စိန်ကြက်ဆင်November 21, 20131min39820
ရွှေဂုံတိုင်ပွိုင့်မှာ ကားရပ်ထားတုန်း ဖုံးဝင်လာတယ် လမ်း၄ဝက ကျနော့်ပစ္စည်းတွေ သင်္ဘောနဲ့ သွင်းပေးနေတဲ့ ကုမ္ပဏီကဗျ အဲ့က အမ်ဒီအန်ကယ်ကြီးက ကနေ့အားရင် ကျနော့်နဲ့ တွေ့မယ်တဲ့ သူလည်းဒီနေ့အားတုန်း အေးအေးဆေးဆေး ဆုံမယ်တဲ့ သူနဲ့ကျနော်က လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက လူချင်းရင်းနှီးပီးသား ကျနော်ဟိုမှာ ရှိစဉ်ကတည်းက သူလိုချင်တဲ့ စက်ပစ္စည်းတွေ ကျနော်ရှာဝယ်ပေးရင်း ခင်မင်ရင်းနှီးကျတာ သူလည်းသူ့အလုပ်ကိစ္စ မိသားစုကိစ္စနဲ့ဆိုတော့ တခါတလေ သူ့ရုံးရောက်ရင်တောင် တွေ့ဖြစ်ချင်မှ တွေ့ဖြစ်တာ။ ကျနော်လည်း မြို့ထဲကဘဏ်မှာ ငွေသွင်းပီးရင် အားတဲ့အကြောင်း ပြန်ပြောလိုက်လေရဲ့ ……….. ။ ဒီလိုဗျ …… လွန်ခဲ့တဲ့ ၃ရက်လောက်ကပေါ့ဗျာ ကျနော့်အစ်မကြီးက ဖုန်းဆက်ပီး သူဝယ်ထားတဲ့ ကွန်ဒိုတိုက်ခန်းမှာ ခြံထဲကပစ္စည်းတွေ ရွှေ့ဖို့ခိုင်းလာပါတယ်။ ကျနော်လဲ နောက်ရက်ကားခေါ် အလုပ်သမားခေါ်ပီး အပြီးရွှေ့ပေးရတာပေါ့ အမေနဲ့ အမတွေက […]


Foreign ResidentNovember 21, 20134min30818
စဉ်းစားကြစေလိုပါတယ် ( ၆၆ ) ( ၁၈ နှစ်အောက် မဖတ်ရ )   ဟဲ ဟဲ ။ မနေ့က ကို Kyaemon ကြီး ရဲ့ Post တစ်ခုမှာ ၊ ၁၈ နှစ်အောက် မကြည့်ရပါ ဆိုတာလေးတွေ့ရတော့ ၊ အဘ လဲ ၊ ၁၈ နှစ်အောက် မကြည့်ရ ဆိုတာလေး ရေးချင်လာလို့ ။   ဟီ ဟိ ။ အဘ ဩဇီ ကိုပြန်ရောက်လာတော့ ၊ ထူးထူး ဆန်းဆန်း ဆေး ကြော်ငြာလေး တစ်ခု တွေ့ရသဗျာ ။   အဘ အထင် ၊ အဲဒီ […]


