thit minOctober 23, 20111min41540
ကျနော်ရေးခဲ့တဲ့ Midlife Crisis ကိုအကြံပေးကြည့်ခြင်းထဲမှာနောက်မှရေးမယ်လို့စိတ်ကူးပြီး(Bracket) နဲနဲ တို့ ထားတာတွေ့ပါလိမ့်မယ်။ ဘဝရဲ့ အခြေခံလိုအပ်ချက်ပြည့်စုံပြီးသားလူတွေရဲ့ စိတ်အကြပ်အတည်းပါ။ မသိမသာ အထီးကျန် ဆန်လာပြီး ပန်းလေးတွေနဲ့၊ Pet လေးတွေနဲ့စကားပြောတယ်ဆိုတာလေ။ လူဆိုတာတယောက်စီမနေနိုင်တဲ့ သတ္တဝါတွေဘဲလို့ဆိုစမှတ်ရှိခဲ့တယ် ဆိုတဲ့ သီချင်းစာသားလိုပေါ့။ စိတ်မညစ်ဘူးတဲ့သူ၊ ပြဿနာ တစုံတရာမရှိဘူးတဲ့သူဆိုတာလောကမှာမရှိပါဘူး။ မှီစရာပခုံးတခု၊ ရင်ဖွင့်စရာနားတစုံ၊ နားလည်ပေးမဲ့ နှလုံးသားတခု မရှိရင် ထွက်ပေါက်မရှိတော့တဲ့ လူစိတ်ကဘာ မှ မယ်မယ်ရရ မရှိဘဲနဲ့ကိုညစ်နေတတ်ပါတယ်။ အိမ်ထောင်ပြုသင့်တယ်လို့ တော့မဟုတ်ပါဘူး။ အဖော်ကောင်းတယောက်တော့လိုတာအမှန်ပါဘဲ။ သူငယ်ချင်းလဲအဆင်ပြေတာပါဘဲ။ ကိုယ့်ညီအကိုမောင်နှမအရင်းကတိုးတိုးဖော်ဖြစ်ရင်ပိုတောင်ကောင်းပါသေးတယ်။ အဲ…အဓိကအချက်ကတော့ကိုယ့်ကိုနှစ်သက်လိုလားသူဖြစ်မှ အတတ်နိုင်ဆုံးအယူအဆအတွေးအခေါ်များလဲ နီးစပ်မှအဆင်ပြေပြေ ရင်ဖွင့်လို့”အန်”လို့ရမှာပေါ့နော်။ ဒါပေမဲ့ ပြဿနာက အဲဒီလူကကိုယ့်ကို ဘယ်လောက်အတိုင်းအထိအချိန်ပေးမှာလဲ ဆိုတာပါဘဲ။ သူ့မှာလဲသူ့ကိစ္စ၊သူ့အရေးအရာရှိမှာပေါ့နော်။ နောက်တခု သူနဲ့ကိုယ်ရဲ့ကြားမှာ ဘယ်လောက်အထိ အတွင်းကျကျပတ်သက်လို့ရလဲပေါ့ဗျာ။ ပြောရရင်ဗျာ. ကိုယ်နေမကောင်းရင်..အိမ်သာကိစ္စလိုဟာမျိုး…..ရှင်းပေးလုပ်ပေးနိုင်မလားဆိုတာအထိပေါ့နော်။ ကိုယ့်ကိုတကယ်ချစ်ခင်မြတ်နိုးသူနဲ့အိမ်ထောင်ပြုလိုက်နိုင်ရင်ဒီဟာတွေ(Hopefully)ဖြစ်လာနိုင်စရာ ရာခိုင်နှုန်းများတယ်ပေါ့ဗျာ။ […]


weiweiOctober 22, 20111min38226
အခုတစ်ပတ်လုံးလုံး ကျွန်မအတွေးအားလုံးကို အကြောင်းအရာတစ်ခုထဲက လွှမ်းမိုးနေပါတယ်။ စတင်တွေးမိတာက ဖိတ်စာလေးတစ်စောင်ကြောင့်ပေါ့ … မင်္ဂလာဆောင်ဖိတ်စာလေးတစ်ခုပါ … ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ဖိတ်စာလေးမို့ လာနောက်နေတာများလားလို့ ဖိတ်စာကို ထပ်ခါထပ်ခါကြည့်မိတယ် … သေချာပါတယ် … ဘယ်လိုမှ မလွဲဘူး … မင်္ဂလာဆောင်မှာ သူမှသူအစစ် … ကျွန်မသူငယ်ချင်းအရင်းခေါက်ခေါက် အသက် ၄ဝ ထဲဝင်တော့မယ့် အပျိုကြီးမမ မင်္ဂလာဆောင်မှာတဲ့။ ကျွန်မတို့တွေ တက္ကသိုလ် တတိယနှစ်မှာစတင်ရင်းနှီးပြီး တစ်ဆောင်ထဲတစ်ခန်းထဲအတူနေခဲ့ကြတယ်။ ကျောင်းပြီးသွားပေမယ့်လဲ အဆက်အသွယ်မပြတ်ပဲ နေခဲ့ကြလို့ သူ့အကြောင်းကောင်းကောင်းသိနေတာပေါ့။ အိမ်ထောင်ပြုဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးပြီး အကြိမ်ကြိမ်လွဲခဲ့လို့ လက်လျော့ခဲ့တာကြာပြီ။ သေချာပေါက် အပျိုကြီးဘဝနဲ့ ဒီတစ်သက်နေပါတော့မယ်လို့ ဆုံးဖြတ်ပြင်ဆင်နေခဲ့တာ ကျွန်မအသိဆုံးပဲလေ။ အခုမှ ကောက်ခါငင်ခါ ဆိုင်းမဆင့် ဗုံမဆင့်နဲ့။ ပြီးခဲ့တဲ့ တစ်လလောက်ကအထိတောင် ဘာအစီအစဉ်မှ မရှိခဲ့တာသေချာပါတယ်။ […]


Don Juan RonaldOctober 22, 20111min660
ထိုင်ဝမ် လို့လဲခေါ်သည့်တရုတ်သမ္မတနိုင်ငံ သည်ပြည်မကြီး ဖြစ်တဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ဟာအချင်းချင်းမဟာရန်သူကြီးများဖြစ်ကြပါသည်၊စီးပွါးရေးကြောင့်လွန်ခဲ့ကောသုံးနှစ်လောက်ကစ၍မိတ်ဆွေများဖြစ်သွားပါပြီ။ ဒီနှစ်နိုင်ငံကိုတချိန်ကကျနော်တို့လွယ်လွယ်နဲ့ဘဲတရုတ်သမ္မတနိုင်ငံကို တရုတ်ဖြူ ဟုခေါ်၍၊ပြည်မကြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတော့ တရုတ်နီ လို့ခေါ်ကြပါသည်။ ဗမာပြည်မှာ “ ပိပြား ” အစိုးရတက်လာတဲ့အခါ၊တံခါးဖွင့်စီးပွါးရေးလုပ်မည်ဆိုသည်ကိုကြား၍ ထိုင်ဝမ် စီးပွါးရေးအဖွဲ့သည်စိတ်အားထက်သန်စွာ၊ပျော်ရွင်စွာ၊မျှော်လင့်ချက်ကြီးစွာနဲ့ဗမာပြည်ကြီးကိုရောက်လာသည်၊ဗမာအစိုးရကို အော်တိုမက်တစ် စက်မှုများယူမလား စီမီအော်တိုဟာယူမလား၊ကူညီပေးမည်ဟုကမ်းလှမ်းခဲ့ဘူးသည်။အဲဒီတုံးကစီးပွါးရေးဝန်ကြီးက ဗိုလ်မှူးကြီးအေဘယ်လ်(ဂျူးအနွယ်ဝင်)၊ကျနော်ကောင်းကောင်းကြီးမှတ်မိတာကတော့ဆွေးနွေးပွဲအပြီးမှာ၊ ဗမာသတင်းထောက်တဦးက ထိုင်ဝမ် ကိုလ်စားလှယ်အဖွဲ့ခေါင်းဆောင်ကိုမေးတဲ့မေခွန်းတခုသည်  “ နိုင်ငံတော်တော်များများက၊ခင်ဗျားတို့နိုင်ငံရဲ့အတုခိုးလေ့ရှိတာသိပ်မကျေနှပ်ကြဘူး၊အဲဒီကိစ္စကိုဘယ်လိုမြင်ပါသလဲ ? ” ဟုအင်မတန်မှယဉ်ကျေးတဲ့မေးခွန်းလေးကိုဗမာဆန်ဆန်မေးလိုက်သည်၊ငနဲ တရုတ်လည်းမခေဘူး၊ဖြေလိုက်တာကတော့  “ လူဖြစ်စဉ်လာကတည်းက၊လူတွေအချင်းချင်းအတုခိုးမှုရှိ၍သာယနေ့ထိတိုးတက်လာနေကြသည်မဟုတ်ပါလား ? ဂျပန်နိုင်ငံလည်းနာမည်ကျော်အတုခိုးနိုင်ငံကနေစ၍တဖြေးဖြေးနဲ့ယခုလိုကမာ္ဘစီးပွါးရေးနိုင်ငံကြီးဖြစ်ခဲ့တာဘဲမဟုတ်ပါလား ? ” အဲဒီသတင်းထောက်လည်းတခါတည်းနှုတ်ပိတ်သွားသည်(အမှန်တော့အဲဒီခေတ်မှာဗမာတွေအတုခိုးတာလည်းလက်မရွံ့ပါ)။ အဲဒီအချိန်တုံးကအာရှမှာဂျပန်ပြီးရင် ထိုင်ဝမ် ရဲ့စီးပွါးရေးဟာအကောင်းဆုံးဘဲ၊တောင် ကိုးရီးယား၊ဟောင်ကောင်၊စင်ကာပူတွေထက်သာသည်၊ကြည့်ရတာထိုင်ဝမ်းကတကယ်စေတနာနဲ့ကူညီဖို့လာခဲ့ခြင်းဖြစ်သည်၊ဗမာတွေကဘာကြောင့်လက်မခံတာကိုစဉ်းစားရခက်တယ်၊အဲလေ ဘထွေးတရုတ်ကြီးတွေကိုကြောက်နေတာလည်းဖြစ်နိုင်တယ်၊တချို့ chance တွေဆိုရင်လွတ်သွားရင်တသက်လုံးယူကျုံးမရဖြစ်တတ်သည်။ ထိုင်ဝမ်း မှာဗမာရပ်ကွက်တခုရှိတယ်၊သင်္ကြန်ကြရင်ပျော်ပွဲရွှင်ပွဲတွေလုပ်လေ့ရှိသည်၊ဗမာပြည်ကနေနာမည်ကြီးအဆိုတော်တွေဖိတ်ခေါ်ပြီးဖျော်ဖြေကြသည်(ရန်အောင်တို့၊ချောစုခင်တို့ ပေါ့)၊ ဒေသခံ မြို့တော်ဝန် တို့ ပြည်သူ့လွတ်တော်ကိုလ်စားလှယ်များ တို့လည်းအတူတူလာရောက်ပြီးဗမာပြန်တွေများနှင့်ရေပက်ကစားကြသည်၊အထူးသဖြင့် ရွေးကောက်ပွဲရှိတဲ့နှစ်ဆိုရင်ပိုအရေးကြီးသည်၊ဗမာပြန်တွေရဲ့မဲဟာသုံးလေးသောင်းလောက်ရှိတယ်၊ဒီမဲအရေအတွက်ဖြင့်ဒီလူကြီးများရဲ့အနိုင်အရှုံးကိုတခါတလေဆုံးဖြတ်လို့ရနိုင်ပါသည်၊ဒါကြောင့်လာမဖား၍မဖြစ်ပါ။ ဗမာပြည်ကြီးကအာရှမှာအချမ်းသာဆုံးနိုင်ငံဖြစ်နေသည့်အချိန် ထိုင်ဝမ်း […]


black chawOctober 21, 20111min32719
စာရေးဆရာမ ဂျူး ၏ လုံးချင်းဝတ္ထုတစ်အုပ် နာမည်မှာ မရှိမဖြစ် မိုး ဟူ၍ ဖြစ်ပါသည်။ မရှိမဖြစ် ဟူသော အသုံးအနှုန်းနှင့် ကျွန်တော် သိတ်မရင်းနှီးလှပါ။ သို့သော် ဆရာမ ဂျူး ၏ ဝတ္ထုကို ဖတ်ပြီးချိန်မှစ၍ မရှိမဖြစ်ဆိုသည့် စကားလုံးလေးကို ကျွန်တော် နှစ်ခြိုက်မိပါတော့သည်။ ဆရာမ ဂျူးက ESSENTIAL (မရှိမဖြစ်) ဆိုသောစကားလုံးအပေါ် မင်းသမီးခင်မိုးမြင့်၏ စရိုက်တစ်ခုအဖြစ် စာဖတ်သူကို