padonmarNovember 5, 20141min48815
ကျမတို့ရဲ့ဆရာ ဦးထွန်းငြိမ်းမဆုံးမီ သူ့ရဲ့ ချစ်တပည့်တွေအတွက်ရေးခဲ့တဲ့ ရေးလက်စ အင်္ဂလိပ်ကဗျာလေး(My Line of Thought ,My Point of View )ထဲက စာတပိုဒ်ကို ကြိုက်လွန်းလို့ တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးချင်ပါတယ်။ ဆရာ့ဆိုလိုရင်းကို မမီသွားရင် ခွင့်လွှတ်ကြပါ။ မူရင်းအင်္ဂလိပ်ဘာသာက ရွှေခယ်ရတနာမဂ္ဂဇင်း စာမျက်နှာ ၂၂၆ မှာ ရှိပါတယ်။ ရှာဖတ်ကြည့်ပေးကြပါ။ ပြီးအောင်ရေးမသွားရပေမယ့် ရေးပြီးသမျှမှာတင် အဓိပ္ပါယ်ရော၊စကားလုံးရွေးချယ်သုံးစွဲမှုရော၊ကာရန်ပါလှလွန်းလို့ ခံစားကြည့်ကြပါ။ (မြို့ရဲ့ မျက်နှာစာအုပ်မှာတော့ ဆရာ့အကြောင်း အားလုံးသိပြီးမို့ မိတ်ဆက်ပေးစရာမလိုပေမယ့် ဒီရွာထဲမှာတော့ ကျမရဲ့ ဆရာအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဆရာဦးထွန်းငြိမ်းတို့ ညီအကိုတွေဟာ အင်္ဂလိပ်စာ သိပ်တော်ပါတယ်။ သူတို့ငယ်ငယ်က ဦးထွန်းငြိမ်းအဘိဓာန်စာအုပ်ထူကြီးကို ကျက်ကြပါတယ်။သူတို့ စာကျက်ပုံက တနေ့ တမျက်နှာ ကျက်ပြီးရင် အဲဒီ စာမျက်နှာကို […]


alinsettNovember 5, 20146min2978
မင်္ဂလာပါခင်ဗျား…. အပါတ်စဉ် မပြတ်မကွက် တင်ပြပေးလာတဲ့ … အလင်းခြုံတဲ့ သတင်းZone -လို့ပဲ ခေါ်ခေါ်… ဂဇက် သတင်းမှတ်တမ်းလို့ပဲ ပြောပြော… ဆက်လက်တင်ပြပေးဖို့ အချိန်ရောက်ပြန်ပါပြီ။ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ @ US သမ္မတအိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိလာမယ့်နေ့မှာ တွေ့မြင်သွားဖို့ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို စီတန်းလှည့်လည်ခွင့် မပြုလည်း ဆန္ဒဖော်ထုတ်ကြမယ့် သတင်း ၊ @ နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ကျင်းပခွင့်မပြုဘူးဆိုတဲ့ သတင်း၊ @ရခိုင်ပြည်နယ်တွင်းမှာ တင်းမာမှုတွေ အခုထိ မလျော့ပါးသေးတဲ့အတွက် စိုးရိမ်စရာ အခြေအနေတွေအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ ဝေဖန်ချက်နဲ့…  @အလုပ်ရှင် အလုပ်သမား […]


