Mon LayJune 7, 20171min1312
မိုးကောင်ကင်အမြင့်ဆုံးမှာပျံသန်းနေတဲ့ငှက်ကလေးတွေကို မြင်ရတဲ့ကလေးငယ်တစ်ယောက်ရဲ ့ခံစားချက်လို အပြာရောင်ငှက်ငယ်လေး မိုးကောင်ကင်ကိုဖြန့်ကျက်ပြီး ပျံသန်းသလို ကမ္ဘာကြီးက သိပ်လှတယ်ဆိုတာကို ခံစားကြည့်လိုက်ပါ သိပ်လှတဲ့လှေကလေးတစ်စင်းဟာ သူကျင်လည်ရာ လှိုင်းတွေပေါ်မှာ ယစ်မူးကခုန်ပြီး အချစ်လေညင်းလေးတွေကို ဆောင်ကြဉ်းပေးသလို လှိုင်းကလေးကလည်း ဖြူလွလွသဲသောင်ပြင်ကိုစွန့်ပြီး ပင်လယ်ထဲမှာ သာယာနာပျော်ဖွယ် တေးသံသာကို သီကြွေးလို့နေတာပေါ့ ကဗျာဆရာတစ်ယောက်ရဲ ့ အပြစ်မရှိသော အသွေးအသားနဲ့ ကဗျာတစ်ပုဒ်ကို သီကုံးစပ်ဆိုထားမှုကြောင့်လည်း ကမ္ဘာကြီးဟာ နေ့ကနေည ညကနေနေ့ ဖြစ်လို့လာတာပေါ့ ကမ္ဘာမြေကြီးကလည်း ကိုယ်တွေကိုပြန်ချစ်ဖို့ အိမ်မက်တွေကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ မနက်ခင်းတိုင်း တွေရှိသလို လေးလံထိုင်းမှိုင်းအိပ်မောကျနေတဲ့မြို့လေးနိုးထဖို့အတွက်လည်း  အာရုံကျင်းမနက်ဦးဆိုတာလည်းရှိပါတယ် အချစ်ဆိုတဲ့အရာကတော့ နင့်အတွက်ဖြစ်ပြီး ချစ်ခြင်းမေတ္တာကိုပုံဖော်ဖို့အတွက်ကတော့ ငါ့အတွက်ဖြစ်ပါတယ် ငှက်ကလေးတွေကတော့ နင်ဖြစ်ပြီး ကလေးငယ်တွေကတော့ ငါဖြစ်ပါတယ် ငါက ညဘက်မှ ကြယ်လေးတွေတောက်ပတာကိုမြင်ရတဲ့ အရိပ်အမှောင်မှာသာနေတဲ့လူတစ်ဦးပါ နင်ကတော့ ငါ့ပတ်ဝန်းကျင်ကို တောက်ပနိုင်တဲ့ ငါရဲ ့ကြယ်လေးတစ်စင်းပါ […]


Swal Taw YwetJune 7, 20171min2568
ပေါ်ပင်လိုက်တာတော့မဟုတ်။ တကယ် ဖြစ်နေတဲ့နေရာမှာ တကယ်ရောက်နေတဲ့ ရွာသားတယောက်အနေနဲ့ သတင်းပို့ပေးတာပါ။ ဇွန်လ၅ ရက်နေ့ မှာ ကာတာနိုင်ငံကို ဆော်ဒီ အီဂျစ် ဘာရိန်း ယူအေအီး စတဲ့နိုင်ငံတွေ က သံတမန်အဆက်အသွယ် ဖြတ်ချလိုက်တယ်။ လေကြောင်းပျံသန်းမှုတွေ ရပ်ပလိုက်တယ်။ ဆော်ဒီဆို ကုန်းလမ်းတွေပါ ပိတ်ပစ်လိုက်တယ်။ မျက်နှာချင်းဆိုင်နိုင်ငံက ရေလမ်းမှာသူ့ ဆိပ်ကမ်းတွေ အသုံးပြုခွင့် ပိတ်ပစ်လိုက်တယ်။ ကာတာ အစုရှယ်ယာတွေ ဈေးကျသွားခဲ့တယ် ( ဒီနေ့မနက် ပြန်တက်လာတယ်တဲ့ ) ရေနံဈေး နဲနဲ မြင့်တက်သွားတယ်။ သတင်းတွေမှာတော့ စိုးရိမ်ပူပန်မှုတွေကြောင့် အစားအသောက်တွေ ဝယ် စု ကြလို့ အဓိက Shopping Mall တချို့ မှာ စားသောက်ကုန်တွေ ပစ္စည်းပြတ်ကုန်တယ်လို့ ပြောနေကြတယ်။ ကျနော် ကာတာမှာ လုပ်နေတာပါ။ […]


