Mr. MarGaAugust 27, 20141min100034
  အချစ် ဆိုတာ… ရသ ကိုးပါးစလုံး ရောယှက်နေတဲ့ အရာ…. :boss:   မနေ့ကပေါ့ဗျာ….. ဟိုတွေး ဒီတွေး ပတ် တွေးရင်းနဲ့ အပေါ်က စာသားလေး ထွက်လာလေရဲ့… (စိတ်ပါတုန်း တစ်ရက် ခေါင်းစဉ်တစ်မျိုးနဲ့ ဒီလိုလေးတွေ အဓိပ္ပာယ်ဖွင့်မယ်လို့တောင် တွေးထားမိသေး) အရင်နေ့ကတော့ အလွမ်းနဲ့ ပတ်သက်ပြီး ပြောဖူးတာလေး တင်မိတယ်။ အဲ့လို အဲ့လို.. တစ်ကိုယ်တည်း ထိုင် တွေးပြီး သကာလ တွေးမိတာလေးကို ဖဘမှာ တင်လိုက်သပေါ့။ တင်ပြီး သိပ်မကြာပါဘူး…. ရသ ကိုးပါးနဲ့ အချစ်နဲ့ ဘယ်လိုဆက်စပ်နေလဲ ဆိုတာ ရှင်းပြပါ လို့ ဦးပီချိုက လာမေးလေတော့ ကျနော်လဲ ကိုယ့်စကား ကိုယ် တတ်သလောက် မှတ်သလောက် နဲ့ ပြန်ရှင်းရလေသပေါ့….  :a: အဲ့လို ရှင်းရင်းနဲ့ ဒီစာ ထွက်လာပါတယ်။ ကျနော့် အတွေး ဖြစ်တာမို့ မှန်ချင်လည်း […]


ခင္ခAugust 27, 20141min2577
” သူတောင်းစား မဟုတ်ကြပါ “   သူတောင်းစား ဟုဆိုလိုက်လျှင် သူတစ်ပါးထံမှ ပေးကမ်းစွန့်ကျဲတာကို ယူရတဲ့သူ သူများပေးစာကမ်းစာ စားရသည့်သူဟု သမုတ်တွင်ခေါ် ကြလိမ့်မည်ပင်ဖြစ်ပါသည်။ အဲဒီလို အခေါ်ခံရမည့် ဘဝရောက်ကြမှာကိုလည်း မလိုလားကြသူများပေလိမ့်မည်။ ဘာလို့လည်းဆိုတော့ သူတောင်းစား လို့ အခေါ်ခံရကထဲက သူများတွေထက် အဆင့်နိမ့်ကြလှသည်ဟု လူတို့တွင်ပြေးမြင်ကြပေလိမ့်မည်သာတည်း။ တကယ်လည်း အမှန်ပင်ဖြစ်ပေသည် ဈေးတွေရဲ့လျှောက်လမ်းတွေ လမ်းဘေးပလက်ဖောင်းတွေမှ ဆင်းရဲနွမ်းပါးသော အသွင်သဏ္ဍန်ဝတ်စားမှုတွေနဲ့ ညှိုးငယ်သောမျက်ထားတို့ဖြင့် ” အကိုကြီးတို့ အမကြီးတို့ ပေးမှကမ်းမှ စားရတဲ့ဘဝပါ အကိုကြီးတို့ အမကြီးတို့ ငွေကလေးနည်းနည်း လောက် စွန့်ကျဲခဲ့ကြပါ ” အဲဒီလိုတောင်းကြရတယ် ကြားတဲ့သူတွေက သဒ္ဒါပေါက်လို့ဘဲဖြစ်ဖြစ် သနားကြလို့ဘဲဖြစ်ဖြစ် တစ်ခါတလေ စားသောက်နေတုန်း စားပွဲဘေးနားလာတောင်းတော့ အမြန်ဖယ်ခွါသွားဖို့ဘဲ ဖြစ်ဖြစ် အလှုစငွေလေး ထဲ့ပေး ကြတယ်လေ၊ […]


