“အဝေးသတင်းးးးးးးးးးးးးးးး”   ဒီနေ့မနက်ရုံးရောက်တော့ အမြဲပြုံးရွှင်နေတတ်တဲ့ မသင်း တစ်ယောက် ခပ်ငေါင်ငေါင်ကြီးထိုင်နေတာမြင်ရတော့ စိတ်ထဲ အထူးအဆန်းကြီးဖြစ်နေပါတယ်။ ဒါနဲ့ သူ့နောက်မှာထိုင်နေတဲ့တစ်ယောက်ကို မေးငေါ့ပြီးအသံတိတ်မေးလိုက်တော့ ဖုန်းဆက်တယ်ဆိုတဲ့သင်္ကေတလေး လုပ်ပြတော့ကျနော်သဘောပေါက်သွားပါတယ်။ မယ်သင်း အိမ်က ဖုန်းလာ ထားလို့ ဆိုတာကို။   ကျနော့်ရုံးက နယ်မှာဆိုတော့ အိမ်နဲ့ဆက်သွယ်စရာတယ်လီဖုန်းဘဲရှိပါတယ်။ ဟိုအရင်က တော့ ဒီလို ရပ်ဝေးမှာလာပြီးအလုပ်လုပ်တဲ့သူများအဖို့ အဝေးသတင်း အတွက် ပြတ်တောင်းပြတ်တောင်း မပီ့တပီ အသံထွက်တတ်တဲ့ မြန်မာ့ဆက်သွယ်ရေးကိုဘဲအားကိုးခဲ့ရတာပါ။ အခုခေတ်မှာတော့လမ်းပန်းဆက်သွယ်ရေးကလဲကောင်း ဆက်သွယ်စရာ လက်ကိုင်ဖုန်းကလဲ မပုတုလဲရှိ ကိုတာနောလဲရှိ မအော်ရီလဲ ရှိဆိုတော့ အဝေးသတင်းရဘို့ မခက်ခဲ့တော့ပါဘူး။ ခဏနေလို့ မသင်း အပြင်ထွက်သွားတော့မှ မွန်မွန် ကိုလက်ယပ်ခေါ်ပြီး အဝေးသတင်းကိုမေးရပါတော့တယ်။ “သူ့ မောင်လေး ဆိုင်ကယ် မှောက်လို ့ တဲ့  အဲဒါ […]


ဇီဇီMay 11, 20171min55615
ဟင်းတွေကလည်း ကောင်းကောင်းကန်းကန်းကို မချက်ချင်တော့ဘူးး! ဘာတွေ ချက်ရမလဲလည်း မသိတော့ဘူးး! အကြံညာဏ်တွေလည်း ခမ်းကုန်ပြီလေ။ အဲဒီတော့ ဒီ တစ်ပတ်ကို ချွေတာရေးထမင်းတွေ အကြောင်း ပြောရအောင်။ ကျနော့ တစ်ကိုယ်စာ ပြောရရင်တော့ ထမင်းဟင်းကို ကောင်းကောင်းဖွယ်ဖွယ်ရာရာလည်း စားတတ်သလို ဖြစ်သလိုစားဟေ့ ဆိုရင်လည်း ဘယ်လို စားရင် စားကောင်းမယ်လို့ တွေးပြီး လုပ်စားတာပါပဲ။   ကျောင်းတုန်းကတည်းက ရ ယောက်ပေါင်းလို့ ထမင်း ၅ ပွဲစာလောက်ပဲ ဘတ်ဂျက်ရှိတဲ့အဖွဲ့ထဲမှာ… ထမင်းဟင်းစမှာကတည်းကအစ… နယ်ဖတ်ပြီးအလည်… ခွဲဝေတာ အဆုံး…. ကိုယ်ပဲ လုပ်ပေးရတာမို့ ဇလုံထမင်းဆိုင်တွေ စပေါ်တော့တောင် သူတို့နဲ့ စကားစပ်မိလို့ ပြောမိပါသေးး။ ကိုယ်တွေခေတ်က မရှိသေးတာမို့ ကွကိုယ်တွေ ကြံဖန်နယ်ဖတ်ပြီး တစ်ယောက် တစ်ဇွန်း စားရတာ ဒီခေတ် ဇလုံထမင်းတွေ […]


