ムラカミNovember 18, 20141min86630
သည်ရက်တွေပေါ့ဗျာ… ကံကောင်းချင်တော့ အိမ်အတွက် အိမ်ဖော်မလေး အတော် လိမ်မာတာ ရထားတယ်… ကံဆိုးချင်တော့ အတော် ဒူရှာတယ်…   ကံကောင်းချင်တော့ ခြေဆော့လက်ဆော့လည်းမရှိ အချိန်လည်း ကြာလာတော့ အမေ့လက်ရာမီအောင် ချက်နိုင်လာတဲ့အတွက် စားရသောက်ရ အရမ်းအဆင်ပြေတယ် ကံဆိုးချင်တော့ ဒူလွန်းသမို့ ဂွကျတယ်လေ.. ကံကောင်းချင်တော့ အမျိုးတွေက ဝိုင်းကြည့်ပေးပါတယ်     ကံဆိုးချင်တော့ သတင်းကျွတ် ကို အရပ်ပြန်မယ် ခွင့်ပေးပါ တောင်းတယ် ကံကောင်းချင်တော့ အမေ ကိုယ်တိုင်ပဲ ပို့ပေးလိုက်ပါတယ်   ကံဆိုးချင်တော့ တိုက်တိုက်ဆိုင်ဆို သူ့ ညီမလေး အဲ့မှာ ဖျားပြီးသေတယ် ကံကောင်းချင်တော့ အလုပ်ဆက်လုပ်ဖို့ နောက်ဆံတင်းစရာမလိုတော့ဘူးပေါ့နော့် …   ကံဆိုးချင်တော့ သူ့အမေ အရင်းက ရူးနေတယ် အရပ်က လက်မခံချင်တော့ဘူးရယ် […]


padonmarNovember 17, 20141min117144
လွန်ခဲ့တဲ့ ၆လလောက်က မိတ်ဆွေတယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့် Barry ဆိုတဲ့ အမေရိကန် နိုင်ငံက လုပ်ငန်းရှင်တဦးနဲ့ E-mail contact ရခဲ့ပါတယ်။ E-mail ထဲကပဲ အလုပ်ကိစ္စဆွေးနွေးကြရင်း မြန်မာပြည်ကို အဆင်ပြေတဲ့အချိန် သူကိုယ်တိုင်လာမယ်။ Invitation Letter ပေးနိုင်မလားလို့ မေးတော့ပို့ပေး လိုက်ပါတယ်။ ဇွန်လ ၂၄-၂၅ မှာ ရောက်မယ်။ သူ့ကိုတွေ့ပေးနိုင်မလားလို့ ထပ်ပြီးမေးလာတော့ “အိုကေ၊ တွေ့ကြမယ်လေ” လို့အကြောင်းပြန်လိုက်ပါတယ်။ မြန်မာပြည်မှာတည်းဖို့ 5 Star Hotel တခုလောက် ညွှန်ပေးပါဆိုတော့ အလုပ်နဲ့သိပ်မဝေးတဲ့ Sedona Hotel ညွှန်းလိုက်ရပါတယ်။ Hotel Booking ကျတော့ သူ့ဖာသာပဲလုပ်သွားပါတယ်။ လေဆိပ်ကနေ Hotel ကိုလည်း လာမကြိုပါနဲ့တဲ့။ သူ့ဖာသာ Taxi နဲ့ပဲ သွားပါမယ်တဲ့။ (အရင်ကြုံဖူးတဲ့ […]


ခင္ခNovember 17, 20141min57620
” လူပျင်း ဒါမှမဟုတ် လူဖျဉ်း “ ” ဟေ့ကောင် မိုလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ ဒီဂီတာကြီး တစ်ဒေါင်ဒေါင်ခေါက်ပြီး ဟေလားဝါးလား ဘဲလုပ်နေကြ တာဘဲ ” ” အဖေကလဲ မိုးလင်းတာနဲ့ ဒီဓာတ်ပြားဟောင်းကြီးဘဲ ထပ်ခါထပ်ခါပြောနေတာဘဲ ဒီမှာကီးညှိလို့ မရတဲ့ထဲ ” ” အေး ဓာတ်ပြားဟောင်းကတော့ ဖွင့်ရမယ် ဖွင့်ကိုဖွင့်ရမယ် ဘယ်နဲ့ သူများတွေ မိုးလင်းလို့ ထမင်းချိုင့်ဆွဲ အလုပ်ကိုယ်စီ သွားကြဖို့ပြင်နေတဲ့ချိန် ဒီတစ်ဒေါင်ဒေါင်ဘဲခေါက်မယ် ခဏနေ မင်းလိုအမျိုးတူ ဝေလေလေ ရောက်လာပြီး လဘက်ရည်ဆိုင်သွားလိုက် လမ်းထိပ်ရေမြောင်းအုတ်ခုံထိုင်ပြီး လမ်းသွားတဲ့ ကျောင်းသူတွေ မိန်းကလေးတွေ စလိုက်နောက်လိုက် ညကျ ဟိုလမ်းဆုံမှာ စုပြီးသီချင်းတွေ အော်ဆိုလိုက် ဒီလိုနဲ့ အချိန်ဖြုန်းနေတဲ့ကောင်တွေ ဒီထက်တောင်ပြောသင့်သေး ” ” အဖေကလဲ […]


