၂၀၁၅ ကြိုတင် မဲ ပေး ဖို့ အတွက် စလုံး က လူတွေ ညအိပ်ပြီး စောင့်ကြတာ တန်း အရှည်ကြီး စီကြရတာ မဲစာရင်း ထဲ မပါ လို့ ငိုကြယိုကြတာ နေပူထဲ အကြာကြီး နေရလို့ မူးမေ့လဲကုန်ကြတာ ကို အိုဗာတင်း တွေ ပါ အလကား သက်သက် အပို လုပ်တာ ပါ ဆိုပြီး ပြောတဲ့ လူတွေ တွေ့လာတော့ ဆရာ မောင်မိုးသူ ဘာသာပြန် တဲ့ အိတ်ဇိုးဒပ် ဝတ္ထု ကို သွား သတိရတယ်။ ဂျူး တွေ အစ္စရေး နိုင်ငံ ထူထောင်တဲ့ အကြောင်း အဲ့ဒီ ဝတ္ထု ရဲ့ အစ […]


CourageSeptember 28, 20151min62316
ရှက်လိုက်တာ လက်ကုန်ပါပဲ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီနေ့ကျောင်းကအပြန် ဗိုက်နည်းနည်း ဆာလာတာနဲ့ အိမ်ကိုတန်းမပြန်ပဲ အိမ်နားက လက်ဘက်ရည်ဆိုင်ကို ဝင်ထိုင်လိုက်တယ်ပေါ့။ အဲ့ရောက်တော့ လက်ဘက်ရည်ရယ် ကြက်ဥပလာတာရယ်မှာပြီး အိပ်ထဲပါလာတဲ့ ipadကိုထုတ်ပြီး ဆရာ ရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား ဝတ္ထုကိုဖတ်လိုက်တယ်လေ။ သိပ်မကြာခင်အချိန်မှာ ဆိုင်ထဲကို အမျိုးသမီးနှစ်ဦး (အရွယ်ကတော့ သိပ်မကြီးသေးပါဘူး ကိုယ်တွေနဲ့မတိမ်းမယိမ်းလောက်ပဲ ရှိမှာပါ) ဆိုင်ထဲကိုဝင်လာတယ်။ တစ်ယောက်က ဖူးစကဒ်ဆိုဒ် စာအုပ်လေးကိုင်လို့ တစ်ယောက်က ယူခူလီလီ(Ukulele) ဂစ်တာလေးကိုင်လို့။ သိလိုက်ပါပြီ… ဒါအလှူခံတွေပဲ ဆိုတာကိုလေ။ ဒါနဲ့ပဲ နဂိုကတည်းက သဒ္ဓါတရား ထက်သန်သူဖြစ်တဲ့အလျောက် မျက်လုံးတောင် ပင့်မကြည့်တော့ပဲ မသိချင်ယောင်ဆောင်နေလိုက်တယ်လေ။ ဒါမဲ့ သိပ်မကြာပါဘူး ရှေ့ကဝိုင်းကို အလှူခံ ဂျေဆင်မရပ်စ်ရဲ့ အိုင်အမ်ရော့စ် သီချင်း တစ်ပိုင်းတစ်စဆိုပြပြီး အနားကိုရောက်လာလေရဲ့။ ပြောပြီးသလိုပဲ သဒ္ဓါတရားက သိပ်ကောင်းတာဆိုတော့ […]


