Foreign ResidentApril 6, 201316min22519
အဘဖေါ ရဲ့ ဘာသာပြန် သင်္ခန်းစာ ( ၁ )   ဟဲ ဟဲ ။ ဘာရယ် ဟုတ်ပါဘူး ။ ရွာထဲမှာ အခုတလော ၊ ရွာသူား ကြီးတွေက ၊ အင်္ဂလိပ်စာ ဘာသာပြန် ၊ သင်ခန်းစာတွေ ၊ ပို့ချနေကြတာ တွေ့ရတော့ ၊ အဘ လည်း အားကျလာပြီး ၊ သူတို့လောက် အင်္ဂလိပ်စာ ၊ မကျွမ်းကျင်ပေမယ့် ၊ အဘ တတ်သလောက်လေးနှင့် ၊ ဘာသာပြန် သင်္ခန်းစာလေး ရေးပါရစေ ။   အဲ ၊ အဘ စံနမူနာပြုပြီး ၊ ဘာသာပြန်ဆိုပြမဲ့ ၊ အင်္ဂလိပ်စာ ဆောင်းပါး ကတော့ […]


Mr. MarGaApril 4, 20131min61065
ဒီစကားလုံးလေးအကြောင်းကို တွေးမိတာ နည်းနည်းတော့ ကြာပြီ။ သူ့ကို တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ရင် တာဝန် သိသူအတွက်သာ တာဝန်ဆိုတာ ဖန်တီးထားသလိုလို၊ တာဝန်မသိသူတွေ၊ တာဝန်ကိုရှောင်လွှဲသူတွေအတွက်တော့ ဘာမှ မဆိုုင်သလိုလို ထင်ရတယ်။ တကယ်တမ်း တွေးရင်တော့ တာဝန်သိသူတွေ ရှိမှသာ၊ တာဝန်မဲ့သူတွေ၊ တာဝန်ကို ရှောင်တဲ့သူတွေဟာ အသေအချာ ပေါ်ပေါက်လာမယ်၊ တိတိကျကျ ဖော်ထုတ်နိုင်မယ်လို့ တွေးမိသလိုပဲ။ တာဝန်ဆိုတာဟာ ပေးအပ်လာတဲ့ တာဝန်ရှိသလို ဘယ်သူကမှ တာဝန်မပေးဘဲ မိမိဘာသာ တာဝန်ယူတာလဲ ရှိတတ်ပါတယ်။ ပေးအပ်လာတဲ့ တာဝန်ကို လေးစားစွာနဲ့ ထမ်းဆောင်သူကို ချီးမွမ်းတတ်ကြသလို ဘယ်သူကမှ တာဝန်မပေးဘဲနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် တာဝန်ယူသွားတတ်သူတွေကိုလဲ အလေးထားကြပါတယ်။ တာဝန်ရှိသူ တာဝန်ရှိသူ ဆိုတာကို တွေ့လိုက်တာနဲ့ ပြေးမြင်တတ်ကြတာက အလုပ်တစ်ခု၊ နေရာတစ်ခုအတွက် စီမံခန့်ခွဲ […]


