etoneOctober 11, 20111min43043
ရွာသူရွာသားတို့ … မိမိဖုန်းကို တခြားလူ မှားခေါ်တာ ကြုံခဲ့ဖူးကြမှာပါ … ဖုန်းခေါ်တဲ့ လူနံပါတ်အမှတ်လွဲတာကြောင့် လည်းကောင်း ၊ နံပါတ်မှား နှိပ်တာကြောင့်လည်းကောင်း … တစ်ခါတစ်လေ လိုင်းပူးတာကြောင့်လည်းကောင်း (သူတို့ပြောတာတော့ သူတို့ နှိပ်တဲ့နံပါတ်မှန်တယ်တဲ့ … ) အကြောင်းအမျိုးမျိုးကြောင့် မိမိဆီ ဖုန်းမှားဝင်လာတတ်ပါတယ် … ။ မမျှော်လင့်တဲ့နေရာမှာ မမျှော်လင့်သလို ဝင်လာတဲ့ ဖုန်းမျိုးဖြစ်တာကြောင့် … တစ်ခါတစ်လေ .. ဖုန်းကိုင်ရခက်ခဲတဲ့ အနေထားမျိုးလည်း ကြုံနိုင်ပါတယ် … ဥပမာ လက်ထဲ ပစ္စည်းတွေ မနိုင်မနင်းဖြစ်တဲ့ အချိန် ဖုန်းဝင်လာတာမျိုး … ၊ ဘတ်စ်ကား ကြပ်ကြပ်ပေါ် နေရာမရတဲ့ အချိန် ဖုန်းဝင်လာတာမျိုးပါ … အဲ့ဒီအချိန် ဖုန်းသံကြားလို့ … မနိင် […]


black chawOctober 11, 20111min27717
ဘလက်တို့ နေထိုင်ပျော်မွေ့လျှက်ရှိသော ဂဇက်ကုန်းသည်ကား ဟန်းဖုန်းလေးတစ်လုံးမှ မကိုင်နိုင်လျှင် လူရာမဝင်သော ကာလကိုရောက်ရှိနေသော အခါသမယပါတည်း။ ဆိုက်ကားနင်းရင်း ဖုန်းပြောနေသော သူလည်းမရှား၊ ငါးရောင်းရင်း ဖုန်းပြောနေသူလည်း မရှား၊ ယုတ်စွအဆုံး ပဲပြုတ်သည် အချို့  ပင် ဖုန်းကိုင်နိုင်သော   ဒီမိုကရေစီ အစိုးရ ခေတ်ပင်ဖြစ်ပါ၏။ ခေတ်နှင့် အညီ  ဘလက်၏ တူနှစ်ယောက်နှင့် တူမ တစ်ယောက်သည်လည်း ငါးသိန်းတန်ဟန်းဖုန်းကို စတိုင်ကျကျ ကိုင်လျက်သာရှိနေကြပါ၏။ ၎င်းတို့မှာ ဝင်ငွေ အတန်အသင့် ကောင်းသော ကုမ္ပဏီ ဝန်ထမ်းများဖြစ်ကြပါ၏။ တစ်နေ့သားမှာဖြင့် ဘလက်၏ ခေတ်ဟောင်းဖုန်းကြီးဆီသို့ ဖုန်းလာသည့်အသံကို ကြားရပါ၏။ ထုံးစံအတိုင်း ချက်ခြင်း ဖုန်းကိုင်လေ့မရှိသော ဘလက်မှာ ဘယ်သူဆက်တာလဲဆိုသည့် သဘောနှင့် ဖုန်းကို  ကြည့်လိုက်မိရာ တူမတော်ဒေါ်လာစား ၏ ဖုန်းဖြစ်နေပါသည်။ သို့ပေသော်လည်း […]


