Ko out of...October 16, 20141min1228
– ရိုးရာBuddha အမည်ခံတွေဟာ သူတို့၏ စာပေကျမ်းကန်တွေကို မှန်တယ်ဆိုပြီး ဘယ်သူ့ကိုမှ မူပိုင်မပေးဘူးဗျာ…. သူတို့ဘဲလုပ်ပိုင်ခွင့်ရှိတယ်…ဘာနဲ့တူလည်းဆိုတော…အာဏာရှင်တွေဟာ သူနဲ့ရင်းနှီးတဲ့ လူတွေကို စီးပွားရေး လုပ်ပိုင်ခွင့်ပေးသလို နဲ့တူတယ်တယ်လို့ပြောရမလားဘဲ…အာဏာရှင်တွေဟာ စီးပွားရေးတင် မဟုတ်ဘူး ဘာသာရေးမှာလည်း ရိုးရာBuddha တွေကို လုပ်ပိုင်ခွင့် မူပိုင် အပြည့်အဝပေးထားတယ် ကြည့်လေ သူတို့နဲ့အမြင်မတူရင်ကိုဘဲ ရန်သူလိုသဘောထားပြီး နှိပ်ကွပ်တာ ဖိနှိပ်တာ စသည့်ဖြင့် အမျိုးမျိုး လုပ်နေကြတယ်…. တကယ်တော့ Buhhha တရားမှာ လွတ်မြောက်ငြိမ်းချမ်းမှု လို့ဆိုတဲ့ ဝိမုတိ္တရသ အပြည့်ဝရှိတယ်ဆိုတာ သူတို့မသိကြရှာဘူး… တိမ်မြုပ်ပျောက်ကွယ် ငုပ်လျိူးနေသည့် Buddha၏ အရိယာသစ္စာတရား အစစ်အမှန်ကို အရကောက်အနက်မှန် အဓိပါယ်မှန်မှန်နဲ့ ရိုးရိုးသားသား သူများမဖေါ်ထုတ်နိုင်တာကို ဓမ္မဝိဟာရီဆရာတော်ဟာ အရိယာသစ္စာ မျက်လုံးနဲ့ဖေါ်ထုတ်ရှာဖွေနိုင်ခဲ့တယ်… ဒါဟာ ” မသိသူကျော်သွား သိသူဖေါ်စားဘဲမဟုတ်လား?”… ဒါကိုဆရာတော်က…မသိတဲ့လူတွေ […]


မေးပါရ ဇီ( ဖြေချင်သူ ဖြေချင်သလို ဖြေနိုင်ပါသည်) ပြီးခဲ့တဲ့ဥပုဒ်က မင်းကွန်းကိုရောက်သွားပါတယ်။ ဒီတစ်ခါတော့ ပုထိုးတော်ကြီးအထက်အဆင့် ထိ တက်သွားလိုက်ပါတယ်။ အဲဒီအပေါ်ရောက်တော့ အမွှေးတိုင်လေးတွေကို အုတ်ကြားတွေမှာထောက်ထားတာကိုမြင်ရပါတယ်။ မေးကြည့်တော့ ကိုယ့် ကိုအထောက်အကူ ဖြစ်အောင် ယတြာအနေနဲ့ထောက်ထားတာ တဲ့။ အဲဒီမှာကောင်လေး နှစ်ယောက်ငြင်းခုန်နေကြတာကိုကြားရပါတော့တယ်။ ဒီလိုထောက်ထား တာ မှားတယ် တဲ့ ။ အုတ်ကို ကန်ထားသလိုဖြစ်တော့ နည်းနည်းချင်း ဟ သွားမယ်တဲ့။   နောက်တစ်ယောက်က တော့ အောက်ကနေ ထောက်ထားတော့ ပင့် အား ရတော့  အလေးချိန်မျှ ခံ သလို ဖြစ်တာပေါ့တယ်။   ကျနော်ကတော့ဒါ တွေ နားမလည် လို့ မဖြေတတ်။ ကဲ သိသူတွေ ပွားကြပါအုံး။     […]


