alinsettJuly 15, 20141min59413
“အမှန်စင်စင်မှာတော့. . . လူ ့ ဘဝသည် . . . အချည်းနှီးသောဖြစ်တည်မှုဖြင့် ဒုက္ခဆင်းရဲများခံယူကာ ပေးဆပ်နေရခြင်းသာဖြစ်သည်။ အခြား ဘာမျှမဖြစ်နိုင်။ ”   လူဟူ၍ဖြစ်တည်လာပြီဆိုကတည်းက . . .မရေရာမသေချာမှုများကို မလွဲမသွေကြုံရသည်။ သေချာရေရာလှပါသည်ဆိုသောအရာများသည်ပင်လျှင် နောင်တစ်ချိန်တွင် ဝေဝါးထွေပြား၍ ပျောက်ကွယ်ပျက်စီးရမြဲဖြစ်သည်။ လူကို အရင်းတည်၍ ဖြစ်ပေါ်လာသော ဝမ်းသာမှုများ. . .ဝမ်းနည်းမှုများသည်လည်းကောင်း. . . ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းများသည် လည်းကောင်း . . . ဘယ်မှာလာ တည်မြဲသနည်း။ ပျော်ရွှင်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းသည်လည်း အလွှာပါးပါးကလေးပင် မခြားသော ရောယှက်မှုအတွင်း၌သာ ဖြစ်တည်လာသည်။ အပျော်များသောအခါ ဒုက္ခဆင်းရဲများသည်။ ဘာများမက်မောစရာ ရှိသနည်း။ မျှော်လင့်ချက်ဆိုသည်မှာလည်း ဘာများထူးပါသလဲ။ မျှော်လင့်ချက်သည် မရေရာ […]


ခင္ခJuly 15, 20141min3436
” ဂရုတစ်စိုက် နေသွားသင့်တယ်လို့ “   သဂျီးမင်း ကျွန်တော့ပိုစ့်တစ်ခုမှာခုလို ကွန်မန့်လေးရေးထားလို့ အနော်ရထာက.. စုက္ကတေးမင်းကိုလုပ်ကြံတယ်… ကျန်စစ်သားက.. အနော်ရထာကို သစ္စာဖောက်တယ်…. .. .. တပင်ရွှေထီးလုပ်င်္ကြခံရတယ်..။ ဆင်ဖြူရှင်လက်ထက်မှာ.. ယိုးဒယားတက်သိမ်းတယ်..။ အလောင်းဘုရား စစ်တိုက်ရင်းသေတယ်..။ ကနောင်မင်းအသတ်ခံရတယ်.. သီပေါမင်း ညီနောင်တွေလည်မြိုတုတ်နဲ့ရိုက်သတ်ခိုင်းတယ်.. .. ဗိုလ်ချုပ်အောင်ဆန်းကို ဦးစောလုပ်ကြံတယ်.. ဦးနုကို.. ဦးနေဝင်းနေရာဖယ်ထောင်ချတယ်.. ဦးနေဝင်းကို.. မှုးကြီးသန်းရွှေ.. ဖယ်ထုတ်တယ်..။ .. .. မြန်မာပြည်မယ်.. အေးအေးချမ်းချမ်း တိုင်းပြည်တိုးတက်အောင်လုပ်ပြီး.. ကောင်းကောင်းမွန်မွန်.. လွန်သွားတဲ့.. မင်း..အုပ်ချုပ်သူ.. အစိုးရမှ ရှိဖူးရဲ့လား…။   အဲဒါလေးဖတ်ပြီး လတ်တလော ကျုပ်နေတဲ့ မန်းမှာ ဟိုနေရာ ဟိုလိုသတင်းနဲ့ ရုတ်ရုတ်ဖြစ်နေတာကို အခြေပြုကာ ခဏလောက်အတွေးအဖြစ် အခုလိုတွေးမိသွားတယ်ဗျာ အရင်အရင်က ကိစ္စတွေတော့ ကျုပ်တို့မမှီလိုက်ဘူးပေမယ့် […]


