ဇီဇီMay 7, 20181min29939
    သဘာဝ ပစ္စည်းတွေသုံးတဲ့ SPA ပို့(စ) ရေးမယ် ဆိုပြီး ကင်းကောင်လေးနဲ့ တာတူး လေးကို ကတိတွေ စွတ်စက်ပေးထားတာ ၃ နှစ်ရှိပြီ။ အဟီးးဟီးး ခု အဲ့ဒီ ပို့(စ) မဖြစ်ခင် အပိုင်းခွဲလို့ ပြောလို့ရမဲ့ ပင်လယ်ဆား ရဲ့ အသုံးပြုပုံ အသုံးဝင်ပုံ အကြောင်း ပြောပါမယ်။ ဆားအမျိုးအစားများ ထဲကမှ SPA ပို့(စ) အတွက် အဓိက ရှာထားတာမို့ ပင်လယ် ဆား (Sea Salt) ကို အသုံးပြုနိုင်ပုံကိုသာ ပြောသွားပါ့မယ်။ များသောအားဖြင့် ပင်လယ်ဆားက အခဲလေးတွေပဲ ဝယ်လို့ရတာကြောင့် ကျနော်က အမှုန့်ပြန်လုပ်ပြီးမှ သိမ်းထားလေ့ရှိပါတယ်။ ခက်ခက်ခဲခဲမကြိုးပမ်းရတဲ့ အလွယ်ထိရောက်တဲ့ နည်းတွေကိုသာ ထုတ်နှုတ်ထားပါတယ်။ ကျနော်ကတော့ ရေချိုးခန်းထဲမယ် […]


“မန်းဂေဇက် အလွမ်း” 30-4-2018 ည M လုလင်ခေါ် ကလုခေါ် မောင်ယဉ်အောင်နဲ့ တာမွေက ဝင်းမှာ ထိုင်ဖြစ်ကြသည်။ သူက နက်ဖြန်ဆို 6နှစ်ပြည့်ပြီနော်လို့ သတိတရပြောသည်။ အေးဟ ဘာမှ မကြာသလိုဘဲ လို့ ပြန်ပြောရင်း လွန်လေပြီးသောကာလက မန်းဂေဇက်အဖွဲ့သားများကိုသတိရမိသည်။ သူနဲ့ကျနော် စတင် သိကျွမ်းသောနေ့သည် 7-1-2012 အဲ့နေ့သည် အဝေးရောက်  အင်ဇာဂီ ၏မွေးနေ့လည်းဖြစ်သည်။ အနောက်ကြည့်မြင့်တိုင်ဆေးရုံနားက ပါရေစီယမ်မှာ။ အဘဖောလည်းရောက်နေသည်။ ရွာသားတွေစုစည်းပြီးတွေ့ကြသည်။ အဲ့နေ့မှာ အိတုန် စတင်သော အလှုကိစ္စ တစ်ခုအတွက်ဆွေးနွေးကြသည်။ အဲ့ဒီက အပြန်မှာ မောင်ယဉ်အောင်နဲ့ ကျနော် ရွှေတိဂုံဘုရားကိုသွားပြီး ဓါတ်ပုံရိုက်ကြသည်။ ကျနော်သည် ထိုအချိန်က ဓါတ်ပုံ ပိုး အဆိပ်တက်နေချိန်၊ ညတွင်ဓါတ်ဖမ်းနည်းကိုမောင်ယဉ်အောင်က သင်ပြပေးသည်။ ထိုအချိန်က စလိုက်သော သံယောဇဉ်ကြိုး […]