weiweiNovember 5, 20141min72841
အခုတလော သိသိသာသာပြောင်းလဲမှုက ခေါင်းတမော့မော့ဖြစ်နေတဲ့ကိစ္စ … ဘယ်အချိန်ကစပြီး ခေါင်းမော့သွားလဲဆိုတာ သတိမထားမိခဲ့ပေမယ့် သတိထားမိချိန်မှာ တော်တော်လေးမော့နေပြီ။ ငယ်ငယ်လေးထဲက ဘယ်တော့မှ ခေါင်းမမော့ပဲ အောက်ကိုချည်းငုံ့ကြည့်နေတတ်ခဲ့တာ။ လူတောမတိုးသလိုလို၊ ကြောက်သလိုလိုနဲ့ ခပ်ရွံ့ရွံ့နေတတ်ခဲ့တယ်။ အမြဲတမ်း ခေါင်းငုံ့ပြီး လမ်းလျှောက်တယ်။ စာဖတ်ရင်လဲ ငုံ့ကြည့်ပြီး ဖတ်ခဲ့တယ်။ အခုနောက်ပိုင်း လမ်းလျှောက်ရင်လဲ ခေါင်းတမော့မော့၊ ကွန်ပျူတာကြည့်လဲ ခေါင်းတမော့မော့၊ စာအုပ်ဖတ်လဲ စာအုပ်ကိုထောင်ပြီး ခေါင်းမော့ဖတ်လေ့ရှိနေပြီ။ ဘာကြောင့်များပါလိမ့်ပေါ့ .. တရားခံက မျက်မှန်ဖြစ်နေတယ်။ ငယ်ငယ်ထဲက မျက်စိပါဝါများလို့ မျက်မှန်တပ်ခဲ့ရပေမယ့် ဘာမှမသိသာခဲ့။ ဒီအတိုင်းမျက်မှန်တပ်လိုက်ရင် အားလုံးမြင်နေရတယ်။ အဝေးကြည့်ကြည့် အနီးကြည့်ကြည့် အားလုံးအိုကေခဲ့တယ်။ ပြသနာစဖြစ်ခဲ့တာက လွန်ခဲ့တဲ့ ၃ နှစ်လောက်က မျက်မှန်တပ်ပေမယ့် အနီးကြည့် အထူးသဖြင့် ကွန်ပျူတာကို ကောင်းကောင်းမမြင်ချင်တော့၊ စာအုပ်ထဲကစာကို မဖတ်နိုင်တော့ဘူး။ အဲဒီတော့ […]


alinsettNovember 5, 20141min65124
”ဖျတ်ခနဲ လက်ချိန်မှာ ရေးတဲ့  ကြမ်းစာ”   (စာမူ အမည် ရှင်းလင်းချက်။ ။ ကျနော်တို့ စာပေချစ်မြတ်နိုးသူတွေ/ရေးသားနေသူတွေအတွက် အတွေးစလေးတွေ ဖျတ်ခနဲ လက်သွားတဲ့ အချိန်ဆိုတာ ရှိပါတယ်။ အဲဒီ ဖျတ်ခနဲ တွေးလိုက်မိတာလေးကို မလွတ်တမ်း ချရေးလိုက်နိုင်တဲ့ စာလေးတွေလည်း ရှိပါတယ်။ အခု ကျနော် တင်ပြတဲ့ စာမူပါ အချက်အလက်ဟာ ဖျတ်ခနဲ ကျနော်တွေးမိတာကို ချရေးမိတာလေးပါ။ လေးနက်တဲ့ သဘော ပါခဲ့ရင် ”ကျမ်းစာ”အဖြစ် သတ်မှတ်ချင်ပါတယ်။ ဒါပေမယ့် ကလေးအတွေးလို ဖောက်ထွက်မိရုံပဲမို့ ကျမ်းစာအဖြစ် ကိုယ့်ဘာသာ သတ်မှတ်လည်း      ”ဘုရားသခင် ချဉ်တဲ့ လူမိုက်”လို့ သတ်မှတ်ခံရရုံမျှသာ ပါပဲ။ ဒီတော့ ကျမ်းစာ လို မလေးနက် မပီပြင်တဲ့ သဘော […]


alinsettNovember 3, 20142min66625
    ကျွန်တော်နှင့် တိုက်ပွဲဝင်နေ့ရက်များ (အပိုင်း – ၁) (မဖတ်ရသေးသူများအတွက်) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အစိုးအရနဲ့ DKBA တပ်များအကြား ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်နေသေးတဲ့အတွက် အဆိုပါ ပြည်နယ်တွေကို သွားရောက်မယ့် အမေရိကနိုင်သားများ အနေနဲ့ သံသယဖြစ်စရာ တွေ့ရှိတာနဲ့ အဲဒီဒေသတွေကနေ ချက်ချင်းထွက်ခွါရေး၊ ဒေသတွင်းလုံခြုံရေးအခြေအနေတွေကို သတိပြုရေးနဲ့ သတင်းအဆက်အသွယ်မပြတ်ရေးတို့ကို အမေရိက သံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ။။။။။။။။။။။။။။။။။။။။။။။။။။။ ကရင်ပြည်နယ် ကျုံဒိုးနဲ့ ကျိုက်မရောကြားမှာ ခရီးသည်တင် ယာဉ်တစီးကို လက်နက်ကိုင်တပ်ဖွဲ့တစုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခရီးသည် လေးဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ တပ်ဖွဲ့ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ […]


