Mr WorldWideJune 18, 20131min3632
ဖွဘုတ်က ကူးလာတာပါ။ Teamwork ကို ခွဲခြားလေ့လာရာတွင် ၁။ Responsibility – မိမိ တာဝန်ယူရမည့်အပို်င်းကို တာဝန်ယူခြင်း၊ မိမိနှင့် လုပ်ဖော်ကိုင်ဖက်များအချင်းချင်း တာဝန်ခွဲဝေယူစေခြင်း ၂။ Respect – မိမိအလုပ်ကို အချိန်နှင့်အမျှ လေးစားခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းလေးစားခြင်း ၃။ Understanding- မိမိအလုပ်အကြောင်း အပြည့်အဝနားလည်အောင်ကြိုးစားခြင်း၊ မိမိလုပ်ဖော်ကိုင်ဖက်များ၏ မိသားစုရိုးရာဓလေ့ ဘဝအခြေအနေများကို သိရှိနားလည်စေရန် ကြိုးစားခြင်း ၄။ Communication- အချင်းချင်း အထက်အောက်ပြန်လည် သတင်းပို့တင်ပြခြင်း၊ ဖြစ်ပေါ်လာနိုင်သော အကျိုးအကြောင်းများအား ဆွေးနွေးဖလှယ် လေ့လာခြင်း ၅။ Value – မိမိအလုပ်မှ မိမိလုပ်ဖော်ကိုင်ဖက်များ ကြီးငယ်မရွေး လုပ်ဆောင်မှုအပေါ် တန်ဖိုးထားခြင်း၊ မိမိလုပ်ငန်းရည်ရွယ်ချက်နှင့် တန်ဖိုး (Value) ကို လုပ်ဖော်ကိုင်ဖက်အချင်းချင်း သိရှိနားလည်အောင် ကြိုးစားခြင်း စသဖြင့် […]


alinsettJune 17, 20135min45512
မနေ့က ပျင်းပျင်းရှိတာနဲ့…….. ကြည့်ပြီးသား ဇာတ်ကားအဟောင်းတွေထဲက တစ်ကားကားတော့ပြန်ကြည့်ဦးမှ..ဆိုပြီး.. အခွေ ဟောင်းတွေကို ကိုင်ကြည့်ပြီး.မွှေနေမိပါတယ် ။ ကျွန်တော် ကြ်ိုက်တဲ ့ဇာတ်ကားတွေ ကို ဘယ်ကား ပြန်ကြည့်ရကောင်းမလဲ..လို ့ စဉ်းစား ရွေးချယ်ရပါတယ် ။ AVATAR No…… ဒီ အချိန်မှာ..ဘယ်လို နယ်မြေ ကျူးကျော် သိမ်းပိုက်မှုမျိုးကိုမှ မကြည့်လို ../ မမြင်လို….။ =================   HARRY POTTER ဒါလည်း… No…… / စိတ်ကူးယဉ် ဆန်းကြယ် မှု တွေနဲ ့ လက်တွေ ့ဘဝကနေ ကင်းကွာနေရမယ့် အချိန်လည်း.. မဟုတ်ပြန်ဘူး..။   ========================================   TIYANIC မျက်တောင် ခတ်ဖို ့ / အသက်ရှု […]


