆူပူဆောင့်အောင့်နေတာပါပဲ။ သိပ်မထူးဆန်းလှတဲ့ ဖြစ်ပျက်မှုပေမဲ့ ကျနော့်ရင်ထဲ ကလိကလိဖြစ်သွားတယ်။ အဲ့ဒါနဲ့ပဲ ကျနော် အဲဒီနား ရစ်သီရစ်သီလုပ်နေပြီး […]


ဦးေက်ာက္ခဲFebruary 23, 20151min83741
ဟိုဘက်က ခင်ဇော်ရဲ့ ပို့စ် “ဒန်ပေါက်တွေ ဝယ်ဒယ် – KZ’s ထမင်းဆိုင်” မှာ မန့်မလို့ စာရှည်သွားလို့ပါ…   အာရပ်ဒန်ပေါက်ကို Machboos (သို့) Majboos လို့ ခေါ်ပါတယ် ခင်ဗျ… အိန္ဒိယ ပါကစ္စတန် ဒန်ပေါက်ချက်နည်းနဲ့ ဘာကွာလည်းဆိုတော့ အဆီ အဆိမ့်နည်းပြီး ချဉ်ဖြုံးလေးပါ ။ ဘာရိန်း (Bahrain) ၊ ဆော်ဒီ (Saudi) နဲ့ ကာတာ (Qatar) နိုင်ငံတွေဘက်မှာ တမြတ်တနိုးထားပြီး စားကြပါတယ် ။ အာရပ်ရိုးရာ စားပုံကတော့ ဒေါင်းလန်းလိုမျိုး ဗန်းအကြီး ကြီးထဲမှာ အသားစုံနဲ့ ချက်ထားတဲ့ Machboos ကို တယောက်တစ်လက် ဝိုင်းသမကြတာပါပဲ … လက်ရည်တပြင်တည်းပေါ့ ခင်ဗျာ… ။   […]


alinsettFebruary 23, 20153min49314
post စာမျက်နှာထဲ…ပုံနဲ့ အတူ လင့်ခ်လေးပါ ထည့်ပြနိုင်ဖို့ပါ။ ပုံကို ကလစ်လိုက်တာနဲ့ …နောက်စာမျက်နှာ တစ်ခု ဖျတ်ခနဲ ပွင့်သွားပြီး.. ကိုယ် ပြချင်တဲ့ စာမျက်နှာဆီကို ရောက်သွားအောင်ဆိုပါတော့… ပုံတွေနဲ့ ရှင်းပြထားတယ်နော်။             ။။။။။။။။။။။။။။။။။။။။။။။။     ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။       ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။                           ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။                 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   […]


ムラカミFebruary 22, 20151min68910
​မောင်​ဂီ့ ကို တ​ကောင်​ကြွက်​များ မှတ်​သလား ညင်​းညင်​း ရွာထဲမယ်​ တ​ကောင်​ထဲ ဒါမျိုးမ​ကြောက်​လို့ ရွာရိုး​လျောက်​​နေတယ်​များ မှတ်​သလား မထင်​နဲ့ ရွာထဲမယ်​ ကျုပ်​ အမျိုး ရှိသဗျ ရှိဆို ကျုပ်​​ဒေါ်​လေး​လေ ​မောင်​ဂီ့ အမျိုးပီပီ ဒင်​းကလည်​း ​ပေါင်​းရသင်​းရခက်​သဗျ ဂျစ်​ကန်​ကန်​နိုင်​တာက​တော့ ​ပြောစရာလိုအံ့မထင်​ ဆစ်​ဂ​နေချာ အေ​န နဲ့က ပါးမှာ အေ​ပေါက်​​ကြီးနှစ်​​ပေါက်​နဲ့ဗျ   အသက်​က ဘတ်​​နေ​ပေမယ်​့ အရွယ်​တင်​တုန်​းဗျ တင်​မေ​ပါ့အေ ရွာ့ အဆဲချန်​ပလုံ ဇာယိ တို့ မွသဲတို့လို ဖရုသဝါစာကို ဂါထာလိုရွတ်​​နေသူမှမဟုတ်​တာ   စကားပြာရင်​လည်​း အသံ​အေး​အေး​လေး ဟိုဟာမယီး​တေလို ဆိုမာလီပင်​လယ်​ဒမြသံမဟုတ်​ အဲ တခုပဲ ရှိတယ်​ သူရိချင်​ရင်​ ​ကျော့်​ကို ဆြာ ​ခေါ်​လေ့ရှိတယ်​ ပီးရင်​ ​ကောင်​း​ကောင်​း သမ​တော့တာပဲ […]


