Mon LayMarch 17, 20179min2243
?ကန်တော်ကြီးကိုအတူတူသွားပြီး..ကရဝိတ်စားသောက်ဆိုင်နားမှာအတူတူထိုင်ပြီးစကားတွေပြောခဲ့ကြတာကိုပြန်လွမ်းတယ်……? ?ကန်တော်ကြီးထဲမှာပဲ..နေ့လည်စာ.စားခဲ့ကြတာကို….လွမ်းတယ်? ?ပန်းခြံထဲမှာသူများအတွဲတွေလိုထီးကာစရာမလိုဘဲခါးလေးဖက်ရုံထိုင်ခဲ့…ချစ်စကားလေးတွေသီပြီး..သူ့ပါးလေးကိုခိုးနမ်းခဲ့တာကို…လွမ်းတယ်? ? နမ်းချင်တယ်လို့နှုတ်ကဖွင့်မပြောခဲ့ပဲ…ကောင်လေးနဲ့ကောင်မလေးအနမ်းပေးနေတဲ့စာအုပ်လေးလက်ဆောင်ပေးခဲ့တယ်.. သိတာပေါ့နမ်းချင်နေတယ်ဟုတ်လားလို ့မေးတော့..သူပြုံးပြခဲ့တဲ့အပြုံးလေးကိုလွမ်းတယ်? ❤တရုတ်တန်းမှာညစာစားခဲ့ကြတာလေးကို…လွမ်းတယ်…? ?သူ့ကိုလိမ္မော်သီးခွံကျွေးခဲ့တာကို…လွမ်းတယ်? ?ကျွန်မရဲ့ဓာတ်ပုံကိုဓာတ်ပုံသားအဖြစ်ပြန်ကူးပြီးAlbumနဲ့ထည့်ပြီးလက်ဆောင်ပေးခဲ့တာကိုလွမ်းတယ်…….? ?သူ့နာမည်ရဲ ့အစစာလုံးနဲ ့ကျွန်မရဲ့နာမည်အစစာလုံးရဲ့အင်္ဂလိပ်စာလုံးအက္ခရာရှိတဲ့Keychainကိုဝယ်ပြီးသူက ကျွန်မရဲ့နာမည်Keychainကိုယူပြီးကျွန်မကိုသူ့နာမည်Keychainလေး..ချစ်သက်လက်ဆောင်ပေးခဲ့တာကိုလွမ်းတယ်…? ?ကျွန်မသိပ်လိုချင်တဲ့..925 handchainလေးကိုသူရန်ကုန်လာတဲ့အချိန်ကျွန်မနဲ့စတွေ့တဲ့အချိန်လေးမှာ..သူကိုယ်တိုင်ဝတ် aပးခဲ့တာလေးကို…လွမ်းတယ်? ?ချစ်သက်လက်ဆောင်အဖြစ်..အသဲပုံလော်ကပ်သီးပါတဲ့ဆွဲကြိုးလေးကိုကားဂိတ်ကနေပို့ပေးခဲ့တာကို….လွမ်းတယ်? ?Valentine dayမှာအတူတူမရှိနိုင်ပေမယ့်အတူတူချစ်ရတဲ့အချိန်တိုင်းဟာ…Valentine Dayပါပဲလို့ပြောခဲ့တာကို…လွမ်းတယ်? ?ယောကျာ်းနဲ့မိန်းမလို ့…ချစ်စနိုးခေါ်ခဲ့ကြတာကို…လွမ်းတယ်? ?ဓာတ်လှေကားထဲမှာ..CCTVတပ်ထားသော်လည်း..သူ့ပါးမို့မို့လေးကိုခြေဖျားထောက်ပြီးနမ်းခဲ့တာကို..လွမ်းတယ်? ?အီးမေးလ်နဲ့. အချစ်သီချင်းလေးတွေ..ပို့ပေးခဲ့တာကို..လွမ်းတယ်? ?စိတိပျက်အားငယ်တဲ့အချိန်တိုင်း..အားပေးစကားပြောခဲ့တာတွေကို…လွမ်းတယ် ?သူကSandwich ကောင်းကောင်းလုပ်တတ်တော့နောက်ကျရင်လုပ်ကျွေးမယ်လို့ပြောခဲ့တာကို..လွမ်းတယ်? ?ပြင်သစ်Eiffel tower မှာသွားလက်ထပ်ကြမယ်လို့ပြောခဲ့တာကို..လွမ်းတယ်? ?နှစ်ယောက်ကြားမှာလိမ်ညာမှုဆိုတာမရှိဘဲ…ရန်ဖြစ်ပြီးလည်းပြန်ချစ်ခဲ့တာကို…လွမ်းတယ်? ?လွမ်းတယ်ဆိုတာကို..ဖုန်းနဲ့ပြော…မက်ဆေ့တွေအပြန်အလှန်လှန်ပို့ခဲ့တာကို….လွမ်းတယ်?  