ကျုပ်ကြားဖူးတဲ. မီးသတ်သမားတွေဟာ မီးလောင်တဲ့အချိန်မှာ မီးငြိမ်းအောင် ငြိမ်းသတ်နေရသလို. မီးမလောင်တဲ့ အချိန်မှာလဲ မီးသတ်နေရသတဲ.။ မီးမလောင်ပဲ ကိုယ့်အိမ်ကိုယ် မီးရှိုု.ပြီး မီးသတ်နေတာတော.မဟုတ်ဘူး။ မြေပုံတစ်ခုချပြီး ဘယ်ရပ်ကွက်၊ ဘယ်နေရာမှာ မီးလောင်ခဲ့ရင် ဘယ်လိုငြိမ်းသတ်မလဲဆိုပြီး ပွိုင်.တစ်ခုချပြီး မြေပုံတိုက်ပွဲ လုပ်ခိုင်းနေတာ..။ ဒါဆို ဒီ မီးသတ်ရဲဘော်တွေ စဉ်းစားနေရတာက မီးသတ်ကား ဘယ်လမ်းကဝင်မလဲ ၊လေ ဘယ်အရပ်ကတိုက်နေလဲ၊ မီးကို ဘယ်နေရာကနေ ငြိမ်းသတ်ရမလဲ၊ ဘေးပတ်ဝန်းကျင်ကို မီးပြန့်နှံ့မှုမဖြစ်အောင် ဘယ်


မောင် ပေOctober 9, 20111min1568
( ရှေးဦးစွာ ကျေးဇူးတင်စကားလေး အနည်းငယ် ပြောကြားလိုပါသည် ။ မြားတစ်စင်း ၂ ကို တင်အပြီးတွင် မိတ်ဆွေဖြစ်သူ comegyi မှ စေတနာဖြင့် ကျွန်ုပ် လွဲမှားနေသော စာလုံးပေါင်းကို ထောက်ပြလာပါသည် ။ ဟုတ်ပါသည် ။ မြှား ဟု သုံးခဲ့မိပါသည် ။ ယခု မူ မြား ဟု ပြင်ပြီးသွားပါပြီ ။ ကျေးဇူးကြီးလှပါသည် ကမ်းကြီး ရေ ၊ အညာဆေးရိုး ရှဲရှဲနီ ) မန်းတလေး မြို  ့ရှိ နာမည်ကြီး အသားကင်ဆိုင် တစ်ဆိုင်တွင် ကိုရှီနို နှင့် ကမ်းကြီး တို ့အတူတကွ စားသောက်နေရင်း ကမ်းကြီးတစ်ယောက် အမူးလွန်ကာ ဇက်ကျိုးသွားခဲ့သည် ။ ( […]


koyin sithuOctober 9, 20111min1074
နောက်ဆုံးတစ်ဖွာကို ရှူရိုက်လိုက်ပြီး ဖင်စီခံနားကို မီးရောက်လာသည့်အတွက် ကျွန်တော်က စီးကရက်ကို လက်ခလယ်ဖြင့် ကော်ထုတ်ပစ်လိုက်သည်။ သဘာဝတရားသည် တစ်ခါတစ်ရံတွင် အချက်အလက် မခိုင်လုံ မပြည့်စုံပဲနှင့် သွေဖည်တတ်သည်ကို ကျွန်တော် တွေးနေမိသည်။ တစ်ခါတစ်လေတော့လည်း မသိသေး မတတ်သေးသော ကိစ္စများကို ဘာအားထုတ်မှုမှ မရှိဘဲ သိချင် တတ်ချင်လာပြန်သည်။ စိတ်ကူးတည့်သလို အကြောင်းအရာတွေ၊ အဖြစ်သနစ်တွေကို လွမ်းနေတတ်တဲ့ ကျွန်တော့် အနာဂတ်ကို ကျွန်တော်ရေးပြီး အားလုံးဟာ လိုအပ်ချက်တွေ၊ အားနည်မှုတွေ အပြည့်နှင့်။ ရက်ရက်ရောရောနှင့် ပျော်ရွှင်ခြင်းတွေ  ဘဝမှာ ရှားပါးလွန်ခဲ့သည်။ တစ်ခါတစ်ရံတော့ ပါရာဒိုကားကောင်းတစ်းစီးလောက်စီးပြီး ဟန်းဖုန်းကို ခါးမှာချိတ်လို့ စတိုင်ခပ်ထွားထွားဖြင့် မောက်မာခွင့် ရမယ်ဆိုရင် မကောင်းဘူးလား။ ဟုတ်တိပတ်တိနဲ့ ဟန်ရေးပြပြီး ပယ်နယ်တီလွဲချော်ခဲ့တဲ့ ဘောလုံးသမားပုံစံကို စိတ်ထဲမှ ကျိတ်ပြီး သဘောကျနေမိသည်။   […]