ko sixNovember 2, 20141min2357
အိမ်​ပြန်​ဖို့ မီးအိမ်​တစ်​လုံးမရှိ​သေးဘူး အိပ်​​ပျော်​ဖို့ က​စော်​နံ့နဲ့မယဉ်​ပါး​သေးဘူး ​အောင်​မြင်​ဖို့ ပလက်​​ဖောင်​းနဲ့အဖက်​မလုပ်​တတ်​​သေးဘူး ရယူဖို့ ​အိုဘားမားနဲ့မ​ပေါင်​းဖြစ်​​သေးဘူး ​ပေးဆပ်​ဖို့ ခန္ဓာကိုယ်​အမှားကိုမဖတ်တတ်​​သေးဘူး ချဲ့ထွင်​ဖို့ ဆံသဆိုင်​မမြင်​ဖူးဘူး ညံပုံက ကစ်​စမီပန်​း​တွေသာ အထပ်​လိုက်​ပွင်​့​နေကြတယ်​ ငါ အချစ်​ကိစ္စကို တစ်​ချက်​တည်​းနဲ့ကျင်​းဝင်​​အောင်​ မရိုက်​တတ်​​သေးဘူး ​အေး​လေ ငါ့နာမည်​မှာ ရုပ်​ရှင်​မင်​းသား​တွေနဲ့ နာမည်​တူတစ်​လုံး​တောင်​မပါခဲ့တာကိုက အညံ့နဲ့တာထွက်​ခဲ့ရသူပါ ကိုစစ်​


khin ooNovember 1, 20141min2589
မိမိဝါသနာမှာစာရေးခြင်း စာဖတ်ခြင်းတို့ဖြစ်သည် ။ ဒီဝက်ဆိုက်ကို မရောက်မှီက တနည်းဆိုသော် မန်ဘာမဖြစ်မှီက ဝင်ဖတ်ခဲ့ပါသည် ။ စာဖတ်ရင်းဖြင့် မိမိဝါသနာပါသော စာရေးခြင်းကို စတင်ချင်မိသောစိတ်ဖြစ်မိသည် ။ မည်သည့်အကြောင်းများကိုရေးရမည်မသိဖြစ်မိသည်။ ကျွန်တော်ရေးမိသောအကြောင်းအရာများတွင် မှားယွင်းမှုများပါမည်ကိုစိုးရိမ်မိသည် ။ ဤသို့ဖြင့် အချိန်ယူပြီး ရေးသင့် မရေးသင့် စဉ်းစားမိသည် ။ ကျွန်တော်တို့သည်ငယ်စဉ်အခါက စာစီစာကုံးများရေးသားခဲ့ဘူးသည် ။ စည်းကမ်းပေါင်းများစွာဖြင့် ရေးသားစေခဲ့သောကြောင့် ထိုစာစီစာကုံးများရေးသားရခြင်းကို စိတ်ဝင်စားခြင်းအလျင်းမရှိကြပေ ။ အမှတ်ပေးစည်းမျဉ်း အရ မည်သို့ရေးရမည်ဟု ဆရာများကပြောသည် ။ ကျွန်တော်တို့ရေးလိုသော ဖွဲ့စည်းပုံများကို လက်ခံခြင်းမရှိသောကြောင့် ကျွန်တော်တို့စာစီစာကုံးများသည် ခေတ်အဆက်ဆက် တပုံစံတဲသာဖြစ်နေကြသည် ။ ယနေ့ကာလသည် အွန်လိုင်းဘလော့များ Fb အကောင့်များတွင် လွတ်လပ်စွာရေးသားနိုင်ပြီဖြစ်သောကြောင့် မိမိဝါသနာပါသောအကြောင်းအရာတို့ကို ခံစားတင်ပြလာနိုင်ပြီဖြစ်သည် ။ ထို့ကြောင့် ကျွန်တော်လည်း မိမိတွေ့ကြုံခံစားကြားဖူးသည်များကို […]