ခုတလော ဖြစ်ပျက်နေတဲ့ ကျနော်တို့ရဲ့ နုနုထွတ်ထွတ် ဒီမိုကရေစီမြန်မာနိုင်ငံကြီးကို မျက်စိဒေါက်ထောက်ကြည့်ပြိီး မနေနိုင်မထိုင်နိုင်လွန်းလို့ လက်ဆော့ချင်လာတယ်ဆိုပါတော့ဗျာ…. ဒီရွာကြီးထဲကို သိုသိုသိပ်သိပ်လေးနဲ့ ရောက်နေခဲ့တာ ခုဆို နှစ်နှစ်တောင်ကျော်လာခဲ့ပြီဆိုပေမယ့်… post ရယ်လို့ ယောင်လို့တောင် မတင်ဖူးပါဘူးဗျာ… ခု ဒီ post ကြောင့် အဆဲအဆို ခံရမယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာ ခံယူဖို့ အသင့်ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယူဆပြီးသကာလ… အရင်ဦးဆုံးအနေနဲ့ ကျနော်ဟာ ခရစ်ယာန်စစ်စစ် ဖြစ်ပါကြောင်း မိတ်ဆက်ပါရစေလားဗျာ… အဲဒီတော့ ချစ်မိတ်ဆွေတို့ရဲ့ ဗုဒ္ဓဘာသာ လူမှုအတိုင်းအဝိုင်းက ဖြစ်ပျက်နေတာတွေကို ကျနော်တဦး တည်းရဲ့ဘေးအမြင်နဲ့ တင်ပြဆွေးနွေးကြည့်ချင်တာပါ.. ခုတလော hot ဖြစ်နေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကြီးနဲ့ ပါတ်သက်လို့ အမျိုးမျိုး ဝေဖန်နေတဲ့ကြားက သမာဓိနဲ့ပြည့်ဝတဲ့ ဆရာတော်ကြီးတွေ အပါအဝင် ရဟန်းတော် များဟာ အားတက်သရော ဖြစ်နေကြတာဟာ […]


ကလိန် ကလိန် ကလိန်… ကလိန် ကလိန် ကလိန်… “ ဟယ်လို ၊ မင်္ဂလာပါခင်ဗျာ ၊ ညီအစ်ကိုများ ရောင်းဝယ်ရေး ကကြိုဆိုပါတယ် ” ““ ဟုတ်ကဲ့ ၊ မင်္ဂလာပါရှင် %!@#$%^ ဘဏ် က ဆက်တာပါ ၊ ဦးစိန်ပေါက်ပေါက် ရှိပါသလားရှင် ”” “ ဟုတ်ကဲ့ ၊ ကျွန်တော် စိန်ပေါက်ပေါက် ကိုယ်တိုင် ပြောနေတာပါ ” ““ ကျွန်မ တို ့ %!@#$%^ ဘဏ် ကို ဦးစိန်ပေါက်ပေါက် နာမည် နဲ ့ ချီးပိုးထိုးမြို ့က ဦးလျှောက်ဝူ က သိန်း၃ဝကျပ် လွှဲတာကို လာထုတ်လို ့ရပါပြီ ရှင် […]


koyin sithuJune 15, 20131min139541
လွန်ခဲ့သောနှစ်နှစ်တာ ကာလဝန်းကျင်လောက်က ကိုရင်တစ်ယောက် ပေတစ်ခေါက်ခေါက်ဖြင့် သင်္ဘောပြန်တက်ရန် အကြောင်းဖန်လာပြန်သည်။ ယခုတစ်ခေါက်သင်္ဘောသည်ကား ဖား၊ ဗီယက်နမ်၊ အင်ဒို၊ မလိုင်တလွှား စုန်ဆန်သွားလာသော ကုန်တင် General Cargo အမျိုးအစားဖြစ်လေသည်။ ကိုရင်တို့ သင်္ဘောပေါ်တွင်လည်း ထုံးစံအတိုင်း ဖားနှင့် အ (အင်ဒို)များပြီး ရွှေ ၅ယောက် ကြီးတစ်ကြီး ပါဝင်လုပ်ကိုင် ကြလေသည်။ သင်္ဘောပေါ် ရောက်ရောက်ချင်းပဲ အားလုံးက ခင်ခင်မင်မင်နှင့် ကိုရင်နေဖို့ အခန်း (cabin) လိုက်ပြကြသည်။ သိပ်ကျယ်ဝန်းလှသော အခန်းမဟုတ်ပေမဲ့ နေဖို့ထိုင်ဖို့ အခန်းသန့်သဖြင့် စိတ်ကျေနပ်မိသည်။ စာချုပ် ၁ဝလတာအတွင်း ထိုအခန်းသည်ကား ကိုရင်အတွက် နားခိုရာ နားနေရာ အိမ်လေးဖြစ်လာတော့မည်။ အခန်းသို့ အထုပ်အပိုးဖြင့် လိုက်ပို့ပေးသော သင်္ဘောသားများက နေရာချထားပေးအပြီး မြန်မြန်ပြန်ထွက်သွားကြသည်။ စကားပင် ကိုရင်အား […]