ဇီဇီJune 6, 20171min48523
ဒီနေ့ အားနေလို့ နည်းနည်း ပွါးပါရစေလေ။ အရင်တုန်းကတည်းက ပြောချင်တာမျိုးတွေ ရှိပေမဲ့ … ချမရေးနိုင်တာရော … ဆရာလုပ်သလိုဖြစ်မှာရော … ကိုယ်တိုင်ကလည်း ခုပြောမဲ့ အကြောင်းအရာမျိုး တစ်ချို့တစ်လေကို မလိုက်နာနိုင်သေးတာတွေရော မို့ ကိုယ်တိုင်က ရေးထိုက်လား မရေးထိုက်လား ပြန်ပြန်စဉ်းစားနေရတယ်။ ခုတော့ ရေးပြီလေ။ ဟီးဟီးး :mrgreenn: အချက်အလက်တွေက ကိုယ်တိုင် နားလည်သလိုရေးမှာဖြစ်လို့ မှားတာတွေ့ရင် အဖတ်မတော်ရင် ပြောဆို ပြုပြင်ပေးကြပါလို့။ ကျနော် တွေးမိတာနဲ့ ကျင့်သုံးမိတာလေးတွေ အကျဉ်းချုံပြောတာမို့ မပြည့်စုံတာ နားမလည်တာရှိရင်လည်း ကျနော့ကိုသာ နာနာခွင့်လွှတ်ပြီး ဖတ်သွားကြပါလေ။ :k: ဂလိုဗျ။ ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ နေပြီ လူတောထဲ ရောက်ပြီဆိုတာနဲ့ ကိုယ့်အပြောအဆို အပြုအမူတွေထဲက.. (ဒါမှမဟုတ်) သူတပါးရဲ့ အပြုအမူ အပြောအဆိုတွေထဲကနေ […]


“ မရှိမဖြစ် ကျူရှင်  ”   ကျုရှင် ဆိုတဲ့ ဝေါဟာရ က ဘယ်ခေတ်ဘယ်ကာလ ကစတင်သုံးခဲ့ပြီးဘယ်ဘာသာစကားလဲဆိုတာတော့ကျုပ်လဲမသိဘူး။ ဒါပေမယ့် ကျုပ်ငယ်ငယ်လေးကတည်း က ဒီစကားလုံးကို ရင်းနှီးခဲ့တာ။ ရင်းနှီးဆို ကျုပ်အဘိုးက  ပင်စင်စားကျောင်းဆရာကြီး။ အိမ်မှကျူရှင်ဖွင့်တယ်။ အလွတ်ပညာသင်ကျောင်းလဲ ထောင်ထားတယ်။ “ ဆရာကြီး ရယ် ဒီကောင်ဆိုးလွန်းလို့၊ စာလဲ ဘာမှမတတ်ဘူး။ ဒါကြောင့် ဆရာကြီးဆီ လာထားတာ။ မကျိုးမကန်းရင်တော်ပြီ စိတ်တိုင်းကျသာဆုံးမ။ စာတတ်ရင်တော်ပြီ“ဆိုပြီး အတန်းကျောင်းကအပြန်ကျူရှင်လာပို့တဲ့ မိဘတွေကအများကြီး။ ပြောရရင် ဟိုးရှေးရှေးက ကျူရှင်တက်တယ်ဆိုတာ အတန်းထဲမှာ စာညံ့တဲ့သူ စာမလိုက်နိုင်သူတွေပေါ့၊ ကျုပ်ခပ်ငယ်ငယ် ၁၉၆၀  ခုနှစ်များဆီကပေါ့။   အခုနေများပြန်တွေးကြည့်ရင် ကျုပ်ရဲ့ မူလတန်း အလယ်တန်းကျောင်းသားဘဝတွေက ဘာမှ ဖိအားမရှိဘဲ ကုန်လွန်ခဲ့တယ်ရတယ်လို့ဘဲပြန်တွေးမိပါတယ်။ ကျောင်းသွားတဲ့အခါလဲ အိမ်က […]