Ko out of...November 21, 20131min1333
– အာရုံတခုက စိတ်တည်ငြိမ်အောင်လုပ်တာရယ်…နောက်အာရုံတခုက… အာရုံတွေမရှိတဲ့နေရာကို မြင်အောင်လုပ်တာရယ် ဒီအရာနှစ်ခုကိုဘဲ တရားလုပ်နေကြတယ်…ဒီနှစ်ခုအပြင်ဘက်က ဘယ်သူမှ မထွက်နိုင်ကြသေးဘူး….(ဓမ္မဝိဟာရီ ဆရာတော်) – ဘယ် အယူဝါဒဘဲဖြစ်ဖြစ် ဒါကိုငါနှစ်သက်တန်ဖိုးထားတယ်လို့ဆိုတာကိုသိဖို့ အထောက်အထားကဘာလဲ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး သူဘာလုပ်နေလဲဆိုတာကို ကြည့်ရမယ်…(ဆရာတော် ဦးဇောတိက) – ကြိုးစားရုံနှင့် မပြီး၊ အရင်အနှီးရှိရုံနှင့် မပြီး၊ အလုပ်လုပ်တတ်ရုံနှင့် မပြီး မိတ်ဆွေများနှင့် အလုပ်လုပ်မှပြီးမယ်… – လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုတာ တစ်ကနေစပြီးရေတွက်ရမယ်မဟုတ်လား? အဲဒီတစ်မတိုင်ခင် ဘုရားဘယ်မှာလဲ? ဘယ်ဘဝမှာလဲ?… – ထပ်ခါထပ်ခါ လေ့ကျင့်ပြီး အဲဒီပုံသေအတိုင်းပြန်လုပ်ခိုင်းတာ ပညာသင်တာမဟုတ်ဘူး… We train dogs we educate man. ကျွန်တော်တို့က လူတွေကို ပညာပေးပြီး တိရိစ္ဆာန်တွေကိုတော့ လေ့ကျင့်ပေးတယ်.


ဘိုးေလးနီNovember 19, 20131min28315
အခုတလော အမြဲလိုလို ကြားနေရတဲ့ စာသားတစ်ခုကို ပြောပါဆိုရင် ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ စကားပဲ ဖြစ်လိမ့်မယ်။ ဟုတ်တယ်ဗျ။ ကျုပ်လည်းကြားနေရတာ အတော်ကြာပြီ။ ဟိုနေရာလည်း ပြုပြင်ပြောင်းလဲရေး၊ ဒီနေရာလည်း ပြုပြင်ပြောင်းလဲရေး။ ကျုပ်တို့နိုင်ငံကြီး တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်မှရမယ်။ သမ္မတကြီးကတောင် ပြောခဲ့သေး။ အပြောင်းအလဲတဲ့ပါမလာတဲ့သူတွေကို ထားခဲ့မယ်ဆိုလား။ အခုလည်း ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့ လုပ်နေကြပြန်ပြီ။ ဒီလိုဗျ။ ကျုပ်အထင်တော့ အဲဒီပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျတာက လူမှန်နေရာမှန်ဖြစ်ဖို့လို့ ထင်တာပဲ။ ကျုပ်တို့နိုင်ငံမှာက လူနဲ့နေရာနဲ့ လွဲနေတာတွေ အတော်များနေတယ်။ အဲဒီလို လွဲနေသေးသ၍ တိုးတက်ဖို့က အဝေးကြီးမှာပါပဲဗျာ။   လွဲတယ်ဆိုတဲ့နေရာမှာလည်း (၂)မျိုးရှိတယ်ဗျ။ တစ်မျိုးက နေရာပေးတာလွဲတာ။ နောက်တစ်ခုက နေရာကို မပေးတာ။ ဒါနဲ့ ဒါက ကျုပ်အထင်ပါ။ ထင်သလောက်လေး ဆက်ပြောကြည့်တာပေါ့။ […]


Foreign ResidentNovember 18, 20132min33218
စဉ်းစားကြစေလိုပါတယ် ( ၆၅ ) ( အရေးတော်ပုံ ဂုဏ်ထူးဆောင် လက်မှတ် )   အင်းးး ။ အဘ ဒီ Post ကို ရေးရတာကတော့ ၊ ရွာသူားတို့ မှတ်မိကြအုံးမယ် ထင်ပါတယ် ။   တစ်ခါက ရွာသား တစ်ယောက် ရဲ့ အဖေ မော်ကွန်းဝင် တံဆိပ် ဓါတ်ပုံတင်တော့ ၊ အဘ တောင် ဝင် Comment ပေးခဲ့မိပါတယ် ၊ အဘ ရဲ့ ( – – – – – ) ဆီမှာ ၊ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လက်မှတ် ထိုး ပြီး […]