KyaemonApril 29, 201830min7881
  သမတသစ်ဦးဝင်းမြင့်အားဝမ်းပန်းတသာလှိုက်လှဲစွာကြိုဆိုပါ၏၊ အလုပ်လုပ်သူ၊ပြတ်သားတည်ကြည်သူ၊သုံးကြိမ်တိုင်တိုင်ပြည်သူလူထု ၊ရဲ့ရွေးကောက်တင်မြောက်ခြင်းခံရသူဟူ၍ကျော်ကြားပြီးမျိုးဆက်မဲ့ခေါင်းဆောင် ၊ကောင်းတဦးလို့ယုံကြည်အားထားကြတယ်၊   https://www.youtube.com/watch?v=9t1gqlNzV9s ၊ငုတ်မိသဲတိုင်၊တက်နိုင်ဖျားရောက်   ၊သမတဦးဝင်းမြင့်ရဲမိန့်ခွန်းမှာ ၊လူနေမှုအဆင့်အတန်းမြှင့်တင်ရေးပါသနော်၊ (လူနေမှုအဆင့်အတန်း၊နဲ့စပ်လျဉ်းလို့မိုးဇလဦးထွန်းလွင်ကပြောခဲ့တယ်၊ ၊ဂျီဒီပီ GDP၊ လူနေမှု၊မြှင့်တင်ဖို့လူတွေကလုပ်ကြတော့သဘာဝပတ်ဝန်ကျင်ပျက်တယ် ၊ရာသီဥတုကအကြီးအကျယ်ပြောင်းလဲတယ်လို့ဟောခဲ့တယ်၊  ၊ဂျီဒီပီလူနေမှုအဆင့်အတန်းတိုးပေးမဲ့မြစ်ဆုံစီမံကိန်းကိုရပ်ပြစ်ဖို့ဟောခဲ့တယ်၊)     (၊သောင်းချီရေကာတာလုပ်တဲ့အနောက်နိုင်ငံတွေကိုမဟန့်တား၊ ၊သမတသစ်ဦးဝင်းမြင့်မိန့်ကြားသလို “၊အစစအရာရာဆင်းရဲနွမ်းပါးတဲ့”မြန်မာပြည်ကျတော့ရေကာတာ တခုတလေလုပ်တာကိုလိုက်ဟန့်တားနေကြတာကကောင်းသလား ၊လို့ကိုယ့်လိပ်ပြာကိုပြန်မေးဖို့လိုပါတယ်)၊  ဒါတွေကဦးထွန်:လွင်ရဲ့ထင်ကြေးပါ ၊လျှပ်စစ်ထုတ်မြစ်ဆုံရေကာတာကိုလုပ်ရင်၊ဦးထွန်းလွင်ပြောသလောက်သဘာဝ မပျက်ပါ ၊သူပြောသလောက်ရာသီဥတုပြောင်းမယ်လို့မထင်ပါ၊ကျွမ်းကျင်သူပညာရှင်စစ်တမ်းကအဖြေထွက်လာပါလိမ့်မယ်၊ ၊သူဟောခဲ့တဲ့တရုပ်နိုင်ငံကအခရာမြစ်ရစင်းကောမယ်ဆိုတာ ၊တခုမှမမှန်တာကိုကြည့်ရင် ၊သိလောက်ပါတယ်၊ သင်္ကြန်အကြောင်းပြောပြီးရင်၊ရဲရွာရေကာတာအကြောင်းကိုပြောမယ်   ၊ရေကာတာလုပ်လို့ရဲရွာကသဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိကို ၊ကွက်ကွက်ကွင်းကွင်း ၊မြင်သာအောင်ပုံတွေကိုတင်ပြထားတယ်၊   ၊သင်္ကြန်ချိန်ခါသာမယမှာကျန်းမာရွှင်လန်းပြီး၊ကြက်သရေအဖြာဖြာနဲ့ပြည့်စုံပါစေ၊ ။တိုင်းပြည်နိုင်ငံအနေနဲ့လဲဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာနိုင်ပါစေ၊ –   ၊အများပရိသတ်ကရှုစားခံစားနိုင်ရန်  ၊မြန်မာနိုင်ငံကဆင်နွဲခဲ့တဲ့သင်္ကြန်ဗီဒီယိုတွေကိုတင်ဆက်လိုက်ပါတယ်            https://www.youtube.com/watch?v=vxUePxLDVAk https://www.youtube.com/watch?v=ayniN3V2qcI         ၊တရုပ်နိုင်ငံယူနန်ပြည်နယ်ကသင်္ကြန်မှာ […]