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကန်ထရိုက်စနစ်တွေအတော်ခေတ်စားပါသတဲ့… လမ်းတံတားအသုံးပြုခတို့၊ ဈေးတွင်းစီမံခန့်ခွဲခြင်း၊ အများသုံးသန့်စင်ခန်း စသည်စသည်တွေမှာ ကန်ထရိုက်စနစ်နဲ့ လူပုဂ္ဂိုဟ်တစ်ဦးတစ်ယောက်ခြင်းသော်လည်းကောင်း… ကုမ္ပဏီအစုအဖွဲ့တစ်ခုခုကိုယ်သော်လည်းကောင်း ကန်ထရိုက်ပေးကြပါတယ်… ယုတ်စွအဆုံး… ရွှေတိဂုံဘုရားကအလှူငွေတွေကိုတောင် ကန်ထရိုက်စနစ်နဲ့ပေးကြပါတယ်… အဲဒီတော့ မြန်မာနိုင်ငံမှာ ကန်ထရိုက်စနစ်တွေခေတ်စားသပေါ့…                 ကျွန်တော်နားလည်ထားတဲ့ ကန်ထရိုက်စနစ်ဆိုတာလေးကိုပြောရရင်… ဥပမာ… လမ်းမိုင် (၁၀၀)ရှိသောလမ်းအပိုင်းကို… အစိုးရက လမ်းခင်းရင် သိန်း (၁၀၀၀)ကျမယ်ဆိုပါစို့… ကုမ္ပဏီတစ်ခုကို လမ်းခင်းခိုင်းလိုက်တယ်… ပြီးတော့ လမ်းတံတားအသုံးပြုခကို နှစ်ကာလအပိုင်းအခြားအလိုက် ကောက်ခံခွင့်ပေးလိုက်တယ်ဆိုပါတော့… နှစ်ကာလအပိုင်းအခြားတစ်ခုမှာ ကုမ္ပဏီကစိုက်ထုတ်ထားတဲ့ကုန်ကျငွေအရင်းကျေရုံမကဘဲ… အမြတ်ထွက်နိုင်တဲ့ပမာဏကိုရရှိနိုင်ပါတယ်… ဈေးအတွင်းတယ်လီဖုန်းလိုင်းများ… အများသုံးသန့်စင်ခန်းများလဲ ထိုနည်းလည်းကောင်းပါပဲ… ဒါက နည်းလမ်းတစ်သွယ်…               […]


asiamastersMarch 30, 20131min882
၂၆။   မိတ်ဆွေအပေါင်းအသင်းပေါများသူတို့ဟာ ခိုင်မာတဲ့မြို့ရိုးများ အကာအကွယ်ပေး ထားတဲ့မြို့များနဲ့တူတယ်။ မသမာသူတို့ လွယ်လွယ်နဲ့ မဝင်ရောက်နိုင်။ မိတ်ဆွေအပေါင်း အသင်းနည်းပါးသူများဟာ မြို့ရိုးမရှိတဲ့မြို့များနဲ့တူတယ်။ မသမာသူတို့ ဝင်ရောက် လုယက် ဖျက်ဆီးခြင်းကို အမြဲခံရတယ်။   ၂၇။ ခင်ပွန်းများဟာ ရတနာကြုတ်ကိုစောင့်ရှောက်ပေးတဲ့မြွေဟောက်များနဲ့တူတယ်။ ဇနီးသည်များဟာ ရတနာတွေကို ထုတ်လုပ်၊ထိန်းသိမ်းပေးတဲ့ ရတနာကြုတ်များနဲ့တူတယ်။ မြွေဟောက်များဟာရတနာကြုတ်တို့ကိုအမြဲစောင့်ရှောက်ပေးရတယ်။ ၂၈။ မိဘများအတွက်သားသမီးများဟာ ရတနာများဖြစ်တယ်။ ဒီရတနာတွေကို တန်ဖိုးရှိလာအောင် လုပ်ပေးရတယ်။ သားသမီးများကို အချစ်ပိုပြီး ရွှေလိုဥထားခြင်းဟာ ထောင်ချထားခြင်းနဲ့တူပြီး၊ အသိဉာဏ်နည်းပါးသွားစေတယ်။ အန္တရာယ် အမျိုးမျိုးှရှိနေတဲ့ လူ့လောကကြီးမှာ ကြာကြာမရှင်သန်နို်င်တော့ဘူး။ အလိုလိုက်လွန်းသော သားသမီးများမှာ လူအများလိုက်နာတဲ ဥပဒေတွေကို ချိုးဖေါက်သူများဖြစ်လာတယ်။ အရွယ်ရောက်လာတဲ့ သားသမီးများကို ကိုယ်ပိုင်ဝင်ငွေရှာတတ်အောင်၊ စုဆောင်းတတ်အောင်၊ တိုးပွား အောင် လုပ်တတ်အောင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့သဟဇာတဖြစ်ဖြစ်နေတတ်အောင်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ အကျင့်သိက္ခာနဲ့ […]