မောင် ပေOctober 9, 20111min2369
ကိုရှီနို ကြယ်ဂေါင်ထဲမှ ဆိုင်ကယ်ငါးစီး ဝယ်လိုက်ရာ တစ်စီးကို နှစ်သောင်းကျပ် ထပ်လျှော့ပေးသဖြင့် ၊ တစ်စီးလျှင် လေးသိန်းရှစ်သောင်းကျပ်သာ ဖြစ်သွားသည် ။ ကျောက်ရောင်းရသော ငွေ မှာ စုစုပေါင်း ၃၂ သိန်း ရှိရာ ၊ ဆိုင်ကယ်ဝယ်အပြီး ၈ သိန်းကျော် လက်ထဲ ကျန်သည် ။ ထို ့နောက် ကယ်ရီသမား ရွှေဘိုသား တို ့အဖွဲ  ့ကို ကယ်ရီခ ပေး ၊ ဆိုင်ကယ် များ အပ်ကာ မန်းတလေး သို ့ပြန်ဆင်းလာခဲ့သည် ။ ကယ်ရီခ နဲ ့ သီးသန် ့ပေးတဲ့ မုန် ့ဖိုး က ခုနှစ်သောင်းရှစ်ထောင် ကျပ် ။ မန်းတလေး […]


koyin sithuOctober 8, 20111min25616
ဒီနေ့မနက် မေးလ်ဖွင့်လိုက်တော့ ဝင်လာတဲ့ အကြောင်းအရာတစ်ခုပါ။ ကျွန်တော် ကိုယ်တိုင်ကလည်း ရေးဖို့ တပြင်ပြင်ဖြစ်နေတာ ရေးစရာအကြောင်းကလဲအများကြီး ဟိုလူ့ထိခိုက် ဒီလူထိခိုက်မှာလဲ စိုးရတယ်။ ဒီတော့ ယခုရေးထားတဲ့သူကလည်း တော်တော့်ကို ရေးထားတာကောင်းတယ်။ ကျွန်တော် ချပြချင်တဲ့ အကြောင်းအရာနဲ့ ကလည်း အားလုံးကွက်တိဖြစ်နေတော့ စာရေးပျင်းတဲ့ ကျွန်တော်ကပဲ တစ်ဆင့် ဖောက်သည်ချပြ လိုက်ပါတယ်။ 😀 နားလည်ပေးမယ်လည်း မျှော်လင့်မိပါတယ်။ ဖတ်ကြည့်ပေါ့လေ.. ကျွန်တော်ခံစားနေရတာနဲ့ ထပ်တူထပ်မျှဆိုလဲ မှားမယ်လို့ မထင်ပါဘူး။ ဆားချက်ခြင်း လုံးဝမဟုတ်ပါ။ ဖောက်သည်ချပြတဲ့သဘောပါ။ ရေးသားသူက ချောကလက် မြို့တော် က မြင့်မိုရ်တဲ့။ ဖတ်ကြည့်ကြည့် လိုက်ပါဦးနော်…. စင်ကာပူမှာ့မဟုတ်ပါဘူး။ ကိုယ်နိုင်ငံမဟုတ်တဲ့ဘယ်နိုင်ငံမဆို ကိုယ့်ဗမာနိုင်ငံလောက်တော့ ဘယ်အသက်ရှူချောင်မှာလဲ။ အစားအသောက် အနေအထိုင် ယဉ်ကျေးမူ့ အစစ အရာရာ တူမှာ့မတူတာ။ လွတ်လွတ်လပ်လပ် […]