အသိပေးသွားခဲ့ပါသည်။ “ အလုပ်ထဲဝင်တဲ့အခါ အလုပ်စခန်းတစ်ခုလုံးမှာ ကျွန်မဟာ မရှိရင် မဖြစ်အောင် တန်ဘိုးရှိဘို့ အမြဲကြိုးစား ထိန်းသိမ်းခဲ့တာပဲ။ မန္တလေးမှာ ကျွန်မ ကိုယ်ပိုင်အလုပ်တွေ ရှိတယ်။ အဘွားနဲ့ စိတ်ချလက်ချ လွှဲထားရတယ်။ အဲဒီအလုပ်မှာလည်း လူအားလုံးအတွက် ကျွန်မ မရှိရင် မဖြစ်လောက်အောင် လိုအပ်နေဖို့ […]


thit minOctober 20, 20114min37525
ဘဝတွင် အကြိမ်ကြိမ် လဲကျဘူးသူတယောက်ဖြစ်သော်လည်း လဲတိုင်းပြန်ထခဲ့ပါသည်။ လွန်ခဲ့သော ၅ နှစ်ကျော် လောက် က လဲကျခြင်းကတော့ စိတ်ရော လူပါ တကယ်ကြီးလဲကျခဲ့ခြင်းပါ။ ကံကြမ္မာနှင့်လောကဓံ၏ အထုအထောင်းတွင် သစ်မင်း တာရှည် လဲကျမနေဘဲ၊ ယင်းဒုက္ခများကမိမိကို “သစ်” သွားစေခဲ့သည်။ ရှင်တော်မြတ်ဘုရားရှေ့မှောက်ရောက်ခဲ့ရသည်။ မိမိနေသောမြို့တွင် မြန်မာပြည်မှာလာရောက်ကျောင်းထိုင်နေသောဆရာတော်ထံ ရောက်သည်။ ယခင်လည်း ရံဖန်ရံခါရောက်ပါသည်။ယခုတကြိမ်တွင်ယခင်သတိမထားမိသောအရာများသတိထားမိသည်။ ဆရာတော်၏ကျောင်းတွင် ခင်းထားသော ကော်ဇောများ ဟောင်းနွမ်းလှပေပြီ။ ဆရာတော်၏တရားကိုနာရသည်။ တခြားတရားစကားများကို မမှတ်သားမိ ဆရာတော်  ပြော၊ဟောသည့်အထဲက အရင်ကထက်ခုပိုလို့ ကမ္ပဌာန်းရှူလို့ရပြီ ဒကာလေးရဲ့ ဂေါပက အဖွဲ့က တရက်စာ စရိတ်ပေးပြီး ဘုန်းဘုန်းက ကိုယ်ဟာကိုယ်ချက်စားရတာလေ။ အသားတွေ၊ငါးတွေ ဝယ်လာရော၊ ချက်ဘို့လုပ်တော့ အသေကောင်တွေပါလားဆိုပြီး တရားမှတ်လို့ရသွားတယ်။ ချက်တာတော့မချက်ဖြစ်တော့ဘူးပေါ့။ အခြောက်အချမ်းလေးနဲ့ ဒီလိုဘဲပြီးလိုက်တယ်၊ ဆိုတဲ့စကားက    ရင်ကိုလာမှန်သည်။ ဘုန်းကြီးပြောလိုတာကတရားသဘော၊ ကိုယ်မြင်လိုက်ရတာကဗုဒ္ဓဘာသာဝင်ဘုန်းကြီးတပါးရဲ့ဒုက္ခ။ ဒါနဲ့ […]


Diamond KeyOctober 20, 20111min30211
ကျွန်တော် တစ်ခါကတက်ခဲ့ဖူးတဲ့ သင်တန်းတစ်ခုမှာ သိခဲ့ရတဲ့ စာသားလေးကို ပြန်သတိရမိတယ်။ “ဖြစ်လာတဲ့ကိစ္စအတွက် တွေ့တဲ့နေရမှာ ရရာပစ္စည်းနဲ့ အကောင်းဆုံးဖြစ်အောင် အသုံးပြုနည်း” လို့ ဆိုပါတယ်။ ဒီနည်းလေးတွေ သင်ခဲ့ဖူးတော့ ကြုံတဲ့နေရာလေးတွေ၊ရောက်တဲ့နေရာလေးတွေမှာ တစ်ချိန်ကျရင် အသုံးကျနို်င်တဲ့ ကိစ္စလေးတွေ မြင်တတ်လာပါတယ်။ —————————————————————————————————– တစ်ခါက ဆည်တော်လေးကို ရောက်ပါတယ်။ ရေထဲမှာ အပျော်စီးဖို့ လုပ်ထားတဲ့ ဖေါင်လေးကို သတိထား မိခဲ့ပါတယ်။ ကားဘီးကျွတ်လေးလုံးကို ဝါးကတ်တစ်ခုအောက်က ဒေါင့်လေးဒေါင့်မှာ ချည်လိုက်တော့ လူတွေ ပစ္စည်းတွေ အများကြီးတင်လို့ရတဲ့ ရေပေါ်ယာဉ်လေး တစ်ခုဖြစ်သွားတယ်။ ——————————————————————————————————————- တစ်နေ့က ကျောက်ဆည်ဖက်ကိုရောက်တော့ ကိုယ်မရောက်ခင်မှာ ရေတွေကြီး ခဲ့တာဆိုတော့ သူတို့တွေမှာ ဟိုနားဒီနား သွားလို့ရအောင် လုပ်ထားတဲ့ ဖေါင်လေးတွေ လုပ်ထားတာတွေ့ခဲ့ရပြန်တယ်။ ဝါးလုံးတွေကို လေးကွက်ကြား ချည်၊ အောက်မှာ […]


kanjosanOctober 20, 20111min730
ကျွန်တော်တို့နိုင်ငံ အခုဆိုရင် အတော်အတန် ပြောင်းလည်းလာပြီလို့ ဆိုရမှာပါ။ ဟမ်းဖုန်းတွေ ၅ သိန်းကျော်လောက်နဲ့ရလို့ ဆက်သွယ်ရေးတွေ အဆင်ပြေလာပြီ… လိုင်းကျပ်တာကတော့ ရှိတတ်ပါတယ်… အင်တာနက်တွေလဲ ဖုန်းတွေကနေ သုံးလို့ရပါပြီ စိတ်ရှည်မှု့တော့ လိုတာပေါ့နော်.. ဘဏ်တွေလဲ အသစ်တွေဖွင့်ပြီး ATM Card တွေ သုံးနိုင်အောင် ကြိုးစားနေကြပါပြီ သုံးနိုင်မဲ့ လူတွေထဲ အခြေခံလူတန်းစာတွေ၊ အလယ်တန်းစားတွေ ပါဖို့တော့လိုတာပေါ့… လူအခွင့်အရေးတွေ၊ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေလည်း ရအောင်ကြိုးစားနေကြတွေ သုံးနိုင်အောင် ကြိုးစားနေကြပါပြီ သုံးနိုင်မဲ့ လူတွေထဲ အခြေခံလူတန်းစာတွေ၊ အလယ်တန်းစားတွေ ပါဖို့တော့လိုတာပေါ့… လူအခွင့်အရေးတွေ၊ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေလည်း ရအောင်ကြိုးစားနေကြပါပြီ… နိုင်ငံသားတစ်ဦးခြင်းဆီရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ပပျောက်ဖို့တော့ လိုတာပေါ့..  ရုံးတိုင်းမှာ အဂတိလိုက်စားမှု့ မရှိစေရန် ကြိုးစားဆောင်ရွက်နေကြပါပြီ […]


naywoon niOctober 19, 20111min23314
