Ma MaMarch 8, 20153min17011
ပထမဦးဆုံး သတင်းကောင်းပါးချင်တာက…. အော်ရီဒူးပြက္ခဒိန် အသစ် ၂ခု ရထားပါတယ်။   ရွာထဲကလိုချင်တဲ့သူတွေကို စူပါမားကက်ကြီးတွေမှာ ကံစမ်းမဲပေးသလို First come, First Priority လို့ပဲ ပေးရမလား မသိဘူး။ :kwi:   တနေ့ပြီးတနေ့ဆိုပြီး ကာတွန်းပေါ်မှာ ခံစားမိတဲ့ ကိုယ့်အတွေးအမြင်တွေဖြည့်ဖို့အတွက် ဓာတ်ပုံရိုက်တာမှာ နေ့စွဲတွေပါချင်တော့ အခြားနေ့က စာတွေပါ ပါပြီး အမြင်မရှင်းဖြစ်နေရတယ်။   သို့မို့ကြောင့် ပုံတွေကို ဖြတ်ကပ်ညှပ်လို့ရမယ့် နည်းလမ်းလေးများရှိရင် မစ ကြပါလို့ သဂျီးခေါင်းဆောင်သော ရွာသူားအပေါင်းကို မေတ္တာရပ်ခံချင်ပါတယ်။   အိတ်ပေါက်နဲ့ ဖားကောက် လို့ဆိုတဲ့ မြန်မာစကားပုံနဲ့ ဆင်တူတယ်လို့ထင်ပါတယ်။   အိတ်ပေါက်လို့ဆိုရာမှာတောင်မှ ဘာမှမဖြစ်လောက်ဘူးလို့ထင်တဲ့ အသေးသုံးလေးတွေ စုပေါင်းလိုက်တဲ့အခါ ပမာဏအများကြီးဖြစ်သွားတတ်တယ် ဆိုတာကို သတိပြုမိစေချင်တာပါ။ :p:   […]


Ma MaMarch 4, 20153min24712
  တနေ့ပြီးတနေ့ (၃) က ကိုဘလက်ရဲ့ ကွန်မန့်မှာ ဆရာအော်ပီကျယ်ကို …….. အမေရိကားတို့ အင်္ဂလန်တို့ ရဲ့ ဒိတ်ဒိတ်ကျဲ တက္ကသိုလ်ကြီးတွေမှာ ပညာတွေ သွားသင်ခဲ့တာဟာလည်း လုပ်ကိုင်စားသောက်ဖို့မဟုတ်ပဲ ကာတွန်း ရေးဖို့ အတွက်ပဲလို့ ကြွေးကြော်သူပါ…။ လို့ ရေးထားတယ်။   အောင်မြင်သူတစ်ယောက်ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ဟာ ခိုင်မာတယ် ပြတ်သားတယ်။   အောင်မြင်ချင်ရင် အောင်မြင်သူတွေကို အတုယူသင့်ပါတယ်။   ပုံမှန်အားဖြင့်တော့ သာမန်လူတွေထက် ထူးချွန်ထက်မြက်လို့သာ၊ ပိုမိုစွမ်းဆောင်နိုင်လို့သာ ခေါင်းဆောင်ဖြစ်တာပေ့ါ။   ခုခေတ်မှာ အိုင်ကြူ  တမျိုးတည်းတင်မဟုတ်ပဲ အီးကြူ  အက်စ်ကြူ  တွေနဲ့ပါ တိုင်းတာမှုတွေ လုပ်ကြတဲ့အခါ…………   လက်ရုံးရည်ကောင်းလို့ ခေါင်းဆောင်ဖြစ်သူ နှလုံးရည်ကြောင့် ခေါင်းဆောင်ဖြစ်သူ ဆိုပြီး မြင်နိုင်ပါတယ်။   […]