alinsettJune 14, 20131min73731
  To း   alinsett.art@gmail.com from:  paneiphyu@starmail.com Subject :  ကူညီပေးပါ ။     သူငယ်ချင်း ကိုလင်း ။ ငါအခု အရမ်းစိတ် ညစ်နေတယ်ဟာ။ ငါအခု ဖြစ်နေတဲ့ ပြဿနာကို နင် ကူညီ နိုင်ရင် ကူညီပေးပါနော် ။ ငါ ဘာတွေ ဖြစ်နေတယ် ဆိုတာ ရယ်။ နင် ကူညီရမယ့် ကိစ္စ ရယ် ကို ပြောပြပါ့မယ် ။ ဒီလိုပါ ။ ငါ နဲ ့ မင်းနိုင် နဲ ့ချစ်သူတွေ ဖြစ်နေတာ နင် အသိပါပဲ ကိုလင်းရယ် ။ အခုတလော မင်းနိုင် ခြေလှမ်းတွေ ပျက်နေတယ် […]


same kyawJune 14, 20131min36612
MOV00446 ပြီးခဲ့တဲ့ အပတ် က Selayang pasar borong တွင် ဘင်္ဂလီများ ကိုချန်လပ်ပြီးသကာ လ ရွှေမြန်မာချည်းရွေးဖမ်းတဲ့ပွဲ။ ကားတိုက်မဲ့ဘေးတောင် မကြောက်နို်င်ဘဲ အလုပ်လုပ်ရင်းတန်းလန်းနှဲ့ထွက်ပြေးရတဲ့သနားစရာ ဒို့မြန်မာတွေပါ။ ဒို့လူကြီးတွေ ကဒါ ကို သမ္မတ ဖြစ်ဖို့လောက် နဲနဲမှ စိတ်ဝင်စားမယ်မထင်ပါဘူး။ တိုင်းသူပြည်သားများအပေါ် အလွန်ရက်စက်သော အစိုးရ။သူတို့ကြောက် နိုင်ငံခြားတိုင်းပြည်တွေ အနှိမ်ခံ အဆင်းရဲခံပြီး အလုပ်လုပ်နေကြတာဘာကြောင့်လဲ။ ဒီနေ့ Kl မြို့ထဲ ကိုရောက်တော့ တမြို့လုံးမြန်မာဆိုတာ လိုက်ရှာနေရတယ်။လမ်းအပြည့်ရှိတာဘင်္ဂလီတွေ။ စိတ်မကောင်းလွန်းလို့ ခါတိုင်းဆို မြန်မာဆိုင်တန်းဘက်မှာ မြန်မာတွေ  ရ ရက်လုံးပြည့်ကျပ်နေတာဘဲ။ရင်ထဲ တော်တော်စိတ်မကောင်းဖြစ်မိတယ်။