“ကျ မျ က် ရည် ”   မနေ့က သူငယ်ချင်းတွေရောက်လာတော့ မထိုင်ဖြစ်တာ အတော်ကြာတဲ့ “စိန်ဝင်းဝင်း “လက်ဖက်ရည်ဆိုင်လေးကို သွားထိုင်ဖြစ်ကြပါတယ်။ ကျနော်ကအဲဒီဆိုင်ကလက်ဖက်ရည် ကျဆိမ့်ကိုကြိုက်သလို အရည်ရွှဲရွှဲနဲ့နံပြား မခမ်းသုတ်ကိုလဲကြိုက်တယ်။ အဲတော့ အဆင်တွေပြေသွားတာပေါ့။ မတွေ့တာကြာတဲ့သူငယ်ချင်းတွေဆိုတော့စကားတွေဖောင်ဖွဲ့ကြတာပေါ့။ အစကတော့ ရေပက်မဝင်ပြောနေကြပေမယ့် ကြာလာတော့ အရှိန်ကျ သွားပါတယ်။ ကျဆို အပြင်ရာသီဥတုကပူလောင်လွန်းတာကိုး။ ပူလွန်းတော့လဲ  ပြောနေတဲ့စကားတွေကို အာရုံကြာကြာ မစိုက်နိုင်ပါဘူး။ ဒီတော့ ဟိုကြည့်ဒီကြည့်လုပ်နေရင်း မျက်စေ့ကို အညောင်းဖြေနေရင်း ကနေကျနော့်အတွက်စိတ်ဝင်စားစရာမြင်ကွင်းလေးကိုသွားတော့ပါတယ်။ ကျနော်ရှေ့တည့်တည့်မှာ လက်ဆေးစင်လေးတစ်ခုရှိပါတယ်။ အရပ်နဲနဲမြင့်မြင့်အသားညိုညိုအကျီနီနီလေးဝတ်ထားတဲ့ကောင်မလေးက ပန်းကန်တွေဆေးရင်း ငိုနေတယ်ထင်ပါတယ်။ ပုခုံးနဲ့ကျောပြင်လေးက တသိမ့်သိ်မ့်နဲ့ အချက်ကျကျ လှုပ်နေတာမြင်ရလို့ပါ။ ကျနော်ကို ကျောပေးထားတော့ အသေအချာတော့မမြင်ရဘူးပေါ့။ အဲလိုကျနော်စိတ်ဝင်တစားနဲ့ကြည့်နေတုန်း အသားဖြူဖြူ ဝလုံးလုံးနဲ့ကလေးမလေးတစ်ယောက်ကအပြေးလေးလာပြီး “ညီမလေး မငိုနဲ့လေ”ဆိုရင်း စားပွဲပေါ်ကတစ်ရှူးဘူးထဲက တစ်ရှူးတွေဆွဲထုတ်ပြီး […]


KyaemonMay 7, 20173min5553
  Facebook comments and answers ဖေ့ဘုက် ကပရိသတ်တွေရဲ့မှတ်ချက်တွေကိုသိသလောက်ပြန်လည် ရှင်းလင်းတင်ပြခြင်း –—- မှတ်ချက်များ တခုမမှန်ဘူးဗျ ကိုနိုင်ငံကပြည်သူတွေကိုမိရအောင်အရင်လုပ်ကြပါအုံးတနိုင်ငံအလင်းရပြီဆိုမှပြည်ပနိုင်ငံရောင်ဖို့စိတ်ကူးပေါ့အခုဟာကကိုနိုင်ငံကပြည်သူတွေအသက်အိုအိမ်တွေထိခိုက်တာများနေပြီဗျ . မြစ်​ဆုံပြီးလဲခဗျားတို့ကျွန်​​တော်​တို့ မီးရဖို့ဆိုတာမ​သေချာပါဘူး ——-     ​ပေါရဲလိုက်​တာ မဟုတ်​လည်​းမီးရတာမဟုတ်​ဘူး ထိုင်​းကို​ရောင်​း တရုတ်​ကို​ရောင်​းနဲ့… —– လျှပ်စစ်ဓာတ်အားရောင်းမယ်ဟုတ်လာကိုယ်တောင်ပြည့်စုံနေပြီလား ——   ပြည်​တွင်​းပဲလူှံ​လောက်​​အောင်​လုပ်​အုံး ဘာမှ​ရောင်​းမစားနဲ့..ဘိုးဘွားအ​မွေနှစ်​ကွ —– =============== ရှင်းလင်းချက်များ   မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths  # ၄၁   XLI မှာအသေးစိတ်ရှင်းလင်းထားပါတယ်၊ https://myanmargazette.net 229846  ကောက်နုတ်ချက်စာသား ……..လျှပ်စစ် ၁၀%ကိုအခမဲ့ရပြီးနောက်မြန်မာကကျန် ၉ဝ % ကို မ ဝယ်လို   […]