ဝဲသီလာရွာမှာ အသံမစဲပဋ္ဌာန်းပွဲလုပ်တော ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေးတစ်ခု ဖြစ်သွားသေးတယ်။ (ဒါက ဂေဇက်ရွာသူ၊ရွာသားတွေ ဝေဖန်ဆွေးနွေးနိုင်ကြအောင်လို ့ပါ။ တောတွင်းပျော်ကတော ့ ဉာဏ်မမှီတော ့ ဘာမှ ဝင်မဆွေးနွေးတော ့ပါဘူး) ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ ပြောပြကြလို ့ တစ်ညနေ ကျောင်းအဆင်းမှာ ဝဲသီလာရွာကို ကျောင်းသားလေးတွေနဲ ့ လိုက်သွားခဲ ့တယ်။ သူတို ့ပြောတဲ ့အတိုင်း အဟုတ်ပါပဲ။ ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေ၊ ကိုရင်တွေထိုင်တဲ ့ စားပွဲရှေ ့က လူပရိဿတ်နဲ ့ ခြားထားတဲ ့ ရာဇမတ်ကာ တန်းပေါ်မှာ ငှက်လေးတစ်ကောင်။ ငှက်အမျိုးအစား နာမည်ကိုတော ့ တောတွင်းပျော် မခေါ်တတ်။ ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေဖက်လှည် ့ပြီး […]


နောက်တစ်ယောက်က နော်စီမံကိန်း ခေါ် နော်မြင် ့မြင် ့အေး။ စကားအပြောအဆိုနည်းပြီး မကြာမကြာ မျက်ရည်ဝဲတတ်သူ။ ဘယ်ပုစ ္ဆာမဆို ၂ခါ ရှင်းပြစရာမလို၊ ချက်ချင်းတွက်တယ်။ လက်ရေးညီညီညာညာ သေသေသပ်သပ် ရေးတတ်ပြီး စာတော်တဲ ့သူ ့ကြောင် ့ အတန်းတင်စာမေးပွဲဖြေဆိုနေချိန်မှာ တခြားအုပ်စုကျောင်းက ဆရာမကြီးတွေက ဆရာ ့တပည် ့မလေး၊ ဆရာ ့တပည် ့လေး ဆိုပြီးဝိုင်းချီးမွန်းခံရတော ့ ကျနော ့မှာ သူ ့ကြောင် ့ တပည် ့ကောင်းဆရာ ပန်းကောင်း ပန်လိုက်ရသေးတယ်။ ဒီနှစ် စာမေးပွဲမှာ နော်စီမံကိန်းက အမှတ်အကောင်းဆုံး၊ အများဆုံးနဲ ့ပထမရသွားခဲ ့တယ်။ နော်စီမံကိန်း တစ်ယောက်သာ တက္ကသိုလ်ရောက် ဘွဲ ့ရသည်အထိတက်နိုင်ခဲ ့ပြီး သူနဲ […]


alinsettFebruary 21, 20152min77637
                                      ကျွန်တော် = customer ။။။။။။။။။။။။။။။။။။။။။။။။။။။။ စကား(၁) ဖုန်းနဲ့ ဖုန်း ဆက်စပ်အပိုပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ထဲ ဝင်လိုက်တယ်။ ဆိုင်ထဲက အရောင်းဝန်ထမ်းဖြစ်ပုံရတဲ့ အမျိုးသမီးငယ်နှစ်ယောက်က ဆိုင်ထဲ ဝင်လာတဲ့ ကျွန်တော့်ကို တစ်ချက်ပဲ…မော့ကြည့်လိုက်ပြီး သူတို့ချင်း စကားဆက် တွတ်ထိုးနေတယ်။ ဆိုင်ထဲဝင်လာတဲ့သူကို ဘာအလိုရှိသလဲ…မေးဖို့ သူတို့မှာ တာဝန်မရှိသလိုပဲ.. ။ ကျွန်တော်လည်း..သူတို့ကို ဘာမှမပြောသေးဘဲ ဆိုင်ထဲက ဖုန်းကာဗာလေးတွေ ချိတ်ထားတဲ့စင်ပေါ်ကို လိုက်ကြည့်နေလိုက်တယ်။ ကျွန်တော့်ဖုန်းမှာ တပ်မယ့် ကာဗာများတွေ့မလားလို့။ ဒါပေမယ့် […]


ムラカミFebruary 21, 20151min93426
အချစ်ဆိုတာ   မအေးတဲ့ ဘီယာ မသာတဲ့ ပန်းခြံ မမှန်​တဲ့ နာရီ မမြန်​တဲ့ ရထား   မလန်းတဲ့ ပန်း မဆန်းတဲ့ ရုပ်ရှင် မချိုတဲ့ အိုက်စကရင် မချဉ်တဲ့ သံပုရာ   မဖွံ့တဲ မယ် မော်ဒယ်မမြင့်တဲ့ ကား မအေးတဲ့ ဆောင်းရာသီ နဲ့ မနွေးတဲ့ လက်ဖက်ရည်   အရပ်မမြင့်တဲ့ မင်းသား စားမကောင်းတဲ့ ဟင်း သွားမကောင်းတဲ့ ခရီး နဲ့ မြည်းမကောင်းတဲ့ အကင်   ဂွင်​အ​ကောင်​းတဲ့ အလုပ်​ အပြင်​မ​ကောင်​းတဲ့ မာမီ အဆင်​မ​ကောင်​းတဲ့် အချိတ်​ အ​တိတ်​မ​ကောင်​းတဲ့ ထီ   အသံမ​ကောင်​းတဲ့ တ​ယော အ​ပြောမ​ကောင်​းတဲ့ ​လော်​ဘီ ဆိုက်​မ​တော်​တဲ့ ​ဘော်​လီ […]