alinsettOctober 2, 20149min30617
===================================================== ===================================================== မင်္ဂလာပါ …. အရပ်ကတို့ရေ….   အခုတလော သတင်းတွေနောက် လိုက်ရင်းလိုက်ရင်းနဲ့… သတင်းတွေနဲ့ ကျုပ်နဲ့ လုံးရင်းလည်ရင်း ချာလည်ပတ်ကို ရမ်းလို့ပါဗျာ… ။ သတင်းတွေနောက်ကို မောင်သူရက လိုက် တာလည်း ပါရဲ့… မောင်သူရကြီးနောက်ကို သတင်းတွေက ပြေးလိုက်လာတာလည်း ပါရဲ့ပေါ့ဗျာ… ။ ဘာပဲဖြစ်ဖြစ်… မောင်သူရရဲ့ အိတ်ထဲမယ်.. သတင်း အစုံ ပါလာတယ်ဗျို့… ။ ဒီတစ်ပတ်လည်း… သတင်းတွေများ..တက်လာလိုက်တာ.. ။ ဖတ်လိုက်ရတာများ …ဖတ်ဖတ်ကိုမောလို့… ။ ဘယ်သတင်းက စပြောရမှန်းတောင် မဝေခွဲတတ်တော့တဲ့အထိပဲ ။ ကဲပါလေ… နိဒါန်းပျိုးတာက အရေးမကြီးပါဘူး ။ မောင်သူရ ဖတ်မိတဲ့ သတင်းတွေထဲက… ကောင်းနိုးရာရာလေးတွေ ပြန်ပြောပြပါဦးမယ်။ မှတ်တမ်း ကျန်အောင်ပေါ့ဗျာ.. ။ နောက်ဆုံးရသတင်းတခုက […]


kogyi mindSeptember 29, 20141min38221
အရည်အချင်းမရှိပဲ ရာထူးတွေရထားတဲ့အတွက် ကံကောင်းအောင်ယတြာပဲအားကိုးလာကြတယ်။ ကိုယ့်အားနည်းချက်ပေါ်မှာစိုးတဲ့အတွက် ကိုယ့်ထက်ညံ့တဲ့သူတွေကိုပဲ ရာထူးတွေပေးတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ နဂါးတွေ၊ ဘိုးတော်တွေ၊ ဘုန်းကြီးလိမ်တွေခေတ်စားလာကြတယ်။ ဝန်ကြီးကိုးကွယ်တဲ့ဘိုးတော်၊ တိုင်းမှုးဆည်းကပ်တဲ့ ဘုန်းကြီးတွေနောက်မှာ လူတွေက ပြုံလိုက်နေကြတယ်။ ဘယ်ရုပ်ရှင်မင်းသား၊ မင်းသမီးကိုးကွယ်သတဲ့ ဆိုပြီးချောင်းပေါက်မတတ်သွားကြတယ်။ အဲဒီဝန်ကြီးတွေ၊ မင်းသားမင်းသမီးတွေဟာ အထင်ကြီးစရာကောင်းလား၊ သူတို့ကိုးကွယ်ပြီဆိုမှတော့ ဟန်ကျပါ့မလားဆိုတာ စဉ်းစားသင့်တယ်။ ဒီလိုနဲ့ ဂမ္ဘိရမဂ္ဂဇင်းတွေရောင်းအားကောင်းလာတယ်။ ထူးထူးဆန်းဆန်းတွေရေးနိုင်တဲ့စာရေးဆရာတွေ နာမည်ကြီးလာတယ်။ ဥပမာ ဆရာမင်းသိင်္ခဆိုပါတော့၊ သူ့စာတွေကို အင်မတန်နှစ်သက်တယ်၊ ဖတ်ရတာလည်းအရသာအလွန်ရှိတယ်။ ဒါပေမယ့် သူ့ကို ဘိုးတော် တစ်ပါးလို့တစ်ခါမှမထင်မိဘူး၊ သူဟာစာရေးကောင်းတဲ့စာရေးဆရာတစ်ယောက်လို့သာယူဆပြီး စိတ်ကူးကောင်းတယ်လို့ တော့သိပ် မထင်ပါဘူး။ ဥပမာ မနုစာရီဆိုတာ သျှီဆိုတဲ့ဝတ္တုကနေလာတာ၊ ဆားပုလင်းနှင်းမောင်ဟာ ဦးစံရှားကနေမွေးလာတာ၊ (ဦးစံရှားနဲ့ ကိုသိန်းမောင်လည်း ရှားလော့ဟုမ်း၊ ဒေါက်တာဝပ်ဆင်ကနေလာတာပါ) စနေမောင်မောင်ဟာ ပထမံဆရာသိန်းကနေ မွေးဖွားလာတာ၊ မဟာမြိုင်ခရီးသည်ဟာ […]


