marblecommetMay 1, 20141min5219
ပထမဆုံး တနင်္ဂနွေလေတံခွန်ကို ဘယ်လို လွှတ်တင်ရမယ် အမြဲတမ်း လေထဲမှာ လွင့်ဝဲနေရမယ့် အဓိပ္ပာယ်အတွက် အတောင်တွေကို ပုံမှန်ထက် ပိုမို ဆန့်ထုတ်နေရခြင်း လေးပုံတစ်ပုံ ဖော်ပြပါ တနင်္ဂနွေမှာ အသံထက်မြန်တဲ့ ဝံပုလွေဟာ ယုံကြည်မှုရဲ့ ခန်းဆီးတွေကို သွယ်ဝိုက်နမ်းရှိုက် သိုးကလေး၊ ယုန်ကလေးနဲ့ အမြဲလွင့်ဝဲနေရမယ့် တိမ်တွေကို ဝယ် မယ်…။ နိစ္စဓူဝဓမ္မ ဆက်တင်မှာ ဤ ကံသုံးပါးထဲမှ တပါးပါးသော ကံကို ဖောက်ဖျက်ကျူ းလွန်မိသည်ရှိသော် နေကာမျက်မှန်တစ်လက် အမြန် ဝယ်ယူတပ်ဆင်ဖို့ မမေ့ရန်နှင့် ပူပြင်းခြောက်သွေ့သော နွေရာသီတွင် အရက်ကို ချွေတာသောက်သုံးရန် ထို့အပြင် သူမရဲ့ ဗိုင်းကောင်းကျောက်ဖိ မော်တော်ကားလေးကလည်း ကြိုက်တဲ့လမ်းကို ရွေးဖို့ စိန်ခေါ်ခွင့်ပြုထားရင်းနဲ့ တိမ်တွေကို ဝယ် မယ်…။ တောင်ကလပ်မှာ ညို့နေတဲ့ နှင်းတွေကို […]


alinsettMay 1, 20141min83328
ဘုရား ဘုရား ဒီညလည်း အိပ်မပျော် လန့်နိုးလာခဲ့ပြန်ပြီ။   အတွေးတွေနဲ့ ကြောက်လန့်တကြား လန့်နိုးခဲ့ရတဲ့ အိပ်ပျက်ညတွေ အတော်များပြီပဲ။   တကယ်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်သည် ။ ဘာအတွက် ထိတ်လန့်နေသလဲ ဘာကို ကြောက်ရွံ ့နေသလဲ ဘာက ကျွန်တော့်ကို တုန်ရီလှိုက်မောစေသလဲ အဖြေမရှိသော ပုစ္ဆာတော့မဟုတ်ပါ ။   ရင်တွင်းတနေရာရာက တုန်တုန်ရီရီဖြစ်နေတာ သေချာသည် ။ တစ်ခုခုကို ကြောက်ရွံ ့ ထိတ်လန့်နေတာ သေချာသည်။ အချိန်က ည နှစ်နာရီ လူတွေအားလုံး အိပ်မောကျနေချိန် ဒါလည်း သေချာသည် ။ ကံကြမ္မာဆိုးတွေ ထပ်ဝင်လာမှာကို ကြောက်နေတာများလား။ အတိတ်တုန်းကလို သေချင်လောက်အောင် ပူဆွေးသောက ရောက်ခဲ့တဲ့အဖြစ်ဆိုးမျိုးတွေနဲ့ ထပ်ကြုံရမှာကို ကြောက်နေတာ ထင်ပါရဲ […]