padonmarOctober 31, 20141min70421
ကျမနဲ့ ဦးနု ဦးနုကို ကျမစသိတာ အိုးဝေဂျာနယ်ထဲက ကာတွန်းရုပ်ပြောင်တွေထဲမှာပါ။ ပြည်ပြေးဦးနုက ပုတီးလုံးအကြီးကြီးနဲ့ စိပ်ပုတီးကြီးကို လည်မှာဆွဲပြီး တဖက်နိုင်ငံကိုပြေးတဲ့ ပုံနဲ့ လှောင်ပြောင်ထားတဲ့ ကာတွန်းဖြစ်ပါတယ်။ လူကို တွေ့ဖူးလိုက်တာကတော့ ကျမ ၆တန်းလောက်မှာ ဦးနုပြည်ပြေးရာက ပြန်လာပြီး ဝါးခယ်မဘုရားကြီးထဲမှာ ပူဇော်ဖို့ စွယ်တော်ပင့်လာပေးတုံးကပါ။ အိမ်ရှေ့က လူအုပ်ကြီးနဲ့အတူ ဖြတ်သွားတဲ့ ခေါင်းပေါင်းနဲ့ မျက်နှာဝိုင်းဝိုင်းလူကြီး၊သူ့ကို လူတွေက တရိုတသေနဲ့၊အိမ်ရှေ့ကအဖြတ် ကျမနဲ့အတူ ရပ်ကြည့်နေတဲ့ အဖေ့ကို ဂေါပကလူကြီးတွေက လက်ညှိုးညွှန်ပြီး မိတ်ဆက်ပေးသွားကြတယ်။ အဖေကလည်း ရိုရိုသေသေ ဦးညွတ်လို့။အဲဒီလူကြီးကလည်း ပြုံးပြ နှုတ်ဆက်သွားတယ်။ အော်……ပြည်ပြေးဆိုတာလည်း ရိုးရိုးလူလိုပါပဲလား…။ ကျမနဲ့ ကာမတဏှာစာအုပ် ပထမအကြိမ်တွေ့ဆုံခြင်း ကျမတို့ ၉တန်းစာမေးပွဲဖြေနေဆဲ Chemistry မဖြေရခင်ည စာကျက်နေတုန်း `မီးဗျို့….မီး…မီး´အော်သံနဲ့ သံချောင်းခေါက်သံတွေ ကြားလိုက်ရတယ်။ ကျမတို့နေတဲ့ […]


ဦးေက်ာက္ခဲOctober 30, 201410min2473136
မင်္ဂလာပါခင်ဗျား… ဦးကျောက်ခဲလည်း သက်ကြီးရွယ်အို ခိုကိုးရာမဲ့တွေအကြောင်း စာကုံးလို့ ခြယ်ပါမယ်ဆိုကာမှ မမျှော်လင့်ဘဲ အရေးပေါ်အလုပ်တွေကပေါ်လာလို့ နောက်ကျ သွားတာ ခွင့်လွှတ်ကြပါခင်ဗျာ…။ ကျေးဇူးပြုပြီး ဒီပို့စ်ကို အောက်ကပို့စ်တွေနဲ့ တွဲဖတ်ပေးပါလို့လည်း မေတ္တာရပ်ခံပါရစေ… သဘာဝရဲ့ ဂရုဏာ အကန့်အသတ်ကင်းမဲ့သော သဘာဝတရားရိပ်သာ လူတွေနဲ့ဝေး ဝေး ~~ဝေးတဲ့နယ်မြေ (သဘာဝရိပ်သာ)   လွန်ခဲ့သော ၂-နှစ် အခုလို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်း အခါသမယ ၊ ဦးကျောက်ခဲရဲ့ နှမငယ် သမီးဦးလေးဖွားမြင်ဖို့ ဩစီကျွန်းကြီးမှာ မီးနေလာစောင့်တုန်းကပေါ့ ခင်ဗျာ…။ ကမ႓ာ့တောင်စွန်း ဩစီကျွန်းမှာတော့ ဆောင်းအကုန် နွေအကူးမို့ ရာသီဥတုက အေးမြခြောက်သွေ့နေတုန်းပါပဲ ။ မီးနေစောင့်ဖို့ ခွင့်ရက်ရှည်ယူလာတာမို့ အေးအေးဆေးဆေးနှပ်မယ်လို့ ကြံရွယ်ထားပေမည့် အကျင့်ပါနေတဲ့ မျက်လုံးအစုံက မနက် ၆-နာရီထိုးရင် နှိုးစက်မလို အော်တိုမစ်တစ်ပွင့်နေတာမို့ အိပ်ရာထဲမှာ […]


ဇီဇီOctober 30, 20141min86454
  ကေဇီ နှယ်… နင်လို လူ နဲ့ အက အခုန် နဲ့ ဘာဆိုင်တုန်း ပြောလည်း ခံရမှာတော့မှာပဲ။ လူက အဆိုရော အကရော အင်မတန် ဝါသနာပါတာ။ အဲ။ အောင်မြင်အောင် လုပ်ရဲ တဲ့ “ဇ” ပဲ ပါမလာတာ။ :mrgreenn: အလယ်တန်းကျောင်းတုန်းကများ နယ် ကျောင်းမှာ ဘာပွဲဖြစ်ဖြစ် ရှေ့ဆုံးက က တာ။ ကိုယ် က ရှေ့ကနေ နန့်နန့် နန့်နန့် က သလောက် ဇော်သန့်က ရှက်လွန်းလို့ ရှေ့ထွက်မလာ။ :mrgreenn: ဆို က ရေး တီး ကို ဇွတ်ခေါ်လို့ ကျောင်းပွဲမှာတော့ ဝင်ပြိုင်လိုက်သေးးး၊ နောက်မှ မင်းသမီး ဝတ်စုံ ကလနား […]