                           “ ကျ နော် ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ”                                                   (အမှတ်တစ်)   ကျွန် တော် တို့ ရဲ့ ဇာ တာ ထန်း ရွက် ပေါ် မှာ “အသက်  ၁၂ဝ ရှည် စေ သောဝ် “လို့ ရေး လေ့ ရှိ ပါ တယ်။ တ ကယ် တော့ လဲ အ သက် ၁၂ဝ အထိ […]


alinsettJuly 13, 20142min59420
အပြင်မှာ နေ့ခင်းလား…. ညနေလား…. ဒါမှမဟုတ် ညလား…. ဘာမှန်းသေချာမသိလောက်အောင်ပင် …..ဤအခန်းက . . .လုံခြုံလွန်းနေသည် ။   တကယ်ဆို ယောကျာ်းတစ်ယောက်နေသောအခန်းတစ်ခန်းသည်….ဤမျှလုံခြုံစရာမလိုလည်း ဖြစ်သည်။ ဒါပေမယ့်. . . ဒီလောက်လုံခြုံမှုနဲ့တောင် လုံလောက်လို့လား. . . . တစ်ခါတစ်ရံတွင် ဆောက်တည်ရာမဲ့လောက်အောင် . . . ဘဝ၏ လုံခြုံမှုများ ပျောက်သွားတတ်တာတော့ သတိရ ရမည် ။ ပိုးစိုးပက်စက် အကာအကွယ်မဲ့ခြင်းများ. . . ကြောက်မက်တုန်လှုပ်ဖွယ်ရာ မျှော်လင့်ချက်ကင်းမဲ့မှုများသည်…. ထင်မထားသော အချိန်မျိုးမှာ …မထင်မှတ်သော နေရာကနေ ဘွားခနဲ ပေါ်လာတတ်သည်မဟုတ်လား။ အဲသည်လိုအခါမျိုးမှာ သွေးရူးသွေးတန်း ဖက်တွယ်ပြီး အားကိုးရာတစ်ခုခုရှာတွေ့ဖို့ တော်တော်ဖြစ်နိုင်ခဲသေးသည်။ကိုယ့်ကို ကိုယ် အားကိုးရမယ်လို့ ဘယ်လောက်ပဲ အားတင်းထားပါစေဦး။ […]


ခင္ခJuly 12, 20141min56119
” စိန်နားကပ်ရောင်နဲ့ပါးပြောင်ကြသူများ “   မနေ့ကရုံးပိတ်တာနဲ့ ခြံထဲထိုင်နေရင်း လက်ပွေ့ရောင်းဂျာနယ်သမားတစ်ယောက်ဖြတ်သွားတာနဲ့ အပတ်စဉ် ထုတ်ဂျာနယ်တစ်စောင်ကိုဝယ်ပြီးဖတ်လိုက်တော့ လတ်တလော သာသနာရေးဝန်ကြီးကို တရားစွဲလို့ ဖမ်းဆီး တဲ့အခါ သူ၏ကိုယ်ရေးအရာရှိ (PA – Personal Assistant)ကိုလည်း ခေါ်ယူသွားသမို့ ထိုPA ၏ ဇနီးသည်က သူ့ခင်ပွန်းကိုဘာကြောင့်ခေါ်သွားမှန်းမသိဘူးဆိုပြီး ဝမ်းနည်းစကားဆိုတဲ့အကြောင်း ဖတ်ရတော့ ခင်ခ တွေးမိ တွေးရာတွေးမိပြန်တယ်ဗျာ PA တွေအကြောင်းပြောပါတယ်။ ဟိုးအရင်အချိန်ကာလတစ်ခုတုန်းက ဆက်သွယ်ရေးစနစ်က အခုလိုလက်ကိုင်ဖုန်း(ဟမ်းဖုန်း)တွေနဲ့ ပြောဖို့နေနေသာသာ ကြိုးဖုန်းတောင်မှ အိမ်ပေါက်စေ့ရှိကြတာမဟုတ်ဘူး ကြိုးဖုန်းတစ်လုံးအိမ်မှတပ်ခွင့်ရဖို့ဆိုတာလည်း လွယ်တဲ့ခေတ် မဟုတ် ဘူးလေ။ အဲဒီမှာ ရန်ကုန် မြို့ထဲစာတိုက်ကြီးဘေးက ဆက်သွယ်ရေးရုံးကို ခင်ခ အိမ်မှာကြိုးဖုန်းလေး တစ်လုံး လောက်တပ်ရအောင် မန္တလေးက ခင်ခ နဲ့ဦးလေးဝမ်းကွဲတော်စပ်သည့်သူတစ်ယောက် ထိုရုံးမှာတိုင်းဂျာ အဆင့် နဲ့ရောက်နေတာမို့ […]