moonpoemOctober 8, 20111min38523
မြန်မာလူမျိုးများသည် မူကြိုကတည်းက အေ၊ဘီ၊စီ နှင့် စတင်ထိတွေ ့ခွင့် ရှိကြသည်။ ဂျပန်လူမျိုးများဆိုလျှင် အလယ်တန်းရောက်မှ အင်္ဂလိပ်စာကို စတင်သင်ကြားခွင့်ရှိသည်။ ဒီ့အတွက်ကြောင့် မြန်မာလူမျိုးတော်တော်များများသည် အင်္ဂလိပ်စာကို ထမင်းစားရေသောက်လောက်တော့ ပြောတတ်ကြသည်က များလေသည်။ ပြီးတော့ရှိသေးသည်။ တခြားလူမျိုးများသည် အင်္ဂလိပ်အသံထွက် မပီသကြသလောက် မြန်မာလူမျိုးများသည် သရသံများသည့်အတွက် အသံထွက်လည်း အလွယ်တကူနှင့်နားလည်နိုင်လေသည်။ သို့သော် စိတ်မကောင်းစရာကောင်းသည်က မြန်မာလူမျိုးများ ရိုက်ကူးသော ဇာတ်လမ်းများတွင် အသံထွက်မှားခြင်း၊ စာမှားရေးခြင်းများကို ဆိုးဆိုးရွားရွားတွေ ့မြင်နေရသည်။ မတော်တဆအမှားကို ခွင့်လွှတ်နိုင်သော်လည်း မကြာခဏမှားနေခြင်းများကတော့ ပြုပြင်သင့်ပေသည်။ ထို ့ကြောင့် ဒီလို တင်ပြချင်ပါသည်။ အောင်သီရိရုပ်ရှင်နှင့် ဗွီဒီယိုထုတ်လုပ်ရေး၏ ဇာတ်ကားတော်တော်များများတွင် နမူနာဇာတ်လမ်းများကို ပြသပြီးသောအခါ Comming Soonဟု ရေးသားသည်။ Comming သည် မှားယွင်းနေသည်။ ဒါက အကြောင်းမဟုတ်သေး […]


naywoon niOctober 7, 20111min1687
စနစ်ရဲ့သားကောင်(၂) နောက်စနစ်ရဲ့သားကောင်ဖြစ်မှန်းမသိဖြစ်နေရတဲ့စနစ်တစ်ခုရှိသေးရဲ့…။ အဲဒါကတော့ ဘယ်သူမှ သတိမမူမိကြတာလား..။ ပြောလည်းမထူးပါဘူးဆိုပြီးထားနေကြတာလားတော့မသိဘူး…။ မြန်မာသန်းပေါင်း ငါးဆယ်ခြောက်ဆယ်လောက်ဆီက လေသံတောင်ထွက်မလာသေးတဲ့ကိစ္စ …။ သေရေးရှင်ရေးလောက်ကို အရေးကြီးတဲ့ကိစ္စ…။ အဲဒါနဲနဲ ထူးဆန်းနေသလိုပဲ…။ တစ်ခြားတော့မဟုတ်ပါဘူး..။ နေဝန်းနီတို့သုံးနေတဲ့ ငွေကြေးစနစ်ပါ…။ ဒေသတစ်ခုထဲမှာပဲ သုံးစွဲလို့ ရတဲ့ငွေကြေးစနစ်..။ ဒီစနစ်ကို ပြောင်းဖို့ မစဉ်းစားမိကြဘူးလား..။ ဘယ်လိုပြောင်းမလဲ …။ ဟုတ်စ..။ ဟိုးအရင်တုန်းကလို ဘယ်နေရာရာရောက်ရောက် သုံးလို့ရတဲ့ ငွေကြေးစနစ်..။ ကိုယ့်ငွေကို ဒေါ်လာနဲ့ လဲသုံးစရာမလိုဘူး..။ ဘတ်နဲ့ ယန်းနဲ့ ယွမ်နဲ့ ဘာနဲ့မှလဲသုံးစရာမလိုအောင်……။ ဟိုအရင်တစ်ခောတ်က ကမ္ဘာ့ဘဏ်မှာ ရွှေပေါင်တင်ပြီးထုတ်ခဲ့တယ်ဆိုလား..။ (နားလည်တတ်ကျွမ်းသူတွေ ဆက်ပြောကြပါ..။ နေဝန်းနီ ခပ်တည်တည်ဆက်ရွှီးမယ်နော်) အဲဒိလိုစနစ်ကိုပြန်ပြောင်းရင် မကောင်းဘူးလား ..။ အခုထက်…….။ ခုတော့ တစ်လမ်းသွားငွေကြေးစနစ် နဲ့ သက်ဆိုင်သူတွေအားလုံး ချောင်ပိတ်မိနေတယ်..။ ထုတ်တဲ့သူကော…။ သုံးစွဲနေကြရတဲ့လူထုပါ…။ […]


