နွေဦးJune 24, 20171min49814
ကိုယ်ချင်းစာ တရားမရှိတဲ့သူတွေ.. နည်းနည်းပါးပါး ကိုယ်ချင်းစာ တရားလဲ ထားကြပါအုံး.. မညှာမတာ ကိုယ်ချင်းမစာ ပြောရက်လိုက်ကြတာ.. ကြည့်ပါအုံး အလုပ်ဆိုလဲ  ပြောရက်လိုက်ကြတာ.. တနေ့တနေ့ လုပ်လိုက်ရတဲ့ အလုပ် တဲ့.. ရတာနဲ့ လုပ်ရတာနဲ့ တန်မှတန်သေးရဲ့လားမသိဘူးတဲ့.. တခါတခါ မြို့တမြို့လုံး တနေကုန်သွားနေရတာ နေပူမိုးရွာ မရှောင် ..ဆိုဘဲ.. ကျုပ်ကို  ကိုယ်ချင်းမှမစာဘဲ ပြောနေကြတာ.. ကျုပ်ဆို သူတို့တွေ အဲလို လုပ်နိုင်ဖို့ တတွတ်တွတ် ညွှန်ကြားနေရတာ.. သူတို့တွေ ပိုပိုသာသာ ရဖို့ ပိုက်ဆံတွေပိုပေးနိုင်ဖို့ ကျုပ်က အိုဗာတိုင်ကြေးမယူဘဲ လုပ်ပေးနေတာ.. တခါတခါ မီးပျက် လို့ အဲယားကွန်း က မအေးဘူးဆိုရင် ချွေးတလုံးလုံးနဲ့ အခန်းထဲ ပန်ကာဖွင့်ပြီးနေရတာကို သူတို့တွေက ကိုယ်ချင်းမစာဘဲ ပြောရက်ကြတယ်ဗျာ.. ကြည့်အုံးလေ..အစားအသောက်နဲ့ ပါတ်သက်ရင်လဲ ပြောရက်လိုက်ကြတာ.. ကိုယ်ချင်းစာစိတ်ကိုမရှိကြဘူး.. အိမ်က ထည့်လာတဲ့ ထမင်းဘူးလေး လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ […]


padonmarJune 23, 20171min69620
(၁)ဒီကနေ့ မနက် အလုပ်သွား၊ တူလေးမောင်းတဲ့ ကားနဲ့ လိုက်၊ မီးပွိုင့်တွေမှာ ဒစ်ဂျစ်တယ် နံပါတ်တွေ တော်တော်ပြောင်းပြီးနေတာ သတိထားမိ၊ အရင်က မီးဝါချိန် ကွေ့လိုင်းကို လုထွက်ရ၊ အခု ကွေ့လိုင်းပေးရင်ပေး၊မပေးတဲ့နေရာမှာ အသွားနဲ့ အပြန်ကို အချိန် နည်းနည်း ခွာလွှတ်အောင် ချိန်ထားတော့ လွယ်လွယ်ကူကူ ကွေ့လို့ရ ၊ CCTV Camera တွေလည်း ဒီရက်ထဲ အတော်များများ ပွိုင့်တွေမှာ တွေ့ရ။ Road Traffic Accident နည်းနည်းကျလာလောက်တယ် မှန်း။ (၂) Ambulance တွေ တီးတော်တီးတော်နဲ့ မောင်းလာကြ၊ ဆန့်ကျင်ဖက် ယာဉ်ကြောက တက်မောင်း၊မီးပွိုင့်ကျတော့ မီးနီကာစကို ခပ်ဆိုင်းဆိုင်းဖြတ်မောင်းသွား၊ တည့်ကားတွေ မမောင်းသေးဘဲ ရပ်စောင့်ပေးနေ၊ အရေးကြီး လူနာတွေ အသက်မီလောက်မယ်တွေးပြီး ဝမ်းသာ၊ […]