မြင်နေရတာတွေကို ရင်ထဲမကောင်းပါ။ ဘယ်သူ့ကိုမှ ဘယ်ဘက်ကိုမှလည်း ဝေဖန် လေကန်မလုပ်လိုတော့။ ရှင်းရှင်းပြောရရင် ဒေါ်စုကိုယ်တိုင်က အချိန်တန်ပါတယ်။ ပြတ်သားသင့်ပါတယ်ဆိုရင် ကျွန်ုပ်တို့ဘက်က အပြည့်အဝမထောက်ခံနိုင်စရာအကြောင်းကိုမရှိ။ အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ရှာမယ့် အဖြစ်မျိုးတွေမကြုံစေလိုတော့။ သွေးတိုးလှုံ့ဆော်ကြမယ့်အစား နားချဖျောင်းဖျပြီး ကိုယ့်ခေါင်းဆောင်ကောင်းကိုအရင်လမ်းဖွင့်ပေးကြစေချင်တယ်။ ကိုယ့်ထက်တတ်သိနားလည်တဲ့ ခေါင်းဆောင်တောင် ပြတ်ပြတ်သားသားမရပ်တည်နိုင်သေးတာမို့ ခဏလောက်သီးခံလိုက်ကြတာပိုမကောင်းဘူးလားလို့။   ဒေါ်စုကိုထောက်ခံသူတွေကပဲ ဒေါ်စုရဲ့Image ကိုဖျက်နေကြပြီလား။ :b: (ရင်ထဲတကယ်မကောင်းလို့ရေးမိတဲ့စာ) 😕

CAM032301.jpg

Ma MaMarch 2, 20153min35612
အမြီးအမောက် မတည့်တဲ့ တင်ပြပုံကို ကြည့်ချင်ရင် တနေ့ပြီးတနေ့ ပိုစ့်တွေကို ကြည့်ပါလို့ ပြောရမယ်ထင်တယ်။ :bb:   အစီအစဉ်မကျပဲ ကိုယ်ပြောချင်တာကို ပြောချင်သလို ပြောရင်းနဲ့မှ…..   အော်ရီဒူးကာတွန်းပြက္ခဒိန်ရဲ့ မျက်နှာဖုံး ကာဗာလေးကိုလည်း မှတ်တမ်းတင်ချင်လို့ အပိုင်း ၄ ရောက်မှပဲ ရှေ့ဆုံးစာမျက်နှာကို တင်လိုက်ပါတယ်။ :a:   ဒါကတော့ ဖေဖော်ဝါရီလ တစ်လလုံးကို ခြုံငုံကြည့်နိုင်ဖို့ ဖြစ်ပါတယ်။   သဂျီးဆာဗာကို အားနာသောအားဖြင့် ပုံတွေကို ဆိုဒ်ပြန်ချုံ့ပြီးမှ တင်ပေမယ့်……. အထဲကပုံတွေ သေသေချာချာ မမြင်ရမှာစိုးလို့ ဒီပုံကိုတော့ ဆိုဒ်အကြီးတင်လိုက်ပါတယ်။   ဖေဖော်ဝါရီလ ၁ရက်နေ့က တနင်္ဂနွေနေ့ဖြစ်တာအပြင် ၂၈ရက်ပဲရှိတဲ့လမို့ ပျော်စရာလလို့ ပြောရမယ်ထင်တယ်။ :))   ဆရာအော်ပီကျယ်ကတော့ အလုပ်ပင်ပန်းတဲ့ပုံကို ဆွဲထားတော့ မောချင်ချင်။ […]


Ma MaFebruary 26, 20155min24422
          တနေ့ပြီးတနေ့ သွားလိုက်တာ နံပါတ် ၃တောင် ရောက်လာပါပေ့ါ။ မပြီးခင်တော့ မဖြစ်နိုင်မယ့်ပုံပေါက်မှာပဲ (တနေ့ပြီးတနေ့ ၁မှ) ဆိုတာရယ် မစခင် ဘယ်လိုဆုံးမလဲ တွေးပါ (တနေ့ပြီးတနေ့ ၃တွင်) ဆိုတာရယ်ကို အရင်ဆုံးဖတ်မိရင် အခုပိုစ့်တွေ ရေးဖြစ်မှာ မဟုတ်ဘူး။  :((   ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသလို ဇွဲကလည်း မရှိတော့……. စချင်သလို စပြီး ဆုံးချင်သလို ဆုံး ရတော့မှာပဲ။ :a:     အရွှေ့နဲ့ အရွေ့ ဘယ်ဟာကြိုက်ကြမလဲဆိုတာ ပြောစရာမလိုအောင် ရှင်းလင်းပြီးသား ဖြစ်ကြပါလိမ့်မယ်။   ဒီနေရာမှာ မြန်မာစာပေရဲ့ ထူးခြားမှုကို ပြောချင်မိတယ်။ အရွှေ့ နဲ့ အရွေ့ လျှောက်တာ […]