black chawNovember 16, 20131min51661
ဒီပို့စ် မှာ ပါတဲ့ ခေါင်းစဉ်လေးတွေကို အရင်ဖေါ်ပြပေးလိုက်ပါတယ်…။ စိတ်ဝင်စားရာ ရွေးဖတ်ကြဖို့ပါ…။ ၁။ နားစွန်နားဖျားရပ်ကွက် ၂။ ကဗျာ ၃။ သီချင်း ၄။ ဂျာနယ် ၅။ စာအုပ် ၆။ မှုခင်းသတင်းဆန်းများ ၇။ လွမ်းတတ်သူရဲ့ အလွမ်းမှတ်တမ်း စသည်ဖြင့်ပေါ့…။ ရတဲ့အချိန်လေးတွေမှာ ရသလိုရေးထားတာပါ…။ ဓါတ်ပုံလေးတွေပါ တင်ဦးမလို့ပါပဲ…။ အချိန်က လုံးဝ မရတော့တာမို့ စိတ်လျှော့လိုက်ပါတယ်…။ ဆိုတော့… ဒီပို့စ်ထဲပါတဲ့ ကျွန်တော့်အရေးအသား အယူအဆတွေထဲမှာ အမှားပါခဲ့ရင် ကြိုတောင်းပန်ထားလိုက်ပါတယ်ဗျာ…။ နားစွန်နားဖျား ရပ်ကွက်…။ မိုးစက်ဝိုင် တစ်ယောက် မည်သည့်ဆုကိုမျှ ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ပဲ ရန်ကုန်ပြန်ရောက်လာ…။ တချို့တချို့တွေ လည်း လေဆိပ်အထိ ဆင်းကြိုကြဆိုလား…။ ဦးဘလက်တော့ မအားလို့ ဆင်းမကြိုနိုင်လိုက်ဘူး မိုးစက်လေးရေ…။ ခွင့်လွှတ်တော့ကွယ်…။ People Choice […]


အဘ ဘုတ္ကလံုNovember 14, 20131min1244
လူဦးရေ ပေါက်ကွဲနေတဲ့ ဘင်္ဂလားလို . . တရုတ်လို ကပ်ရက် တိုင်းပြည်ကြီးတွေက လူလှိုင်းကြီးတွေ ရဲ့ အန္တရာယ်ကို ၁၉၈၂ မြန်မာနိုင်ငံသား ဖြစ်ခြင်း ဥပဒေက တံတိုင်းကြီးလို ကာပေးထားတာပါ။ ခုတော့ NLD ရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့ဆုံးက ခေါင်းဆောင်ပါဝင်နေတဲ့ ကုလားရှေ့နေ မောင်ကိုနီဟာ ကျနော်တို့ရဲ့ တံတိုင်း ဥပဒေကြီးကို ထိုးနှက်နေဖို့ ကြိုးစားနေပါပီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကုလားရှေ့နေ မောင်ကိုနီ ရဲ့ မျိုးချစ်စိတ် အပြည်နဲ့ ကျားကုပ် ကျားခဲ တိုက်ပွဲဝင် ပုံကိုတော့ လေးစားပါတယ်။ အလေးပြုပါတယ်ခင်ဗျား . . . ————————————————————————————- အောက်က စာပိုဒ်လေးကတော့ Athenian Ahnyarthar […]