လိင်အင်္ဂံါပြောင်းလဲထားသူတွေဟာ နိုင်ငံသားမှတ်ပုံတင်ရောအပြောင်းအလဲရှိပါသလား သာမန်လူတွေမှာတောင် ထင်ရှားတဲ့အမှတ်အသားကိုထည့်ဖော်ပြရတဲ့အတွက် ဆန့်ကျင်ဘက်လိင်ပြောင်းလဲထားတဲ့ အကြီးမားဆုံးပြောင်းလဲသွားသူတွေရဲ့ နိုင်ငံသားစိစစ်ရေးကဒ် အခြေအနေက ဘယ်လိုရှိပါလဲ သိချင်လို့ပါ


တစ်နေ့က မိုးရာသီထဲပို့စ်ထဲမှာ တီဒုံလာမန့်ထားတဲ့စာလေးမြင်မှ ငါးပေါင်းထုပ်အကြောင်းသတိရတယ်။ တီဒုံလည်း တော်တော်စုံစုံလင်လင် မန့်သွားတော့ မိုးရာသီမှာ ငါးပေါင်းထုပ်ပူပူနွေးနွေးလေး စားရတာလည်း အရမ်းကောင်းတာပါပဲ။ ငါးပေါင်းထုပ်ဆိုတာနဲ့ ကျွန်တော်သိတာလေးက နည်းနည်းပါ။ စားဖူးတာလည်း အမျိုးမျိုးထဲက အများကြီးမစားဖူးခဲ့ပါဘူး။ နှစ်မျိုး သုံးမျိုးစားဖူးတာလေး ရေးချင်နေတာနဲ့ ငါးပေါင်းထုပ်အကြောင်းလေး ပြောလိုက်ပါဦးမယ်။ ခဲပတ်ငါးပေါင်းထုပ် ဒါကတော့ ဘီယာဆိုင်မှာစားဖူးခဲ့တာ။ သူက ခဲပတ်ထဲမှာ လက်လေးလုံးစာလောက် ငါးဒန်ငါးကို တုံးပြီး ဂျင်း ၊ ကြက်သွန်ဖြူ ၊ စပါးလင် ၊ ပူစီနံ ၊ ငရုတ်သီးစိမ်းတို့ကို ကြိတ်ပြီးထည့်ပြီးပေါင်းထားတာ။ အရသာက မဆိုးဘူး။ စားဖူးတဲ့အသိတွေကတော့ ကြိုက်ကြတယ်။ ကျွန်တော်ကတော့ ခဲပတ်ကြီးနဲ့ပေါင်းတာကို သိပ်မကြိုက်ချင်တာပါ။ နောက် ငါးဒါန်ကို သုံးလို့လည်း သိပ်မကြိုက်တာ။ သူက ပူပူလေးဆိုတော့လည်း မဆိုးဘူးပေါ့။ ငှက်ပျောဖတ်ငါးပေါင်းထုပ် […]


“ကျနော်ကဗျာရွတ်သံများ”     ကျနော်ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး http://picosong.com/Wstq မေတ္တာအစစ် http://picosong.com/Wsz8 ကျန်နေခဲ့သူ၏အလွမ်း http://picosong.com/WsT3 ဆွံ့အသူ http://picosong.com/Wsay သိက္ခာနဲ့ငွေကြေး http://picosong.com/Wsat မေတ္တာ ဂရုဏာ မုဒိတာ http://picosong.com/WsH4   ကိုပေါက်လက်ဆောင် ကဗျာ ရွတ်သံ 22-6-2017