တိုရှည်? တိုရှည်အသံကြားရင်လည်း မေမေ့ကို သတိရမိပြန်ရော။ တိုရှည်စားချင်တယ်ဆို ငယ်ငယ်ကရောင်းခဲ့ မုန့်အိုးကရှိပြီးသား။ အဲ့သည်မုန့်အိုးကိုလည်း ဖိုးဖိုးကိုယ်တိုင်လုပ်ပေးခဲ့တာတဲ့။ အဲ့တုန်းက ဖိုးဖိုးကတွင်ခုံလုပ်တာကိုး။ မေမေ ခေါက်မုန့်ရောင်းမယ်ဆိုတော့ မုန့်လုပ်တဲ့ အိုးရယ် ကလော်တဲ့ယောင်းမရယ်ကို ဖိုးဖိုးကိုယ်တိုင် လုပ်ပေးခဲ့တယ်။ အဲသည်အိုးနဲ့ယောင်းမကတော့ အခုထက်ထိ ကျတော်တို့ဆီမှာ ရှိတုန်းပါပဲ။ မေမေ့လုပ်တဲ့ တိုရှည်ကိုတော့ ဘယ်သူ့မှမမီ။ ပဲဟင်းဆိုတာ ကုလားပဲကိုလှော်ကြိတ်ပြီးဖျော် ပျဉ်းတော်သိမ်းနဲ့ငရုတ်သီးတောင့်ကို ဆီးသတ်ပြီးထည့်။ နောက်ပြီး အခုသိပ်မတွေ့ရတော့တဲ့ ပဲမှုန့်အစပ်မှုန့်။ အခု ပဲမှုန့်အချိုမှုန့်ကိုပဲ များများတွေ့ရတော့တယ်။ ကုလားပဲကိုလှော် ထောင်းပြီး ငရုတ်သီးနဲ့ကြက်သွန်ဖြူကြိတ်ရော။ တိုရှည်ထဲကို ဖြူးပြီးစားရတာ အရမ်းကောင်း။ မေမေ မုန့်နှစ်စပ်ပုံကလည်း ကောင်းတာကို။ ဆန်ကြိတ်မယ့်အထဲကို မတ်ပဲ (မုန့်ဆွဲလို့ကောင်းတယ် စိမ့်တယ်။ မတ်ပဲက ချွဲတာကိုး)။ ရွအောင် ရွှေကြည်နည်းနည်းထည့်တယ်။ မွအောင်ဆိုပြီ မုန့်ကြိတ်ခါနီး ထမင်းလက်တစ်ဆုပ်လောက်ထည့်ကြိတ်တယ်။ […]