မြစပဲရိုးSeptember 20, 20151min29510
ဘာရယ်မဟုတ်ပါဘူး။ ဒီမနက် သတင်းတစ်ပုဒ် ဖတ်ပြီး ရေးချင်လို့ ရေးတဲ့ စာပါ။ ကျွန်မ ပြောနေတာ ငါအမှန်လို့ မပြောကြောင်း ကြိုပြီးပြောပါတယ်။ ပြီးခဲ့တဲ့ အပါတ်ထဲမှာ အမေရိကား က တက်ဆက်ပြည်နယ်မှာ အာမက်မိုဟာမက် လို့ ခေါ်တဲ့ ၁၄နှစ်အရွယ် မူဆလင်ဆယ်ကျော်သက်ကောင်လေး တစ်ယောက် အဖမ်းခံရတဲ့ သတင်း ကို သိကြမှာပါ။ အဲဒီ ကလေးက အင်ဂျင်နီယာပိုင်းဆိုင်ရာ (အဓိက ရိုဘော့) တီထွင်မှု တွေ ကို အတော်အားသန်တဲ့ ကလေးဖြစ်တယ်။ သူ့ရဲ့ မိဘ က ဆူဒန်ကနေ ပြောင်းရွှေ့လာတာပါ။ အခင်း ဖြစ်တဲ့နေ့က သူ့ရဲ့ တီထွင်မှု နာရီလေး ကို ယူလာပြီး သူ့ အင်ဂျင်နီယာ ဆရာကို ပြခဲ့သတဲ့။ အဲဒီ ပြ […]


မြစပဲရိုးSeptember 19, 20151min60125
ကျွန်မ ရဲ့ အစွဲ ပြုတ် သွားပုံ ကို ကြေငြာလိုက်ပါရစေ။ .ဒေါ်အောင်ဆန်းစုကြည် ကို ချစ်လဲ သူ့စကား တိုင်း က ကိုယ်နဲ့ ကိုက်တာတော့ မဟုတ်ခဲ့ဘူး။ ဥပမာ ပြောရရင် “လူ” နဲ့ “စနစ်” မှာ သူက “စနစ်”  က ပိုပြီး အရေးကြီးတာ ကို လက်မခံ နိုင်ခဲ့ဘူး။ “လူကောင်း” က သာ “စနစ်ကောင်း” ကို ပြင်ပေးနိုင်မှာလို့ ခေါင်းမာမာ နဲ့ တစ်ချိန်လုံး ပြန်ငြင်း နေခဲ့တာ အခုချိန် လက် တွေ့ ကြုံ မှ ကိုယ် သူ့ကို ငြင်း နေတာ မှားကြောင်း သိရတယ်။ ဘာလို့လဲ ဆိုတော့ အရာရာ […]


ဇီဇီSeptember 18, 20151min94921
ပြောရရင် ကိုယ်တိုင်လည်း စိတ်ပေါက်လာတဲ့ အခါ … ပြောတာ ဆိုတာ ရန်စ တာ ပြန်ချေပတတ်တာ အစွန်းရောက်ရောက်သွားတယ်။ ကိုယ်တိုင်လည်း သိတာမို့ ထိန်းသိမ်းနေတာပဲ။ . . စဉ်းစားကြည့်ရင် ကိုယ့်နိုင်ငံ ကာကွယ်နေတဲ့ တပ်မတော်ကို အမြင်မကြည်ရတာ အတော်ကို စိတ်ဆင်းရဲစရာကြီးပါ။ ကျနော်တို့ ကိုယ့် တပ်မတော်ကို ကိုယ် ယုံကြည်ချင်ပါပြီ…!!! 😥 အဖိုးလေး ဗိုလ်ချုပ်တွေ၊ ဦးလေး စစ်ဗိုလ်တွေ စစ်မြေပြင်က အကြောင်းတွေ ဟာသနှောပြီး ပြောပြတိုင်းလည်း အဲဒီ ဟာသနောက်က ဒုက္ခတွေကို မြင်တာမို့ မရီရက်ခဲ့ဘူးး။ သူတို့ ခေတ် စစ်တက္ကသိုလ်မှာ ဝါဒဖြန့်တာတွေ၊ ဘရိန်းဝပ်(ရှ) လုပ်တာတွေ မရှိခဲ့လို့ လားတော့ မသိ၊ ခုခေတ် စစ်သား/စစ်ဗိုလ်တွေထက် စကားပြောတာ အလယ်အလတ် […]