moonpoemApril 30, 20141min49120
ခွင့်လွှတ်ခြင်းအနုပညာတဲ့လား။စကားလုံးက ၃လုံးထဲပေမယ့် အင်မတန်ခက်ခဲတဲ့ အနုပညာတစ်ရပ်ပါ။ ခွင့်လွှတ်ခြင်း စစ်မှန်ရင် သူ့ရဲ့အမှားကို ပြန်ပြီးတော့အပြစ်မတင်ရဘူး။ ပြန်ပြီးတော့ မထိုးဆွရဘူး။ပြန်ပြီးတော့ ကလဲ့စား မချေရဘူး။သူ့နောင်တနဲ့သူ သူ့သင်ခန်းစာနဲ့သုူ သူ့ဘဝသူ ကောင်းမွန်အောင် တည်ဆောက်ခွင့်ပြုလိုက်ခြင်းသည်သာ ခွင့်လွှတ်ခြင်း အစစ်အမှန်ဖြစ်တယ်။ အဲဒီအတွက် ခွင့်လွှတ်ခြင်း ပြုခံရသူအတွက် စိတ်ကျေနပ်ခြင်းရကောင်းရနိုင်ပါတယ်။ဒါပေမယ့်ခွင့်လွှတ်ပေးလိုက်ရသူဘက်မှာတော့ တစ်ဘက်က ပြုခဲ့တဲ့ အမှားများရင် များသလောက် ခံစားခဲ့ရပေမယ့် နာကျည်းခြင်းတွေကို မြိုချနိုင်စွမ်းရှိရမယ်။ ခါးသီးမှုတွေကိုသည်းခံနိုင်စွမ်းရှိရမယ်။နာကျင်ခြင်း တွေကို ဝါးမြိုပစ်နိုင်စွမ်းရှိရမယ်။ ကျွန်မကိုယ် ကျွန်မ ပြန်သုံးသပ်ကြည့်တဲ့အခါ အောက်တန်းကျပြီး အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေ အပြစ်တွေကို နှစ်ရှည်လများ ကျူးလွန်ခဲ့တဲ့သူတို့တွေရဲ့ အကြောင်းကို မေ့ပစ်လို့တောင် မရသေးတဲ့အတွက် ခွင့်လွှတ်နိုင်ဖို့ဆိုတာ အတော်လက်လှမ်းဝေးပါတယ်။ ဒါဟာမလွယ်ကူတဲ့ လုပ်ရပ်တစ်ခုပါ။ အသက်အရွယ်တစ်ခုမှာ အခြေအနေအရ အချိန်အခါအရ တရားဓမ္မအရ ခွင့်လွှတ်ခြင်း အနုပညာဆိုတာကို လက်ခံကျင့်သုံးနိုင်လာခဲ့တဲ့ […]


ဇီဇီApril 30, 201412min62324
ဂီ တစ်ယောက် လွမ်းတော်မူလို့ စာကိုစီ တဲ့ စာစဉ် ၁ မှာ ကျနော့ ကို ပြောထားတော့ ကျနော်လည်း ကျနော့မောင်လေးကို လွမ်းလို့ စာစီချင်သော်လည်း စာရေးးး မကောင်းးးးးးး :mrgreenn: ဒါနဲ့ပဲ ကျနော့ ကဗျောင်စာတွေ သူကဗျက်လုပ်ထားတာတွေရယ် သူများ ကဗျာတွေကို သူ ကဗျက်လုပ်ထားတာတွေရယ် တွဲ တင်ပြမယ်စိတ်ကူးတယ်။။   ကျနော် ရွာထဲရောက်ပြီး မကြာခင် သများ ဖဘကို အရင် ဆုံးရှာတွေ့တာ သူပါ။ ရွာထဲမှာ ကော်မန့်ကို မပေးရဲ ပေးရဲ စပေးတော့ ပို့(စ) ပိုင်ရှင်တွေ ရီပလိုင်းမလုပ်ခင် သူက ဝင်ဝင်ပြောတတ်လို့ အခြေအတင်ငြင်းရာက ဒီရွာမှာ ကော်မန့်ပေးရတာပါ စိတ်ပါလာရော ဆိုပါတော့။ ကျနော် မြင်ဖူးတဲ့ အဲဒီ […]


alinsettApril 29, 20141min47714
    အခုတလော . . . သူရ ဖတ်ဖြစ်နေတဲ့စာအုပ် သုံးအုပ်ရှိပါတယ် ။ ပထမဆုံး ဖတ်တဲ့စာအုပ်က  ဖတ်ပြီးသားကို ပြန်ဖတ်ခြင်းပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ”လီရနာ ဂင်္ဂ ါ ဧရာဝတီ ကဗျာ၏ သင်္ခါရ နှင့် နိယာမ ” ဆိုတဲ့စာအုပ်ပါ။ ချစ်သော ကထူးဆန်းကြီး လက်ဆောင်ပေးထားတဲ့စာအုပ်။ အဲဒီ စာအုပ်ကို ဖတ်ပြီး တွေးမိတာတွေ . . . .ချရေးမိတာတွေ ရှိပါတယ် ။ ဒါက ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ့် စာပေအနုပညာ သဘောတရားတွေမို ့ နောက်များမှ ပြောပါတော့မယ် ။ နောက်တစ်အုပ်ကလည်း ဖတ်ပြီးသား ပြန်ဖတ်တာပါပဲ။ ဆရာဖေမြင့်ရဲ ့ ”ဘာကြောင့် ဒီမိုကရေစီ လိုချင်ရသလဲ” ဆိုတဲ့ […]