ပြောရဦးမယ်…။ လူသားအားလုံးသံဝေဂ ရစရာလေးတစ်ခု…။ နဲနဲတော့ကြာသွားပြီ…။ ကာယကံရှင်တွေရဲ့ ပူဆွေးသောက သက်သာရာ ရအောင် အချိန်စောင့်ပေးလိုက်တာရယ် ….. အကြောင်းအရာအချက်အလက် မပြည့်စုံတာရယ်ကြောင်ကြာသွားတာပါ…။ ခုထိတော့ သူရို့ တစ်တွေ မှာ ဝမ်းနည်းပူဆွေးနေကြတုန်း…။ ဖြစ်ရပ်မှန်က ဒီလိုရယ်ပါ…။ 13-9-2011 နေ့ မွန်းလွဲ နှစ်နာရီမှာကျင်းပခဲ့တဲ့….. ဒေသကောင်စီအစည်းအဝေး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခမ်းမ တပ်ကုန်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စလေးပါ…။ အစည်းအဝေးတက်ရောက်ခဲ့သူများကတော့—- -နေပြည်တော် ပြည်သူကောင်စီဥက္ကဌ (နေပြည်တော် မြို့တော်ဝန်) -မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးများ -လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ -ရပ်မိရပ်ဖ များ တက်ရောက်ခဲ့ကြပါတယ်…။ အဲဒိအစည်းအဝေးမှာ မိမိ တင်ပြလိုရာ တင်ပြ ကြတဲ့ အထဲက ဦးမောင်အုန်း တင်ပြခဲ့သည်ကတော့…….. လွန်ခဲ့တဲ့ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေး ကာလ က […]


Moe ZOctober 18, 20111min1497
အခုတစ်လော အလုပ်တွေရှုပ်နေတာရယ် သီတင်းကျွတ်မှာ လူကြီးတွေကိုလှည့်ပတ်ကန်တော့နေတာရယ်ကြောင့် ရွာထဲတောင်မရောက်ဖြစ်ဘူး။ လူကြီးတွေဆိုပေမယ့် ဆရာ ဆရာမတွေနဲ့ အမျိုးတွေပါပဲ။ အလုပ်နဲ့မပတ်သတ်ပါဘူး။ မိုးစက်ရဲ့အထက်လူကြီးတွေက နိုင်ငံခြားသားတွေဆိုတော့ ကန်တော့စရာမလိုဘူး။ တစ်ချို့အကျင့်ပါနေတဲ့ မြန်မာတွေကတော့  မြန်မာ့ဓလေ့ဆိုပြီးလက်ဆောင်တွေ လာပေးကြတာတော့ရှိတယ်။  ဘာပဲပြောပြော မိုးစက်ကသီတင်းကျွတ်ကိုချစ်တယ် (ဗျောက်အိုးသံတွေကလွဲရင်)။ ဆရာ ဆရာမတွေသွားကန်တော့ရင်း မတွေ့တာကြာတဲ့သူငယ်ချင်းတွေပြန်တွေ့ရတယ်။ တစ်ချို့အမျိုးတွေဆို တစ်မြို့တည်းနေပြီး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်ကာ မတွေ့ဖြစ်ကြဘူး။ သီတင်းကျွတ်သွားကန်တော့မှပဲ မတွေ့ဖြစ်တာတစ်နှစ်လောက် ကြာသွားတာသိကြတယ်။ ကျောင်းပြီးကတည်းက မန္တလေးရောက်နေတဲ့မိုးစက်ရဲ့သူငယ်ချင်းကလည်း တစ်နှစ်မှတစ်ခေါက်ပြန်လာပြီး ရန်ကုန်ကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပြီး ဟောင်းနွမ်းညစ်ပတ်လာတယ်တဲ့။ ရေညှိရောင်နဲ့ညစ်ထေးနေတဲ့ တိုက်တွေ၊ ရှေ့ကဖာရင် နောက်ကပေါက်တဲ့ကတ္တရာလမ်းတွေ၊ အမှိုက်ပုံးမရှိပဲ ဖြစ်သလိုပစ်ထားပုံထားတဲ့အမှိုက်တွေ၊ ပလက်ဖောင်းပေါ်က ကျိုးပျက်နေတဲ့ မြောင်းဖုံးတွေနဲ့ စည်းကမ်းမဲ့ထွေးထားတဲ့ ကွမ်းတံတွေးကွက်တွေရယ်က မြို့ရဲ့ဂုဏ်ဆောင်နေတာပေါ့နော်။ မိုးစက်တို့ကတော့ တစ်နေ့တစ်နေ့ ရုံးနဲ့အိမ်နဲ့၊ မဆုံးနိုင်တဲ့စာမေးပွဲတွေ၊ စာအုပ်ပုံတွေနဲ့လုံးလည်ခြာလည်လိုက်ရင်း ရန်ကုန်မြို့ရဲ့မြင်ကွင်းကို ထူးပြီးမမြင်ခဲ့မိဘူး။ […]


မောင် ပေOctober 16, 20111min39827
ခေါင်းစဉ်တပ်ထားသလိုပါပဲ ၊ သူများအကြောင်းလဲ မပြောချင်ပါဘူး ခင်ဗျာ ။ မပြောတတ်တာတော့မဟုတ်ဘူးပေါ့ ။ မပြောတာ အကောင်းဆုံးမို ့မပြောတာပါ ခင်ဗျား ။ သို ့ပေသည့် ၊ ယခုပို ့စ်တွင်တော့ သူများအကြောင်း မဟုတ်တဲ့ ၊အများ အကြောင်း နဲနဲပြောပြချင်ပါတယ် ခင်ဗျား ။ ကိန်းဂဏန်းများဖြင့် အတိအကျ ရေးပြချင်သော်လည်း ၊ ခက်တာက ကိုယ်က အတိအကျ မသိ ။ ရှေးဦးစွာ မြန်မာလူမျိုးတို ့အလှူအကြောင်းကို နဲနဲပြောချင်ပါတယ် ။ မြန်မာလူမျိုးတွေဟာ အလှူဒါန ပြုလုပ်ရာမှ လက်မနှေးကြဘူး ဆိုတာ မြန်မာတိုင်း သိကြပါတယ် ။ အလှူလုပ်ပြီ ဆိုလျှင် လည်း ကိုယ်တတ်နိုင်လျှင် တတ်နိုင်သလို ၊အလှူလာ ဧည့်ပရိသတ်များကို  ကောင်းပေ့ […]


Ma MaOctober 14, 20111min32821
သံပန်းလုပ်သားလေးတစ်ယောက်ဟာ သူ့ဆရာရဲ့ ဆိုင်ကယ်ကို ပိုင်ရှင်မရှိတုန်း အစီးသင် တက်စီးကြည့်ပါတယ်။ မစီးတတ်တော့ ဆိုင်ကယ်က လုပ်လက်စ သံပန်းတံခါးကို ဝင်တိုက်မိပြီး တံခါးပျက်သွားပါတယ်။ ဆိုင်ကယ်လည်း နည်းနည်းထိသွားသလို လူလည်း ခြေထောက်ခိုက်မိပြီး သွေးထွက်သံယို ဖြစ်သွားတာပေ့ါ။ အဲဒီအချိန်မှာ အိမ်ရှင်က သူ့တံခါးပျက်သွားလို့ အလုပ်သမားကောင်လေးကို ဆူပူပြီး သူ့ဆရာကို အသစ်ပြန်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ သံပန်းဆရာကလည်း ပေါများသူမဟုတ်တာမို့ သူ့ဆိုင်ကယ်ထိသွားလို့ ထွက်မယ့်ငွေ၊ သံပန်းတံခါးကို ပြန်ပြင်ပေးရမှာမို့ ပစ္စည်းဖိုး၊ လက်ခ စသဖြင့် ကုန်ကျမှာတွေကို တွက်မိပြီး ဆတ်ဆတ်ဆော့ဆော့ လုပ်လိုက်တဲ့ အလုပ်သမားကို ဆူပူကြိမ်းမောင်းပါတော့တယ်။ အဲဒီ ဖြစ်ပုံပျက်ပုံအလုံးစုံကို မီဒီယာသမားတစ်ယောက်က အေးစက်မာကျောခက်ထန်သော နှလုံးသားတံခါး ပွင့်ထွက်လာတယ်လို့ စာစီပါတော့တယ်။ နောက်ဆုံးမှာ အိမ်ရှင်နဲ့ အလုပ်ရှင်ကို ထိခိုက်မိတဲ့ အလုပ်သမားလေးကို လူသားချင်းမစာနာဘူးဆိုပြီး စွပ်စွဲပုတ်ခတ်တဲ့စာတွေ […]