မောင် ပေMarch 25, 20131min27914
ဟုတ်တယ် ပေါက်ဖော်ရဲ ့ မင်းနဲ ့ငါ နဲ ့ဟာ စာဖတ်တာ ဝါသနာပါတဲ့ ကောင်တွေ ဘီယာသောက်တဲ့ နေရာ ၊ အဝေရာ ဟောတု တဲ့ နေရာ မှာ အကြိုက်ချင်းတူ ၊ နဲနဲလေးသောက်ပြီးရင် ရင်ထဲခံစားရသမျှတွေ ကို ကေတီဗွီမှာ မိုက်ခဲရင်း ဖွင့်ချနေကြ ကောင်တွေဆိုတော့ ၊ ငါ့ရဲ ့ ရင်တွင်းဖြစ်တွေကို မင်းကိုပဲ ပြောရတော့မှာပေါ့ကွာ ။ ဒီလိုကွ ပေါက်ကြီးရ ပေါက်ကြီး ဆိုလို ့.. ပြောရဦးမယ် ငါ့ရောင်ရေ.. တို ့မန်းလေးသားတွေက တစ်ယောက်နဲ ့တစ်ယောက် ခင်ကြပြီဟေ့ ဆိုရင် ၊ နာမည်တစ်လုံးကိုယူပြီး ကြီးထဲ့ ခေါ်လေ့ရှိကြသကွ ။ ဥမပါ မင်းနာမည် “ပေါက်ဖော်” […]


မောင် ပေMarch 24, 20131min2159
ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ်မနာတတ်ဘူးလို ့ မထင်ခဲ့ဘူးတဲ့ ကဗျာရေးသူ ။ ညောင်ဦးကမ်းပါးပြိုတာနဲ ့စမ္မနဂိုက နွားမပေါင်ကျိုးသလို……. ။ လက်သည်းဆိတ်တော့ လက်ထိပ်ပါနာတဲ့ ကဗျာရေးသူ ။ ကျောက်စိမ်းမှော်ထဲမှာ ပေါက်တူးတစ်လက်နဲ ့စွန် ့စားချင်သော ကဗျာရေးသူ ။ ကြေးနီရှာထားတဲ့ တွင်းနက်ကြီးထဲကို ဆင်းပြီး ဓါတ်ပုံရိုက်ချင်သော ကဗျာရေးသူ ။ မိတ်ထီလာမှာ ထမင်းထုပ်သွားဝေချင်သော ကဗျာရေးသူ ။ ဝန်ထမ်းတွေလခတွေ တိုးတော့မယ်ဆိုတော့ ပျော်မိတဲ့ ကဗျာရေးသူ ။ ကုန်စည် သယ်ယူပို ့ဆောင်ခတွေ အရင်ဈေးတက်ကုန်လို ့စိတ်ပျက်တဲ့ ကဗျာရေးသူ ။ ကုန်စည်တွေလဲ ဈေးရောတက်တာကို စိတ်ပျက်တဲ့ ကဗျာရေးသူ ။ စားသုံးသူတွေ ဈေးကြီးပေးဝယ်ရတော့မှာကို စိတ်ပျက်နေတဲ့ ကဗျာရေးသူ ။ လမ်းပေါ်မှာသွားလာလှုပ်ရှားနေတဲ့လူတွေလို အရိပ်အေးအေးလေးမှာနေချင်တဲ့ […]