alinsettSeptember 22, 20141min21611
စာအုပ်ထဲမှာပါတဲ့ အယူအဆတွေ သဘောတရားတွေ…သူ ့တင်ပြချက်တွေကို မဝေဖန်ဘဲ…. ဘာလို့များ… စာအုပ်ကိုပဲ…ဝေဖန်ချင်ရသလဲ…လို့…မေးကြေးဆိုရင်… ကျနော် ဝေဖန်ပစ်ချင်လောက်အောင်… လျှာယားစေတဲ့…စာအုပ်ဖြစ်နေလို့ပါ။ —————————————————————————————————- မိုးတိမ်အမှတ် ၉၃ ဆိုတဲ့ ” စာအုပ် ”ကို ဝေဖန်မယ်။ —————————————— စာအုပ်နာမည်က မိုးတိမ်အမှတ် ၉၃ တဲ့။ ၂၀၀၉ ခုနှစ် ဇွန်လကတည်းက ထုတ်ဝေခဲ့တဲ့ စာအုပ်မို့ ဖတ်ပြီးသူတွေ ရှိပါလိမ့်မယ်။ သူ့ စာအုပ်တွေကို အတွေ့ရနည်းတာကြောင့်ရယ်… သူရေးတာတွေတော်တော်များများက လူတိုင်းစိတ်ဝင်စားမဲ့အကြောင်း မဟုတ်တာကြောင့်ရယ်… ဒီစာအုပ်ကို မဖတ်ရသေးသူတွေလည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်… ဒီစာအုပ်ကို ကျနော် ဝေဖန်ပါ့မယ်။ ဖတ်ပြီးသူတွေ ကျနော့်ဝေဖန်ချက်နဲ့ တိုက်ကြည့်ဖို့… မဖတ်ရသေးသူတွေ ကျနော့်ဝေဖန်ချက်ကြောင့် ဖတ်ကြည့်စေဖို့…ပေါ့…။ (အမှန်တော့… အဲဒီစာအုပ် အကြောင်း အတင်းတုတ်ချင်နေတာ )   […]


alinsettSeptember 16, 20141min39925
အတည်ပြောမလို့ပါ… ။ မွှေတယ်ထင်မှာဆိုလို့…ကြိုပြောတာ.. ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 1306 ခုနှစ် ၊ ၅ လပိုင်း ၊ ၁၅ ရက်နေ့မှာ သေဆုံးခဲ့တဲ့ ပုဂိ္ဂုလ်ကြီးတစ်ပါးရှိတယ်။ နာမည်က Musho Josho တဲ့ ။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့  ဂျပန်ဘုန်းတော်ကြီးဆိုပါတော့…။ သူက…မသေခင်…သေတော့မယ့်ဆဲဆဲ အချိန်ကလေးမှာ.. ဘာလုပ်လဲ..ဆိုတော့… သေတော့မယ့်အချိန်ကလေးမှာ…သူရဲ့ တပည့်တွေကို စုဝေးစေပြီး…ကဗျာတစ်ပုဒ် ရွတ်ဆိုပြတယ်။ သူရွတ်ခဲ့တဲ့ ကဗျာစာသားကို မြန်မာလို ပြန်ဆိုထားတာလေး ဖတ်ဖူးတယ်…။ ဒီလို… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ လာတဲ့အခါမှာ…ဒါပဲ… သွားတဲ့အခါမှာ… ဒါပဲ… လာခြင်းနဲ့သွားခြင်း… နေ့တ်ိုင်း ဖြစ်ပျက်နေတယ်… အခု..ငါပြောတဲ့စကားတွေဟာ…ဒါပဲ ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ စာသားတွေကို အပေါ်ယံဖတ်ရင် ဘာမှ မဟုတ်ဘူးထင်ရပေမဲ့…တကယ်လေးလေးနက်နက် ဖတ်ကြည့်ရင်.. အဲဒီပုဂ္ဂိုလ်ကြီးကို လက်ဖျားခါလိုက်ရတယ်… ။ […]