“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၁)            (ဖောင်ကြီးမှ အမှတ်ရစရာများ )     ဖောင်ကြီးလိုနေရာမျိုးမှာ သတိရစရာတွေရှိသလားလို့မေးရင် ရှိတယ်လို့ပြန်ဖြေရမှာအမှန်ပါဘဲ။ ပထမဦးဆုံးသတိရစရာကတော့ ဖောင်ကြီးမှာကြည့်ရတဲ့ရုပ်ရှင်ပါဘဲ။ ဖောင်ကြီးမှာတစ်ပါတ်(၂)ကြိမ်ရုပ်ရှင်ကြည့်ရပါတယ်။ ပြတိုင်းကျနော်ကြည့် ပါတယ်။ ရုပ်ရှင်ပြတဲ့ရက်တွေက ဗုဒ္ဓဟူးနေ့ နေ့လည်ပွဲရယ် စနေ နေ့ ညနေပွဲရယ်ကြည့်ရတာပါ။ ရုပ်ရှင်ပြတဲ့နေရာကတော့ အခမ်းအနားတွေလုပ်တဲ့ “အုန်းတောခန်းမ”မှာပြတာပါ။ အုန်းတောခန်းမ လို့အမည်ပေးထားတာကတော့ “တောင်သူလယ်သမားညီလာခံ” ကျင်းပခဲ့တဲ့ အုန်းတော ဆို တဲ့ ရွာ ကိုဂုဏ်ပြုတဲ့အနေနဲ့ပေးထားတာပါ။ အဲဒီတုန်းက ရုပ်ရှင်တစ်ပွဲကို ငါးမူး လား ပြားလေးဆယ်လား ပေးရပါတယ်။ ရုပ်ရှင်က ကြည့် ချင်လဲရတယ် မကြည့် ချင်လဲရတယ်။ ရီစရာကောင်းတာကတော့ ဗုဒ္ဓဟူးနေ့ပြတဲ့ပွဲပါဘဲ။ ပြတဲ့အချိန်ကညနေလေးနာရီပွဲပါ။ တကယ်တော့ အဲဒီအချိန်က PTပြေးရတဲ့အချိန်ပါဘဲ။ ကျနော်တို့ကိုရွေးချယ်ခွင့်ပေးထားပါတယ်။ ရုပ်ရှင်ကြည့်ချင်ကြည့် […]


alinsettAugust 27, 20141min38311
  တချို့တွေ… ကျဆုံးကုန်ကြပြီ    မောင်သူရတို့ ရပ်ကွက်ထဲက ဈေးမှာရွှေဆိုင် ၃ / ၄ ဆိုင် ရှိတယ် ။ ဈေးအတွင်းပိုင်းက ဆိုင်တွေရဲ့ အနေအထားကို မောင်သူရ သိပ် မသိပါဘူး ။ ဒါပေမယ့် မောင်သူရကြီး အလုပ်အသွားအပြန် မြင်နေရတဲ့ ဈေးအပြင်ဘက် လမ်းမတန်းပေါ်က ရွှေဆိုင် နှစ်ဆိုင်ရဲ့ အခြေအနေကိုတော့ မောင်သူရ ကောင်းကောင်း သတိပြုမိတယ် ။ တစ်ဆိုင်က ရပ်ကွက်ထဲက လူတွေ ပြောသလိုပြောရရင် အပေါက်ဆိုးတယ် ။ နောက်တစ်ဆိုင်က သဘောကောင်းတယ်ပေါ့ ။ အဲဒီ သဘောကောင်းတဲ့ ဆိုင်ရဲ့ အနေအထားနဲ့ အပေါက်ဆိုးတယ်ဆိုတဲ့ ဆိုင်… အနေအထားလေးတွေ သိသိသာသာ ကွာသွားတာလေးသတိပြုမိတယ်ဆိုပါတော့ဗျာ.. ။ ………………………………… ဆိုင်နှစ်ဆိုင်ကိုနာမည်တွေတော့ အတိအကျပြောမနေတော့ပါဘူး […]