alinsettNovember 17, 20144min45312
                                    # မဆုံးတဲ့ ဆုံးမစာ !!! ဖြူတာတော့ အဆုံးစွန်ထိ ခွင့်ပြုတယ်။ A4 လောက်တော့ မပါးစေနဲ့ပေါ့။ တချို ့က ဖြဲတတ်တဲ့ ဝါသနာရှိတယ်။ သွားပါများ ခရီးရောက်တယ်ဆိုပြီး ခြေတိုအောင် လျှောက်မနေနဲ ့။ ထိုင်ရာမထဘဲ ပန်းတိုင်ထဲရောက်နိုင်တဲ့ နည်းတွေ ခင်ဗျားဆီမှာ ရှိတတ်တယ်။ ကိုယ့်ကို ကိုယ် ရှာတတ်ဖို့တော့ လိုလိမ့်မယ်။ မေးပါများ စကားရတယ်ဆိုပြီးလည်း အမြှုပ်ထအောင် လျှောက်မေး မနေနဲ့။ မမေးဘဲသိနေရမယ့် အဖြေတွေကို ကိုယ့်ဘာသာ တွက်ချက်တတ်ရမယ်။ […]


aye.kkNovember 15, 20141min3408
” မာန ” တောင်တွေဆိုတာ တစ်တောင်နဲ့တစ်တောင် အနိမ့်အမြင့်မညီနိုင်ပါဘူး။ တောင်ဘယ်လောက်မြင့်မြင့် ခြေဖဝါး အောက်ရောက်ရတာပဲ။ မာနဆိုတာလည်းအတူတူပဲ မာနဘယ်လောက်ကြီုးကြီး ကိုယ့်ထက်သာလွန်တဲ့သူနဲ့ လူပုံအလယ်မှာ တွေ့ဆုံရရင် ကိုယ့်မာနဟာ အလိုလိုသိမ်ငယ်သွားရတတ်တယ်။   ။ အရိယာပုဂ္ဂိုလ်လိုမျိုးသူတော်စင်တွေက ဆုံးမတဲ့စကား လက်ဆင့်ကမ်းပြောပြ ချင်တာရှိပါတယ်။ မာနဆိုတာ မထားဘို့ပေါ့နော် မာနကြီးရင်ပေါ့နော် သံသရာ မှာတိရစာ္ဆန် ဖြစ်ရတယ် တိရစ္ဆာန် ဖြစ်ရင်တောင် အနှတ်စုပ် ဂုပ်စုပ်ဖြစ်ရတယ်တဲ့။ အနှတ်စုပ် ဆိုတာက မိုးရွာရင်ခိုစရာမရှိ အမွှေူူးတွေက ရေစိုပြီး စုပ်ပြတ်စွာနဲ့နေရတတ်တယ်တဲ့ ။ နွားဖြစ်ရင်လည်း ဂျိုကုတ်ပြီး မလှပဘူူးတဲ့။ တန်ဘိုး မရှိဖြစ်ရတယ်ပေါ့နော်။ မာနဆိုတာ တောင်ဥပမာလေးလိုပါပဲ။   ။


sorrowNovember 14, 20141min62529
.ရောက်နေတဲ့နေရာ ..ရနေတဲ့ရာထူး..စားနေတဲ့လစာ … .လုပ်သမျှဖြစ်နေတဲ့အသိုင်းအဝန်းတခုမှာမို့.. .ငါမောက်မာကောင်း မောက်မာမိပါလိမ့်မယ်.. .ဒါပေမယ့် သေချာသိတဲ့ အမှန်တရားက .မင်းမရှိရင် ငါဆိုတာ ဘာမှမဟုတ်ပါဘူး ဖြူဖွေးလေးရယ်… .အငိငိငိ …ဒါကကြူတာ… ********************************* သူမသည် Italian pasta ထဲတွင် Cabonara ကိုကြိုက်သည် ။ ရံဖန်ရံခါ Bolognese sauce ကို extra cheese နှင့်ကြိုက်သည် ။ Spare rib ကို ဝိုင်နှင့်မြည်းစမ်းရသည်ကို သဘောကျသည် ။ Tomato Cream Cheese Soup ကိုအသကုန်သမသည် ။ ထို့ကြောင့် ပေါင် ၁၃ဝ နှင့် Aisle ပင် မဆန့်သော လေယဉ်မယ် ဝဝကြီးဖြစ်နေလားတော့ မပြောတတ် …အဟိဟိ ရံဖန်ရံခါ […]