ဟုတ်ကဲ့စာဖတ်ကြဖို့လိုပါတယ်။စာများများဖတ်မှ အသိပညာ အတတ်ပညာ သုတ တိုးပွားမယ်။ တိုင်ပြည်အတွက်အကျိုးရှိမယ်။ ပြောရရင်စာဖတ်ခြင်း အကျိုးကိုခင်ဗျားတို့ကပိုသိမှာပါ။သိလို့လဲကျနော့်ကိုစာများများ ဖတ်ဖို့ ဝိုင်ဝန်းတိုက်တွန်း အကြံပေး လမ်းညွှန် ကြတာလို့ ထင်ပါတယ်။အဲဘာပြုလို့စာဖတ်ခိုင်းတာလဲ လို့ပြန်ကြည့်လိုက်တော့ ဟီး မိခင်မေတ္တာကိုရေးမိလို့ ဝိုင်းပြီးစာဖတ်ခိုင်းတာလားမသိ။ ဟုတ်ကဲ့ပါ တခြားအသိပညာတိုးပွားဖို့ဆိုစာဖတ်ပါ့မယ်ခင်ဗျာ။ ဖတ်လည်းဖတ်နေပါတယ်။ကျနော့်အတိုင်းအတာနဲ့ကျနော်နိုင်သလောက် ဖတ်နေပါတယ်။ အရင်က အိမ်ထောင်မကျခင်ပေါ့လေ။ရ တန်းလောက် ကစပြီးစာမျိုးစုံဖတ်ပါတယ်ခင်ဗျ။ဝယ်ဖတ်တယ်။ဌားဖတ်တယ်။စာကြည့်တိုက် မှာဖတ်တယ်။တခါတလေ ဆရာမောင်စူးစမ်းရဲ့စာအုပ်တွေအပြင်မှာဌားဖို့မရှိ ဝယ်လို့မရရင် စာကြည့်တိုက်မှာနားလည်မူ့နဲ့စာအုပ်လဲ ပြီးသမတယ်။ မကောင်းမှန်းသိသိနဲ့လုပ်ရပေမဲ့ အဲဒီစာအုပ်မျိုးကဖတ်သူမရှိလို့ ဖျက်ဆီးစာရင်း ပါတော့မှာဆိုတာလဲသိရလို့သမတာလဲပါပါတယ်။ နောက်ပိုင်းအိမ်ထောင်ကျပြီးနဲနဲအဖတ်ကျဲသွားတယ်။ စာတွေပဲဖတ်ရမဲ့ အခါမဟုတ်တော့ဘူး။ ဘဝကိုလက်တွေ့ကျကျဖတ်ရမဲ့အချိန်ဖြစ်လာတယ်။ ဇနီးမယားအပေါ် ဝတ်တရားတွေ အကြင်နာတွေနဲမိသားစုဘဝကို တည်ဆောက်ရတယ်။နှစ်ဘက်ဆွေမျိုးနဲ့မေတ္တာပေါင်းကူးတံတားတည်ဆောက် ရတယ်။ပါတ်ဝန်ကျင်အသိုင်းအဝိုင်နဲ့လည်းသင့်တင့်တဲ့ဆက်ဆံရေးတည်ဆောက် ရတယ်။ ဒီနောက်သားသမီးတွေရလာတယ်။ဖခင်မေတ္တာမိခင်မေတ္တာတွေနဲ့သားသမီး အပေါ်ကိုလွှမ်းခြုံပေးရတယ်။ဒီလိုမိသားစုတာဝန်အသီသီးကျေပွန်ကြတာ ကျနော်တို့နှစ်ဘက်ဆွေမျိုး ပါတ်ဝန်ကျင် လူအားလုံးကသိမြင်နားလည်ကြတယ်။ ဒါကြောင့်ကျနော့်ပါတ်ဝန်ကျင်မှာကျနော်တို့နှစ်ယောက်ဘာလုပ်လုပ် ထောက်ခံ ကြတယ်။ယုံကြည်ကြတယ်။အားကိုးကြတယ်။ အထင်လဲကြီးကြတယ်။ ဒါတွေဟာမိသားစုအတွင်းမေတ္တာကိုသူတို့မြင်တယ်။ကျနော်တို့ဘဝကိုဖတ်တယ်။ […]