“လမ်းခွဲချိန်မှာ ” ဆုံခြင်း ခဏမှ ခွဲခွာရချိန်များမှာ နုတ်မဆက်ချင်ဘူး တကယ်ဝေးမှာစိုးလို့။ လက်မပြချင်ဘူး တကယ်ဝေးမှာစိုးလို့။ စိတ်မချ နိုင်ဘူး တကယ်ဝေးမှာစိုးလို့။ မသွားနဲ့လို့လဲ မတားခဲ့နိုင်ဘူး အခြေအနေတွေမပေးလို့။ ကိုပေါက်(မန္တလေး )


“အမယ်ဘုတ်ကဲ့သူ့ချည်ခင်”   ကျောင်းတွေလဲဖွင့်ပြီ။ ကျေနပ်ခြင်း မကျေနပ်ခြင်း တို့ဖြင့် မွှမ်းထုံသော ပွစိပိစိ ကွိစိကွစိ အသံများလည်း ဖေ့ဘတ်ပေါ်မှာလျှံတက် ညံပွက်၍လာလေသည်။ အစုးိရကတော့ တရားဝင်ကြေညာထားလေသည်။ အခြေခံမူလတန်းပညာအဆင့် အတွက် ကလေးငယ်များစာသင်ကြားရေးသည်။ အခမဲ့။ လုံးဝ ကုန်ကျစရာမလို။ ကလေးများအားထောက်ပံ့ကြေးပင်ပေးထားလိုက်သေးသည်။ သူတို့၏ရည်ရွယ်ချက်ကလဲ အမှန်တကယ်ကောင်းမွန်ပါသည်။   (၁) တပြည်လုံး မှာ ရှိ တဲ့ ကျောင်း နေ အရွယ် ခလေး ငယ် တိုင်း ၊ ကျောင်း အပ် နှံ ၊ ကျောင်း နေခွင့် ရရန် (၂) ကျောင်း အပ် နှံပြီး တဲ့ ကျောင်း သား တိုင်း ၊ ကျောင်း ထွက် မသွား […]