black chawOctober 12, 20111min22713
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ အပူချိန်ကလည်း စံချိန်တင်အပူချိန်လို့ ထင်ရလောက်ပါတယ်။ ကန်တော့စရာ ရှိတဲ့လူတွေကို ကန်တော့၊ ကန်တော့ ခံသင့်တာလေးတွေလည်း ခံပြီး ရတဲ့ အချိန်လေးမှာ အပူဒဏ်သက်သာတဲ့ အရိပ်အာဝါသ ကောင်းတဲ့ ရွာထဲမှာ ခဏသွားအနားယူရပါတယ်။ ဒီနေ့ သူကြီးကလည်း ရွာသူရွာသားတွေကို မုန့်ဘိုးပေးတဲ့အနေနဲ့ ကွန်းမန့် တစ်ခုကို ၁ဝ ပွိုင့်ပေးနေတာ တွေ့ရ တော့ ပီတိဖြစ်ခဲ့ရပါတယ် သူကြီးရေ။ ဖတ်စရာရှိတာဖတ် မန်းစရာရှိတာမန်းပြီးတော့ နာရီကိုကြည့်လိုက်တော့ ညနေလေး နာရီထိုးပြီးသွားပါပြီ။ ဒီနေ့ ဘလက်ချော ပျော်နေသဖြင့် မိသားစုနှင့် ထမင်းစားရင်း မန္တလေးရမ်လေး နည်းနည်း သောက်မိပါသည်။ သောက်ပြီးရီဝေဝေဖြင့် နက်ဆိုင်သို့ ချီတက်လာပြီး ဤပို့စ်ကို ရေးပါသည်။သတင်းကျွတ်တွင် ဖေါက်တတ်ကြသော ဗျောက်အိုးဖေါက်သလိုသာ သဘောထားပေးကြပါ ရွာသူရွာသားများ ခင်ဗျား။ ဒီနေ့ ဖတ်ခဲ့တဲ့ […]


မောင် ပေOctober 11, 20111min24413
မင်္ဂလာပါ ခင်ဗျား ဂေဇက်လာ မိတ်သဟာများနဲ ့ဂေဇက်ဝင်များ အတွက် အပျင်းပြေစေဖို ့ ၊ ကျွန်တော် မောင်ပေ ရဲ  ့တစ်ပါတ်အတွင်း ဖတ်ဖြစ်ခဲ့တဲ့ သတင်းများကို ပြန်ပြောပြချင်ပါတယ် ။ ကျွန်တော့် သတင်းလေးတွေ ဟာ ဆိုရင် သတိထားစရာလေးတွေ ပါသလို ခိုးလိုးခုလု ဖြစ်စရာ လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။ ဦးစွာပြောချင်တာကတော့ ၊ ကျွန်တော့် ရဲ  ့တစ်နေ ့တာ လုပ်ငန်းဆောင်တာများထဲမှာ ဟိုပြေး ဒီပြေး ခရီးစဉ်လေးတွေ လဲ ပါပါတယ် ။ တစ်ခါတစ်လေကြတော့ အချိန်တော်တော်ကြာအောင် ထိုင်စောင့်ရတဲ့ အလုပ်မျိုးလည်း ရှိပါတယ် ။ ထိုအခါ မျိုးဆိုလျှင် ဟိုဒီပြေးလွှားရင်း လမ်းက ဝယ်လာတဲ့ ၅၀ဝကျပ်၊၆၀ဝကျပ်၊၇၀ဝကျပ် အသီးသီးတန်ဘိုးရှိ […]