ငါးဆုပ်ဆိုရင် မေမေကျွေးတဲ့ ငါးဆုပ်ပဲသိခဲ့တာ။ ငါးဖယ်ခြစ်ဆိုတာ ကိုဈေးကြီးတာနဲ့ မေမေက ဈေးထဲသွားရင် ငါးအရိုးနဲ့အရေခွံတွေဝယ် အရိုးကအသားကိုခြစ် အသားငါးဆုပ်လုပ် အရေခွံကိုကော်မှုန့်နဲ့ထောင်း အရေခွံငါးဆုပ်လုပ်။ ကျန်တဲ့အရိုးကို ဟင်းချိုချက်။ တစ်အိမ်လုံးစားမှ (၁၀၀၀)ကျပ်တောင်မကုန်။ ဘယ်လိုပဲဈေးနည်းပါစေ မေမေချက်ကျွေးတဲ့ ဟင်းတွေဟာ ဈေးတန်ပြီး အတော်စားလို့ အဆင်ပြေခဲ့တာ။ မုဆိုးမဖြစ်ပြီး သားသမီးငါးယောက်ကို အိမ်ပိုင်နဲ့ထားနိုင်တယ်ဆိုကတည်းက မီးဖိုချောင်နိုင်နင်းခဲ့တာ။ ခရေပန်းတွေ ကျတော်ချစ်တယ်။ သစ်ပင်တွေကို ကျတော်ချစ်တယ်။ ဘဝအစိတ်အပိုင်းတွေထဲမှာ ခရေပန်းလေးတွေဟာလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တာပါပဲ။ ဖေဖေဆုံးပြီး မေမေကဈေးတစ်ခုမှာ ဘော်လီချုပ်ဆိုင်လေးဖွင့်တဲ့အချိန်ပေါ့။ အဲ့တုန်းက ခရေပန်းတစ်ကုံးငါးကျပ်။ ခရေပန်းကောက်ရောင်းမယ်ဆိုပြီး။ အိမ်နားက ရှိသမျှ ခရေပင်တွေမှာလိုက်ကောက်ပြီး ကျောင်းစားရိတ်ရှာခဲ့တာတွေ။ မိုးတွေရွာချလို့ ခရေပန်းတွေ အများကြီးကြွေတဲ့အချိန် မေမေနဲ့အတူတူ ခရေပန်းတွေကောက်ခဲ့ရတာလည်း အမှတ်တရပါပဲ။ လွမ်းတယ် မေမေ။ ——————- ရင်နှင့်ရင်း၍


ဖေဖေဟာ မေမေ့ကို သိပ်ချစ်ခဲ့လို့ ယူခဲ့တယ်။ မေမေဟာလည်း ဖေ့ဖေ့ကို သိပ်ချစ်လို့ လက်ထပ်ယူခဲ့တယ်။ သားသမီး (၄)ယောက် ရအပြီးမှာတော့ ဖေဖေဟာ မေမေဆီကနေ ပျောက်ချင်းမလှ ပျောက်သွားတယ်။ သူ့ရဲ့ ဒုတိယလူဆီကိုပေါ့။ အဲ့တုန်းက မေမေဟာ ဘယ်လိုမှ မခံစားနေဘူးတဲ့။ သူ့ဖာသာ အေးဆေးစွာ အလုပ်တွေဆက်လုပ်နေခဲ့တယ်။ မျက်ရည်တွေနဲ့လည် ငိုကြွေးမနေခဲ့ဘူး။ လအနည်းငယ်ကြာတော့ ဖေဖေဟာ မေမေ့ဆီပြန်ရောက်လာခဲ့တယ် နွမ်းလျတဲ့အကျင်္ ီပုဆိုးနဲ့ပေါ့။ ဒါပေမယ့် ဖေဖေဟာ ဒုတိယလူဆီပဲ ပြန်လည်သွားဖို့ ဟန်ပြင်ပြန်တယ်။ အဲ့သည်အချိန်မှာ မေမေဟာ ဖေဖေ့ကိုမတားဆီခဲ့ဘူးတဲ့။ အဝတ်အစားတွေထည့်ပေးပြီး ဖေဖေ့အိတ်ကပ်ထဲကို ပိုက်ဆံတောင် ထည့်ပေးလိုက်သေးတယ်။ အရင်လိုပါပဲ လအနည်းငယ်အကြာမှာ ဖေဖေပြန်လာခဲ့ပါတယ်။ အဲ့သည်နောက ်မေမေ့ထံကနေ ဖေဖေသေတဲ့အထိ ဘယ်မှာမသွားတော့ပါဘူး။ မေမေ့နေရာမှာ ကိုယ်သာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက အဲ့သည်အကြောင်းတွေ မေမေပြောပြကတည်းက […]