ဒီဆောင်းပါးလေးက မန်းလေး အခြေစိုက် မန္တလေး ခေတ်သတင်းစာ (1-6-2017)နေ့ထုတ်မှာပုံနှိပ်ဖော်ပြထားပါတယ်။     “ဖျောက်ဖျက်ခြင်းခံခဲ့ရသော သမိုင်းများ” ဟိုအရင်က မေမြို့သွားမယ်ဆိုရင် မန္တလေးမြို့ရဲ့ အထင်ကရလမ်းမကြီးတစ်ခုဖြစ်တဲ့ ၃၅အေလမ်းကဘဲ သွားလို့ရပါတယ်။ အခုနောက်ပိုင်းမှာ မြို့သစ်သိပ္ပံလမ်းကနေဘဲ အသွားများတော့ ၃၅အေလမ်းနဲ့ အောင်ပင်လယ်လမ်းဆုံကို  မရောက်ဖြစ်တော့ပါဘူး။ ပြီးခဲ့တဲ့ သုံးလေးရက်လောက်က မေမြို့ကအပြန်မှာအဲ့ဘက်ကို သွားချင်စိတ်ပေါက်လာတာနဲ့ ၃၅အေလမ်းဘက်က နေပါတ်ပြီး ဆိုင်ကယ်မောင်းလာလိုက်ပါတယ်။ အရင်ကလမ်းကျဉ်းကျဉ်းလေးရဲ့ဘေးဝဲယာမှာခြုံပင်တွေကိုင်းပင်တွေနဲ့ ရှုပ်ယှက်ခတ်နေရာကနေ လမ်းကလဲ အရင်ကထက်ကျယ်လာ အိမ်တွေလဲ တိုးလာဆိုတော့ မှတ်များတောင်မမှတ်မိနိုင်အောင်ပါဘဲ။ အောင်ပင်လယ်က နေ အနောက်ဘက်ကိုချိုးကွေ့လိုက်တာနဲ့ မနော်ယမံဆိုတဲ့အရပ်ကိုရောက်ပါတယ်။ မနော်ယမန်ဆိုတာကလဲ အနာကြီးဆေးရုံနဲ့တွဲဘက်ပြီးလူသိများထင်ရှားခဲ့တာကိုး။ ဒီတော့လဲ မနော်ယမန် ဆိုတာကတော့ ကိုယ်ရေပြားရောဂါသည်တွေနဲ့ အရက်ပုန်းချက်သူတွေနေတဲ့အရပ်လို့နာမယ်ကျော်ခဲ့ပါတယ်။ တနည်းပြောရင် မကောင်းမူ့တွေနဲ့ သာမွှမ်းထုံနေခဲ့တဲ့ အရပ်လို့လဲဆိုနိုင်ပါတယ်။ နောက်လမ်းဘေးဝဲယာမှလည်း သုဿာန် တွေသချိုင်း တွေချည်းပါဘဲ။ […]


black chawMay 30, 20171min289412
ကျနော် ခတ်ငယ်ငယ် ၁၉၉၃ လောက်က သီချင်းတချို ့ ရေးခဲ့ဖူးပါတယ်…။ ကျနော်ရေးတဲ့ သီချင်းတချို ့ကို လူရာသွင်းပြီး ဆိုပေးခဲ့တာကတော့ Ghost Rider မျိုးမျိုး ပါ။ မျိုးမျိုး နဲ ့ကျနော် စတွေ ့ဖြစ်ပုံက ဒီလိုပါ။ ကျနော်က အီကို (လှိုင်နယ်မြေ) မှာ ကျောင်းတက်ပြီး ကျောင်းကွေ ့မှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေခိုက် မှတ်တိုင်နားက ခြံတစ်ခြံရဲ ့တံခါးဝမှာ ကားတစ်စီးထိုးရပ်လိုက်ပါတယ်။ ကျနော် သိလိုက်ပြီ။ ကားမောင်းလာတာ အဆိုတော် မျိုးမျိုး ပါ။ ကျနော် အကြံရတယ်။ ရေးထားတဲ့သီချင်းလေးတွေကို မျိုးမျိုး ကိုပြကြည့်မယ်ပေါ့။ အဲဒါနဲ ့ ခြံတံခါးလာဖွင့်မှာကို စောင့်နေတဲ့ မျိုးမျိုး အနားသွားပြီး သီချင်းတချို ့ရေးထားတာရှိတဲ့ အကြောင်း ပြောပြတော့ […]


KyaemonMay 27, 201712min7264
  မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths # ၄၅ XLV မှအဆက် ဖေ့ဘုက်FaceBook မှတ်ချက်အချို့ကပြောပါတယ်၊ ရေကာတာလုပ်ရင် ရေတွေပိတ်လို့ လူတွေငတ်မယ်၊ သေကြေပျတ်စီးမယ်၊ မြစ်တွေလဲကောမယ်၊လယ်ယာလုပ်ငန်း၊ရေငါးလုပ်ငန်းပျက်မယ်၊ရေလမ်းပိတ်မယ် လို့ရေးကြတယ်။   မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths # ၁ဝ X myanmargazette.net/224996 မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths # ၁၁   XI myanmargazette.net/225513 မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths […]