black chawJune 6, 20131min62724
၂၀၀၁ ခုနှစ်လောက်က ရေးခဲ့တဲ့ မင်းခိုက်စိုးစံရဲ့ ကဗျာလေးတစ်ပုဒ်ကို ကျွန်တော်အကြိုက်တွေ့နေမိပါတယ်…။ တစ်ပုဒ်လုံးထဲကမှ အောက်က ၂ ကြောင်းထဲကို ခိုက်နေမိတာပါ…။ မြစ်ဘေးက သစ်ပင်လို သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့ တဲ့…။ အမှန်တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း မြစ်ဘေးကသစ်ပင်လိုပါပဲ…။ သူများတွေစီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်မိတာပါ…။ သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း… ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း… အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း… တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း… အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း… ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ… သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ ကောင်ပေါ့…။ မြစ်ကြီးကတော့ ပုံစံမျိုးစုံနဲ့ စီးဆင်းနေခဲ့တာပေါ့…။ ဘယ်လိုပဲဖြစ်ဖြစ်… ကျွန်တော်က မြစ်နံဘေးက သစ်ပင်ပါ။ —————————————————————– မြန်မာနိုင်ငံရဲ့ မြို့တချို့မှာ ဖြစ်ပွားနေခဲ့တဲ့ ပဋိပက္ခဆိုတာတွေကို ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာနဲ့… စောင့်ကြည့်နေခဲ့ဖူးပါတယ်…။ ကြည့်နေရင်းတန်းလန်းမှာပဲ… ကမ္ဘာကျော်ပြဇာတ်ဆရာကြီး […]


ムラカミJune 1, 20131min47012
Royalty Free Photos မူပိုင်ကိစ္စ ရေးကြပြောကြပြီးတော့ Royalty ဘက်သွားရအောင်ဗျာ..။ ဒီလိုပါ။ ပိုင်ရှင်ရှိတယ် ..သို့သော် သုံးခွင့်ရှိတယ် ဆိုတဲ့ အရာတွေအကြောင်း ဆိုပါတော့..။ မားးးခိုင် ပြောပြောနေတဲ့ Fair Use ရဲ့ အနွယ်ဝင် တွေထဲမှာမှ ဓါတ်ပုံပညာနဲ့ ပါတ်သတ်တဲ့ ကိစ္စရပ် ဆိုပါတော့။ :harr: (အခြားအခြားသော ထုတ်ကုန်တွေ အနုပညာ ထွက်ကုန်တွေ ပစ္စည်းတွေမှာလည်း သူ့ဟာနဲ့သူ ပေးသုံးတဲ့ ခေါင်းစဉ်တွေ Fair Use တွေရှိပါကြောင်း) Royalty-free (RF) ဖရီးပေးတယ် ဆိုတဲ့ နေရာမှာ စိတ်ကြိုက် လုပ်ချင်တိုင်းလုပ် လို့တော့ မဆိုလိုပြန်ဘူးဗျ…။ Case-by-Case ကွာခြားမှု လေးတွေရှိတယ်။ ၁။ တချို့ ၁ကြိမ် သာငွေပေးခြေရတယ် (အရေအတွက်တခုထိ) ထပ်ဖန်တလဲ […]


ပြောကြတာဘဲဗျာ .. နိုင်ငံကို အုပ်ချုပ်မင်းလုပ်ကြတဲ့သူတွေဟာ ကိုယ့်နိုင်ငံသားတွေကို ကိုယ့်သားသမီးကိုချစ်သလိုု ကိုယ့်မိသားစုကိုစောင့်ရှောက်သလို နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီးလုပ်မှသာ မင်းကောင်းမင်းမြတ်ဆိုသတဲ့..။ မိသားစုတခုအနေနဲ့ ကြည့်မယ်ဆို နိုင်ငံခေါင်းဆောင်ဟာ အိမ်ထောင်ဦးစီးနဲ့တူသတဲ့ ။ ဆိုပါစို့ အဖေလိုမျိုးပေါ့ ။ တိုင်းသူပြည်သားတွေဟာလည်း သားသမီးတွေနဲ့တူပါသတဲ့ ။ စီးပွားဖက်နိုင်ငံများက ဖခင်ရဲ့မိတ်ဆွေများနဲ့တူပါသတဲ့ ။ အဖေတယောက်အနေနဲ့ ကိုယ့်သားသမီးတွေကို မုန့်ဝယ်ကြွေးမယ် မုန့်ဖိုးပေးတယ်ပေါ့ ။ ကိုယ်ပေးလိုက်တဲ့ မုန့်ဖိုးလေးနဲ့ ငါ့ခလေး ဘာများဝယ်စားလဲပေါ့ ။ အဖေတယောက်အနေနဲ့ဆို ဒီလိုတော့ စဉ်းစားမိမှာပါ ။ ငါ့သမီးလေး ငါပေးတဲ့ပိုက်ဆံ တစ်ထောင်နဲ့ မုန့်တစ်ခုမှရရဲ့လား.. နှစ်ခုရရင် ကောင်းမှာဘဲ.. သုံးခုသာဆိုငါ့သမီးလေး ဝဝလင်လင် စားရမယ်လို့ တွေးမိသလားဘဲ..။ ဒီလိုဘဲ..  လစာ ရတဲ့ နိုင်ငံသူနိုင်ငံသားတယောက်ရဲ့ လက်ထဲက ပိုက်ဆံ […]