Mon LayApril 23, 20181min31010
ခရီးတွေသွားပြီး review တွေပြန်ရေးတယ် ခုတစ်ခါ အရမ်းကိုကြိုက်ခဲ့ရတဲ့ရုံတင်ကားတစ်ကားအကြောင်းကိုလည်းreview ရေးချင်ပါတယ်။ ဘာလို့ ဆိုခါတိုင်းပြနေတဲ့ ချစ်ကြိုက်ကွဲညား မဟုတ်ဘဲ ကွဲထွက်သွားတဲ့အပြင် နာမည်ကြီး မင်းသမီးကြီးတွေနဲ့ မင်းသမီးငယ်တွေပါ ဖက်ရှင်ဒီဇိုင်းကျကျ လှလှပပဝတ်ပြီး Fighting Action ပီပီသရုပ်ဆောင်ထားကြလို့ပဲဖြစ်ပါတယ်။ ဒီလိုဆိုမွန်လေးသိပ်ကြိုက်တယ်လေ။ ကိုယ်ကြိုက်တဲ့မင်းသမီးလည်းပါတယ်။ ဖက်ရှင်ဒီဇိုင်းတွေလည်းလန်ပြန်ထွက်ဆိုတော့…အိုးအို။ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။ မခိုင်ကြီးက မေနက္ခတ်တဲ့။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပေါ့။ ဘယ်လောက်ထိ ချမ်းသာလဲဆို ရင် ကိုယ်ပိုင်လေယာဉ်တွေ တောင် ပိုင်ဆိုင်တဲ့အထိချမ်းသာ တာပါ။ နောက်ပြီးသူက မိဘမဲ့ ကျောင်းတွေလိုမျိုး လိုအပ်တဲ့နေ ရာတွေမှာလည်း အရမ်းကိုလှူပါ တယ်။ သူ့မှာ ထူးခြားနေတဲ့ အ ရာတစ်ခုကတော့ သူကမိန်းက လေးချင်း စိတ်ဝင်စားတဲ့သူတစ် ယောက်ပါ။ အဲဒါကြောင့် သူ့ဘေး နားမှာ ဖက်ရှင်ကျကျနဲ့ ချောချော […]


Mon LayApril 18, 20181min2120
ဒီဆောင်းပါးလေးကတော့ 7 days ဂျာနယ်ကနေ မွန်လေးတော်တော်လေးသဘောကျလွန်းလို့ ဂဇက်ကရွာသူရွာသားတွေကိုဖတ်စေချင်လို့ တင်ပေးလိုက်တာပါ။ တချို ့အခမ်းအနားတွေသွားရင် သားသားနားနားဝတ်သွားမှ လူကခေါ်ချင်၊ပြောချင်ကြတယ်။ မဟုတ်ရင် မတူမတန်သလိုလိုနဲ့။ အောက်ပါဆောင်းပါးလေးတော့ခုခေတ်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုစုပြီးရေးထားတာဖြစ်ပါတယ်။ လူတချို ့ရဲ ့ဟိတ်ဟန် ကိုအစွဲအလမ်းကြီးပုံကိုလည်း နှိုင်းယဉ်ထောက်ပြထားတာတွေ့ရပါတယ်။ လူတွေရဲ ့ဟန်ဆောင်အပြုံးတွေကလည်း ဘယ်လောက်ရွှံရှာဖွယ်ကောင်း ကြောင်းကိုလည်းရှင်းပြထားပါတယ်။ (တစ်) ဆရာတက်တိုးရေးသည့် စာ တော်တော်များများကို ဖတ်ဖူးပါ သည်။ ထိုစာအုပ်ပေါင်းများစွာထဲ က ‘တက်တိုး၏ အတွေးအမြင်’ စာအုပ်ကလေးကိုမူ ငယ်ငယ်က တော်တော့ကိုပဲ စွဲစွဲလမ်းလမ်းရှိ ခဲ့ဖူးပါသည်။ အဖြစ်အပျက် ထူး ထူးဆန်းဆန်း၊ လူပုဂ္ဂိုလ်ထူးထူး ဆန်းဆန်း၊ စိတ်သဘောထားထူး ထူးဆန်းဆန်းများကို အာရုံကျ သည့် နှစ်ကာလအပိုင်းအခြားတွေ မဟုတ်လား။ ဆရာတက်တိုးက သူ၏အ တွေးအမြင်စာအုပ်ထဲတွင် လူနှင့် ပတ်ဝန်းကျင်အပေါ်၌ […]