ဇီဇီMay 5, 20171min44310
မနှစ်က Singapore Changi လေဆိပ်က Certis Cisco က Auxiliary Police ချောချောတစ်ယောက်ရဲ့ပုံတွေ တက်လာတယ်။ အသက်က ၂၂နှစ်ပဲရှိသေးသတဲ့။ ချောသလိုလိုတော့ရှိပေမဲ့ ချောတယ်လို့ပြောရလောက်အောင်မဟုတ်ပါဘူး။ ကိုယ်ပဲ တရုတ် ရုပ်ကို မကြိုက်လို့လားတော့မသိ။ ကိုယ့်မယ် စလုံးမှာ မြင်ဖူးသမျှ ရဲအရာရှိလေးတွေ အကုန်သန့်တယ်လို့ ပြောရမယ်။ ဒီမှာက ယူနီဖောင်းဝတ် အရာရှိတွေ အရပ်အမောင်းနဲ့ရုပ်လေးတွေက အသန့်လေးတွေ များတယ်။ နောက်ပြီး ကိုယ်က တော်တော်ချောတယ်လို့ ပြောလို့ရတဲ့ ရဲအရာရှိတစ်ယောက်ကို မြင်ဖူးတယ် ခည။ တမန်ဂျူယောင်း Neighborhood Police Office ပါ။ ခု ရှိသေးလားတော့မသိ။ 🙄 ၂၀၀၈ လောက်က ကိုယ် က LakeSide မှာ အဒေါ်နဲ့နေတာ။ တစ်ရက်သားး အလုပ်က […]


                        ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း ———————————- ၁။ ၂၀၁၇၊ မတ်လထုတ်၊ ရွှေအမြုတေမဂ္ဂဇင်းမှာ ပါလာတဲ့ ဆရာဉာဏ်သစ်ရဲ့ “ဝမ်တိန်အသွားလမ်းမှသည်”ဆိုတဲ့ စာပေဝေဖန်ရေး ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ အဲဒါဟာ ဘာသာပြန်သူ”ဝင့်ပြုံးမြင့်”က “ဝမ်တိန်အသွားလမ်း” အမည်နဲ့ မြန်မာပြန်လိုက်တဲ့ မူရင်းစာရေးဆရာမ WENDY LAW-YONE ရဲ့ THE ROAD TO WANTING ဆိုတဲ့ စာအုပ်ကို ခံစား ဝေဖန်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ စာအုပ်တွေကို အခုမှ စဖတ်ဖူးတာပါဆိုတဲ့ ဆရာဉာဏ်သစ်က သူ့ဆောင်းပါးထဲမှာ “ဘာသာပြန်သူဟာ အမှားပေါင်း […]


KyaemonApril 30, 201717min5615
  သင်္ကြန်အခါသမယမှာရွှင်လန်းချမ်းမြေ့ပါစေလို့ဆုတောင်းရင်း ယူနန်က သင်္ကြန်ဆင်နွဲပုံတွေပါတင်ဆက်လိုက်ပါတယ်၊ ပြီးတော့ ရွှေကလောင်ရှင်ဒေါက်တာသန်းထွဋ် အောင်ရဲ့အမှားတွေကိုဆက်တင် ပါမယ်၊     ကမ႓ာ့စံချိန်ချိုးတဲ့ ဧရာမ သင်္ကြန် ရေကစား အကပွဲတော်     ယခင်ဆောင်းပါး # ၄၂   XLII ရဲ့အဆက် အဲဒီတာကြီး ဒါက်တာသန်းထွဋ်အောင်ဆက်ဟောတာက   ဒီရေကာတာစီမံကိန်းကနေနိုင်ငံအတွက်အကျိုးအမြတ်အနဲအကျဉ်းရမှာကိုကျနော်တို့ကမငြင်းဆိုသင့်ပါ၊ သန်း ၃၀ဝ $ နှစ်စဉ် ရမယ်ဆိုသော်လည်းဘဲ၊ရေလမ်း (သောင်ထွန်ပိတ်ဆို့လို့)ပြုပြင်ထိန်းသိမ်းစားရိတ်ကနှစ်စဉ် သန်း ၁၀ဝ $ ကုန်ကျမှာဖြစ်တယ်၊ ဒိအပြင်အခြား၊အခြားသောကုန်ကျစာရိတ်အရှုံးတွေရှိအုန်းမယ်ဖြစ်လို့” ရေနစ်မှာ” (အနုတ်ပြ တွက်ခြေမကိုက်ဖြစ်မယ်)၊ စင်စစ်အားဖြင့်ဆိုရင်၊ စီးပွါးရေးအကျိုးအမြတ်ဆိုတာကို ထည့်တောင်စဉ်းစားဘို့မလိုပါ၊ (စီးပွါးရေးအကျိုးအနဲအကျဉ်း ရှိတယ်လို့ရှေ့မှာဝန်ခံတာနဲ့နောက်မှာဆွဲပိတ်တာကိုသတိပြုရန်)   We should not dispute the project to gain […]