IrisApril 26, 20141min62525
..အရမ်​းဝမ်​းနည်​းတဲ့ အခါ သူငယ်​ချင်​း​တွေကိုဖွင်​့​ပြောပြပါ။ သူတို့တစ်​​ယောက်​ခြင်​းစီကကြားရတဲ့ အကြံဉာဏ်​​တွေကို နား​ထောင်​ပြီး ပြန်​လည်​​ဆွေး​နွေးပါ။ ဝမ်​းနည်​းတာ​တွေ​မေ့သွားပြီး​တော့ မင်​းဟာ သင်​ချာတစ်​ပုဒ်​အ​ဖြေရှာ​နေရသလို​ပျော်​ရွှင်​လာလိမ်​့်​မယ်​။ (ငါငို​နေမှန်​းသိတုန်​းက မင်​းအနားချက်​ခြင်​း​ရောက်​လာပြီး စကား​တွေအများကြီး​ပြောပြီး ပြုံးရယ်​​စေခဲ့သလို​​​ပေါ့။) ..ပြသနာ တစ်​ခုကို ကိုယ်​တိုင်​မ​ဖြေရှင်​းနိုင်​တဲ့အခါ လက်​​လျှော့ မပစ်​လိုက်​ပါနဲ့။ ​မင်​း​ဘေးနားကအကူအညီ​တွေကို လိုလိုလားလား လက်​ခံလိုက်​ပါ။ အဲ့ဒီ အခါမှာ မင်​းမ​ဖြေရှင်​းနိုင်​တာမဟုတ်​ဘဲ ​ပျောက်​​နေတဲ့ကွင်​းဆက်​​လေးကို သူတို့ဆက်​​ပေးတယ်​ဆိုတာသိလာလိမ်​့မယ်​။ သူတို့ကိုလိုလိုလားလား​ကျေးဇူးတင်​​ကြောင်​းပြလိုက်​ပါ။ ..အမှားတစ်​ခုတစ်​ခု လုပ်​မိတဲ့ အခါ ဖုံးကွယ်​မထားမိပါ​စေနဲ့။ အသိ​ပေးပြီး အမှန်​ပြန်​ ဖြစ်​​အောင်​ လုပ်​ပြလိုက်​ပါ။ (ဟီး အဲ့ဒီ အချက်​ က မင်​း ဆီ က ငါ အတုခိုးထားတာ) ..စကားအမှား​ပြောမိမှာ မစိုးရိမ်​ပါနဲ့…သူတို့က မင်​းထင်​သ​လို မင်​းကို အထင်​​သေးမှာ မဟုတ်​ဘူး။ မင်​း နားလည်​လာ​အောင်​ရှင်​းပြမယ်​ဆိုတာ သူတို့ရင်​ထဲက ရည်​မှန်​းချက်​ပဲ။ […]


marblecommetApril 26, 20141min3965
စက်သေနတ်သံလို တံတားပေါ် ရထား ဖြတ်ပြေးသံမှာ လမ်းဘေး သစ်ပင်တို့ ကပိုကရို လန့်နိုး ပြတင်းတံခါးပေါ် မှီနေတဲ့ ကဗျာဆရာနဲ့ အကြည့်ချင်း ဆုံကြတယ် သူတို့ ရှက်ရွှံ့မသွားကြဘူး ဟော့ဒီလို အဝေးသွားညမျိုးဆို ငယ်ဘဝ ဝှက်ဖဲလေးအကြောင်း အလွမ်းကျင့်ရင်း အတွေးက ရထား တစ်စီးစာ ဆိုက်ရောက်လာ ။ ရထားပေါ်မှာ ရထား ပြည့်လုနီးပါး အိပ်မက်တွေ အပြည့် မေ့နေတဲ့ လိပ်စာကို မယူလာမိပေမဲ့ ခရီးကတော့ ထွက်လာခဲ့ပါပြီ။ ရထားနဲ့ သူနဲ့ အလိုတူ အလိုပါ ရောက်တဲ့မြို့တိုင်းမှာ ကဗျာရေးလို့ရရင် ပြန်မလာချင်တော့ဘူး ဇွတ်တရွတ် ဂီယာအဆုံးဖွင့် ကျောပိုးအိတ်ထဲ အရောင်လွင့် 501 တွေကလည်း သူ့ကို မတွေဝေခိုင်းဘူး။ တိတ်တိတ်ပုန်းကဗျာတွေ အကြောင်း သူတို့ မသိတာ သက်သာတယ် […]