sorrowFebruary 15, 20151min16015
မနေ့ကမရေးရဲလို့ ..ဒီနေ့လာရေးတာ..အဟီး ( အင်မတန် ချစ်ခင်မြတ်နိုးတဲ့ပုံတွေနဲ့ ချစ်သူများကို ကန့်လန့်တိုက်ခြင်းမဟုတ်ပါ ..) လူသားတွေရဲ့ နူးညံ့တဲ့ အားနည်းချက်ကို ခုတုံးလုပ်ပြီး …. သာမန်ရက်လေးတခုကို ယဉ်ကျေးမှုတခုအဖြစ် ဆွဲထည့်လိုက်တဲ့ Evil Marketer တွေ ငရဲမှာဘယ်လောက်ခံစားနေရပြီလဲတော့မသိ…. ကျော်တို့ ဆြာလေး ဂီဂီ ပို့တခုမှာ မားကတ်တာတွေ လုပ်ထားတဲ့ ဆယ်ချက်ဆိုလား …အကျယ်တဝင့်ရှင်းထားတာလေးရှိပါရဲ့ ..မှတ်မိသူများ လင့်လေး မစစေခြင်းကြောင်း အချစ်ဆိုတာကလဲ ..အင်မတန်ဆတ်ဆတ်ထိမခံတဲ့ ဘာသာရပ်တခုမဟုတ်လားဗျာ …စုံတွဲတွေကို ပစ်မှတ်ထားတာကတော့ လွန်သပေါ့ဗျာ… ဘယ့်နှယ့် … ချစ်ခြင်းရဲ့နေ့ရက်လား …ချစ်သူများနေ့လား .. ( . မြန်မာစကားများ တယ်ရှုပ်…ကချင်စကားကအဲ့လိုမဟုတ် ) အဟိဟိ … ချစ်သူများနေ့ဆိုတော့ .. တခြားရက်တွေကျမချစ်ကြတော့ဘူးလားမသိ.. ဒီနေ့အချစ်လွန်ပြီး ..နောက်တစ်လနှစ်လလောက်ကျရင် ..တစ်ယောက်အခွက်တစ်ယောက် […]


Ma MaFebruary 14, 20153min24020
နှစ်သစ်တစ်နှစ်ပြောင်းတိုင်း ပြက္ခဒိန်အသစ်တွေ လက်ဆောင်ရတတ်ပါတယ်။   ဒီနှစ်တော့ ကာတွန်းပုံလေးတွေနဲ့ အတွေးအခေါ်ပေါင်းမြောက်မြားစွာကို ပီပြင်စွာ၊ ထိရောက်စွာ၊ ထူးခြားစွာ တင်ပြထားတဲ့ အော်ရီဒူးပြက္ခဒိန်လေးကို  ကြိုက်လွန်းလို့  ပြန်လည်မျှဝေပေးချင်ပါတယ်။   ကြိုက်ရတဲ့အထဲမှာ စာလုံးပေါင်းသတ်ပုံ မှန်အောင် အထူးဂရုစိုက်ထားတာကလည်း တစ်ခုအပါအဝင်ပေ့ါ။   ပျင်းရိလေးတွဲ့သူတို့ရဲ့ထုံးစံအတို်င်း ၂၀၁၅ နှစ်သစ်က အကြံအစည်ဟာ  ၁လကျော်မှပဲ အကောင်အထည်ဖော်ဖြစ်တာတော့ ရှက်မိပါတယ်။ :s:   ပြက္ခဒိန်ကိုကြည့်ပြီး ကာတွန်းတွေကို သဘောကျလို့ တနေ့ပြီး တနေ့ သူ့ရက်နဲ့သူ ကာတွန်းကို ခံစားတင်ပြမယ်။ ဖတ်မိ ကြည့်မိသူတွေက သူတို့အမြင်တွေကို ကွန်မန့်ကတဆင့်ပြောကြရင်း အတွေးအမြင်တွေ စုံသွားမယ်လို့ စိတ်ကူးယဉ်မိတယ်။ :kwi:   ဒါပေမယ့်လည်း အလုံးစုံပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်တော့ တတ်နိုင်သမျှအကောင်းဆုံးလုပ်ဖို့ပဲ ကြိုးစားရတော့တာပေါ့။ 😆   ကဲ-အကောင်းဆုံးအချိန်မှာ […]