ဆူးOctober 7, 20111min39030
တယောက် တမျိုးစီ အစီရင်ခံစား များ ဆက်လက် တင်သွင်းပြီးနေတာကို ကြည့်နေရင်း ဆူး လည်း တရေး တမော ငိုက်မြည်းခဲ့ပါတယ်။ အချိန်အတိုင်းအတာ တခုအရ အိပ်ပျော်သွားပြီး နိုးလာချိန်မှာတော့ ရွာသား စာမိ မှ ရွှေရောင်းလို့ ရတဲ့ ပိုက်ဆံနဲ့ အာလူးပူတီ နဲ့ ချာပါတီ တယောက်ချင်းစီ ရိုက်ကျွှေးပါတော့တယ်။ (ချာပါတီ ရိုက်ခြင်းဖြစ်သည်။) အောင်ပု ကတော့ စမူဆာ ကြော်လေးများ လိုက်ဝေ ပါတယ်။ အင်္ဂလန်က အဘဆွေကတော့ ရွာသားများကို ကော်ဖီ နဲ့ တည့်ခင်း ဧည့်ခံပါတယ်။ ကော်ဖီ အမျိုးပေါင်း ၅ဝ ကျော်နဲ့ စိတ်ကြိုက် ရွေးချယ်ပြီး သောက်နိုင်အောင် စီစဉ်ပေးထားလို့ ရွာသားများ ကော်ဖီ သောက်ရင်း စိတ်ချမ်းသာတယ် ဆိုတဲ့ […]


naywoon niOctober 7, 20111min17010
စနစ်ရဲ့သားကောင်(၁) စနစ်တစ်ခု ညံ့ဖျင်းရင် မှားယွင်းရင် အဲဒိစနစ်ကို မှီခို အသုံးပြုနေတဲ့သူအားလုံးဟာ အဲဒိစနစ်ရဲ့ သားကောင်ဖြစ်တော့တာပဲ….။ ကိုယ့်ကိုကိုယ် သားကောင်ဖြစ်မှန်းမသိအောင်ကို ဖြစ်နေကြရတာ…။ ခုလည်းကြည့်လေ…….. ။ ကိုပေါက်ရေးတဲ့ https://myanmargazette.net/71325/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories ဒီပို့စ်လေးကို ဖတ်ကြည့်ပြီး ဒီပို့စ်နဲ့ အကျယ်တစ်ဝင့်ပြောမှ ဖြစ်မှာမို့ ကော်မန့်မပေးတော့ပဲ ခေါင်းစဉ်ပြောငိးလိုက်တာပါ….။ ကျွန်တော်တို့နယ်မှာကတော့ စည်ပင်သာယာနယ်နမိတ်ထဲမှာရှိတဲ့လုပ်ငန်းတွေကို နှစ်စဉ်လေလံ ပစ်ပါတယ်..။ လုပ်ငန်းတစ်ခုကိုတစ်ဦးထဲကိုပဲ လုပ်ပိုင်ခွင့် (တစ်နှစ်စာ) ပေးထားလိုက်တာပါ…။ ဥပမာပေါ့ဗျာ…. သားသတ်လိုင်စင်မှာ အမဲက တစ်ဦး ဝက်သားအတွက်က တစ်ဦး ဆိတ်သားအတွက်တစ်ဦးပေါ့…။ အဲ ဈေးကောက်က တစ်ဦး ရပ်နားခွန်ကောက်မှာကတစ်ဦးပေါ့..။ ဒီလုပ်ငန်းက စားသာမှန်းသိတော့ လုပ်ပဲသူ လေလံ ဆွဲတဲ့သူက တော်တော်များရှိတယ်..။ ဒီတော့ လိုင်စင်ရဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင်ဈေးပိုပေးဆွဲကြတာပေါ့ ဗျာ…။ တစ်ခါတစ်လေ ကြမ်းခင်းဈေးထက် […]