” ငြိမ်းချမ်းခြင်း” မရှာတော့ မတွေ့ မကြည့်တော့ မမြင် နားမထောင်တော့ မကြား ဒီ ၃ ပါးနဲ့လွတ်ကင်း ဘာမှမသိခြင်းကလဲ ငြိမ်းချမ်းခြင်းပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


” မသိမသာ နေရာယူခြင်း” တစ်ခါ တစ်ခါ မိသားစုတွေ အကြား သူငယ်ချင်းတွေ အကြား မိတ်ဆွေတွေ အကြား ချစ်သူတွေ အကြား စကားစ တွေ ချပြရင်း မတူညီခြင်းတွေ ထွက်လာသောအခါ “အဟ” ဆိုတာလေး နေရာယူသွားတာ သတိတောင်မထားမိလိုက်ဘူး။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


ေမာင္ရိုးApril 15, 20181min4093
#နွေ . . နွေဟာ တစ်ကိုယ်တော်အစွမ်းနဲ့ခတ်တင်းတင်းခေါင်းမော့နေချိန်မှာ ဖြုတ် ကနဲကြွေသွားတဲ့ရွက်ဝါတစ်တခုကတိုးတိုးလေးပြောသွားတယ် . . ” နောက်တစ်နွေအမီ ငါပြန်လာဦးမယ် . . တဲ့ ” မပွင့်တပွင့်ပြုံးနေတဲ့နွေရဲ့မျက်နှာမှာ ဂုဏ်ယူခြင်းတွေ ကျေနပ်ခြင်းတွေပြည့်နေချိန် … အားတင်းထိုးထွက်လာတဲ့ ငုဝါပန်းတွေကတော့ ” မိုး မလာနဲ့ဦးးးး ငါတို့ပွင့်ဦးမယ်ဆိုပဲ . . ” ရဲရဲတောက်နေတဲ့ သတိ္တခဲနွေရဲ့အရှိန်အဝါအောက်မှာ လမ်းပျောက်နေတဲ့ ပိတောက်တွေကတော့ ရှက်ရွံ့နေတဲ့ ပွင့်လွှာတွေကိုထိန်းသိမ်းလို့ . . . အတာသင်္ကြန်မိုးကို တိတ်တခိုးမျှော်လင့်နေလေရဲ့ . . . ။ ဈန်    


Swal Taw YwetApril 14, 20184min4154
ပျော်ရွှင်ချမ်းမြေ့ ့ျန်းမာကြပါစေ ခင်ဗျာ။ ၂၀၁၈ အေပြီလ ၁၃ ရက် သောကြာနေ့ မနက် ၈ မှ နေ့ လည် ၁၂ နာရီအထိ ပြုလုပ်ခဲ့တဲ့ ကာတာနိုင်ငံ ဒိုဟာ မြို့ ရောက် မြန်မာများ ရဲ့ သင်္ကြန် ပွဲ မှတ်တမ်းဓါတ်ပုံ လေးတွေ တင်ပေး လိုက်ပါတယ်။ လူ ၁၀ဝ တက်ရောက်တယ်လို့ တဦး ချင်းစီမှာ ကပ်ပေး လိုက်တဲ့ Counting Sticker လေးတွေ က ညွှန်းပါတယ်။ မုန့် ဟင်းငါး မုန့်လုံးရေပေါ် ကျောက်ကျော ရွှေရင်အေး အပြင် အချိုရည် ရေသန့် မုန့် ထုပ်လေးတွေပါ တပိုင် တစု လှူဒါန်း မျှဝေ အပျော်တွေ […]