Foreign ResidentFebruary 4, 20151min27736
စဉ်းစားကြစေလိုပါတယ် ( ၇၉ ) ( နိုင်ငံသား မဟုတ်လဲ မဲပေးခွင့် ရပါတယ် )   အမှတ်တရလေး ဖြစ်သွားအောင် ပြောခဲ့ချင်လို့ပါ ။   ဩဇီမှာတော့ နိုင်ငံသား မဟုတ်လဲ မဲပေးခွင့် ရပါတယ် ။ ဩဇီ မှာ အမြဲတမ်းနေထိုင်ခွင့် Permanent Resident ရထားတဲ့ ၊ ဓနသဟာယ Commonwealth အဖွဲ့ဝင် နိုင်ငံက နိုင်ငံခြားသားတွေ ၊ ( ဥပမာ ။ ။ အိန္ဒိယ နိုင်ငံသားတွေ ) ဩဇီမှာ မဲပေးခွင့် ရှိပါတယ် ။   အဓိက ကတော့ ၊ ကိုယ့် အပေါ် နှင့် ကိုယ်နေတဲ့ ဒေသ […]


Foreign ResidentJanuary 29, 20151min54233
စဉ်းစားကြစေလိုပါတယ် ( ၇၈ ) ( ရှက်မိပါတယ် ၊ တောင်းပန်ပါတယ် )   Photo Credit to Original Uploader. ( https://www.facebook.com/photo.php?fbid=1058460814167907&set=a. 437738462906815.128726.100000119948962&type=1 )   – နောက်ဆုံး တော့ ၊ ဒါပါဘဲလေ ၊ ခေတ် အဆက်ဆက် မှာ ၊ တိုင်းပြည် အတွက် ၊ တရား မျှတမှု အတွက် ၊ ဘာအကျိုး အမြတ်ကိုမှ မမျှော်ကိုးဘဲ ကိုယ်ကျိုး စွန့်ရဲ ၊ အသေခံရဲတာ ၊ ဒီ ဖြူ စင်တဲ့ ၊ အရောင် မစွန်းသေးတဲ့ ၊ စွန့်လွှတ်ရဲတဲ့ ကျောင်းသားတွေဘဲ ရှိတာလေ […]


Ko out of...January 24, 20151min1404
အများနဲကမတူ တစ်ကောင်ထီးတည်း နားနေသည့် ဇင်ယော်ဌက်လေးတွေကိုကြည့်ပြီး အောက်ပါ အတွေးလေးများဖြစ်မိပါသည်…. – ရေပြင်ပေါ်တွင် ပေါလောပေါ်နေသည့် တူညီသောအရာဝတ္ထုတခုအပေါ်တွင် ဌက်လေးတွေ အတူတကွ နားခိုနေထိုင်နိုင်ကြသေးတာဘဲ… တိရိစာ္ဆန်တွေထက်အသိတရား ရှိသည့် ကျွန်တော်တို့ လူးသားတွေဟာ တခုတည်းသော ဒီကမ္ဘာမြေပေါ်မှာ အတူတကွ မနေနိုင်ဘူးလား?…. – အများစုသောဌက်လေးတွေဟာ အနည်းစုတကောင်းတည်းသောဌက်ကလေးအပေါ်မှာ အနိုင်မကျင့်သလို တူညီသော အရာဝတ္တုတခုပေါ်ကနေ ငါတို့နဲ့ မတူ ငါ့ရန်သူဆိုပြီး ရန်မမူသလို တူညီသော အရာဝတ္တုပေါ် မတွန်းချပါဘူး….ကျွန်တော်တို့လူသားတွေလည်း ဒီမတူညီသောအမြင်တွေ အပေါ် အတူတကွမနေနိုင်ဘူးလား?… – အများစုသောဌက်လေးတွေဟာ အနောက်ဘက်ကို ခေါင်းမူတော့ အနောက်ဘက်ကမြင်ကွင်း အလှကိုသူတို့တွေမြင်သလို တကောင်းတည်း မြောက်ဘက် ကိုလှည့်နေသည့် ဌက်လေးဟာလည်း မြောက်ဘက်က မြင်ကွင်းအလှကို သူမြင်မှာဘဲ မဟုတ်လား? ကျွန်တော်တို့လူသားတွေလည်း အမြင်မတူသည့် အနည်းစုလူသားတွေအပေါ်ကို လက်တွဲခေါ်ပြီး […]