ဆန်းဒေး တုန်းက အိမ်မှာ အားနေတာနဲ့ ရုပ်ရှင်တွေ ကြည့်လိုက် ယူကျု တွေ ကြည့်လိုက်နဲ့ နားဖြစ်တယ်ဗျ။ အဲ့ဒီမှာ ကြည့်မိတာက 9GAG.TV က ဗီဒီယိုအပိုင်းလေး တစ်ခု။ ဘာအကြောင်းလဲ ဆိုတော့ Fifty Shades of Grey ဆိုတဲ့ စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာကို ဖိုးဖိုး ဖွားဖွားတို့ အဖွဲ့ တစ်ခုကနေပြီးတော့ trailer လေးကြည့်ပြီး သူတို့ မြင်တဲ့ အမြင်တွေကို ပြောပြကြ ဆွေးနွေးကြတာပေါ့။ Fifty Shades of Grey ဆိုတာကလဲ အနောက်နိုင်ငံတွေမှာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကြီး ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ စာအုပ် ဖြစ်နေလို့ အတော် ပွဲဆူ ထားတဲ့ စာအုပ်ပါ (မြန်တျန့် က ရိုမန်းဘော့ထ် လိုပေါ့)။ ပထမတော့ ဒီတိုင်းပဲ အဖိုးကြီး အဖွားကြီးတွေ ဘယ်လိုတွေ ပြောကြမလဲ ဆိုပြီး […]


ကျနော်တို့ ပြောလေ့ ပြောထ ရှိတဲ့ စကားတစ်ခုရှိတယ်လေဗျာ လူလူချင်း ကို အဆင့်အတန်း မခွဲခြား ပါ နဲ့ ဆိုတဲ့ စကားပေါ့။ ပြောချင်တာကတော့ လူတွေကို ဆင်းရဲ ချမ်းသာ ဂုဏ်ရှိ ဂုဏ်မဲ့ ဆိုပြီး မခွဲခြား ကြပါနဲ့ တန်းတူရည်တူ ဆက်ဆံပါ ပေါ့လေ။ ဒါပေမယ့်………… ခွဲခြားသင့်တဲ့ နေရာ တွေ တော့ ခွဲခြား ရမယ်လို ဖြစ်လာပါရောလားဗျ။ ငွေတွေ ဂုဏ်တွေ ရာထူးတွေနဲ့ ခွဲခြားတာကို ပြောတာ မဟုတ်ပါဘူးဗျာ။ အကျင့်စာရိတ္တ ပတ်ဝန်းကျင် အနေအထိုင် အပြောအဆို စသဖြင့်ပေါ့။ ကျနော် အခု သောင်တင် နေတဲ့ ကျွန်းပေါက်စကွေးလေးမှာက ကိုယ့် မြန်တျန့် တွေ က တယ်များလာသကိုး ဒီတော့ ကိုယ့်လူတွေထဲမှာ ကြားနေရ မြင်နေရတဲ့ အသံလေးတွေ ပြဿနာလေးတွေ ကနေ တွေးမိလာလို့ပါ။ ဒီမှာ မြန်မာ့ရိုးရာ ပွဲတော်တွေ လုပ်ရင် မြန်မာပြည်က အဆိုတော်တွေ စတိတ်ရှိုးပွဲတွေ လာဆိုတာမျိုးတွေ ရှိရင် လူတွေက တော်တော် […]