ခင္ခAugust 26, 20141min40813
” နံပါတ်ဘယ်လောက်မှန်း မသိသော တိုကင် “   တိုကင်နံပါတ် ဆိုရင် လူတိုင်းသိကြမှာ အလှည့်စောင့်နံပါတ်ပေါ့ဗျာ။ ကျွန်တော်တို့ငယ်ငယ်က အခုလိုပုပ္ပလိဂ္ဂဘဏ်တွေမရှိဘူး အစိုးရဘဏ်ဘဲရှိတော့ ငွေသွားထုတ်ရင် ငွေထုတ်စာရွက်ထပ်တဲ့အခါ တိုကင်နံပါတ် ပြန်ပေးလိုက်တယ်။ မိမိနံပါတ်ကိုကြည့်ပြီး ဘယ်အချိန်လောက် ထုတ်လို့ရမလဲ မှန်းပြီး ဟိုဟိုဒီဒီသွားလို့ရတယ် ဆိုလိုတာက နံပါတ်စဉ် ဂဏန်းနည်းနေရင် မြန်မြန်ကိုယ့် အလှည့်ရောက်ပြီး နံပါတ်စဉ် ဂဏန်းများနေရင် အတော်ကြာ မှ ကိုယ့်အလှည့်ရောက်မယ်ပေါ့ အခုဆို ဆေးရုံ ဆေးခန်းတွေမှာ ဆရာဝန်တွေဆီသွားပြချင်တဲ့အခါ တိုကင်နံပါတ်ကို ဖုန်းနဲ့လှမ်းယူကြတယ်၊ ကိုယ်ရတဲ့ တိုကင်နံပါတ်ကို ကြည့်ပြီး ဆရာဝန်ဆေးခန်းစထိုင်ချိန်နဲ့တွက်လို့ သွားကြတာမျိုးတွေတောင် ဖြစ်လာပြီး ဆေးရုံ ဆေးခန်းမှာ အချိန်အကြာကြီးပေး သွားစောင့်စရာမလိုကြတော့ဘူးပေါ့။ တစ်ချို့အခြေအနေတွေမှာတော့ တိုကင်ကို နံပါတ်နဲ့မသွားဘဲ ကာလာနဲ့ခွဲကာ အသုတ်လိုက်ခေါ်စနစ်ကို သုံးတတ်ကြပါတယ်၊ ဘယ်လိုနေရာတွေလဲလို့ […]


ခင္ခAugust 25, 20141min2305
” ဟိုအရင်က ဓာတ်ပုံဆရာများနဲ့ ကျွန်တော် “   ကျွန်တော်နဲ့ ဆုံခဲ့တဲ့ ဓာတ်ပုံဆရာတွေနဲ့ အယူအဆ အလွဲလေးတွေကို ပျင်းလို့ရေးမလို့ပါ။ ကျွန်တော်ကျောင်းစတက်ဖို့ ကျွန်တော်တို့နေတဲ့နားက မူလတန်း အ.မ.က မှာ ကျောင်းထားဖို့အတွက် ကျောင်းအပ်လက်ခံပြီမို့ အဖိုးဖြစ်သူက ကျွန်တော်ကို ခေါ်ပြီး အိမ်နားက ဓာတ်ပုံတိုက်မှာ ကျောင်းအပ်ဖို့ လိုင်စင်ပုံသွားရိုက်တာပေါ့။ ကျွန်တော်တို့ငယ်တုန်းက လိုင်စင်ဓာတ်ပုံရိုက်ခံမယ်ဆို အခုခေတ်လိုကင်မရာလေးနဲ့ ချိန်ပြီး “ချလပ်” ဆို ရိုက်ပြီးသာမဟုတ်ဘူး ဓာတ်ပုံတိုက်(ဓာတ်ပုံဆိုင်ကို အဲဒီတုန်းကခေါ်တာ)ကိုသွား အမှောင်ခန်းတစ်ခု အဲဒီက ဓာတ်ပုံတိုက်မှာလုပ်ထားတယ် အဲဒီထဲဝင်ထိုင် ဘေးမှာက ထီးတွေနဲ့ နောက်ခံပြုထားတဲ့ စလိုက်တွေနဲ့ ချိန်ထား ပြီး ရွေ့လိုဘီးပါတဲ့ ဆင်ကြီးမှတပ်ဆင်ထားတဲ့ ကင်မရာရဲ့နောက်မှာ ရိုက်မည့်သူက ဝင်လိုက်ပြီး ကင်မရာနဲ့ သူ့ ခေါင်းကို အဝတ်မဲ့ကြီးဖုံးပြီးမှ သေချာချိန် […]