ကြောင်ဝတုတ်November 14, 20131min61136
လမ်းသွယ်ထဲမှာ ဆူဆူညံညံနဲ့ ဒီဂျေသံကြားနေမိတယ်… မီးတွေလဲ ထိန်ထိန်လင်းလို့… နိုင်ငံခြားက နိုက်ကလပ်တစ်ခုကိုတောင် သတိသွားရမိပါသေး၏… အိုင်ရင်းဇင်မာမြင့်ဆိုလဲ ဟုတ်ရဲ့… နီနီခင်ဇော်ဆိုလဲတမူ… ဖြူဖြူကျော်သိန်းလဲ ချန်မထားခဲ့ကြ… ဒီဂျေသံများနှင့် လမ်းကြိုလမ်းကြား… လမ်းမကြီးငယ်… အသွယ်သွယ်မှာ… မြင်နေကြားနေရသမို့…  အမြင်မပါ…အသံနှင့်ဆုံးဖြတ်ကြမည်ဆိုလျှင်… ရန်ကုန်မြို့လုံးကျွတ်… ကပွဲဆင်နွဲနေသလား… ရာဇဝင်ထဲက နက္ခတ်သဘင်ဆင်ယင်နေသည့်အလား အထင်ကိုမှောက်မှားစေနိုင်ပါ၏… တကယ်တော့ ဒါဟာ… ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ… ကထိန်သင်္ကန်းကပ်လှူပွဲအတွက်… အလှူခံနေခြင်း… ပဒေသာပင်များကို ဆိုက်ကားများနှင့်တသွယ်… လူများထမ်းလို့တမူ… လမ်းမများ… လမ်းထိပ်များ…လူသွားလမ်းဘေးများမှာ ချပြထားပြီး… အလှူခံနေကြခြင်းပါတဲ့… ဒါဟာ… အလှူခံနေခြင်းပါတဲ့… နိဗ္ဗာန်သွားရာလမ်းဖြောင့်ဖြူးဖို့ အထောက်အပံ့တွေအတွက်… အော်… အလှူခံနေခြင်းတဲ့လား… ရပ်ကွက်ထဲကအလှူခံ… မိုးလင်းတာနဲ့ညံလို့… မရပ်မနား မိုက်ခွက်နားမှာ စေတနာရှင်… အလှူခံပေးသူများ… ဇာတ်တော်များကတဖုံ… တရားတိုတရားစများတသွယ်နဲ့… လှူဒါန်းမည့်သူများရဲ့ နှလုံးသားက စေတနာသဒ္ဒါတရားကို ချွေချနိုင်ဖို့… […]


အဘ ဘုတ္ကလံုNovember 14, 20131min29313
OIC က ရုံး စိုက်မယ်ဆိုရင် ကန့်ကွက် ဖို့စိတ်ကူးမိပေမယ့် အလည်လာမယ်, လေ့လာမယ်ဆိုရင်တော့ ကျနော့် အနေနဲ့ မကန့်ကွက်လိုပါ။ OIC ကို လာစမ်းပါ, ရှုစမ်းပါ, ခင်ဗျားတို့အမျိုးနွယ်တွေ အမြို့မြို့အနယ်နယ်တွေမှာ အိုးအိမ်ဗလီကြီးတွေ ဟီးလို့, မော်လဝီ ကြီးတွေ လမ်းမတွေပေါ်မှာ အေးဆေးလမ်းလျှောက်လို့, ခင်ဗျားတို့အမျိုး အမျိုးသမီးငယ်လေးတွေ ကျောင်းတွေမှာ အေးဆေးစာတွေသင်လို့, ခင်ဗျားတို့အမျိုး လုပ်ငန်းရှင်ကြီးတွေ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ကားကြီးတွေတဝီဝီနဲ့ , အနုပညာနယ်ပယ်မှာလဲ ခင်ဗျားတို့အမျိုးတွေ နေရာကိုယ်စီ နဲ့ နိုင်ငံရေးနယ်ပယ်မှာ ခေါင်းပေါင်းကြီးတွေတကားကားနဲ့ ခင်ဗျားတို့အမျိုး အမတ်တွေ, အဟဲ ကျနော်တို့ နိုင်ငံ့အညှာ ခြေ ဥ တောင် တက်ပြင်မယ်ဆိုတဲ့လူက ခင်ဗျားတို့ အမျိုးပါပဲဗျာ. . . .ကဲ . . . […]