KingOctober 7, 20111min671
ဒီပို့စ်လေးကို တင်မယ်လို့ ကြံရွယ်ထားတာကတော့ ကမ္ဘာ့ဆရာများနေ့ မတိုင်မီကပေါ့ … ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ပါဘူး … (အကြောင်းအမျိုးမျိုးဆိုတာကလည်း internet connection speed နှေးကွေးနေတာကြောင့်တို့ …. ဘာတို့ ညာတို့ပေါ့ ….  ဒါကတော့ စကားချပ်ပေါ့) အခုခေတ်မှာတော့ အရင်ခေတ်တွေတုန်းကလို ဆရာ/မတွေကို ရိုသေလေးစား ဂါရဝထားမှုတွေကို သိပ်မတွေ့ရ မမြင်ရ မကြားရသလောက်ပါပဲ .. ကျွန်တော်ပဲ ပြင်ပနဲ့ အဆက်အသွယ်ပြတ်နေလို့လားမသိ … အမှန်အတိုင်းဝန်ခံရရင် လူမှုဘဝတွေမှာ ရုန်းကန်လှုပ်ရှားရင်း နစ်မြုပ်နေတဲ့ အချိန်မှာပဲ ကမ္ဘာ့ဆရာများနေ့ ဆိုတဲ့ စကားလုံးလေးကို ကြားမိရင်း ဟိုးးးးးးးးးးအတိတ်ဆီက ဖြတ်သန်းခဲ့ရသော ကျောင်းသားဘဝတွေကို တမ်းတသတိရ မိခဲ့ ပြန်ပါတော့တယ် …ဟိုအတိတ်ဆိုပေမယ့်လည်း သိပ်မကြာသေးတဲ့ ကာလလေးတွေပေါ့ .. ဒါပေမယ့်လည်း နယ်ကျောင်းသား […]


loneOctober 7, 20113min29821
ဒီစာကို ရတုန်းက Lone လည်း ရေးတဲ့လူကို တော်တော်အမြင်ကတ်သွားတယ်။ ဒီစာကို ရေးတဲ့သူက ကော ဘယ်လောက်တောင် တိုင်းပြည်အတွက် ကြိုးစားပမ်းစား လုပ်ကိုင်ပေးခဲ့ဖူးလို့ ဒီလို ရေးတာလဲ… စာရေးသူကကလောင်တံလေးကိုင်ပြီး…(သို့) keyboard လေးအသုံးပြုပြီးသာရေးတတ်တာ … သူကကော ဘယ်လောက်လုပ် ဆောင်ပြီးလို့ ဒီလိုရေးရတာလဲတော့မသိတော့ပါဘူး… လုပ်ပိုင်ခွင့်ဘာမှ မရတဲ့ အခါမှာလုပ်ရတာ အခက်အခဲတော့ ရှိမှာပဲ… နေရိပ်လိုချင် နေပူကစောင့်ရမှာပါပဲ… အခုရေတွင်းတူး အခုရေကြည်တော့ ဘယ်ရနိုင်မလဲ… အန်တီစုက သူတတ်နိုင်သလောက် လုပ်ဆောင်နေတာကို … ဘာဖြစ်လို့ ဘေးကနေ နှောက်ယှက်စကားဆိုနေရတာလဲ… မကူညီချင်နေပါ…မနှောက်ယှက်ပါနဲ့… အောက်ပါ စာကို ရေးသူအား တိုက်ရိုက်ရည် ရွယ်ပြောချင်ပါသည်…….   On Oct 3, 9:50 am, ဦးဦး ဒေါ်လာ . <uudol…@gmail.com> […]