nicolus agralJuly 11, 20141min64215
၁၉၈၆ မှာမွေးတယ် ပုတိဖွား Leo အဖေဖက်ကတော့ သူတို့ကိုသူတို့ အာဏာဟာ မျိုးရိုး ရ ဆက်တည်တယ်လို့ထင်နေတယ့် ရွာသာသာ အလွန်သေးငယ်တဲ့မြို့ကစော်ဘွားမျိုးလို့ပြောတာပဲ အမေဖက်ကတော့ သူတို့ကိုသူတို့ လအုဗုန်းမှန်တဲ့စစ်သူကြီးအမျိုး သူတို့ဖွားမျိုးကလွဲရင် ကျန်တဲ့သူဆို လူစာရင်းတောင်မသွင်းတဲ့သူတွေ ကျနော်တို့မောင်နှမတွေကိုတောင် အမျိုးတခြမ်းရုတ်တဲ့ လက်ရှိ နမခ ရုံးစိုက်ရာ ဖုတ်ထူရေရှားတဲ့မြို့မှာမွေးတယ် အမေဖက်က အဒေါ်တွေလက်မှာကြီးပြင်းလာတယ် အသက်လိမ်ပြီးမူကြိုတက်တယ် (မွေးစာရင်းက ၃ – ၄ ခုလောက်ရှိတာကိုး) သူငယ်တန်း၊ ၁ တန်း ၊ ၂ တန်းကို အမေတာဝန်ကျရာ သာသနာထွန်းကားတဲ့မင်းနေပြည်တော်မှာတက်တယ် အတန်းထဲမှာစာမလုပ်ဆုံး ပြသနာအရှာဆုံး လူစာရင်းမှာပါတယ် ဆရာမတွေသိပ်ချစ်တာ မျက်စိအောက်ကကို အပျောက်မခံရဲဘူး (ထီကနဲဆိုပါပြီးသားပဲ) အတန်းဖော်ကိုခဲချွန်ဒါးနဲ့ထိုးတယ့်ကောင်ပေါ့ အမေကမနိုင်လို့ သူ့မိခင်ရှိတဲ့ လအုဗုန်းမှန်စစ်သူကြီးရဲ့မွေးရပ်မြေကိုပို့လိုက်တယ် ၃ တန်းက ရ တန်းထိအဲ့ရွာမှာနေတယ် […]


Paing LayJuly 11, 20141min5277
အနော် 7တန်းကျောင်းသားဘဝကပေါ့ဂျာ။ တကယ့်ကို အမှတ်ရလေးပါ။ အဲဒီတုန်းက အနော်တို့ နေတဲ့ ကျောင်းဆောင်က အထပ်မြင့် တစ်ထပ်ကျောင်းဆောင်ဗျ။ အထပ်မြင့်ဆိုပေမယ့် ပုံစံက ခြေတံရှည်ဗျ။ ဆောက်ပေးတဲ့ အင်ဂျင်နီယာတွေရဲ့ အိုင်ဒီယာကို အထူးကျေးဇူးတင်မိပါတယ်ဗျာ။ ဘာကြောင့်လဲဆိုရင် အောက်ထပ်မှာက ဖုန် နဲ့ အမှိုက်တွေရယ် ကျောင်းမှာ လိုအပ်ရင်အုတ်တံတိုင်းနဲ့ စည်းရိုးတွေ ထုံးသုတ်ဖို့ထားတဲ့ ထုံးပုံရယ် ဒါပဲရှိတယ်။ အဲဒီအောက်မှာပဲ အနော်တို့က မုန့်စားဆင်းချိန်ရယ်၊ ဂေါ်လီရိုက်ချိန်၊ ကာယအချိန် နဲ့ ကျောင်းသန့်ရှင်းရေးလုပ်ရတဲ့ သောကြာနေ့တွေမှာပေါ့ ကျောင်းအုတ်လှေကားကို ကာဗာလုပ်ပြီး ဖဲခိုးရိုက်ကြတယ်။ ပြီးတော့ အနော်တို့ နေ့လည်ပိုင်းကို ကျောင်းလစ်ပြီး ဗွီဒီယိုရုံ အနောက်မှာ ကြည့်ဖူးတဲ့ အပြာကားအကြောင်းတွေ ဆွေးနွေးကြတယ်။ သူကြည့်ဖူးတဲ့ ကားက ဘယ်လို ငါကြည့်ဖူးတဲ့ ကားကဘယ်လိုပေါ့။ ပြီးတော့ လိင်ကိစ္စနဲ့ […]