    ယနေ့ခေတ် မြန်မာနိုင်ငံသား အမျိုးသား၁ဝယောက်မှာ ၉ယောက်ခန့်ရဲံ့ ခန္ဓာကိုယ်အရွယ်အစားဟာ အလွန်မှ အားမရစရာလေးတွေ တွေ့တွေ့နေရပါတယ်။နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေတောင်မှ တောင့်တောင့်တင်းတင်းသန်သန်မာမာ အရွယ်အစားမရှိတာမို့ သာမာန်အမျိုးသားတွေအနေနဲ့ ပြောဖွယ်ရာမရှိပါ။ ဒါပေမယ့် ယခုနောက်ပိုင်းခေတ်မြန်မာလူငယ်တွေဟာ စာသင်ကျောင်းမှာတည်းကိုက သေးသေးညှက်ညှက်အရွယ်အစားတွေကို ပုံမှန်အရွယ်အစားလို့ခံယူထားကြပြီး အတန်းထဲမှာ အရပ်အမောင်းကောင်းတဲ့လူပါလာပြီဆို လောရှည် လောရှည်နဲ့စနောက်ကြတဲ့အစဉ်အလာတောင် ဖြစ်နေကြပါပြီ။ မိန်းကလေးတွေထဲမှာဆိုလည်း ကျွန်မတို့လို သာမာန်အမျိုးသမီးတစ်ယောက်ရှိသင့်တဲ့အရပ်အမောင်းရှိတဲ့လူတောင် အတန်းထဲမှာ အရပ်ရှည်ထွက်နေမှာစိုးလို့ ဒူးကွေးထားရလောက်အောင် ရှက်စရာတစ်ခုဟု ခံယူလာခဲ့မိတာအမှန်ပါ။ လူငယ်လေးတွေစိတ်မှာ ဘာလို့ရှက်စရာတစ်ခုလိုလှောင်ပြောင်ကြလဲ၊ဘာလို့ ရှက်စရာတစ်ခုဟုခံယူကြလဲဆိုရင် မြန်မာလူငယ်တွေအများစုဟာ သေးသည်ထက်သေးငယ်လာကြတဲ့အတွက် အများဖြစ်နေတာကိုပဲပုံမှန်လို့လက်ခံကုန်ကြလို့ပါပဲ။   အရင်းကိုစစ်ရရင် အစိုးရမကောင်းခဲ့လို့၊တိုင်းပြည်ဆင်းရဲမွဲတေလို့ ဆိုတဲ့ခေါင်းစဉ်အောက်ပဲပြန်ရောက်ရမှာပါ။ မှားယွင်းမှုပေါင်းများစွာနဲ့ပညာရေးယန္တရားကြီးဟာ လူငယ်တွေကို တုံးအ ညံ့ဖျင်းစေရုံမက ဖွံ့ဖြိုးကြီးထွားမှုကိုပါဖိနှိပ်ပစ်ခဲ့ပါတယ်။   အစိုးရစာသင်ကျောင်းတွေမှာ အားကစားကိုလောက်လောက်လားလားအားပေးမှုမရှိခဲ့ခြင်း၊ကစားရန်နေရာလုံလုံလောက်လောက်မရှိခြင်း၊ ကာယအချိန်တွေမှာ ခြေမြှောက်၊လက်မြှောက်၊အမှိုက်ကောက်လောက်သာ အဖြစ်သဘောလုပ်ဆောင်စေခြင်း […]