Foreign ResidentJanuary 19, 20153min22225
စဉ်းစားကြစေလိုပါတယ် ( ၇ရ ) ( ကား Parking )   မနေ့က ၊ အသိ မိတ်ဆွေ တစ်ယောက် ၊ ရန်ကုန်မှာ လမ်းမကြီးပေါ် / ကား မရပ်ရနေရာမှာ ကားရပ်မိလို့ ၊ ကရိန်းကား နှင့် ဆွဲပြီး အဖမ်းခံလိုက်ရတဲ့ ကိစ္စလေးနှင့် ပတ်သက်ပြီး ၊ ဆက်တွေးမိတာလေးပါ ။ ( ကရိန်းကြေး က ၅သောင်း ၊ စည်ပင်ကြေး ၂သောင်းခွဲ ဆောင်ရမယ်တဲ့ )   ဩဇီမှာ ဒီ့ထက် အများကြီးဆိုးတာပေါ့ ။ တစ်ခါဖမ်း ဒေါ်လှ ၄ / ၅၀ဝ ဘဲ ။ အသိ တစ်ယောက် သူ့ကလေး […]


ဒီ​နေ့ လှည်​းတန်​းက​နေ သမိုင်​းမြို့သစ်​ကို သွားတယ်​.. ပြည်​လမ်​းက​နေ အင်​းစိန်​လမ်​းကို သုခကမ္ဘာ​ဆေးရုံလမ်​းက​နေ ဝင်​်တယ်​​ပေါ့.. ကိုယ်​အလျင်​လို​နေမှန်​းသိ​တော့ ကားသမားက အရှိန်​​လေးနဲ့​တော့ ​မောင်​း​ပေးပါတယ်​.. ဒါ​ပေမယ်​့ အရမ်​းကြီး​တော့ မမြန်​ဘူး.. ပုံမှန်​ထက်​ နည်​းနည်​း​လေးပဲ ပိုတာ.. အင်​းစိန်​လမ်​းမ​ပေါ် တက်​ကာနီးကျ​တော့ ​လမ်​းသွယ်​ထဲမှာ လူ​တွေရှိ​တော့ ဟွန်​းတီးလိုက်​ပြီး ဆက်​​မောင်​းတယ်​.. အဲဒီမှာ လူတစ်​​ယောက်​က စွတ်​မ​မောင်​းနဲ့ဟ လို့ လှမ်​း​အော်​သံ ကြားလိုက်​တယ်​.. လှမ်​း​ပြောတာကို ကြားလိုက်​ရတယ်​ဆို​တော့ အရှိန်​က သိပ်​မပြင်​းဘူး​ပေါ့.. ကားဆရာက ဘာမှ ပြန်​မ​ပြောဘူး.. ကိုယ်​​တွေ​တောင်​ အံ့ဩသွားတယ်​.. ဘာလို့များ ပ အဲ့လို ​အော်​ရသလဲ​ပေါ့… လမ်​းသွယ်​က​နေ အင်​းစိန်​လမ်​းမ​ပေါ်ကို တက်​ဖို့ကျ​တော့ ကား​တွေပိတ်​​နေ​တော့ ခဏ​စောင်​့​နေရတယ်​.. အဲဒီမှာ ​စောနကလူက မီလာပါ​လေ​ရော.. ကားဆရာကို လာ​ဟောက်​တယ်​.. ​ဟေ့​ကောင်​.. ဖြည်​းဖြည်​း​မောင်​းကွ.. […]


alinsettDecember 10, 20142min31726
တကယ် အသုံးကျသော စာကြည့်တိုက်များကို လိုအပ်ခြင်း   ~~~~~~~~~~~     ရန်ကုန်မြို့မှာနေသည့် လူငယ်တော်တော်များများသည် အလွန်တရာ အားလပ်နေကြခြင်းတော့  မဟုတ်ချေ။   အများစုသော လူငယ်တို့သည် ကုမ္ပဏီများ၊ ရုံးများ ၊ စက်ရုံ လုပ်ငန်းခွင်များထဲမှာ မနက်ကနေ ညနေအထိ အချိန်ပေးထားရသည်။   စားဝတ်နေရေး စရိတ်မြင့်မားသော မြို့ပြမှာနေလျှင် မိဘစဉ်ဆက်က ချမ်းသာလျှင်သာ သွားချင်ရာသွား စားချင်ရာစားဖြင့် အေးအေးလူလူနေနိုင်ပေလိမ့်မည်။   နယ်မှ ပြောင်းရွှေ ့ လာသူများနှင့် အောက်ခြေလူတန်းစားအလွှာမှ လူငယ်များသည် ဘဝ ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။   တချို့က  လစာရလျှင် ဘီယာသောက်ခြင်း၊ မိန်းမကိစ္စ လှိုက်စားခြင်း၊ လောင်းကစားခြင်းတို့နှင့် ဘဝအမောကို ပြေလိမ့်နိုးနိုး ဖြေရှင်းသည်။ အဲသည် စက်ဝိုင်းထဲ […]