weiweiJune 22, 20171min60921
စပ်စုခြင်း အနုပညာ   ရွာထဲမှာ စာရေးချင်တာနဲ့ စိတ်ထဲပေါ်လာတာ ကောက်ရေးလိုက်ပါတယ် …   စပ်စုခြင်းဆိုတာက သိချင်စိတ်တစ်ခုနဲ့ စူးစမ်းခြင်း လေ့လာခြင်းဖြစ်ပါတယ်။ တစ်ချို့တွေ သိချင်စိတ်က သူများအကြောင်း အတွင်းရေးကိစ္စများ မသိစေချင်တဲ့ကိုယ်ရေးကိုယ်တာများကို စပ်စပ်စုစုနဲ့သိချင်တာမျိုး ရှိပေမယ့် တစ်ချို့တွေကတော့ ကိုယ်စိတ်ဝင်စားရာအကြောင်းအရာကို သိချင်စိတ်နဲ့ ဗဟုသုတရအောင် စပ်စုခြင်းဖြစ်ပါတယ်။   ဒီနေရာမှာ ပြောချင်တာက အထွေထွေဗဟုသုတနဲ့သက်ဆိုင်တဲ့ စပ်စုခြင်းဖြစ်ပါတယ်။   ဗဟုသုတအများဆုံးရနိုင်တဲ့နေရာကို ပြောပါဆိုရင် ပထမဦးစားပေးက စာအုပ်များဖြစ်ပါတယ်။ စာဖတ်ခြင်းက အကောင်းဆုံးစပ်စုခြင်းဖြစ်ပါတယ်။ ဟိုးရှေးခေတ်က ဘယ်လိုနေထိုင်တယ် ဘယ်လိုစားသောက်တယ် ဘယ်လိုတွေးခေါ်တယ်ဆိုတာမျိုးက စာအုပ်တွေကတဆင့်တာ သိနိုင်တာမျိုးပါ။ ဘာသာရေး လူမှုရေး နည်းပညာဆိုင်ရာ စာအုပ်တွေဆိုတာ တိကျသေချာတဲ့မှတ်တမ်းတစ်ခုဖြစ်တာမို့လို့ အယုံကြည်ရဆုံးပါပဲ။ စာအုပ်ဖတ်ရတာပျင်းတယ်ဆိုရင် အခုခေတ်မှာ တီဗီကနေတဆင့် စပ်စုလို့ရပါသေးတယ်။ ချယ်နယ်အမျိုးမျိုးကနေ အကြောင်းအရာအမျိုးမျိုးကို […]


မင်္ဂလာပါရွာသူရွာသားအပေါင်းသူတော်ကောင်းတို့ ရွာထဲဒီနေ့မှအင်တာနက်လေးကောင်းလို့ဝင်ကြည့်မိတယ်… အတော်လေးပြန်လည်စီကားနေတာတွေ့လို့….အံ့ဩဝမ်းသာဖြစ်မိကြောင်းပါ တကယ်တော့ပို့စ်တွေကိုကွန်မန့်တွေပေးကြရာမှာ ဖွဘုတ်တော်ကြီးပေါ်မှာထက်ဒီဂဇက်ရွာမှာမန့်ရတာပိုလေးနက်သလိုခံစားရသဗျ…..အာ့လေးလာပြောရင်း… တင်ခဲ့ဖူးတဲ့..ရွာသူသားပြန်ခေါ်စာလေးရီနယူးပြန်လုပ်ချင်လာသဗျို့ ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့… ယနေ့သည်ကား မန္တလေးဂေဇက်ဝက်ဆိုက် ကြီးအတွက် အင်မတန်မှ မင်္ဂလာရှိလှသောနေ့ ကြီးတစ်နေ့ ဖြစ်ပေတော့သည် အဘယ့်ကြောင့်နည်းဟူမူကား… ရွာ၏လူကောင်း၊ လူဟောင်းများစွာ လူသစ်ပါဝင် ရွာထဲဝင်ကြ ရွာစည်လှ၍ သူကပို့စ်တင် ကိုယ်ကခင်နှင့် ကွန်မန့်တွေပေး ပျော်ကြသေးတော့ ဒီလိုမြင်ကွင်း မြင်ရခြင်းကြောင့် ကျုပ်၏ရင်ဝယ် ပီတိလှိုင်းခတ် ငတ်ခဲ့သည့် အချစ် ပြန်ရဘိသို့ ။   ဒီမှာသဂျီး  ဒီရွာကြီးဟာ သင်၏ရွာပါ  ဒါပေသော်ငြား ရွာဆိုသည်မှာ လူသူမရှိ တိတ်ဆိတ်ဘိငြား တစပြင်အလား ဖြစ်နေငြားက သင်၏ရွာသည် ရွာဟု မတွင် တစပြင်တည်း။   ယခုခါမူ ရွာမှမြို့တက် ရွာကိုမေ့လျှက် ရွာကိုမဝင် ရွာမခင်ဟန် မေ့ ခဲ့ […]