alinsettNovember 13, 20142min37913
မင်္ဂလာပါ။ အပတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… ယခုတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့… နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဆိုင်ရာ သတင်းအချက်အလက်များ ဦးအောင်သောင်းကို အမေရိကရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ်လိုက်တာဟာ NLD နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုလိုက်တဲ့သတင်း ၊ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁ရ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲမှာ ကိုပါကြီးရဲ့မိသားစု အပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေကို ထောက်ပံ့ငွေ ပေးအပ်တဲ့သတင်း မြန်မာတွေဟာ ပြဿနာများသူတွေဖြစ်ကြတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောဆိုလိုက်တဲ့ သတင်း၊ လက်ရှိ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားရယ်လို့ မရှိဘူးဆိုတဲ့ အစိုးရဘက်က ပြောဆိုမှုတွေကို […]


alinsettNovember 13, 20144min4498
# မလှပတဲ့ ညတစ်ည # ######################################################## ဆက်အိပ်။ ဒီညနေခင်းဟာ ကိုယ့်အတွက်ဖြစ်စေ သူတပါးအတွက်ဖြစ်စေ…လှပမနေဘူးဆိုရင် ဆက်အိပ်။ ညနေခင်းတခုဟာ အဲသည်လောက် ရုပ်ဆိုးမသွားသင့်ဘူးလို့ တွေးဦးမလို့လား။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ… သေပြီးသားလူတွေရဲ့ နာမည်တွေ…ကုန်းရုန်းထလာတာထက်စာရင်တော့…တော်ပါသေးတယ်။ တမနက်စာလောက် လှပမှုတွေဟာ ဘာများခိုင်မြဲတည်တံ့မှာမို့လို့လဲ… ။ လူတွေက ကိုယ့်ကို နားမလည်တာနဲ့.. လူတွေကို ကိုယ်က နားလည်အောင် ရှင်းနေစရာမလိုပါဘူး ။ တချို့ပုစ္ဆာတွေက အဖြေမှန်ထွက်အောင် တွက်မိရင်  မေးသူ သိက္ခာကျတယ်။ အဟက် ။ သူတို့ဘာသာနဲ့ သူတို့ နားလည်သလို ပြန်ဆို ခံစားလိမ့်မယ်။ ကိုယ်က ကိုယ့်ဘာသာနဲ့ကိုယ်တည်ဆောက်… ဆောင့်ဆောင့်အောင့်အောင့်တော့ မလျှောက်ရ… တခါတုန်းကလို… ဘယ်သူမှ မရေးဘူးသေးတဲ့…” ဘာအကြောင်းအရာမှ မပါတဲ့ စာမျိုး” ရေးချင်နေပြန်ပြီလား ။ ဘယ်သူမှ […]


ဇီဇီNovember 12, 20149min118040
ဟို ငယ်တုန်းက ရပ်ကွက်တကျော ကညင်းကျောထ ကစားခဲ့တဲ့ ပို့(စ) ဖတ် အပြီးမှာ သများကို အင်မတန် မျောက်ကျတယ်လို့ ထင်နေတဲ့ သူများ အတွက် ဒီ ပို့(စ) ကို ရေးပါတယ်။ အဟိ။  :mrgreenn: . . သများ ငယ်ငယ်က ထိုင်ပြီး ကစားရတဲ့ ကစားနည်းတွေလည်း ကစားခဲ့ဖူးပါရဲ့။ ထိုင်ပြီး ဦးနှောက်ကို သုံးတဲ့ ကစားနည်းကို ပြောတာ။ ဟိဟိ   :mrgreenn: . ဟိုလူဂျီးလို တော့ ဩဇာစေ့တောက်တာတို့ ဘာတို့ လာမပြောနဲ့နော်။ :kwi: . ထိုင်ပြီး ဆော့ရတဲ့ မြန်မာ့ရိုးရာ ကလေး ကစားနည်းတွေက နောက်မှ ရေးမယ်။ . အိမ်က လူကြီးတွေကတော့ ကျနော်တို့ကို ငြိမ်စေချင်ရင် […]