  ဒီနေ့မနက် ကိုအောင်မောင်းကိုတွေ့တော့သူ့မျက်နှာကြီးက ခပ်ဖြီးဖြီး။ ကျနော်လည်း ခုံတစ်ခုံဆွဲထိုင်ရင်း နို့စိမ်းတီးတစ်ခွက် လှမ်းမှာလို်က်ပါတယ်။ “ဟေ့ကောင် မင်းမျက်နှာဘာဖြစ် “ “ငပေါက် မင်းတူမ မွေးပြီလေ မနက် သုံးနာရီက ယောက်ျားလေး “ “ဒါဆို မင်းဆန္ဒပြည့် ပြီပေါ့  “လို့ ဆိုုလိုက်တော့ နဂိုရ်ကဖြီးနေတဲ့မျက်နှာက ခပ်ဖြဲဖြဲ ဖြစ်သွားသလိုပါဘဲ။ သူနဲ့ဟိုပြောဒီပြော ပြော လက်ဖက်ရည်သောက်ပြီး နာရီဝက်လောက်နေတော့အိ်မ်ပြန်လာလိုက်ပါတယ်။ အိမ်ရောက်တော့ ခပြင်မှာထိုင်နေရင်း မသန်းစိန်သမီးအလတ်မ မိထူး ဟင်းသီးဟင်းရွက်တွေတောင်းနဲ့အပြည့်ဆိုင်ကယ်ပေါ်တင်လာ တာမြင်လို်က်တာရယ် အောင်မောင်း မြေးအသစ်ရတာရယ်ဆက်စပ်ပြီး မွေးလာတဲ့ကလေးတစ်ယောက်ရဲ့ခြင်းစီရဲ့ကံကြမ္မာ မတူကြပုံကို သွားတွေးမိပါတယ်။   ကျနော်တို့သူငယ်ချင်းထဲမှာ ဝင်းမောင်အေးဆိုတဲ့ တစ်ယောက်ရှိပါတယ်။ သူတို့မောင်နှမ ခြောက်ယောက်ထဲမှာ သူက နို့ညှာ။ သူ့မိဘတွေရောဆွေမျုးိတွေရောက ဝင်မောင်အေးကို အဝင်း အဝင်း နဲ့ပါးစပ်ဖျားကမချ။ သူလို့ချင်တာဆို […]


ပြီးခဲ့တဲ့ sunday တုန်းက သန်လျင်က သဘာဝ တရားရိပ်သာကို ကျနော် ရောက်ခဲ့တယ်။ သဘာဝတရားရိပ်သာ တည်ထောင်သူ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ဦးဆောင်မှုနဲ့ ဖွင့်ထားတဲ့ ကုသိုလ်ဖြစ် သွားနှင့်ခံတွင်း ဆေးခန်းလေးကို သွားခဲ့တာပါ။ သဘာဝတရား ရိပ်သာ ဝန်းအတွင်းမှာပဲ ဖွင့်ထားတဲ့ အဲ့ဒီ ကုသိုလ်ဖြစ် ဆေးခန်းလေးရဲ့ အမည်ကတော့ ”မိဘမေတ္တာ”တဲ့။ ——————- အဲ့ဒီ ဆေးခန်းလေးအကြောင်း ပြောရရင် လုပ်အားဒါန ပြုနေကြတဲ့ သွားဆရာဝန်မလေးတွေ ချောကြောင်း လှကြောင်းကို ထည့်မပြောမိအောင် ရှောင် ရေးရပါမယ်။ ရှောင်ရေးမယ် ဆိုပေသိ ပြောမိပြီ။ :k: မိဘမေတ္တာ ကုသိုလ်ဖြစ်- သွားဆေးခန်းလေးဟာ အခုဆိုရင် အခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ဖွင့်ထားရပါတယ်။ မြန်မာ့ဂဇက် ရွာသူားတွေ စုပေါင်း လှူဒန်းထားတဲ့ […]