( တောအကြောင်း တောင်အကြောင်း – 2 ) Maran Road Camp မွန်းလွဲ ၂ နာရီထိုးလောက်ကျတော ့ ကျနော်တို ့နှစ်ယောက် ပင်မစခန်းကနေ စထွက်လာတယ်။ ကျနော်တို ့စခန်းနဲ ့အနီးဆုံးတောင်ကို မိနစ် ၂ဝ ကြာလောက်ဖြတ်ကျော်ပြီးတော ့ Sungai Mas ( ရွှေချောင်း ) နားကို ကပ်လာတယ်။ ချောင်းဘေးကားလမ်းမတစ်လျှောက်မှာ ဆင်ချေးပုံတွေ ဟိုနားတစ်ပုံ ဒီနားတစ်ပုံတွေ ့လာရတယ်။ ဆင်ခြေရာ အကြီးအသေးတွေကို ခန် ့မှန်းရေကြည် ့တော ့ ဒီအုပ်စုက အတော်များပုံရတယ်။ လမ်းဘေးနားတစ်လျှောက် ဝါးရုံပင်တွေကိုလည်း ဆွဲချိုးထားတာက အတော်များများ … တစ်ချို ့က ကားလမ်းပေါ်ကန် ့လန် ့ဖြတ်။ ဒီနားတဝိုက်မှာက […]


မြန်မာစာ စကား ရေးရာမှာ အထားအသို မတတ်ရင် သောက်တလွဲ ဖြစ်တတ်တာကြီးးး လူတိုင်း ရိပ်မိလောက်ရောပေါ့။ ပြော- မပြောချင်တော့ပေါင်။ . . . . . မပြောချင်ပေသိ ပြောပါအုန်းမယ်။ :k: သက်သေအနေနဲ့ ပြောစရာ တစ်ခု တွေ့ခဲ့လို့ ပြောပါရစေဦး။ ရန်ကုန်-မန္တလေး အမြန်လမ်းမအစ- အမှတ်၃လမ်းဆုံ(ထောက်ကြန့်မြို့အထွက်)နားမှာလည်း အောက်ပါ ဆိုင်းဘုတ်ကို မြင်နေရပါပြီ။ ပြထားတာ သိပ်တော့ မကြာသေး။ အခု ပုံက ပြည်မြို့ နဝဒေးတံတားခ- ကောက်ခံရေးစခန်းမှာ ထပ်တွေ့လို့ ရိုက်ယူခဲ့တာ။ ”ရှေ့မှယာဉ်သည် နောက်ယာဉ်အား ကျော်တက်ရန် အချက်ပြမီးဖြင့် မပြပါနှင့်” တဲ့။ ဆိုတော့. . . ရှေ့ကားက နောက်ကားကို ဘယ်လိုများ ကျော်တက်မှာပါလိမ့်ပေါ့။ ”ရှေ့မှ ယာဉ်သည် […]


black chawJune 19, 20171min415323
  ကျနော့် သီချင်းရေးသူ ဘဝမှာ ဂုဏ်အယူရဆုံး ကိစ္စကတော့ ကျနော့် ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ကို ဒစ္စကို ကွင်းကြီး နော်လီဇာ ဆိုခဲ့ဖူးတာပါပဲ။ အဲ့ဒီ အတွက် ကီးဘုတ် ကို မောင်လတ် ကို ကျေးဇူးတင်ရမှာပါပဲ။ နော်လီဇာ ကို အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ နှလုံးသားမက္ကဆီကို စီးရီးစ် ကို ကလေးဘဝကတည်းက ညွတ်ခဲ့ရသူမို ့စိတ်ထဲကတော့ လေးစားရင်းစွဲရှိနေသူပါ။ တစ်ည ကိုမောင်လတ် ဖုန်းဆက်လာပါတယ်။ “ကိုဘလက် မနက်ဖြန် မနက်အားရင် အလုံလပ်ကီးဆဲဗင်းမှာ breakfast စားရအောင်၊ နော်လီဇာလည်း လာမယ် သူ ့သီချင်း အဟောင်းထဲက ကောင်းတာလေးတွေ ပြန်ရွေးပြီးလုပ်ချင်လို ့တဲ့၊ ခင်ဗျားက သီချင်းတွေ အကြောင်း အတော် နှန် ့နှန် […]