ေဟသီAugust 31, 20151min58013
ယုံကြည်မှု နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာတရားက ကတိကဝတ်နဲ့ ရိုက်ချိုးခံရတယ်။။ လူတွေက သစ္စာတရားကို စာရွက်တစ်ခုပေါ်က ခြစ်ရာတစ်ခုထက် ပိုမြတ်နိုးကြတယ် အဖေ…………   ကန်တော့ပွဲနဲ့ မိသားဖသားပီပီ အဖေလာခဲ့စဉ်တုန်းက ပေးခဲ့တဲ့ ကတိနဲ့ ဘုရားသခင်ရှေ့မှာ အမေက နာသည်ဖျားသည် အိုမင်းသည်ထိလို့ ပြောခဲ့တဲ့စကား အဖေရုပ်ခန္ဓာ မီးသဂြိုလ်စက်ထဲ ထည့်တဲ့အထိ တည်ပါတယ်…….   ဖောက်ပြားတဲ့ ယောကျာင်္းတွေကြောင့်ပါလို့ ပြောတယ် ဒါပေမယ့် သူတို့တွေ အဲ့ဒီ ကျန်ခဲ့တဲ့ မိန်းမတွေကိုပဲ မြေနိမ့်ရာ လှံစိုက်ခဲ့တာပါ….   တစ်ခုလပ် တစ်လင်ကွာ သုံးလင်ပြောင်းတဲ့ မယား အို…..စုံလို့ သူတို့ပဲ အမည်တပ်ကြတာ… တံခွန်မရှိတဲ့ ရထား လင်မရှိတဲ့ မယား ပြီးတော့ နစ်နာမှာစိုးလို့ ဆိုပြီး သူတို့ပဲ စည်းတွေတားနေကြတယ်…… ငွေရှိမယ့် […]


NovyAugust 26, 20151min58619
လူရယ်လို့ဖြစ်လာရင် တစ်နေ့နေ့ တချိန်ချိန်မှာတော့ လူလိမ်လူညာလူယုတ်မာတွေနဲ့ ဆုံတွေ့ရမှာမလွဲပါဘူး လောဘနောက်လိုက်သွားရင်တော့ သေခြာပေါက်ဒုက္ခရောက်မှာပါဘဲ စဉ်ချင်တုံ တရားလေးမမေ့ကျပါနဲ့ ကျမ မနေ့ညကပူပူနွေးနွေး ကြုံလိုက်ရတဲ့ လူလိမ်တစ်ယောက်ရဲ့ လိမ်နည်းလေးကို အများသူငါသိရလေအောင် ပြောပါရစေ အားလုံးလဲ သတိထားနိုင်အောင်လို့ပါ ဖြစ်ပုံကဒီလို တိုက်ကြီးက ကျမခြံကို ရောင်းဖို့ သတင်းစာမှာ ကြောငြာထည့်ဘူးပါတယ် ဆက်သွယ်ရမဲ့ ဖုံးအပါအဝင်ပေါ့ မနေ့ည ၈နာရီ ၁၅လောက်မှာ လူတစ်ယောက်ဖုံးဆက်လာပါတယ် ခြံဝယ်ချင်လို့ပါတဲ့ ပိုင်ရှင်လား အကျိုးဆောင်လားတဲ့ ကျမကပိုင်ရှင်ပါလို့ပြောတော့ သူကတိုက်ကြီးကရဲမှူးသိန်းအောင်ပါတဲ့ ၃ဧကလောက်ခွဲရောင်းပါတဲ့ ဒီည ၉နာရီခွဲငွေလာချေပါ့မယ်တဲ့ ကျမအိမ်လိပ်စာတောင်ပြောလိုက်မိတယ် ကျမဒီအထိလိမ်နေမှန်းမသိသေးဘူး ဒီအတိုင်းငွေချေလို့မရဘူး သက်ဆိုင်ရာလူကြီးတွေရှေ့မှာ လုပ်မှရမယ်လို့ပြောလိုက်တယ် အဲ့ဒီအချိန်မှာ ဖုံးလိုင်းက သိပ်မကြားရတော့ဘူး ဒါနဲ့ ကျမပြန်ခေါ်လိုက်ပါ့မယ်ဆိုပြီး ဖုံးချလိုက်တယ် အပြင်သွားနေတဲ့ ကျမအမျိုးသားကို ဖုံးဆက်ပြီးပြန်လာခိုင်းလိုက်တယ် ပြီးတော့ သူဆီကိုပြန်ဆက်လိုက်တယ် တခြားဖုံးတစ်လုံးနဲပါ့ […]