စဆရ ႀကီးAugust 25, 20141min2353
“ဘာ” အဖြေမရှိသော မေးခွန်းတစ်ခုကို ကျွန်တော်မေးခွန်းထုတ်မိသွားသည်။ အားလုံးအတွက် ဖြေရှင်းချက်တစ်ခွန်းတစ်လေမှ မရှိပါ။ သူ့အကြောင်းနဲ့ သူသာ ဖြစ်လာပါသည်ပေါ့။ ဒီတော့ မဖြစ်ချေဘူး။ တစ်ခွန်းချင်းစီ မေးခွန်းထုတ်မှ ဖြစ်တော့မည်။ မူရင်းဇစ်မြစ်မှ မေးမှ ဖြစ်လေတော့မည်။ ကိုရင်ရှူံးတစ်ကောင် ဖြစ်စဉ်အစမှ တစ်ခွန်းချင်းစီ မေးခွန်းထုတ်ရတော့သည်။ မထုတ်လို့လဲမရ၊ ပြဿ နာရယ်လို့ဖြစ်လာမှတော့ အဖြေရှာရတော့မည်။ ရှူံး း “ဘာကြောင့် ဒီလိုဖြစ်ရတာလဲဟင်” သူမး “ရှင် ဂရုမစိုက်လို့” ကိုရင်ရှူံးတစ်ယောက် ခေါင်းကုတ်မိသည်။ ငါဘာများ ဂရုမစိုက်သလဲပေါ့? အလုပ်သွားလျင် ဖုန်းခေါ်သည်။ ဖယ်ရီပေါ်တစ်လျှောက်လုံးဖုန်းပြောနေသဖြင့် ကားအတူတူစီး မန်နေဂျာမှ မကြိုက်သဖြင့် ဖုန်းမပြောနှင့် အဟောက်ခံရဖူးသည်။ အလုပ်ပြန်ချိန် မှန်းဆက်တော့ အလုပ်ကနောက်ကျနေတာ ဘာလို့ ဒီလောက်ဖုန်းခေါ်နေသလဲ အငေါက်ခံရဖူးသည်။ အိမ်ပြန်ချိန် ဖုန်းခေါ်လိုက်ပြန်တော့ လုပ်စရာတွေရှိနေတာ ဖုန်းချည်းပဲ […]


alinsettAugust 25, 20142min28514
ဪ… လူရယ်လို့ ဖြစ်လာတာနဲ့ သေမိန့်က ကျထားပြီးသား။ တစ်နေ့ သေရမယ် ။ ဘယ်နေ့လဲ..ဆိုတာသာ သေချာ မသိတာ… ။ ဒါပေမယ့် သေချာ တိတိကျကျသိထားပြန်ရင်လည်း မျှော်လင့်ချက်ဆိုတာတွေ ရည်မှန်းချက်ဆိုတာတွေ မရှိတော့ဘဲ ငါ ဟိုနေ့ သေရမှာ… မသေခင်လေး လုပ်ချင်တာတွေ လုပ်သွားဥိီးမှ ဆိုပြီး…ထင်ရာစိုင်းမိမယ်ထင်ရဲ ့ ။   (အသိနဲ့ ပညာ မြင့်မြတ်သူတွေကတော့ မသေခင်လေး… လောကကို လုပ်ပေးသင့်တဲ့လှပမှုတွေ လုပ်ပေးသွားဦးမှ ပေါ့…လေ။ တစ်ရက် တစ်မနက်လောက်ပဲ နေရတော့မယ်ဆိုရင်တောင်  အကျိုးရှိရှိ နေသွားမယ်ဆိုသူတွေလည်း …ရှိမှာကိုး ။) နေမယ့်အပိုင်းက ထားပါလေ… ။     ပြောချင်တာလေးက… သေမယ့်ကိစ္စ ။   လူရယ်လို့ ဖြစ်လာတဲ့အခါ တစ်နေ့…အိုရမယ်… […]


