သားဦးအရူးတဲ့။ဒီစကားကြားဖူးကြမှာပါ။ ဘာကိုဆိုလိုတာပါလိမ့်။ သားဦးသမီးဦးတွေက တနေရာရာမှာ Crazy ရူးတတ်ကြတယ်လို့ များလား။( ဒါမှမဟုတ် )သားဦးရတဲ့မိဘ ၊ ဘိုးဘွား ၊ ဦးလေးအဒေါ်တွေ ကလေးနဲ့ပတ်သက်ပြီး အရူးအမူး ချစ်ကြတယ်လို့ ပြောချင်တာလား။ ကိုယ့်ကိုယ်တွေ့ကတော့ ဒုတိယအဓိပ္ပာယ်ပါ။ ရူးစရာသားဦးသမီးဦးကလည်း ရစရာမရှိတော့ `တူမဦး´လေးကို မွေးတုံးကရူးခဲ့ရပါတယ်။ ကျမတို့ မောင်နှမတွေထဲမှာ အကိုကအကြီးဆုံး။ သူအိမ်ထောင်ကျပြီး ယောင်းမက ကလေးမွေးဖို့ ရန်ကုန် တက်လာပါတယ်။ အဲဒီအချိန်ကျောင်းပိတ်ရက်ဆိုတော့ ကျမက နယ်မှာရှိတဲ့ အိမ်ကို ပြန်နေပါတယ်။ စက်တင်ဘာလရဲ့တနင်္လာနေ့တနေ့မှာ ယောင်းမသမီးလေးမွေးပြီဆိုတဲ့ ဖုန်းသတင်းရလိုက်ပါတယ်။ အမေကလည်း မြေးဦးလေးမွေးတာ သွားစောင့်နေတော့ အိမ်မှာ အဖေနဲ့ကျမ ၂ယောက်တည်း။ သတင်းကြားရုံနဲ့ အဲဒီတူမလေးကို ချစ်လိုက်တာ ၊ သူကလေးအတွက် ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်းစားပါတယ်။ အကျႌလေး ချုပ်ပေးရရင် […]