အပြာ လွင် လွင် “ကန် တော့ ရသော အကျိုး အား ေ ကြာင့်” ဒီနှစ် သ င်္ကြန် တွင်း က တော့ ဦး အောင် မောင်း အ ဖို့ ပျင် း စ ရာေ ကာင်း လှ ပေ သည်။ ဦးအောင် မောင်း ဆီ ကို ခါ တိုင် း လို လာ သော ဧည့် သည် မရှိ။ တပည့် တပန်း များ က လဲ မလာ ကြ။ ဧည့် သည် မ လာ တော့ ဧည့် […]


ဇီဇီApril 23, 20141min74629
  စက်ရုပ်လို လူတွေ နေတဲ့နိုင်ငံ….. ပိုက်ဆံအကြောင်းပဲတွေးတဲ့ နိုင်ငံ….. ချစ်ခြင်း မေတ္တာမရှိတဲ့ နိုင်ငံ….. ရယ်မောခြင်း ရှားပါးသော နိုင်ငံ….. အနုပညာ အရည်အသွေး ညံ့ဖျင်းသော နိုင်ငံ….. အိပ်ချိန်နဲ့ စားချိန်က လွဲလို့ အလုပ်အကြောင်းပဲ စဉ်းစားနေရတဲ့ နိုင်ငံ….. ကိုယ် အကြိုက်ဆုံး ဆောင်းရာသီမရှိသော နိုင်ငံ….. ကိုယ့်ကို ချစ်တဲ့သူ နည်းပါးသော နိုင်ငံ….. World’s Most Emotionless Countries Top (5) ထဲမှာ ပါတဲ့ နိုင်ငံ….. ဒီနိုင်ငံမျိုးကို လွန်ခဲ့တဲ့ ရ နှစ်လောက် က ဘာလို့ နန့်နန့်တက် လာချင်ခဲ့လည်း စဉ်းစားလို့ကို မရဘူး။ . . . . . . […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဒီနှစ်ပိတ်ရက်အစမှာတော့ သူငယ်ချင်းတစ်ယောက်က သူခြံဝယ်ထားတယ်တယ်ဆိုတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာယာကို လိုက်ခဲ့ဖို့ခေါ်လို့ အလည်သွားဖြစ်ခဲ့ပါတယ်… ၁၂ ရက်နေ့မနက် ရနာရီခွဲ သူငယ်ချင်းသုံးယောက် ရန်ကုန်က စထွက်ဖြစ်ပါတယ်…… ခရီးစဉ်အရက ပုသိမ် မုံရွာလမ်းအတိုင်း သွားပြီး ဂွတောင်ကြားလမ်းကနေ ရိုးမကိုကျော်.. ကမ်းသာယာကိုရောက်ပြီပေါ့….အစထဲက ယဉ်သကိုဆိုသလို လှိုင်သာယာအထွက်မှာပဲ ပြဿနာကစပါတော့တယ်…ဘုရင့်နောင်တံတားဖြတ်တော့ […]


ခင္ခApril 22, 20141min43617
မြန်မာတို့၏ မဟာသင်္ကြန် မြင်ကွင်းခဏတာ   ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ်သို့ ကူးပြောင်းခြင်းတွင် အစဉ်အလာမပျက် ကျင်းပသော မြန်မာတို့၏ မဟာသင်္ကြန်က ပြီးမြောက်ကုန်လွန်ခဲ့လေပြီ။ ရန်ကုန်မြေခဏရောက်တုန်း ထို မြန်မာတို့၏ မဟာသင်္ကြန်ကို ခဏတာလှည့်လည်ကြည့်လေသော်အခါ ထို ကျင်းပပြုလုပ်ခဲ့သော မဟာသင်္ကြန်ကာလအတွင်း လေ့လာဆန်းစစ်မှုစစ်တမ်းအရ မြန်မာတို့၏ မဟာသင်္ကြန်တွင် အများဆုံးတွေ့ခဲ့ရသည်ကလည်း မြန်မာ တို့ပင်ဖြစ်ပေသည်။ မြန်မာတို့၏ မဟာသင်္ကြန်ကို မြန်မာတို့လွှမ်းတာ ဆန်းပါသလားလို့ ပြောချင်ပြောကြပေလိမ့်မည် ကျုပ်အတွက်တော့ ဆန်းတယ်ဗျ။ ခေတ်သည်ကရေစီးချောင်းသဖွယ်ဆိုရင် ထိုရေစီးချောင်း၏လားရာသည် နောင်အခါ အဘယ်သို့နည်း။ မြန်မာ ဆိုတာ မြန်မာဘီယာပါ။     ခင်ခ။