မိုးဆိုတာနဲ့ အမှတ်ရနေတာ အကျင့်ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ကိုယ်တိုင်ကလည်း မေ(31) မိုးတွေရွာတဲ့ နေ့မှာ မွေးခဲ့တာကိုး။ ဘဝမှာ အဲ့သီချင်းက တော်တော်လေး အမှတ်တရ ဖြစ်ခဲ့သေးတာ။ သီချင်းတွေထဲမှာလည်း မိုးရာသီနဲ့ပတ်သက်တဲ့သီချင်းတွေဟာလည်း စွဲစွဲမြဲမြဲပါပါပဲ။ မေ (၃၁) မိုးသည်းထဲမှာ မိုး ရွာသာရွာပါမိုး မိုးရာသီထဲ မိုးရေထဲမှာ အင်းလေမှာ ရွာတဲ့မိုး မနိုးပါစေနဲ့မိုးရယ် စတဲ့သီချင်းတွေဟာလည်း အခုအချိန်အထိ အမှတ်ရဆဲပါပဲ။ အသီးထဲမှာဆိုရင်တော့ မိုးတွင်းဆို သရက်သီး ၊ ဒူးရင်းသီးက ဘဝမှာ အမှတ်တရအဖြစ်ဆုံး အသီးတွေ။ ဘာလို့လဲဆို ကြိုက်တာကိုး။ နောက် သပြေသီး ငယ်ငယ်တုန်းက သပြေသီးဆိုတာကို မမြင်ဖူးဘူး။ အိမ်ပြောင်းတော့ ပြောင်းနေတဲ့ အိမ်နားမှာ သပြေပင်အကြီးကြီးရှိတာ မိုးတွင်း သပြေသီးတွေသီးတော့မှ သပြေသီးမှန်သိတော့တာ။ စပျစ်သီးလိုလို ဘာလိုလိုဆိုတော့ သိပ်ကိုသဘောကျခဲ့တာ အရသာကတော့ […]


ဇီဇီJune 19, 20171min178744
အရီး ရဲ့ စုန်းမ စာ ဆိုတာလေး ယူသုံးပါရစေခညာ။ ~~~~~~~~~~~~~~~~~~~ ပြန်တွေးကြည့်တော့လည်း လူကြီးတွေက (၁၀) တန်း သည်သာ အရေးကြီးဆုံးလို့ ပြောလို့သာ အင်း အင်း ဟုတ်ကဲ့ လိုက် ခဲ့တာ။ ကွကိုယ် ဘာဖြစ်ချင်လဲ ရေရေရာရာမသိဘူးး!! အဲ ဘာလုပ်ချင်လဲ မေးလည်း အဲဒီ အချိန်ပိုင်းလေး အသက်ပိုင်းလေးမှာ စိတ်ရူးပေါက်ပြီး လုပ်ချင်တာလောက် ပြောမိတာရယ်။ . . အခုလည်း သေချာသိလား ဆိုတော့ ဝေတေတေ ပါ။ လာမေးရင်လည်း ဘစိုင်း ယူရကောင်းနိုးး ရဲတိုက် ကို စောင့်ရကောင်းနိုးး ထမင်းလေးနပ် ဆက်စားရကောင်းနိုးး တနိုးနိုး ဖစ်နာ။ (နောက်ထာ နောက်ထာ အဟုတ်မမှတ်ကြနဲ့။ ဒီလက်က အတည်ရေးလို့ကိုမရလို့) :mrgreenn: ~~~~~~~~~~~~~~~~~~~~~~~~~ […]