ကျွန်မတို့ပတ်ဝန်းကျင်မှာ ဆေးလိပ်မှုတ်တယ်လို့ သုံးတဲ့လူတစ်ယောက်မှမရှိပဲ ကျွန်မသားနဲ့သမီးက ဆေးလိပ်သောက်တာကို ဆေးလိပ်မှုတ်တယ်လို့ပြောလေ့ရှိတယ်။   နောက်တစ်ခု ကျွန်မသားလေးက စာမဖတ်တတ်သေးပါဘူး။နံပါတ်တွေကိုတော့ အင်္ဂလိပ်လို့ကော မြန်မာလိုပါသိတယ်။ ဒါပေမယ့် သူက စာဖတ်တတ်သလိုပုံစံအမြဲဖမ်းတယ်။ သူသိချင်တဲ့ စာတစ်ခုခု(ဥပမာ မုန့်တံဆိပ်ပဲဖြစ်ဖြစ်-သီချင်းခွေပဲဖြစ်ဖြစ်) ကို တစ်ယောက်ယောက်ကိုဖတ်ခိုင်းပြီးမှတ်ထားလေ့ရှိတယ်။ ကျွန်မကိုဖတ်ခိုင်းထားတာဆို သူ့အဖေကို၊သူ့အဖေကိုဖတ်ခိုင်းထားတာဆို ကျွန်မကိုလာပြီး သူမှတ်ထားတဲ့ တစ်ခုခုကိုပြာကာ မေကြီး ဒါက ဘာလို့ရေးထားတာ စသည်ဖြင့် သူဖတ်သလိုလိုပြောလေ့ရှိတယ်။ တစ်ရက် သူ့အစ်မက သူ့လက်ဖဝါးမှာ စာရေးပေးလိုက်တယ်။ဘာရေးလိုက်တယ်ဆိုတာလည်းပြောပြလိုက်ပုံရတယ်။ သူကကျွန်မကိုလာပြတယ်။ “မေကြီး ဒီမှာကြည့်လိုက် ချစ်စရာဘုံဘုံ ပျော်ရွှင်ဘုံဘုံတဲ့” ကျွန်မကဖတ်ကြည့်လိုက်တော့ “အီးပေါက်ဘုံဘုံ နံနံစော်စော်”တဲ့ ကျွန်မသမီး ချောက်ချလိုက်ပြီဆိုတာသိပြီး “ဘယ်ကသာအဲ့ဒါအမှားကြီး သားစာဖတ်တတ်အောင်ကြိုးစားနို့မို့ မမက သားကိုညာညာရေးနေတာသားခံနေရမှာ” လက်မခံသေးဘူး “မေကလည်း ဒီမှာ နှစ်တန်းလေ တစ်တန်းက ချစ်စရာဘုံဘုံ အောက်ကပျော်ရွှင်ဘုံဘုံ” […]


နေ ့လည်ကျောင်းဆင်းတော ့ နေ ့လည်စာကို ဘုန်းကျောင်းမှာပဲ ဘုန်းကျောင်းသားတွေနဲ ့အတူစား။ တောကျောင်းဆိုတော ့ ဟင်းဘာမှ ဖွယ်ဖွယ်ရာရာမရှိ။ တို ့စရာနဲ ့ ငပိဖျော်ရည်သာ အဓိက။ ကျောင်းသား ၆ယောက်နဲ ့ ဆရာ ၂ယောက် ရှိသမျှ မျှစားရတယ်။ မွန်းလွဲကျောင်းပြန်တက်တော ့မှပဲ ကျောင်းသားတွေ သင်ထားခဲ ့တဲ ့ သင်ခန်းစာတွေပြန်စစ်ပြီး သင်ကြားမှု စတင်ပါတော ့တယ်။ တောတွင်းပျော် စာသင်ပုံက ဘာသာရပ်လိုက် အချိန်ခွဲမနေတော ့ပဲ လိုနေတဲ ့အပိုင်းကို ဖိသင်တာပါ။ စာသင်ချိန်က တစ်လတည်းရှိတော ့တာမို ့။ စာသင်စမှာ ကိုယ်လုပ်နေကြအလုပ်မျိုးမဟုတ်တော ့ အိုးနင်းခွက်နင်းဖြစ်ခဲ ့ပေမယ် ့ နောက်တော ့လည်းအဆင်ပြေသွားတယ်။ အရင် […]