hmeeNovember 12, 20141min79644
“လို၏ မလို၏ ” သဘောကျသည်။ ကြိုက်သည်။ ဒီထက်ပိုပြောရမည်ဆိုလျှင်ဖြင့် အတုခိုးစရာ အတုယူစရာများ အပြည့်ရယ်။ နောက် ….နှစ်ခြိုက်စရာလေးများ တွေ့လျှင်ဖြင့် လိုက်၍ တုပ တတ်သည်။ ထို့ကြောင့်….. ”မင်းဟာ လွန်ကိုလွန်လွန်းတယ်ကွာ” ဟု မောင်က လေးခင်ကို ပြောတတ်သည်။ တခြား အခြားသော သူများကဖြင့် မည်သည့် အကြိုက် အမျိုးမျိုး၊ ဘယ်လို နှစ်သက်ပုံဖြင့် ကြည့်ကြသည်ကို လေးခင်မသိ။ လေးခင်အနေဖြင့် အိမ်တွင်း အလှဆင်မှု ၊ သပ်ရပ်မှုများ အတုယူစရာ များလွနိးသောကြောင့် ကိုရီးယားကားကို ကြည့်ဖြစ်သည်။ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ မည်သို့သော ဇာတ်ကားဆိုစေ ချမ်းသာသူ၊ လူလတ်တန်းစား၊ နောက်ဆုံး ဆင်းရဲသူဖြစ်စေ အိမ်တွင်းပြင်ဆင်မှုများသည် သန့်ရှင်း သပ်ရပ်လှပေသည်။ လေးခင်ချီးကျုးလေတိုင်း မောင်က ရီတတ်လေသည်။ […]


aye.kkNovember 10, 20141min46112
အနှစ်နဲ့အကာ   အုန်းသက်က တစ်ရာ… သားသ္မီးဆိုတာ ခဏတာ… အချိန်တန် တောင်စုံပြန်တော့ ပျံကြစမြဲသာ။   အနှစ်နဲ့အကာ ခွဲခြားကာ ကွဲပြားသိစေတဲ့ တရားအရိပ်ကိုရှာ နောင်သံသရာ အေးစေဘို့လေး။  


alinsettNovember 10, 20143min71118
====================================== ” လယ်တောက အပြန်…ခံစားချက်…. ” ########################## လယ်တောက အပြန် ၊ ပန်ချင်တယ် ခရေဖူးဆိုလို့… မောင် ခူးကာပေး ။ မနက်တုန်းဆီက ကျော့ဆုံးကို မောင်မြင်တော့… သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့… ဂုဏ်တင့်တယ်လေး။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   အားလုံး  …… ဖတ်ဖူး / ခံစားဖူးတဲ့ ဆရာဝဏ် ( ဆရာ-မင်းသုဝဏ် ) ရေးခဲ့တဲ့ ကဗျာလေးပါ ။ ဒွေးချိုးလို့ သတ်မှတ်တဲ့ ကဗျာ အမျိုးအစားလေး ဆိုပါတော့… ။ လယ်တောက အပြန်…. ကျွန်တော် လယ်တောက ပြန်ဖူးပါတယ်။ လွန်ခဲ့သော ငါးနှစ်ခြောက်နှစ်လောက်က… ကျွန်တော်ဟာ.. မြန်မာနိုင်ငံရဲ့ မထင်မရှား ကျွန်းကလေးတစ်ကျွန်းပေါ်မှာ… လယ်အလုပ်… တံငါအလုပ်..စသည်ဖြင့်… ကြုံရာကို လုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာနေစဉ်က… […]


uncle gyiNovember 7, 20141min49115
သူကြီးနှင့်တကွရွာသူရွာသားအပေါင်း အားလုံးပဲမင်္ဂလာပါလို့ဦးစွာနှုတ်ခွန်းဆက်လို်က်ပါတယ် အားလုံးပဲမှတ်မိကြအုန်းမလားမသိဖူး အန်ကယ်ကြီး (ခ) ဦးလေးကြီးပါ mptက နက်လိုင်းတွေမကောင်းလို့ဆက်သွယ်ရေးကို တကိုယ်တော်သပိ်တ်မှောက် ပြီးအင်တာနက်မသုံးတော့တာ အခုနိုင်ငံခြားလိုင်းတွေရလို့ ရွာကိုပြန်လာခဲ့ပါတယ် ရွာထဲမှာလူဟောင်းလူသစ်တွေနဲ့အတော်စည်ကားနေတာတွေ့ရလို့ ဝမ်သာမိပါတယ် အားလုံးမှတ်မိရင်းကြီုဆိုမယ်လို့မျှော်လင့်ပါတယ် ဦးလေးကြီး