“တခါတုန်​းကဂီတဆည်​းဆာ”   ဟိုတုန်​းက​တော့ မန်​းတက္ကသိုလ်​ရဲ့ဂီတဆည်​းဆာကို သီတင်​းကျွတ်​ဝန်​းကျင်​မှာလုပ်​​လေ့ရှိတယ်​။ ကိုယ်​​တွေ​ခေတ်​ကပွဲသိမ်​းမင်​းသားက စိုင်​းထီးဆိုင်​​ပေါ့။ ပုံမှန်​အားဖြင်​့ မထုတ်​ရ​သေးတဲ့သီချင်​း​တွေဆိုတာများပါတယ်​။ ကိုယ်​ကြုံခဲ့သ​လောက်​ မှတ်​မိသ​လောက်​​ကတော့ ဘီးက​လေးကိုစီး / ပျံသာပြန်​ပါ​ရွှေဟင်္သာ / ​နွေနံနက်​ခင်​း နဲ့ ​နောက်​တပုဒ်​​တော့မမှတ်​မိ​တော့ဘူးဗျ။ ပွဲမစခင်​တလ​လောက်​ကတည်​းက ​မေဂျာအလိုက်​ ရန်​ပုံ​ငွေရှာ ​ဈေး​ရောင်​းပွဲ​တွေလုပ်​ကြ​တော့တာဘဲ။ အ​ဆောင်​အလိုက်​​ကော ​နေ့တက်​တဲ့​ကျောင်​းသား​တွေပါ တ​​ပျော်​တပါးဝိုင်​းကူကြတာပါဘဲ။ တကယ်​တိုးမ​ပေါက်​​အောင်​​ရောင်​းရတာ​တော့ ပွဲကျင်​းပတဲ့​နောက်​ဆုံးရက်​​ပေါ့။ လူ​တွေလဲတအားပင်​ပန်​းပြီး ပွဲကိုလဲ​ကောင်​း​ကောင်​းမကြည်​့ရယုံမက ပွဲပီး​တော့ပစ္စည်​း​တွေသိမ်​းရတာနဲ့လင်​းမှဘဲအိပ်​ရတယ်​။ ပွဲပြီးလို့ပြန်​တဲ့ပရိတ်​သတ်​ကလဲတလမ်​းလုံးဘိုထီးဆိုတဲ့သီချင်​း​လေးညီးပြီးပြန်​ကြတာပါဘဲ။ များ​သောအားဖြင်​့သီချင်​းသာမထွက်​​သေးတာ ​ကျောင်​းကလူ​တွေကရ​နေကြတာပါဘဲ။ အဲဒီဂီတဆည်​းဆာမှာမပါမဖြစ်​ပါပြီး ဆိုဘို့လုရတဲ့သီချင်​းက​တော့ သီချင်​းနာမည်​လဲ​သေချာမသိ ​ရေးတဲ့လူလဲ​သေချာမသိတဲ့ မန်​းတက္ကသိုလ်​သီချင်​းပါဘဲ။ ကိုယ်​မသိတာလဲဖြစ်​နိုင်​ပါတယ်​ သိတဲ့လူများ ဝင်​​ပြောခဲ့ကြပါ။ သီချင်​းစာသားမှတ်​မိသ​လောက်​​ရေးပြလိုက်​ပါတယ်​။   ​ကျောင်​းပြီး​တော့မယ်​ ခွဲရ​တော့မယ်​ ခွဲချင်​ပါဘူး မခွဲ နိုင်​ပါဘူး ချစ်​ရတဲ့အမိမန်​းတက္ကသိုလ်​ရယ် ​ရေနီ​မြောင်​း​လေးရယ်​ နုတ်​ဆက်​ခဲ့တယ်​ တမာ​တောနဲ့​ဝေးရာ သွားရ​တော့မယ်​ ​မခွဲချင်​ပါဘူး ​မခွဲနိုင်​ပါဘူး […]