ကျွန်ုပ်တို့သည် ငယ်စဉ်ဘဝကစ၍… အိုမင်းရင့်ရော်သေဆုံးချိန်အထိ… တွင်းပေါင်းများစွာတူးခဲ့ကြသည်…. ကောင်းသောတွင်းများရှိသလို… မကောင်းသောတွင်းများလဲရှိခဲ့၏… လူသားတို့အတွက် အကျိုးပြုသောတွင်းများရှိသလို… အကျိုးမပြုသောတွင်းများလဲရှိခဲ့ဖူးသည်… လူသားတို့အတွက် ပျော်ရွှင်စရာတွင်းများ ဖန်တီးခဲ့သလို… စိတ်အနှောက်အယှက်ဖြစ်စရာတွင်းများကိုလဲ ဖန်တီးခဲ့ဖူးပြီးဖြစ်ကြသည်…             သို့သော်… လူသားတို့အတွက်… တွင်းများသည်… မရှိမဖြစ်…အရာများဖြစ်ကြသည်… ဤကမ္ဘာလောကတွင်နေထိုင်သူများသည် အသက်ရှင်ရပ်တည်ရေးအတွက်… ကမ္ဘာမြေကြီးပေါ်တွင် တွင်းများတူး၍ မိမိတို့အကျိုးဆောင်ရွက်ကြ၏… မော်တော်ကား၊ လေယာဉ်ပျံ၊ သင်္ဘောအစရှိသည့် သွားလာရေးယာဉ်များ တည်ဆောက်ရာတွင်လိုအပ်သော သံသတ္တုများလိုအပ်သည့်အတွက်… တွင်းကြီးများတူးပြီး… သတ္တုများကို ရှာဖွေကြကုန်၏…   ဤလူသားတို့သည်ပင်လျှင်… သွားလာရလွယ်ကူစေရန် လှိုဏ်ခေါင်းများ…တူးခြင်း… မြေအောက်ရထားများအတွက် တွင်းများတူးခြင်းဖြင့်… မိမိတို့အကျိုးအတွက်… ကမ္ဘာမြေကြီးအား… ဒုက္ခပေးကြသည်… ထို့အတူ… လူသားတို့၏ စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်အတွက် ကမ္ဘာမြေကြီးအား တွင်းများတူး၍မြှုပ်နှံကြသူများဖြစ်ကြသည်… ကျွန်ုပ်တို့လောကသားများသည် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာမြေကြီးပေါ်တွင် […]


(၁) နောက်တန်းနှစ်ယောက်ကို ကျွန်တော်ဖြတ်ကျော်ပြီးသည့် အချိန်မှာတော့ ဂိုးသမားနှင့် ကျွန်တော် တစ်ယောက်ချင်း တွေ့ကြပါပြီ။ ကျွန်တော်က ဘယ်ခြေကို အယောင်ပြ၍ ညာဘက်သို့ ဆွဲလိမ်တော့မလိုဖြင့် ဘယ်ဘက်ကိုသာ ဘောလုံးကို ဆွဲထုတ်လိုက်ပါသည်။ သေချာသည်။ ဂိုးသမားခင်မျာ ကျွန်တော့်ညာဘက်တွင် ပုံလျက်သားလဲကျ၍ ကျန်ခဲ့ပါပြီ။ ဘာအတားအဆီးမှ မရှိတော့သော ဂိုးပေါက်ထဲသို့ ဘောလုံးကို ကန်သွင်းလိုက်ချိန်မှာတော့ ပရိတ်သတ်၏ အားပေးသံများနှင့်အတူ ခရာမှုတ်သံတစ်ခုကိုပါ ကြားလိုက်ရပါသည်။ “ပီး .. ပီ” ဒိုင်လူကြီးသည် ခရာမှုတ်လျက် ကျွန်တော့်ဆီသို့ ပြေးလာပါသည်။ ထို့နောက် သူက အိတ်ကပ်ထဲမှ တစုံတရာကို ထုတ်၍ ကျွန်တော့်ကို ပြပါတော့သည်။ “ဟင် … ဒါဘာကြီးလဲ” ကျွန်တော် အထိတ်တလန့် မေးတော့ ဒိုင်လူကြီးမှာ သူ့ပါးစပ်ထဲမှ ခရာကို မထုတ်ရသေးသဖြင့် ချက်ချင်းပြန်မဖြေ။ […]


