အဲ့ဒီနေ့ ညနေက နေ မပူဘူး ဇူလိုင်လရဲ့ ညနေခင်းမှာ မိုးရေတွေ ဖွေးဖွေးလှုပ်နေတာလည်း မထူးဆန်းဘူး ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ရေလျှံတဲ့ ကိစ္စဟာလည်း မထူးဆန်းဘူး အဲ့ဒီ မိုးရေတွေကြား အသက်မဲ့စွာ လှုပ်ရှားနေတဲ့ ကိုယ့်ကိုယ်ကိုလည်း ထူးဆန်းတယ် မထင်မိပြန်ဘူး …။ ထူးဆန်းမှုတွေကိုမှ နှစ်သက်ခုန်မင် တတ်သူ လူတစ်ယောက်အဖို့ မထူးဆန်းသော အချိန်များကို မထူးဆန်းစွာပဲ ဖြတ်သန်းနေမိခဲ့တယ် အဲ့ဒီ ထူးဆန်းချင်သူတဲ့ မထူးဆန်းသော အချိန်ကာလကို ပြက္ခဒိန်များမှာ ဟောဒီလို သတ်မှတ်ထားတယ် …။ ——————————————– “ဇူလိုင် ၂၂၊ ၂၀၁၃” ——————————————– ဒါပေမယ့် အချိန်ကာလရဲ့ လှည့်စားမှုဟာ ကြောက်ဖို့လန့်ဖို့ ကောင်းတယ် တစ်နေ့လုံး မထူးဆန်းခဲ့သမျှ ညအခါကျကာမှ ထူးဆန်းလာခဲ့တယ် …..။ ဘယ်တော့မှ မျှော်လင့်လို့ […]