manawphyulayApril 25, 20171min43110
ဘာလိုလိုနဲ့ ရွာထဲမှာ ယခုပိုစ့်နဲ့ဆို ၉၃ဝ မြောက် ပိုစ့်လည်းဖြစ်ပါတယ်။ ကလေးတစ်ဖက်နဲ့ အလုပ်နဲ့ဆိုတော့ လာမလည်ဖြစ်တာလည်း အတော်ကြာပါပြီ။ သတိကတော့ အမြဲရပါတယ်။ အားလုံးကလည်း မနောကို မေ့နေကြပြီလို့ ထင်ပါတယ်။ သရဲလာခြောက်တယ်ပဲ မှတ်ထားပေါ့နော်။ အမှန်တကယ်တော့ အမြဲလာရောက်နေခဲ့ချင်တာပါ။ စာပေနဲ့ဝေးကွာနေသလို ခံစားမိတယ်။ နောက်တစ်ချက်က စာရေးချင်ပေမယ့် ဘယ်ကစပြီး ရေးမလဲ စဉ်းစားနေတုန်းပဲရှိသေးတယ်။ နှစ်သစ်မှာ လာရောက်နှုတ်ဆက်ရင်း စာတွေ ဆက်လက် ရေး သင့် မရေးသင့် အကြံဉာဏ်များပေးကြပါဦးလို့နော်။ ရွာလေးကို သတိရတယ်။ လွမ်းတယ်။ အိမ်ပြန်ရောက်ရင် အရင်လို ကွန်ပျူတာ မကိုင်ဖြစ်တော့ ရွာလေးနဲ့ အလှမ်းဝေးနေတယ်။ အားလုံးလည်း ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေလဲလို့ အမြဲစဉ်းစားနေမိပါတယ်။ ခုချိန်မှာတော့ မနောဖြူလေး တစ်ယောက် ကျွေးဟောင်းဆပ်ရင်း ကျွေးသစ်ချဖို့နှင့် ဝမ်းစာအတွက် အလုပ်လုပ်နေကြောင်းပါရှင်။ […]


အယူသည်းတဲ ့ဦးနှောက်ချည်တိုင်တွေ တစ်မေ့တစ်မောတမ်းတ လွင့်သွားတဲ ့တိမ်ခိုးတိုင်း ရင်နာခဲ့တာ…..   ။ ငါ…………အစိမ်းရောင်ဝေဒနာနဲ ့ ရွာကို မရောက်တာ ကြာပြီ..။       ကျော်စွာခေါင်  


  အမည်ရင်း-”သူရ” အသက်- ”ရှူး တိုးတိုး”   မှတ်ပုံတင်အမှတ်- “ဘဏ်ကနေ ငွေလွှဲပေးမယ် ဆိုမှ ပြောမယ်” အရပ် – ”ဆရာနီကိုရဲထက် တစ်ပေခွဲလောက် ပိုရှည်တယ်။” ကိုယ်အလေးချိန်-”ဒါလည်း ရှူး တိုးတိုး”   အိမ်ထောင်ရေးအခြေအနေ- ”အချိန်တန်ရင် ပရိသတ်ကြီးရှေ့မှာ ချ ပြမယ်”   ပညာအရည်အချင်း-”ရေးတတ်ဖတ်တတ်”   ထင်ရှားတဲ့အမှတ်အသား- “မျက်နှာမြင် သတ်ချင်-အသံကြား အုတ်နီခဲနဲ့လိုက်ထုချင်အောင် ရုပ်နာတယ်” နေရပ်- ”ခြေသလုံးအိမ်တိုင်” အလုပ်အကိုင်- ‘Driver'(ဒါကြောင့် ခြေသလုံးအိမ်တိုင် လို့ ပြောတာ) ဝါသနာ- “ခရီးထွက်ခြင်းနဲ့ အဟောင်းပြင်ခြင်း(နောက်ဝါသနာတစ်ခုကိုတော့ မပြောပြဘူး) စရိုက်- “မဟုတ် မခံ၊ ဟုတ်လည်း မခံ၊ နည်းနည်း အာကျယ်အာကျယ်နိုင်” ရည်မှန်းချက် – “မသေခင် ဖြစ်ချင်တာမှန်သမျှ ဖြစ်ပစ်လိုက်မယ်” ဆောင်ပုဒ် – […]


alinsettApril 17, 20171min33010
ပင်လယ်ဆီကို ပို့တဲ့စာ —————– မြစ်ကြီးက ပင်လယ်ကြီးနဲ့ တူချင်လို့. . . အစွမ်းကုန် လှိုင်းခတ် လှုပ်ရှားပြနေလည်း… မီးပြတိုက်ကလေးကတော့ . . . ငြိမ်သက်စွာသာ . . . လက်ပိုက်နေလေရဲ့။ မပြည့်တဲ့အိုးတွေ မျောလာပြီး မီးပြတိုက်ကလေးကို တိုးတိုက်သမျှကိုလည်း မှိတ်တုတ်မှိတ်တုတ် အလင်းကလေးအောက်မှာတောင်. . . မြင်တွေ့ရတာ များခဲ့ပြီ တဲ့။ —————— သင့်အေးရိပ် ဧပြီ၊၁၇၊၂၀၁၇