Mon LayMay 29, 20131min48115
ကျွန်မက ယခုခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်နေသူတစ်ဦးပါ။ ကျွန်မတွေ့ကြုံဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုထဲက တစ်ခုကို စာဖတ်သူကို မျှဝေပေးချင်လို့ပါ။ ဧည့်သည်တွေနှင့် အွန်လိုင်းမှတိုက်ရိုက်ထိတွေ့ဆက်ဆံမှုလုပ်ငန်း Sales & Marketing ဌာနကိုမရောက်ခင်က ဟိုတယ်တွေနှင့် ဆက်နွယ်နေသည့်၊ ဧည့်သည်တွေမြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ် နေစရာရှာဖွေပေးနေရသည့် Reservation ဌာနမှာ လုပ်ကို်င်ခဲ့ဖူးပါသည်။ Reservation ဆိုသည် အခန်းဘွတ်ကင် တင်ခြင်းဖြစ်ကာ ကြိုတင်နေရာယူခြင်းဟု အဓိပ္ပါယ်ရသည်။ Reservation လုပ်ငန်းကို ယခင်တခြားကုမ္ပဏီတစ်ခုမှာ (၇)လ ကျော်လောက် ကျွန်မလုပ်ကိုင်ခဲ့ဖူးပါသည်။ (၇)လကျော်ဆိုသည့် ကာလသည် ရင့်ကျက်သည့်အတွေ့အကြုံရရန် ကြိုးစားနေသည့် ကာလဟုခေါ်ဆိုနိုင်ပြီး မျက်ကန်းတစ်ယောက်လို စမ်းတဝါးဝါးနှင့် အလုပ်ကိုလုပ်ဆောင်နေသည်ဟု မခေါ်ဆိုနိုင်ပါ။ ဘွတ်ကင်တင်လျှင် ဖြစ်တတ်သည့် ပြဿနာလေးများကို တီးမိခေါက်မိသိရှိထားသော၊ အင်္ဂလိပ်စာအခြေခံအဆင့်ထက် တတ်မြောက်ထားသော ကျွန်မ လွန်ခဲ့သည့် သုံးလက Aureum Palace Hotel […]


ဘဝ ဆိုတာနဲ့ပါတ်သက်ပြီး လူအမျိုးမျိုးတို့က သူတို့အတွေ့အကြုံတွေပေါ်မူတည်ပြီး…..အဓိပ်ပါယ် အမျိုးမျိုးဖွင့်ခဲ့ကြပါ၏… နောက်ရှိပါသေးတယ်….အများကြီးပါပဲ…အဲထဲကမှ..မေတ္တာရှင်ကြီး မာသာထရီစာပြောတာက.. “Life is an opportunity, benefit from it. Life is beauty, admire it. Life is a dream, realize it. Life is a challenge, meet it. Life is a duty, complete it. Life is a game, play it. Life is a promise, fulfill it. Life is sorrow, overcome it. Life […]