silver heroMarch 16, 20131min620
ဒီမိုုကရေစီကိုဖော်ဆောင်သော အရပ်သားအစိုးရသမ္မတ ဦးသိန်းစိန် ရဲ့လက်ထက်မှာမဟာဗျူဟာမြောက်နိူင်ငံပြုပြင်ပြောင်းလဲရေး  ဆိုင်ရာလုပ်ငန်းစဉ်များကို ၂ နှစ်တာကာလအတွင်းမှာအချိန်နဲ့တပြေးညီဆောင်ရွက်နေတာတွေ့ရတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေးရင်ကြားစေ့လုပ်ငန်းများကိုလည်းလုပ်ကိုင်နိူင်ခဲ့သလို၊ပြည်သူလူ ထုဆန္ဒနဲ့အညီဒီမိုကရေစီစနစ်နဲ ့ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေကိုဥပဒေ ၊နည်းဥပဒေတွေ ထုတ်ပြန်ပြီး ကျင်းပပေးခဲ့တာတွေ ့ရတယ်။နိူင်ငံတော်သမ္မတကြီးရဲ ့နိူင်ငံဖွံ ့ဖြိုးရေးအတွက် မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲရေး တတိယလုပ်ငန်းစဉ်ဖြစ်တဲ့အစိုးရဌာနအဖွဲစည်းများ၏စီမံအုပ်ချုပ်မှုစနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက်သမ္မတကြီးက မြို ့နယ်တစ်ခုတွင်မြို ့နယ် အုပ်ချုပ်ရေးမှူးနှင့်မြို ့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို ့မိမြို ့ဖများ၊လူမှုရေး၊စီးပွားရေး၊လူထုလူတန်းစားကိုယ်စားလှယ်များပါဝင်သည့်မြို ့နယ်ကော် မတီဖွဲ ့စည်းပြီးမြို ့နယ်၏တည်ငြိမ်အေးချမ်းရေး၊လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊စီးပွားရေး လူမှု ့ရေး စသည့် ကိစ္စအရပ်ရပ်အတွက်မြို ့နယ်ကော်မတီများဖွဲ ့စည်းဆောင်ရွက်ရမည် ဟု နေပြည်တော်ရှိ နိူင်ငံတော် သမ္မတ အိမ်တော်သံတမန်ဆောင်ခန်းမမှာဒီဇင်ဘာ၂၆ရက်နေ့တွင်ကျင်းပသောအစိုးရဌာန အဖွဲ ့စည်းများ၏စီမံအုပ်ချုပ် လုပ်ကိုင်မှု ့စနစ် တိုးတက်ကောင်းမွန်အောင်ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျန်းသည့် မိန် ့ခွန်းပြောကြားခဲ့တာကိုEnvoyဂျာနယ်၊vol.(3).no(33) 3.1.2013တွင်ဖတ်ရသဖြင့်သိခွင့်ရခဲ့ပါတယ်။ သမ္မတကြီး မိန် […]


silver heroMarch 16, 20131min720
အယ်ဒီတာ ရှင့် မီဒီယာ ကို အလွန်အားကိုးလို ့အိမ်မဲ မီးအိမ်ရှင် စာရေးလိုက်ရပြန်ပြီ။ ရေးဖို ့အကြောင်းဖြစ်လာရတာကတော့ ကျွန်မတို ့အိမ်မဲမြို ့မှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုရွေးကောက်ပွဲ လုပ်တော့ မီဒီယာနဲ ့ပတ်သက်လာပြီး မီဒီယာအပေါ် ပြည်သူအားကိုးလာတာတွေ သိလာရတယ်။ အဲ့ဒါကြောင့် ဒီစာကိုရေးလိုက်ရတာပါ။ အဲ့ဒီ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲလုပ်ရာမှာ မမျှမတလုပ်တယ် မမှန်မကန်လုပ်တယ် စဉ်းမျဉ်းသက် မှတ်ချက် နဲ ့မညီပါဘူး ဥပဒေ နဲ ့မညီဘူး စသဖြင့် တိုင်လိုက်ကြတာ အိမ်မဲမြို ့နယ် အုပ်ချုပ်ရေးမှူး ရုံးမှာရော ၊ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ် ရုံးမှာရော တခြားမသိတဲ့ နေရာတွေ မှာပါ ရွေးကောက်ပွဲအပေါ် တိုင်ကြားချက်တွေကို စစ်ဆေးကြတယ်။ ၈၊၂၊ […]