CourageSeptember 8, 20141min18710
ကျွန်တော် ပြောချင်ရာ ပြောပါမည်   အခုတစ်လော မောင်ကာကြီးတို့ ရပ်ကွက်ထဲမှာ ပြောစရာ ဆိုစရာ ဆွေးနွေးစရာ ကိစ္စတွေက ပေါင်လံလို့နေပါရောလား။ နားကြပ်တတ်ဖို့ အခက်တွေနေတဲ့ ဘဘကြီးကိစ္စ၊ ခေါင်းလောင်းကြီးရယ် နဂါးကြီးရယ် ရှာဖွေသူရယ်ရဲ့ သုံးပွင့်ဆိုင် မုန့်ကြိုးလိမ်ဇာတ်လမ်း။ ကမာ္ဘသိ တရားဝင်လူကုန်ကူးမှုအဖြစ်သတ်မှတ်ရမယ့် နန်းချခံမယ်လေရဲ့ အမှားဆုံးသူသာ တောင်းပန်ပါဆိုတဲ့ ပြဿနာ (မောင်ကာကြီး စိတ်ဝင်စားတာက အဲ့ကလေးမ တစ်ကယ်ခွဲစိတ်သလား မခွဲစိတ်သလားဆိုတာကိုပါ)။ ပြီးတော့ မကျေနပ်တာက ဥပဒေ၊ ရန်မယ်ရှာခံရတာက ဘွဲ့ဝတ်စုံဖြစ်သွားတဲ့ ကျောင်းသားများရဲ့ ဆန္ဒသဘောထား။ နောက်တစ်ခုက အားလုံးလိုလို စိတ်တွေပျက် မေတ္တာတွေတုံးပြီး အားပေးမယ့်သူ ဘယ်သူမှ မရှိတော့မှ ဖလားတွေ ဆက်တိုက် ယူပေးနေတဲ့ လက်ရွေးစင်ဘောလုံးအသင်းအကြောင်း။ အောင်မလေး… ပြောရရင်တော့ အများကြီး အများကြီး အများကြီး။ ဒါတောင် […]


Foreign ResidentSeptember 6, 20149min21135
” မွမွသဲ နှင့် ရန်ကုန် Traffic “   ဘာရယ် မဟုတ်ပါဘူး ။ ရန်ကုန် ရဲ့ ရှယ် Connection ကို စိတ်ကုန်လို့ ၊ Post အသစ်မတင်ဘဲနေနေတာ ။ ဟို တစ်နေ့က ချစ်ရပါသော ရွာသူ မွသဲ သူ့ Face Book မှာတင်ထားတာလေး တွေ့လို့ ။   ဟဲ ဟဲ ၊ ဘယ် မွသဲ ရမှာလဲ ၊ အရမ်းခင်စရာ ကောင်းတဲ့ ၊ ပျော်တတ်တဲ့ ၊ တစ်တီတူး ငှက်များ အိပ်နေတုန်း မိုးပြိုမှာစိုးလို့ ၊ မိုးပေါ် ခြေထောက်ထောင်ပြီး အိပ်သလို ၊ ဒို့ မွမွသဲ […]


ကုိ ထြဋ္September 4, 20141min34222
1.  He Who Has Never Loved Has Never Lived… – မည်သည့်အခါကမှ မချစ်ခဲ့ဘူး သူသည် အသက်ရှင်နေထိုင်သူတစ်ယောက်မဟုတ်… ( တသက်မှာ တခါတော့ ချစ်ခဲ့ဖူးမှာပါ… )   2.  It Is Not The Most Beautiful Women That Inspire The Greatest Passion… – အမျက်ဒေါသကြီးသည့် မိန်းကလေးသည် မိန်းမချော မိန်းမလှ မဖြစ်ပါ…   3.  A Good Wife Is A Good Prize… – ဇနီးကောင်းတယောက်သည် ကောင်းသောဆုတခုဖြစ်သည်…   4.  Hearts Are […]