Journey to the West: The Demon Strike Back (2017) 2017 မှာ Journey To The West ရဲ့ ဒုတိယမြောက်ဇာတ်ကားအဖြစ် ထွက်ရှိလာတဲ့ ဇာတ်ကားပါ။ Journey To The West: The Demon Strike Back ဆိုပြီး ထွက်ရှိလာခဲ့ပါတယ်။ နံပါတ်(၁)နဲ့ တအားကွဲပြားခြားနားသွားတဲ့ ဇာတ်ဆောင်တွေရဲ့ ဇာတ်ရုပ်ကို တွေ့မြင်ရမှာဖြစ်ပြီး ဒီဇာတ်ကားကို ရုံမှာသွားမကြည့်နိုင်ဘူး ရုံမတင်ဖြစ်ဘူးဆိုရင်တောင် အပြင်မှာ ကွာလတီအကြည်ကိုသာ ကြည့်ဖို့ ပြောပါရစေ။ အထူးပြုလုပ်ချက်တွေ တပုံတပင်နဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ကွာလတီအကြည်မဖြစ်ရင်တော့ အရသာအပြည့်ခံစားရမှာမဟုတ်ပါဘူး။ ပြောချင်တာက ပထမဇာတ်ကားနဲ့ မတူတော့တဲ့ ဇာတ်ကောင်တွေကို အံ့ဩစွာ တွေ့မြင်ရမှာပါ။ ဝူခုန်းဟာ မချောသလို ၊ […]


မိန်းမသားမို့မလေးစားကြတာလား။ အရုပ်ကြီးထင်ပြီး လိုရာကစားနေကြတာလား။ ပြည်သူကိုလှည့်စားနေတာတွေ ရပ်ကြပါတော့လား။ ရာစုနှစ်ဝက်စာရိက္ခာတွေနဲ့ဆယ်ဘဝစားကြပါတော့လား။ စတေးခံရတဲ့ငယ်သားတွေနဲ့ပြည်ထောင်စုဖွားတွေအစား သင်တို့သားငယ်လေးဓားရှရင်တောင်ခံစားရက်ရဲ့လား။   အလိုရှိရှိရာအထုပ်တွေပိုက်ပြီးသွားကြပါတော့။ ပြည်ထောင်စုအတွက်တစ်ခုပဲထားခဲ့ပေးပါ ငြိမ်းချမ်းရေးဂျိုးကူသံသာ……


black chawMarch 7, 20171min46411
ပြည်သူ ့နီတိမှာ ဘာသာရေးထည့်မယ့် အစား Money Education ထည့်သင့်တယ်။ တရုတ်တွေ ကုလားတွေဟာ သူတို ့သားတွေသမီးတွေကို ငယ်ငယ်ကတည်းက ပိုက်ဆံအကြောင်း သင်ပေးလေ့ရှိသတဲ့ဗျာ။ ဘယ်ဟာက အသုံး ဘယ်ဟာက အဖြုန်း ဘယ်ဟာက အလှူ ဘယ်လိုရှာဖွေစုဆောင်းရတယ် စသည်ဖြင့်ပေါ့။ ကလေးတွေ ငွေနဲ ့ထိပ်တိုက်တိုးတဲ့ အခါ ကိုးရိုးကားယားမဖြစ်အောင် ကြိုပြင်ဆင်ပေးထားတဲ့သဘော။ ကျုပ်တို ့တိုင်းရင်းသား မိသားစုတွေမှာ သင်ပေးလေ့မရှိသလောက်ပါပဲ။ ဟော ငွေနဲ ့လည်းထိပ်တိုက်တိုးရော ကိုးရိုးကားယားတွေဖြစ်ကုန်ရော။ ဟေ့လူတွေ။ အတည်ပြောနေတာဗျ။ ကိုယ်တွေ ့ကိုယ်တွေ ့။ အဲဒီတော့ ပြည်သူ ့နီတိထဲ ဘာသာရေးတွေ သွားထည့်မယ့် အစား ငွေ အကြောင်းသာ ထည့်သင်ပေးလိုက်ကြစမ်းပါဗျာ။ (BC)