alinsettMarch 9, 20131min1122
ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၁) ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း ( ၂ ) နွား လယ်သမားထဲ မှာပင် ထို သူသည်အတော် ထူ းခြား၏။ သူ့နွားနှင့်အတူအိပ်၊ အတူ စားလေသည်။ သတင်း ဆရာများက မေးမြန်းကြ၏။ သူ က အေးအေးဆေးဆေးပင်ပြန်ဖြေသည်။ “ဒီကောင် ကြီးက ကျွန်တော့် နွားလေ… ကျွန်တော် ကတော့လယ် ယာမြေရဲ့ နွားပေ့ါ့ ၊ ကျွန်တော် တို ့အတူအိပ်၊ အတူ စားကြတယ်” လယ်စောင့် တဲ ကလေးထဲမှာ…. မွှေးရနံ့တို ့ ဆွ တ် ပျံ့လာလေသည်။ တာရာမင်းဝေ $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ ညီမျှခြင်း ( = […]


alinsettMarch 7, 20131min16210
ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၁) ရထား ******************************* ဘူ တာဆီ နောက်ကျမှဆိုက်ရောက်လာသော ရထားအား ခရီးသည် များက ဝိုင်းဝန် း အပြစ် တင်လိုက်ကြသည်။ “ခင်ဗျားဗျာ…နောက် ကျလိုက်တာ” မောပမ်းလာပုံ ရသော ရထားက ရှူးရှူးရှဲရှဲ ပြန်ဖြေ၏ ။ “နည်းနည်း ပါးပါးတော့နောက် ကျမှာပေါ့ဗျ၊ ကျုပ် က သံလမ်းကြီးကို ခွ ပြီ း လျှောက် လာရတာ” တာရာမင်းဝေ $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ ရထားဆိုသော စာပေအနုပညာ ဖန်တီးမှုကလေးကို ဖတ်အပြီးမှာ….. အိပ်ရာ ဝင်ခဲ့ပါတယ် ။ ည မှာ…. အိပ်မက် တစ်ခု မက်ပါတယ် ။ ——————————- အလင်းဆက် ၏ အိပ်မက် […]


koyin sithuMarch 6, 20131min28514
ကိုရင်ဝလုံးတို့ ဂေဇက်ရွာကြီးဟာ ဝေဖန်ဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ အလှူအတန်းတွေပေးကြ၊ တွေ့ဆုံပွဲတွေ ပြုလုပ်ရင်း စည်းစည်းလုံးလုံးကြိုးစားနေတာမြင်တော့ အင်တာနက်ရတဲ့အချိန် ဝင်ကြည့်ရင်းနဲ့ ကျွန်တော် ဝမ်းသာ ပီတိဖြစ်မိတာအမှန်ပဲ။ ရွာသူား ကိုကြောင်ဝတုတ်တို့ အုပ်စု စုစည်းတည်ထောင်ပြီး ဒါဇင်ပလပ်အဖွဲ့ရဲ့ စုပေါင်း အလှူအတန်းတွေကို မြင်ရတော့ ကြိတ်ပြီး သာဓုခေါ်မိပါရဲ့။ သူ့နည်းသူ့ဟန်နဲ့ ချီတက်နေတဲ့ သူတို့အစား ဂုဏ်ယူမဆုံးပါရဲ့ဗျာ။ သူတို့ သွားလှူတဲ့ မိဘမဲ့ကလေးငယ်တွေကိုကြည့်ရင်း ကိုရင်တို့ မြန်မာလူမျိုးတွေ တော်တော် ဆင်းရဲမွဲတေ နေတာတွေ ပိုပိုပြီး သတိထားမိလာတယ်။ မိမိနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ ပညာရေး မတတ်နိုင်မှုနှင့် ကျန်းမာရေး လိုအပ်ချက်တွေကြောင့် စေတနာမှန်တဲ့ ပရဟိတအဖွဲ့တွေလည်း တော်တော်များပေါ်ပေါက်လာတာတွေက အားရစရာ ကောင်းပါတယ်ဗျာ…။ တခါက ကိုရင်ဝလုံး မြဝတီဘက်ခရီးသွားရင် မဲဆောက်ကို လေ့လာခဲ့တယ်… အထူးသဖြင့် မြန်မာအများစု […]