alinsettApril 20, 20144min79230
  ဒီနှစ် သင်္ကြန်က ဟိုနှစ်သင်္ကြန်နဲ့အတော်လေး ကွဲလွဲခဲ့ပါတယ် ။   ဒီနှစ်ခရီးရက်ရှည် ထွက်ခဲ့မိတာ မှားယွင်းမှုတစ်ခုလား အမှန်တရားတစ်ခုလား ဘာမှန်းကို မရေရာတော့ပါဘူး။   မသေလို့ ပြန်ရေးပြနိုင်တဲ့ ခရီးစဉ်ဆိုတဲ့စကားက အလကားပြောခဲ့တာမဟုတ်ပါဘူး။   တကယ့်ကို သေမယ့်ဘေးနဲ့ သီသီကလေးတွေ ကပ်လွဲပြီးမှ သက်ပြင်းကြီး ဟင်းခနဲ ချရင်း ပြောရတဲ့စကားပါ ။   ဟုတ်ပါတယ်။ ဒီသူရ . . . ဒီခရီးကိုထွက်ခဲ့ပြီး. . . ဒီလိုပြန်ပြောပြနိုင်တာ. . . မသေခဲ့လို့ပါ ။   ဒီလိုပါ. . . . .   _____________   သူရ တည်းတဲ့ စိန္တာရွာ ဆိုတာက […]


Ma MaApril 20, 20141min64244
ရိပ်သာတစ်ခေါက်ဆိုလို့ တရားအကြောင်းရေးမယ်လို့ ထင်နေကြမယ်ထင်တယ်။ မဖတ်ဖြစ်ပဲ ခုန်ကျော်သွားမှာစိုးလို့ ကြိုတင်ရှင်းလင်းချက်ထုတ်ထားတာ။ 😀 အမှန်တော့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသလို ရိပ်သာရောက်ပြီး ပေါ်လာတဲ့အတွေးလေးတွေကို ရေးချင်လို့ ခေါင်းစဉ်ကို ဒီနာမည်ပေးလိုက်တာပါ။ 🙂 အဆိုးထဲက အကောင်း ဒီနှစ်သင်္ကြန်ဘယ်သွားမလဲလို့ အမွှာညီအမနဲ့လည်းသိ၊ ကိုယ်နဲ့လည်းသိတဲ့ မိတ်ဆွေတစ်ယောက်က မေးလာပါတယ်။ ထုံးစံအတိုင်း ရိပ်သာ ပေ့ါလို့ ဖြေလိုက်တယ်။ ဟာ- ရိပ်သာမသွားပါနဲ့အုံး။ အန်တီတို့နှစ်ယောက်အဖော်ရှိတာ လျှောက်လည်ကြပါလား လို့ ဆိုလာပါတယ်။ ဟိုးတုန်းက နှစ်သစ်ပြောင်းခါနီးလို့ ပြက္ခဒိန်အသစ်တွေ ထွက်ပြီဆိုတာနဲ့ မိသားစုတွေ ပိတ်ရက် ၂ရက်ဆက်ကို ပြက္ခဒိန်မှာ ရှာတော့တာကို သွားသတိရမိပါတယ်။ အနည်းဆုံး၂ရက်ပိတ်မှ ခရီးသွားဖို့ အဆင်ပြေတာမို့ အဲဒီလိုပိတ်ရက်ကို ကြို ကြည့်ပြီး ဘယ်သွားမလဲလို့ ကြိုတင်စီစဉ်တော့တာပါပဲ။ သင်္ကြန်ပိတ်ရက်ဆိုတာကတော့ နှစ်တိုင်းလျှောက်လည်ဖြစ်တာပေ့ါ။ မိသားစုတွေ မောင်နှမတွေ […]