      “ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၀)            (ဖောင်ကြီးက နည်း တစ်နဲ့ နည်းနှစ်)     ဖောင်ကြီးသင်တန်းမှာအတင်းကျပ်ဆုံးတားမြစ်ထားတာကတော့ အရက်သောက်တာကိုပါဘဲ။ အရက်သောက်တာမိခဲ့ ရင် ချက်ခြင်း RTU လုပ်မယ်လို့ပြောထားပါတယ်။ ဒါပေမယ့် ဒီသင်တန်းကိုလာတက်ရ တဲ့ လူတွေက အသက်အရွယ်စုံပါတယ်။ လာတက်ကြရတဲ့အကြောင်းတရားကလဲအမျိုးမျိုးပါဘဲ။ ကျနော်လို့ အတွေ့အကြုံရချင်လို့လာတက်သူရှိမယ်။ ရုံးကနေ ဇွတ်အတင်းအကျပ်တက်ခိုင်းလို့ လာတက်ရသူရှိမယ်။ ကိုယ်တိုင်ကဘွဲ့ရမထား တော့ ရာထူးတက်အောင်လို့ သင်တန်းလာတက်သူရှိတယ်။ အသက်အရွယ်က ရ နေပြီး ဒါပေမယ့် ဒီသင်တန်းမတက်ရင်ရာထူးတက်မပေးဘူးဆိုလို့ လာတက်သူရှိတယ်။ အဲလိုအရွယ်စုံဆိုတော့ လဲအရက်နဲ့ မကင်းနိုင်သူတွေလဲပါတာပေါ့။ အချို့ကတော့ အရက်ပုလင်းကို ဖွက်ယူလာပါတယ်။ ည ဆယ်နာရီထိုးပြီး လို့ အဆောင်မီးတွေမှိတ်အိပ်ချိန်ရောက်မှ နည်းနည်းပါးပါးချပါတယ်။ ကျနော်တို့ သင်တန်းမှာအရက်ကိုအတော်ခုံခုံမင်မင်သောက်ခဲ့ပုံရတဲ့သူတစ်ယောက် ပါလာပါတယ်။ သူ  […]


မ " တတ္ ပါ့ "August 22, 20141min58024
၁။ လမ်းကျဉ်းကျဉ်းမှာ ဆေးလိပ်ကိုင်ပြီး ရှိုက်ဖွာ လမ်းလျှောက်ရင်း သောက်တဲ့သူတွေနောက်က လမ်းလျှောက်ရတဲ့အခါမျိုး.. ဆေးလိပ်အနံ့မခံနိုင်တာ အဲ့အငွေ့နံ့ရှုရရင် အသက်ရှုကြပ်လာတာ ၂။ Bus ကားကြပ်ကြပ်ကို ငါးပိသိပ်ငါးချဉ်သိပ် စီးရတဲ့အခါ ၃။ ကားလမ်းပိတ်ဆို့မှု (Traffic Jam) ဖြစ်တဲ့အခါ ၄။ နှမသားချင်းမစာနာ ပါးစပ်ကပေါက်ကရ ပြောတတ်သူများ (Online လောက ၊ အပြင်လောက) ၅။ ကံ၊ ကံ၏အကျိုးကို မယုံကြည်သောသူများ ၆။ မသေခင်က အရေးမလုပ်၊ သေမှ လာငိုပြတဲ့ သူစိမ်းထက်ဆိုးသော ဆွေမျိုးများ ၇။ ကိုယ်ပေါင်း၊ စိတ်ခွါ များ ၈။ ရေပေါ်ဆီ သူငယ်ချင်းအယောင်ဆောင်များ ၉။ မျတ်နှာဖုံးသုံးပြီးနေထိုင်ပြောဆိုဆက်ဆံရခြင်းများ ၁၀။ အထက်ဖားပြီး အောက်ဖိတတ်သော တစ်ချို့ တစ်ချို့သော လူတန်းစား ၁၁။ […]


sorrowAugust 22, 20141min74520
ညိုနေတဲ့ကောင်ကင်ကြီးကိုကြည့်ပြီး ရင်မောနေရမယ့်အစား အမြင့်ပျံဌက်တစ်ကောင်ဖြစ်ပြီး ဖြူဖွေးလေး လေယာဉ်နောက် . . တကောက်ကောက် ..ငါကြီးလေ ..ပျံသန်းလို့ စောင့်ရှောက်လိုက်ချင်တယ် ။ အချစ်ဆိုတဲ့နတ်ဆိုး..ငါ့ရင်ထဲမှာ ဖြူဖွေးလေးနာမည်နဲ့ ပန်းတပင်ပျိုးသွားတယ် ။ အခုအကိုင်းအခက်တွေဝေ (ဒါကကြူတာ ..အဟီး ) ***************** မန်းလေး ရွှေမြို့တော်ကြီး၏ တနေရာ နေသည် ပူသည် ။ သစ်သားခြေတိုင်ရှည် အဆောက်အအုံ သုံးခု ပြန့်နှံ့တည်ရှိနေသော ခြံဝင်း ။ ဘယ်ဘက်..ထောင့်မကျတကျတွင် စီတန်းရှိနေသော .အိမ်သာလေးလုံး ။ အိမ်သာနှင့်ကပ်လျက်တွင် ရှိနေသည်က ရေနီမြောင်းသို့စီးဝင်သော ရေမြောင်းပေါက်စနကလေး ( ရံဖန်ရံခါ ..ကျော်တို့ ( ဟိုသူဌေးလေးအပါအဝင် ) မူးမူးနှင့် ထိုရေမြောင်းထဲ ရှုရှုးဖလားဝါးသည်…အင်အင်းပါသည် ။ အနေသန့်ပုံပြောပါတယ် အဟိဟိ )နှင့် မိုးရွာသဖြင့် […]