ဒီနေ့ သရုပ်ဖေါ်ကာတွန်းဇတ်ထုတ်လေးတစ်ခုပြန်ဖတ်ရသဗျ ပန်းချီသရုပ်ဖေါ်လက်ရာကတော့ တော်တော်ကောင်းလှသဗျာ……ဒီလို..ဒီလို                                                                                                       […]


alinsettAugust 25, 20151min59797
                            အမှတ်တရမှ အမှတ်ရရသို့… ~~~~~~~~~~~~~~~~~~~~~~ .ကျနော့် ဆွေတော်မျိုးတော် ရွာသူားများနဲ့ တိုင်ပင်စရာ ၁ခု ရှိလို့ပါ။ .ဝိုင်းဝန်း ဆွေးနွေး အကြံပေးကြပါအုန်း။ .၁ယောက်၁လက်လည်း ကူနိုင်တဲ့ အပိုင်းက ဝင်ကူပေးပါအုန်း။ .ဒီလိုပါ။ .ကျနော်တို့ မြန်မာ့ဂဇက် Members အနေနဲ့ ပြက္ခဒိန်လေး ထုတ်မလားလို့ပါ။ .လာမယ့် ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်ပေါ့။ .ပုံလေးတွေ ဝေဝေဆာဆာသုံးပြီး အမှတ်တရအဖြစ် ထုတ်မယ်။ .ရွာသူားတွေရဲ့ အိမ်နံရံထက်မှာ ချိတ်ထားခြင်းအားဖြင့် .အမှတ်၁ရတစ်ခုလည်း ဖြစ်သွားမယ်။ ၁နှစ်စာအတွက်လည်း အသုံးဝင်မယ်ပေါ့။ .ပြက္ခဒိန်အတွက် ပုံရိပ် ၁၃ […]


alinsettAugust 5, 20151min60821
.ဘေးဘယ်ညာက အိမ်အမိုးစွန်းတွေ ရပ်ထားတဲ့ဆိုက်ကားတွေ စက်ဘီးတွေ ဘာတွေညာတွေနဲ့ ကျနော်မောင်းတဲ့ကားရဲ့ ဘက်မှန်တွေနဲ့ လက်နှစ်လုံးစာလောက်ကလေးဘဲ ကပ်ကပ်သပ်သပ် လွတ်တယ်ဆိုရုံ အင်မတိအင်မတန် ကျဉ်းတဲ့လမ်း. . . အဲ့ဒီလို လမ်းကြိုကြားထဲအထိမှ  ဝင်မပေးရင် တစ်လမ်းလုံးစီးလာတဲ့အဖိုးအခ ပိုက်ဆံကို မပေးဘူးဆိုတဲ့အထာမျိုး. . . ချိုးရက်နိုင်တဲ့ ခရီးသည်တွေကိုလည်း အံ့ဩတယ်။ အဲ့ဒီလောက် ကျပ်သပ်နေတဲ့လမ်းထဲမှာ ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း လမ်းမအလည်ဘက် ခြေဆင်းထိုင်နေတဲ့လူလည်းရှိသေးတယ်။ ဒါ့ထက် အံ့ဩတာက ကျနော်မောင်းတဲ့ကားရဲ့ ညာဘက်အခြမ်းမှာ ရှေ့ဆန့်ထုတ်ထားတဲ့ သူ့ခြေထောက်ကို မထိအောင် ရှောင်လိုက်ရင် ကားရဲ့ဘယ်ဘက်အခြမ်းက ဘက်မှန်နဲ့. . .  လမ်းပေါ်ချထားတဲ့ အုတ်တိုင်ကီကြီးနဲ့ ထိမှာ သေချာသမို့ သူ့ခြေထောက်ကလေးကိုလည်း ထိမရ/ ဟိုဘက်က အုတ်တိုင်ကီကိုလည်း ပွတ်ဆွဲမရနဲ့. . . .ရှေ့ဆက် မောင်းလို့မရတာကို […]