အဘ ဘုတ္ကလံုNovember 13, 20131min1986
NLD အဖွဲ့ကို..တရုတ်နိုင်ငံမှ ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး. အကြောင်း မရှိအကြောင်းရှာကာ..ဝေဘန်မှုများဖြစ်ပေါ်နေပါတယ်။ ကုလားနှင့် တံဆိပ်ကပ်မရတော့..တရုတ်နှင့်တံဆိပ်ထပ်ကပ်ရန်.. အကြံယုတ်ကို..တဖြည်းဖြည့်သိလာရတယ်။ တော်တော် အောက်တန်းကျပါတယ်.။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ မတ်လ (၁၇) ရက်နေ့က.. လားရှိုးမြို့ ရန်တိုင်းအောင်ကွင်းတွင်တရုတ်နိုင်ငံ နှင့်ပတ်သက်သော သူ့သဘောထားကို..ပြည်သူများအားပြောခဲ့သောစကားရှိပါတယ်။ “ ကျွန်မတို့ နိုင်ငံဟာ ပထဝီအနေအထားအရ .တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်နေပါတယ်။ ဒိမိုကရေစီ အစိုးရတည်တံ့မှ နိုင်ငံအချင်းချင်းနားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်နိုင်မှာပါ။ ကျွန်မတို့လိုချင်တာ နှစ်ဦးနှစ်ဖက်စလုံး နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးပဲ၊ စီးပွားရေး အရသာဆက်ဆံတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး ” ဒီလိုပြတ်သားသောစကားမျိုးကို .. အရင်ကစစ်အာဏာရှင်ခေါင်းဆောင်များ.. မပြောရဲကြသလို.. လက်ရှိအစိုးရခေါင်းဆောင်များလည်း လုံးဝ မပြောရဲခဲ့ပါဘူး။ “တရုတ်ကို ကြောက်ရတယ်”..ဆိုတဲ့စကားတော့ထွက်လာပါတယ်.။ မြန်မာနိုင်ငံတော်အလံနှင့် အချုပ်အခြာအာဏာ ၊အစိုးရအပါအဝင်.. နိုင်ငံသူနိုင်ငံသားများကို သိက္ခာကျအရှက်ရစေသော.. စကားမျိုးကိုတော့..သူတို့ နှုတ်မှ […]


နွေဦးNovember 13, 20132min26620
ဒီတခါ ဒဲ့ပြောတာပါ..… တကယ်ပါ ဒီတခါ ဒဲ့ပြောမှာပါ ။တခါလေးစောင်းပြောလိုက်ပါတယ် နောက်ပြောတာတွေအားလုံး အဓိပ္ပါယ်တမျိုးနဲ့ ဖတ်ကြတော့မယ်ဆို ကျွန်တော် ဒုက္ခနဲ့ လှလှတွေ့ကြမှာ.. ဒါ့ကြောင့် တဲ့တဲ့ဘဲရေးလိုက်တော့မယ် ။ တလွဲမတွေးကြနဲ့နော်…။ ဒီလိုဗျ ဒီလို..ဒီတခါလုပ်မဲ့ပွဲမှာ ကျုပ်ဇွတ်ချဲတော့မယ် ဆိုတဲ့အကြောင်းပြောချင်တာ….။ ဒီတပွဲမှာ သူက ဝင်အရွေးခံမယ်လို့ပြောနေပြန်ပြီ..။ ဘယ့်နဲ့ဗျာ..သည်းခံလာတာကြာခဲ့ပြီ..ခုထိဝေ့လယ်ကြောင်ပါတ်နဲ့ နေရာကလိုချင်သေးတယ် မဖယ်ပေးချင်ဘူး..။ ပြောတော့ အငြိမ်းစားယူပြီးခြံထဲ စာဖတ်ပြီး အေးအေးဘဲနေတော့မယ်ဆိုတာ…။ ခုဒီမှာ လှုပ်လှုပ်ရှားရှားဖြစ်လာတာနဲ့ သူဒီဘက်ကို ခြေဦးလှည့်နေပြန်ပြီ…။ သူ့ကိုတော်တော်များများကမထောက်ခံတော့ဘူး… အရင်က ဆရာဆရာဆိုပြီးလုပ်ခဲ့တဲ့ တပည့်တွေလည်း ခုအနားမှာသိပ်မကျန်တော့ဘူး.. ဒီသီတင်းကျွတ်မှာတောင် တပည့်တွေက လာကန်တော့တာ သိပ်မရှိဘူး.. မှတ်မှတ်ရရ ဟိုတယောက်ဘဲ လာကန်တော့တယ်လို့ကြားတာ…။ ဖြစ်မှာပေါ့..လူကြီးလုပ်ပြီး မျှမျှတတ မှမရှိတာ..။ သူ့လက်ထက်က သူလုပ်ခဲ့တာတွေ ကောင်းမှမကောင်းခဲ့တာ…။ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဆိုင်ခန်းတွေကို အပြင်ပေါက်ဈေးထက် […]