“လျှော်စေသင့် ၏…………..မသင့်၏”   အခုရက်ဂျာနယ်တွေဖတ်လိုက်ရင် ယာဉ်တိုက်မူ့တွေဘဲတွေ့နေရပါတယ်။ ဖြစ်လိုက်တဲ့အမူ့တွေကလဲ အရက်သေစာသောက်ထားတာ၊ မူးယစ်ဆေးဝါးသုံးစွဲထားတာ မကျွမ်းကျင်ဘဲမောင်းတာ၊ မဆင်မခြင်နဲ့ အရမ်းမောင်းတာ ၊ ယာဉ်စည်းကမ်းကိုလုံးဝမသိဘဲမောင်းတာ၊ ယာဉ်စည်းကမ်းကိုသိပေမယ့်လဲ မလိုက်နာဘဲမောင်းတာတွေကြောင့် ယာဉ်တို်က်မူ့ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။   မကြာသေးခင်ရက်ပိုင်းကတင်ရန်ကုန် သင်္ဃန်းကျွန်းမှာ ဖြစ်သွားတာကလဲ တရားဥပဒေစိုးမိုးခြင်းဆိုတာ ဒါဘဲလားလို့ စိန်ခေါ်နေသလိုပါဘဲ။ လမ်းပြောင်းပြန်ဝင်လာတဲ့ကားက လမ်းမှန်အတိုင်းမောင်းလာတဲ့ ကား ကို ဝင် တိုက်လိုက်ပါသတဲ့။ လမ်းမှား ဝင်လာပြီးတိုက်တဲ့လူက ဓါးကိုင်ပြီးရမ်းကားပါသတဲ့။ နောက်ဆုံးဇာတ်ပေါင်းတော့ အတိုက်ခံလိုက်ရတဲ့ကားမှာ အလျော်မရဘဲ “ကိုယ့် စားရိတ်နဲ့ကိုယ်ကားပြင်ပါ”လို့ တာဝန်ကျ ဝန်ထမ်းက ဆုံးဖြတ်ပေးသွားတယ်ဆိုတာကိုို ဖတ်မိတဲ့အခါ အတိုက်ခံရပြီး အလျော်လဲမရတော့စိတ်ဆင်းရဲ လူဆင်းရဲ ၊ ငွေကုန် လူပန်း ဖြစ်ရရှာတဲ့ ယာဉ်ပိုင်ရှင်တွေကို သွားသတိရမိပါတယ်။ “မှန်လဲမှန်သေး ခံ လဲ ခံ ရ […]


alinsettOctober 28, 20143min54321
        ” မိဘ ပြည်သူများ ခင်ဗျား ” အာရုံအလှည့်အပြောင်းနဲ့ သတင်းစကားတွေ  အတင်း ပါးတယ်။ ခပ်စပ်စပ်ကလေးပေါ့. . . လုပ်ကြံဇာတ်လမ်းကြီးတစ်ပုဒ် ပွဲထုတ်မယ့် အထာနဲ့ မီဒီယာတံခါးချပ်တွေကိုမှ တဖျောင်းဖျောင်း ဖွင့်ချပြလိုက်တယ်။ ~~~~~~~ တံခါးကြား ညပ်သွားတဲ့ ကြောင်တွေလို ညှောင်နာနာ အော်လိုက်ကြဦးပေါ့ကွယ်. . . ဒို့အရေး ဒို့အရေး . . .ရယ်လို့. . . (ဝဋ်နာကံနာ အသံနာနာ. . . အကဲပါပါနဲ ့) ~~~~~~~ ” အဟမ်း” ”မိဘပြည်သူများခင်ဗျား” ”ကျွန်တော်တို့ စီးနင်းလိုက်ပါလာတဲ့ ယာဉ်ကြီးဟာ မိုးထိအောင် ပျံတက်ဖို့ ရည်မှန်းချက်အတုအယောင်နဲ့ လက်ရှိ ပေအမြင့် […]