မြစပဲရိုးAugust 4, 20151min37611
လောကကြီး ထဲမှာ သူများတွေထက် အောင်မြင်နေ တဲ့ သူ တွေ ရဲ့ အတွေးအခေါ်တွေ၊ သူတို့ ဘဝဖြတ်သန်းခဲ့ရပုံတွေ ဟာ လိုက်ကြည့်ရင် အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီလို တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကြိုးစားအားထုတ်ရမှု တွေ၊ ကြီးပျင်းလာရပုံ တွေလဲ ကွဲကြပါတယ်။ ဒါပေမဲ့ အားလုံး မှာ တူတာကတော့ သူများ နဲ့ ကွဲပြားတဲ့ တီထွင်စိတ်ကူး ရှိကြခြင်း နဲ့ ပြင်းပြသောဇွဲ လုံ့လ နဲ့ ကြိုးစားကြခြင်း တို့ပါဘဲ။ အဲဒါတွေကဘဲ သူတို့ ကို သူမတူ တဲ့ အောင်မြင်ခြင်း တွေ ပေးတာ ထင်ရဲ့။ မနေ့က Post တင်ထား တဲ့ “ဂျေကေ ရိုးလင်း ၏ […]


ခုတလော သီချင်းတွေ တော်တော်နားထောင်ဖြစ်နေတယ်။ ပြီးတော့ အိပ်မက်ဆုံရာ (ရာသက်ပန်)မှာ Winner ဖြစ်သွားတဲ့ အောင်ထက်အကြောင်းကိုရောပေါ့။ ပြို င်ပွဲမှာ ပြိုင်တဲ့ သီချင်းတွေဟာ အဟောင်းတွေချည်းပဲ ဆိုပေမယ့် ပုံစံအသစ်နဲ့ ပြန်ဆိုရတဲ့ ပွဲတစ်ပွဲ ပေါ့။ ပွဲစဉ်တစ်လျှောက် သူပဲ ထင်းထင်းလင်းလင်း အရမ်းကောင်းနေတာတော့ ကြည့်မိ တိုင်း သိပေမယ့် သူပြိုင်တဲ့ သီချင်းအကုန်လုံးကိုတော့ နားမထောင်ဖြစ်ခဲ့ပါဘူး။   ပွဲပြီးဆုံးချိန် Winner ဖြစ်ပြီးနောက်ပိုင်းမှာ သူပြိုင်ခဲ့တဲ့ သီချင်းတွေဒာ You Tube တွေ အွန်လိုင်းသီချင်းဝက်ဆိုက်ဒ်တွေမှာ ပျံ့ နှံ့လို လာခဲ့ပါတယ်။ သီချင်းအားလုံးကောင်းပေမယ့် ပထမဆုံး ပြောပြချင်တဲ့ သီချင်းတစ်ပုဒ်က သူဆိုတဲ့ပုံစံနဲ့ မူရင်းဆိုတဲ့ အဆိုတော်ပုံစံ အရမ်းကွဲထွက်ပြီး မူရင်းဆိုတဲ့ သူတုန်းက မကြိုက်ဘဲ သူ့ဆိုပေါက်မှ ကြိုက်ခဲ့တဲ့အတွက်ပါ။ […]