Nyo WinJuly 10, 20141min67226
အင်း တစ်နေ ့တာအလုပ်တော့ပြီးဆုံးသွားပြန်ပီ…………. အချိန်က ည၁၁ နာရီစွန်းစွန်းခန် ့..လက်ကနာရီရော ရုံးနံရံမှာချိတ်ထားတဲ့နာရီပါ ကြည့်စရာမလို…. မလိုဆို ဒီအတိုင်းနေ ့စဉ်စခန်းသွားနေရတာ တစ်နေ ့ တစ်လ တစ်နှစ်မှမဟုတ်ပဲကိုး….. ..ဝှူး ကနဲသက်ပြင်းမောတစ်ချက်ရှိုက်ထုတ်ရင်း တိ်တ်ဆတ်နေတဲ့ရုံးခန်းကိုကျောခိုင်းထွက်လာတော့ အပြင်ဩကာသလောကလည်းကိုယ့်ကိုငြီးငွေ ့ဖွယ်အုပ်မိုးကြည့်နေလေရဲ့…… ရှင်းလင်းနေတဲ့လမ်းသွယ်ကနေ လမ်းမထိပ်ထွက်ပြီး တွေ ့တဲ့တက္ကဆီကားတစ်ဆီးတားလိုက်တော့ “ဟာ မင်းသားကြီး တက်လေ xxxxxx ဆိုင်ပဲမဟုတ်လား” ဆိုတဲ့ကားဆရာကိုကြည့်တော့ ကိုယ်လည်း ယောင်ဝါးဝါး…” ဟုတ်ကဲ့ “ဆိုတဲ့စကားတခွန်းနဲ ့နုန်းချိနေတဲ့ စိတ်နဲ ့ခန္ဓာကိုကူရှင်ပေါ်ပစ်တင်ရင်း အိမ်နဲ ့မနီးမဝေးမှာရှိတဲ့ကားသမား ခေါ်ဆောင်ရာဆိုင်ဖက် ဦးတည်ထွက်ခဲ့မိတယ်……. …လျှက်ပြက်သလို တဖျတ်ဖျတ်လက်နေတဲ့ ဒစ်စကိုရောင်စုံမီးတွေနဲ ့       ကျယ်ဝန်းပေမယ့် လူတွေပြည့်လျှံနေတဲ့စာပွဲဝိုင်းတွေကြား ရှားရှားပါးပါး လူမရှိတဲ့မှောင်ကျကျစာပွဲဝိုင်းတစ်မှာ ဝင်ထိုင်ရင်းဘီယာတစ်ခွက်မှာတော့ ့ ခပ်မာမာအကြည့်နဲ ့ဒါပဲလား ဆိုတဲ့ […]


marblecommetJuly 9, 20141min57419
အိပ်ရာက နိုးလာသည်နှင့် ဒီနေ့ နေသာသော နေ့တစ်နေ့ ဖြစ်ပါစေဟု ကျွန်တော် အမြဲ ဆုတောင်းရသည်။ နေသာသော နေ့များ၏ နံနက်ခင်းသည် စိမ်းစိုဝင်းဝါ လှပမည်။ မြက်ခင်ပေါ်မှာ ပန်းများပွင့်၍ လိပ်ပြာများလည်း ပျံဝဲကြမည်။ မြက်ပင်စိမ်းတို့ကြားမှ ပုရွက်ဆိတ်ကလေးများ တန်းစီး၍ ရိက္ခာရှာ ထွက်လာကြမည်။ လူသားအားလုံး၏ နှလုံးသားကို တက်ကြွလန်းဆန်းပျော်ရွှင်မှု ဖြစ်စေမည်။ နေသာသော နေ့တစ်နေ့၏ မင်္ဂလာသည် ထိုမျှှလောက်နှင့် မခမ်းနားသေးပါ။ နေသာသော နေ့တစ်နေ့ ဖြစ်ဖို့ရန်အတွက် ကျွန်တော်ဆုတောင်းရခြင်းမှာ ဂျိုးအတွက်ဟူသော ဝိသမလောဘ အနည်းငယ် ပါဝင်ပါသည်။ နေသာသော နေ့တစ်နေ့ ဖြစ်ပါက ဂျိုး ပျော်ရွှင်မည်။ ကျန်းမာမည်။ ပြီးတော့ အအေးမိ နှာစေးခြင်းလည်း ဖြစ်မည်မဟုတ်။ ဂျိုး နေကောင်းဖို့ရန် အတွက် နေသာရန် ကျွန်တော်၏ […]