KyaemonMarch 5, 201710min6196
          ၂၀၁၁ ခု စက်တင်ဘာလ ၃ဝ နေ့တွင် သမတဟောင်းဦးtသိန်းစိန်က မြစ်ဆုံရေကာတာကို ယာယီဆိုင်:ငံ့လိုက်ကြောင်းလွှတ်တော်မှာကျေညာခဲ့ပါတယ်၊ ယင်းကြောင့် တရုပ်သတင်းစာ China Daily က စီပီအိုင်CPI အကြီးအကဲ Lu Qizhou နဲ့တွေ့ဆုံစကားပြောပြီး၊ ၂၀၁၁ ခုအောက်တိုဘာ ၃ ရက် နေ့ထုတ် China Daily မှာ၎င်း တွေ့ဆုံပွဲက အမေးနဲ့အဖြေတွေကို အများသိရှိနိင်အောင်ဖော်ပြခဲ့တယ်၊ အဆိုပါ အမေးအဖြေအနက်မှမြစ်ဆုံရေကာတာစီမံကိန်းမှပေါ်ပေါက်ဖြစ်ထွန်းလာမဲ့ စီးပွါးရေးအကျိုးအမြတ်ခွဲတမ်းတွေကိုရွေးနုတ်ပြီးတင်ပြပါမယ်၊ မြန်မာအစိုးရ က ၅၄ ဘီလျှံ အမေရိကန် ဒေါ်လာ ( ၆၀. ရ %) ခွဲဝေရရှိမယ်ဆိုလို့ စီပီအိုင်ဥက္ကဌ Lu Qizhou ကပြောပါတယ်၊ ၎င်းပြောပြချက်ကို ပေါ်လွင် အောင် […]


ကျွန်မအမျိုးသားဟာ သူ့အလုပ်ထဲမှာဝန်ထမ်းတွေထပ်ခန့်ဖို့လိုအပ်တိုင်း ဘယ်ရာထူး၊ဘယ်တာဝန်အမျိုးအစားကိုခန့်အပ်ဖို့ခေါ်တယ် လျှောက်လွှာများလာရောက်ထုတ်ယူနိုင်တယ်ဆိုပြီး ကြေငြာလိုက်တယ်။ လက်ရှိမြို့ပေါ်ကကော၊နီးစပ်ရာရွာလေးတွေကပါလာလျှောက်ကြတယ်။ အင်တာဗျူးတယ်။(အင်တာဗျူးတဲ့အခါ ကလေးတွေရဲ့အပြင်ဗဟုသုတဟာ အကုန်အတူတူနီးပါးအားနည်းကြတယ်လို့လည်းသိရတယ်။ ဘာသင်တန်းမှတက်ထားတာမရှိကြလို့ အလုပ်ဝင်ပြီးမှ ကျွန်မဘက်ကတစ်တပ်တအားပရဟိတအနေနဲ့ကွန်ပျူတာ့သင်ပေးခဲ့ရတာမျိုးရှိတယ်။) ဘယ်ဝန်ထမ်းကိုမှ ဘယ်နေရာအတွက် ဘယ်လောက်ပေးရမယ်ဆိုပြီး ဌာနဆိုင်ရာတွေရဲ့ထုံးစံတွေ၊ကြေးသတ်မှတ်တာတွေ၊မသမာမှုတွေ တစ်ခုမှလက်မခံပဲ အားလုံးတန်းတူလျှောက်လွှာတွေကိုူတင်ပေးတယ်။ အရည်အချင်းတွေတန်းတူနီးပါးထဲမှာမှ မရှိနွမ်းပါးပုံရပြီး တစ်ခြားဌာနတွေမှာဝင်ကပ်ဖို့မလွယ်လောက်သူတွေပိုငဲ့ပေးတယ်။   