အဘ ဘုတ္ကလံုNovember 10, 20131min25516
မြန်မာမယ်ကို နိုင်ငံရေး အရ သဘောမကျကြဟု သိရသည်။ သတိလဲ ထားမိသည်။ သဘာကျခြင်းမကျခြင်းက ကိုယ်ပိုင်အခွင့်အရေးဖြစ်ပါသည်။ အထူးဆိုရန်မရှိ။ သို့ဖြစ်ရာ မြန်မာ မယ်ကို မဲပေးခြင်း၊ မပေးခြင်းသည်လဲ ကိုယ့်ရွေးချယ်မှုသာဖြစ်ပေမည်။ သို့သော်လဲ မြန်မာမယ်နှင့် ပြိုင်ဘက် ဖိလစ်ပင်းမယ်အား မဲပေးရန် ဆော်ဩခြင်းကတော့ တစ်ဘာသာဖြစ်သည်။ ထို့ပြင် မြန်မာမယ်ကို Report တင်သည်ဟုပင်ကြားရသည်။ မဖြစ်နိုင်ဟု ပြော၍လဲ ခက်မည်။ အခု အပြုအမူများက ဖြစ်နိုင်ချေမြင့်မားနေသည်မလား။ ဤတွင် မြန်မာများ၏ တွေးခေါ်ပုံကို သတိထားမိသည်။ ဤသည်မှာ မိမိအလိုမကျမှု တစ်ခုရှိလျှင် အကျိုးရှိလာနိုင်စရာရှိသည့် ကိစ္စ တစ်ရပ်ကို ဖျက်ဆီးတတ်သည့်စရိုက်။ သည်လိုစရိုက်ကို ဂဠုန်ဦးစောကပြသခဲ့ပြီးပြီ။ မြန်မာအများစု(နိုင်ငံရေးသမားများအပါအဝင်) သည် နိုင်ငံတကာရေစီးများနှင့် ဓလေ့များအား ယဉ်ပါးမှုအားနည်းသေးသည်မှာ ငြင်းရန်မလိုချေ။ရလာဒ်အားဖြင့် ဒီလို လုပ်ရပ်တွေကို တွေ့ရတော့သည်။ သူတို့စိတ်ထဲ […]


သမီးလေ.. ပို့စ်ရေးခဲ့ဖူးပါတယ်… ခရီးသွားလုပ်ငန်းထဲက S တစ်လုံး ဆိုတဲ့ ပို့စ်ထဲမှာ… လှည်းတန်းမီးပွိုင့်လမ်းဆုံမှာ လမ်းလယ်ခေါင်မှာ ကွေ့ကြောယူထားတဲ့ ကားကို အတင်းငှားပြီး ပါလာတဲ့ နိုင်ငံခြားသားကို အသည်းအသန် အရင်တက်ခိုင်းပြီး ပြာပြာသလဲ ကားငှားစီးတဲ့ အမျိုးသမီးအကြောင်း…. ဂရုစိုက်ကြပါ…. ဧည့်ဝတ်ကျေကြပါ.. စည်းကမ်းတော့ မဖောက်နဲ့ပေါ့… နိုင်ငံခြားသား မပါလာရင်တောင် နားလည်ပေးနိုင်သေးတယ်… အခုက နိုင်ငံခြားသားရှေ့မှာ ကိုယ်က ပိုဂရုစိုက်ပြီး စည်းကမ်းလိုက်နာပြရမှာကို… စည်းကမ်းဖောက်ပြနေလို့.. အသည်းနာတယ်…. (အာတီသဲ မဟုတ်ဝူးနော်..) လမ်းပေါ်မှာ၊ အထူးသဖြင့် Tour sites တွေမှာ နိုင်ငံခြားသားတွေ အခွင့်ထူးခံနေကြတဲ့ ကိစ္စတွေ… သမီးတို့လည်း အသည်းနာပါတယ် အာတီသဲရယ်… ဒါပေမယ့် အဲ့ဒါ Tour Company တွေနဲ့တော့ မဆိုင်ဘူးလို့ ပြောရမယ်… Tour Company […]