marblecommetAugust 22, 20141min52218
အကြောမျှင်လေးတွေ စိမ်းဖျော့ယှက်ဖြာနေပြီး ဖားဖားလျားလျားနှင့် ပြားချပ်နေတဲ့ ကွမ်းရွက်ကြီးများပေါ်သို့ ဖြူဖွေးလုံးဝန်းသည့် ထုံး တုတ်ကြီးမှ ထုံးစက်များကို တောက်ချလိုက်သောအခါ ကုလားမကြီးရဲ့ လက်ကောက်ဝတ်က ရွှေလက်ကောက်ကွင်းများ ရိုက်ခတ်သံက တချွင်ချွင် မြည်သွားတယ်။ ကျွန်တော် အတော့်ကို စိတ်မရှည် ဖြစ်နေပါပြီ။ တစ်ခုခု လုပ်စရာရှိရင်အမြဲ စိတ်လောကြီးတတ်တဲ့ ကျွန်တော့်စိတ်အလိုအရဆိုရင် ကျွန်တော် ဒေါကန်နေပြီ။ ဘာလို့ဆို ခါတိုင်းထက် ဒီနေ့က အတော့်ကို နောက်ကျနေပြီ မဟုတ်လား။ ကွမ်းသမားတွေနဲ့ ပေါင်းရသင်းရတာ အတော့်ကို ခက်တယ်ဗျာ။ ဒီကိစ္စကို အတော့်ကို သည်းခံရတယ်။ သူတို့နဲ့ အတူ ခရီးတစ်ခု သွားခါနီး၊ လာခါနီးဆိုပြီရင် ဘယ်တော့မှ အတူတကွ တစ်ဖြောင့်တည်း သွားရတယ်လို့ကို မရှိဘူး။ “ခဏလေး ကွမ်းထုပ်လိုက်ဦးမယ်ကွ…´ ဆိုတဲ့အဖြစ်မျိုး ကျွန်တော့်ဘဝမှာ ကိုးဆယ့်ကိုးသန်း ကြိမ်လောက် […]


ေရႊညာသားAugust 22, 20145min180757
ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃)       ညီလေးရေ ပြီးခဲ့တဲ့ အပိုင်းတွေမှာ မြန်မာစာရဲ့ ချစ်စရာကောင်းပုံလေးတွေကို အကိုက ညီ့ကို သေသေချာချာရှင်းပြပေးပြီးတော့မှ ရေးပြခဲ့ပြီးပြီ။တစ်ချို့ တွေက အကို့ကို ပြောကြသကွ ညီရေ။ ညီလေးလို့ ခေါင်းစဉ်တပ်ထားတာကို ခဏခဏပြောကြပါတယ်။လွယ်လွယ်တပ်လိုက်တာ မဟုတ်ပါဘူးလို့။ ပြောကြမယ်ဆိုရင် ကဗျာတွေ စာတွေကိုချစ်တတ်ဖို့ဆိုတာကလည်း ညီလေးရေ အသွေးအသားထဲကို စိမ့်ဝင်နေတဲ့ ချစ်စိတ် မျိုး ရှိမှပဲ ကဗျာတွေ စာတွေကို ချစ်တတ်တာလို့ပဲ ပြောရမှာပဲညီလေးရေ။ ရွာထဲမှာ ကဗျာချစ်တယ်လို့ ကြွေးကြော်ထားကြတာ ညီလေးရယ် ကိုကမ်း ကိုခ ကိုဘလက် တို့က နာမည်ကျော်တွေမို့ပါ။ ဆြာပေါက်က ဒါ့ပုံချစ် ကဗျာချစ် အတွေးပါးပါးလေးတွေ ချစ်တတ်သူလို့ အကိုက ခံစားသကွ။ မိကေဇီ […]