alinsettJuly 8, 20141min78531
ရင်တော့ အနာသား ။ ရပ်ကွက်တွေထဲမှာ စာအုပ်အငှားဆိုင်လေးတွေ ရှားပါးကုန်ပြီဗျ ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းကတောင် ရှိပါသေးတယ် ။ အဲဒီ အချိန်လောက်က ကျွန်တော် စာအုပ်အငှားဆိုင်တွေဘက် ချောင်းပေါက်မတတ် အသွားအလာ ရှိနေပါတယ်။ လစဉ် ဖတ်နေရတဲ့ မဂ္ဂဇင်းတွေကြောင့်. . . အသစ်ထွက်နေတဲ့ ရသဝတ္ထုတွေကြောင့်  ဖတ်ချင်စိတ်တွေတဖွားဖွားပေါ်နေတာပါ။ ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးဆီမှာ ဖတ်ချင်တဲ့ စာအုပ်သစ်. . . မရောက်သေးရင် ဟိုဘက်ရပ်ကွက်တွေအထိ ဝေးချင်ဝေးပါစေ . . . သွား ငှားဖတ်ခဲ့တာပါ ။ စာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန်တော်ဟာ . . . နှစ်ပေါင်းများစွာ အဆက်အသွယ် ရှိနေခဲ့ခြင်းပါ။ မြို့နယ်ပြောင်း အိမ်ပြောင်းရရင်လည်း ရောက်ရာအရပ်မှာ စာအုပ်အငှားဆိုင်ကို မရမကရှာပြီး ငှားဖတ်ခဲ့တာ. […]


    “ စာ နယ် ဇင်း လွတ် လပ် ခွင့် ဆို တာ ဒါ လောက် ဘဲ အသုံး ချဘို့ လား”     ဒီ နေ့ မ နက် ဘဏ် ရောက် တော့ အ လှည့် စောင့် နေရင်း   ပျင်း လို့  ဂျာ နယ် တစ် စောင် ကောက် ဖတ် လိုက် ပါတယ်။     ဖတ် ရင်း ဖတ်ရင်း နဲ့ ရုပ် ရှင် ကြော် ငြာ တစ် ခု ကို  ဖတ် […]


etoneJuly 6, 20141min80127
အသက်မွေးဝမ်းကြောင်း အလုပ် အပေါ် တာဝန်ကျေဖို့ ကြိုးစားရင်း ရွာထဲဝင်ပြီး စာမရေးဖြစ်တာရော မဖတ်ဖြစ်တာရော ကြာခဲ့ပါပြီ …. အရင်ကလို မိုးလင်း မိုးချုပ် ရွာရိုးကိုးပေါက်လည်း မလျှောက်နိုင်တော့ဘူး ။ ရွာကြီးကနေ မြို့ဖြစ်သွားတဲ့ သတင်းရော ပိုပြီး လူပိုများလို့ စည်ကားလာတယ်ဆိုတဲ့ သတင်းရော … တချို့ .. တချို့သော … သတင်းတွေပါ ခပ်သဲ့သဲ့တော့ ကြားနေရပေမယ့် …. အရင်ကလို အရပ်တကာလှည့်ပြီး ရန်မတွေ့နိုင်တော့ဘူး …. တအိမ်တက် တအိမ်ဆင်း အတင်းလိုက် မပြောနိုင်တော့ဘူး ….. ။ ဒီနေ့ … အဲ … ဒီည …. ဒါလည်း မဟုတ်သေးဘူး ဒီမနက် ဝေလီဝေလင်းတော့ (ဒါဆိုပိုမှန်မယ် ….. ) […]