တောင်ပေါ်သားSeptember 2, 20141min17316
စာဖတ်ပရိသတ်အများစုက ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို စိတ်ဝင်စားနေကြချိန်တွင် ကျွန်မကား ပီအာရ် ဘယ်အခြေ အနေရောက်နေပြီနည်းဟု စိတ်ဝင်စားစောင့်ကြည့်နေပါသည်။ ယခုနောက်ဆုံးရရှိသော သတင်းအရ လေ့လာသုံးသပ်ရေးကော်မရှင်သည် စနေ၊ တနင်္ဂနွေမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေအထိ စည်းဝေးနေကြောင်း၊ ခွင့်ယူခြင်းကိုပင် မေတ္တာရပ်ခံထားကြောင်း၊ ငြင်းခုံဆွေးနွေးမှုအရှိန်ရနေကြောင်း သိရ၏။ ၎င်း ကော်မရှင်၏ လုပ်ငန်းအဆင့်မှာ သုံးဆင့်ရှိပြီး ပထမအဆင့် မိမိတို့အတွင်း သုံးသပ်ဆွေးနွေးခြင်း၊ ဒုတိယအဆင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်ဆွေးနွေးခြင်း၊ နောက်ဆုံးအဆင့်အဖြစ် အစီရင်ခံစာရေးခြင်းတို့ဖြစ်၏။ ကော်မရှင်၏အလုပ်လုပ်ချိန်ကို ရက်ပေါင်း ၆ဝ သတ်မှတ်ထားရာ အောက်တိုဘာလဆန်းတွင် အပြီးသတ် ထုတ်ပြန်ရန် ဖြစ်သည်။ ဤစာရေးသူသည် နိုင်ငံရေးစနစ်ကို စိတ်ဝင်စားသော စာရေးဆရာတစ်ဦးအဖြစ် (ကော်မရှင်က မဖိတ်ကြားစေကာမူ) အကြံပြုရန် စိတ်အားထက်သန်သဖြင့် ဤအကြံပြုစာကို ရေးရခြင်းဖြစ်ပါသည်။ […]


nicolus agralAugust 27, 20141min29512
26.8.2014 က နေမကောင်းလို့ အလုပ်ကခွင့်ယူပြီးအိမ်မှာနားနေတယ် အားနေတော့ TV ကြည့်ဖြစ်တယ်လေ I robot ဆိုလားဘာလားပဲ လူသားတွေနဲ့ self learning လုပ်နိုင်တဲ့ စက်ရုပ်တွေကြားထဲက အဖြစ်အပြက်တခုပေါ့ အဲ စက်ရုပ်တွေမှာ လိုက်နာရမယ့် အခြေခံ စည်းမျဉ်း ၃ ခုနဲ့ဖန်တီးထားတာပဲ ဘာပဲလုပ်လုပ် အခြေခံ စည်းမျဉ်း ၃ ခုနဲ့ မကင်းကွာရဘူး self learning လုပ်ရင်း စည်းမျဉ်းတွေပေါက်သွားတာလေးပါ အတွေးလေးနဲနဲရပါတယ် နောက် အချိန်၏သမိုင်းအကျဉ်းလေးလဲ ဆက်ဖတ်ဖြစ်တယ် အဲမှာလဲတခုက ယခင်ဥပဒေသအဟောင်းတွေကို တရားသေ ဆုပ်ကိုင်ထားသလောက် နည်းပညာ အတွေးအခေါ်တိုးတက်မှုနှေးနေမှာပဲဆိုတာလေးပါ နောက် စာအုပ်ထဲကရေးထားတာတွေကို လက်ခံသင့်မသင့် ကိုယ်တိုင်လဲ ယခင်လက်ခံထားတဲ့ အယူအဆတွေနဲ့ ချိန်ထိုးစဉ်းစားမိပါတယ် ဘာသာရေးတွေ အပါအဝင်ပေါ့ (bud,chr,mus ကိုနဲနဲလေ့လာဘူးပါတယ်) နောက်နေကလဲမကောင်းတော့ […]