KyaemonMay 15, 201712min4832
  ယခင်ဆောင်းပါး # ၄၄  XLIV မှအဆက် (အောက်ပိုင်းမှာဒေါ်စုရဲ့အမျှော်အမြင်ရည်မှန်းချက် ကိုဆွေးနွေးထားတယ်) ဖေ့ဘုက် မှတ်ချက်များ —————— လောကကို အလင်းဆောင်သူ သဘာဝတရားကိုမဖျက်စီးကြပါနဲ့ သေချာတာက သဘာဝကိုလွန်ရင် ဆိုးကျိုးတွေကြီးဘဲ သဘာဝ တရား ကို ဆန်​့ကျင်​ဖီလာလုပ်​ရင်​ မလိုလားအပ်​တဲ့ သဘာဝ ​ဘေး​တွေ ဖြစ်​​ပေါ် နှိူင်​တယ်​လို့ အကြံပြုလိုပါတယ်​ လာအိုထက်​မသာချင်​​နေပါ​စေဗျာ​တော်​ပါပြီ သဘာဝပတ်ဝန်းကျင်ကိုဖျက်စီးတာဟာကမ႓ာကိုဖျက်စီးတာနဲ့အတူတူပဲ သဘာဝဟာ သဘာဝဘဲကောင်းပါသည် မြစ်ဆုံလုပ်လို့ ရတဲ့ဝင်ငွေကြောင့် မြန်မာပြည်ကြီးချမ်းသာလာတာမလိုဘူး မြန်မာ့အလှရတနာတစ်ခုမပျက်စီး တာဘဲ လိုချင်တယ် ဘယ်အကြောင်းအရာနဲ့ပါ့ မလဲနိုင်ပါ သဘာဝအတိုင်းဘဲကောင်းပါတယ်သဘာဝကိုမဖျက်စီးကြပါနှင့် ကျန်တာပါမှမသိရှင်ဘူး ဧရာဝတီကိုချစ်တယ် ဧရာဝတီကိုမြတ်နိုးတယ် .. သဘာဝအတိုင်းစီးဆင်နေတာကောင်းပါတယ် ရေလှောင်ရင်တော့ကိုယ့်သေတွင်းကိုယ်တူးတာပဲ သဘာဝအအလှကို ပကာသနတွေနဲ့လုပ်လဲ ထာဝရအတွက်တော့ လှနိုင်မှာမဟုပ်ပါဘူး သဘာဝက သဘာဝအတိုင်းပဲကောင်းပါတယ် မိုး ထက် ဖယောင်းတိုင်ရှိနေရင်အဆင်ပြေပါတယ်တဘာဝကိုမဖြက်ဆီးပါနဲ့ […]


“အဆုံးသတ် ကစားပွဲ” ညောင်မြစ်တွေ လိုက်တူးပြီးတဲ့အဆုံး တွေ့ ရတဲ့ ပုတ်သင်ဥတွေထဲမှာ အပုပ်တစ်လုံးပါနေတာ  ဆန်းသလားကွာ။ အမြင်မှာတောင် ပက်ပက်စက်စက် ရှုံးနေတဲ့ တစ်ချပ်မှောက်ကစားပွဲမှာ မှောက်ထားတဲ့အောက်ဖဲ လှန်ပြဘို့ မလိုတော့ဘူးထင်တယ်။ ကောက်ကျစ်တဲ့ နှုလုံးသွေးနဲ့ရေးမယ့် မိစ္ဆာပန်းချီကားတစ်ချပ် အဆုံးသတ်ဘို့ အတွက် ရက်စက်တဲ့ စုတ်ချက် တစ်ချက်သာ လိုပါတော့ တယ် ကဲ     မိတ်ဆွေ ကစားပွဲ ရဲ့ အဆုံး  အရှုံးအနိုင် အတွက် ခင်ဗျား ဘယ်ဘက်ကထိုင်ချင်ပါသလဲ။ ကိုပေါက်(မန္တလေး) ကိုပေါက်လက်ဆောင်အတွေးစဉ် 12517