အခုနှစ်ကျွန်မညီမအငယ်ဆုံးလေးဘွဲ့ရတယ်။ကွန်ပျူတာလည်းတက်ထားတယ်။ အစိုးရအလုပ်အတွက်လိုက်စုံစမ်းတော့ ဘယ်နေရာဘယ်လောက်၊ဘယ်ဌာနဘယ်လိုအကပ်နဲ့မှ ဆိုတာချည့်ဖြစ်နေတယ်။ ကျွန်မတို့ကိုယ်တိုင် တကယ်ဝမ်းကျောင်းဖို့အတွက်အလုပ်လိုချင်လွန်းလု့ိလာလျှောက်တဲ့သူတွေအပေါ် ရေနစ်သူဝါးကူထိုးလိုစိတ်အလျဉ်းမရှိတာမု့ိ ကိုယ့်ဖက်လည်း ပေးကမ်းပြီးဝင်ရမယ်ဆိုတာမျိုးကိုမလုပ်စေချင်ပါ။ အဲ့လိုမလုပ်ပါဘူးဆိုပြီးလမ်းရိုးအတိုင်းအလုပ်လိုက်လျှောက် ထောက်ခံစာပေါင်းစုံ၊အင်တာဗျူးစာမေးပွဲစုံအတွက် အချိန်ကုန်၊ငွေကုန်၊လူပမ်းအဖက်တင် ကိုယ့်လျှောက်လွှာချောင်ထိုးခံရမှာသိသိကြီးနဲ့ပဲဆက်ကြိုးစားနေရမလား။ ကျွန်မညီမအတွက် ကျွန်မကိုယ်တိုင်လည်းလမ်းမညွှန်ပေးတတ်တော့ပါဘူး။


မြန်မာပြည်မှာ ကျေးလက်နဲ့မြို့ပြရှိလူတွေရဲ့ ပညာရေးကအစပြုလို့ အတွေးအခေါ်၊အသိအမြင်၊ဗဟုသုတတွေဟာ ကွာခြားချက်အရမ်းကိုမြင့်မားလှပါတယ်။ အဓိကတရားခံကတော့ ဆင်းရဲကြလို့ပါ။ဆင်းရဲခြင်းရဲ့နောက်မှာ ထမင်းစားဖို့အရေးထက် ဘာကိုမှပိုအရေး မပေးနိုင်ကြတာပါပဲ။ ၅နှစ်၊၆နှစ်အရွယ် အိမ်မှာထိန်းကျောင်းရလည်းသက်သာအောင် ကျောင်းကိုစပို့လိုက်ကြပေမယ့် ၈နှစ်ကျော် ၉နှစ်လောက်ကစလို့ ပိုက်ဆံရမယ့်အလုပ်တစ်ခုခုမှာကူစေချင်နေပြီ။ဒီလိုမှမဟုတ်ရင်တောင် အိမ်အလုပ်တွေမှာအားတစ်ခုအနေနဲ့ထည့်သွင်းအသုံးချဖို့တွေးလာပြီ။၁ဝနှစ်လောက်ကျော်ပြီဆိုတာနဲ့ ကလေးတွေကိုယ်တိုင်ပိုက်ဆံရှာပေးနိုင်မယ့်နေရာတစ်ခုခုကိုပို့ချင်လာကြပြီ။ပညာရေးဟာ ဝါဝါဝင်းဝင်းအရောင်တင်ထားတဲ့ ၁၃ပဲရည်ရွှေတိုရွှေစလေးတွေလောက်မက်စရာလို့မထင်နိုင်ကြဘူး။တရုတ် ဆိုင်ကယ်ကနေ ယိုးဒယားဆိုင်ကယ်ပြောင်းစီးနိုင်တာမှဘဝလို့ထင်နေကြရှာတယ်။ နောက်တစ်ချက် ကျေးလက်နေကလေးတွေဟာ ရှိရင်းစွဲမှတ်ဉာဏ်အားကြောင့် စာတွေမှာထက်မြတ်ထူးချွန် ရင်ထူးချွန်လာမယ် မြို့နေကလေးတွေအခြေခံကိုမမှီကြဘူး။ အခြေခံကတော့ နည်းပေးလမ်းညွှန်နိုင်မှုကွာခြားချက်ကြောင့်ပါပဲ။သင်ကြားပုံနည်းစနစ်မကောင်းတာရယ် ဆရာ၊ဆရာမတွေရဲ့ တတ်ကျွမ်းမှုအခြေခံမတူညီကြတာရယ်တွေကြောင့်ပါ။ တတ်ကျွမ်းမှုအခြေခံဆိုတာကလည်း မြို့မှာပညာသင်ကြားပြီး ဆရာဖြစ်လာသူတွေဟာ ကျောင်းပညာကစေ့စေ့ငှငှနားလည်မှုကိုမပေးစွမ်းနိုင်တောင် အပြင်ကျူရှင်ကောင်းကောင်းတွေ ကြောင့်အားသာအောင်ထောက်ပံ့ပေးနိုင်ပါတယ်။မြို့ကဆရာမတွေဟာကျေးလက်ကျောင်းလေးတွေမဆင်းချင် ကြပါဘူး။မဖြစ်မနေသွားရရင်တောင် မြို့ပေါ်ပြန်ရောက်အောင်ကြိုးစားယူတတ်ကြတယ်။ ဒီတော့ ကျေးလက်ကျောင်းလေးတွေရဲ့အမာခံဆရာတွေဟာ ရွာခံဆရာ၊ဆရာမတွေပဲဖြစ်နေတတ်တယ်။ သင်ကြားရည်မဝသေးတဲ့၊ကိုယ်တိုင်သိမြင်တတ်ကျွမ်းမှုအားနည်းသေးတဲ့၊ အဝေး့သင်လေးပြီးလို့ လူရိုသေရှင်ရိုသေအလုပ်ကလေးတစ်ခုရရင်တော်ပြီဆိုတဲ့ ဆရာ၊ဆရာမလေးတွေနဲ့သာနှစ်ပါး သွားရပါတော့တယ်။ မြန်မာပြည်မှာ ထူးချွန်ထက်မြတ်တယ်လို့သတ်မှတ်ခံရတဲ့လူတန်းစားဟာ ကျောင်းဆရာအလုပ်ကို လုပ်ဖို့စိတ်မကူးကြပါ။ မိဘကလည်း ငါ့သားသမီးကြီးလာရင်ထူးချွန်တဲ့ကျောင်းဆရာ၊ဆရာမဖြစ်ရမယ် ဆိုပြီးရည်မှန်းတာမျိုးတွေမရှိသလောက်ရှားလှပါတယ်။ဆယ်တန်းပွတ်ကာသီကာလေးအောင်ပြီး […]


အားလူးအလုံးကြီး ငါးလုံးကို ပြုတ်ထားပါ ဆန်မုန့်(၁၅)ကျပ်သား ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်း ဆားအနည်းငယ်ကို ရေနဲ့ ခပ်ပြစ်ပြစ်ဖျော်ထားပါ။ မွှေရင်း ခပ်ပြစ်ပြစ်လေးဖြစ်လာပြီဆို ခဏဘေးဖယ်ထားပါ အာလူးပြုတ်ပြီးသားကို ပါးပါးလှီးပါ။ လှီးပြီးသားအာလူးကို စောနက ဖျော်ထားတဲ့ မုန့်နှစ်ထဲထည့်ပါ။ ကြက်သွန်မြိတ် သုံးပင်လောက် ပါးပါးလှီးထားတာရယ် ကြက်သွန်နီ သုံးလုံး ပါးပါးလှီးထားတာရယ် ထည့်ပါ ဆား လက်ဖက်ရည်ဇွန်း (၁)ဇွန်း ဟင်းခတ်မှုန့် ဖက်ဖက်ရည်ဇွန်း (၂)ဇွန်း ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ မွှေကာ ချေပေးပါ။ လက်ကို သန့်စင်စွာဆေးပြီး ချေပေးလည်းရပါတယ်။ အရမ်းကြေစရာမလိုပါဘူး။ ပုံပါအတိုင်းဆို ရပါပြီ။ ဒယ်အိုးအပြားအဝိုင်းမှာ ဆီ အနည်းငယ်ထည့်ပါ။ ဒယ်အိုးပူလာရင် စောနက အာလူးငါးလုံးချေထားတဲ့ အနှစ်ထဲက တစ်ဝက်ကို အဝိုင်းပုံစံ ဖြန့်ပါ။ (၃)မိနစ်လောက ်မီးအလယ်အလတ်လောက်ထားပြီး အဖုံးအုပ်ထားပေးပါ။ (၃)မိနစ်ပြည့်ရင်တော့ […]


aye.kkMarch 3, 20171min1505
စိတ်ကောင်းစေတနာရှိရမယ် ရိုးသားဖြောင့်မတ်မှုရှိရမယ် တရားအသိရှိရမယ် ဒါတွေနဲ ့ပြည့်စုံခြင်းမှမရှိရင် လောကထဲမှာ လူ ဖြစ်ရကျိုး မနပ်ဘူးနော်။ သူတစ်ပါးကို ဒုက္ခပေးဘို့မွေးဖွားလာသလား ကိုယ်ပြန်ရမှာက ဒုက္ခပဲဆိုတာမသိလို့ပါ ဒေါသ လောဘ မောဟ-ဆိုတဲ့တရားတွေက လူသားအချင်းချင်းဖျက်ဆီးနေတဲ့တရားတွေဆိုတာ ဘယ်သူမှငြင်းနိုင်မယ်လို့မထင်ပါဘူးနော်။။  


alinsettFebruary 28, 20172min2453
“ကျုပ်ဟာ လောကအတွက် အလင်းရောင်ကို နှစ်ပေါင်းများစွာ လိုက်ရှာရင်း ခုလို ခါးကုန်းခဲ့ရတာပါ” ဟု ခါးကုန်းနေသော အဘိုးအိုက ဆို၏။ “ဟော အခုတော့ အောင်မြင်ပါပြီ၊ လောကကြီးအတွက် ကျုပ် အလင်းထွန်းညှိပေးနိုင်တော့မယ်” သူ့လက်ထဲမှ ဖယောင်းတိုင်ကို ကိုင်မြှောက်ပြရင်း ပြောခြင်း ဖြစ်၏။ ဖယောင်းတိုင်မှာ အလင်းထွန်းညှိရန်လည်း ပြင်သည်။ ခက်သည်က သူ့ဖယောင်းတိုင်ကလည်း သူ့လိုပဲ ခါးကြီး ကုန်းနေလေပြီ။ (ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း၊ ၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခါးကုန်းကြီး”အမည်ရှိ ဝတ္ထုတို) —————————————————— ထိုဝတ္ထုတိုကလေးထဲမှ ခါးကုန်းကြီးလိုပင်… ကျွန်တော်တို့ တိုင်းပြည်မှာလည်း တိုင်းပြည်အတွက် လင်းချင်းတောက်ပစေချင်စိတ်ဖြင့် အလင်းကို ရှာဖွေပေးနေသည့် ခါးကိုင်းလုလု အမယ်အိုကြီးတစ်ယောက် ရှိလေသည်။ အမယ်အိုသည် နှစ်ပေါင်းများစွာကာလအတွင်း ဒုက္ခဆင်းရဲ အကျပ်အတည်းများစွာ… အချိန်များစွာ […]


myat pearl phyuFebruary 28, 20171min41310
တစ်ခါတုန်းကပေါ့… အမေ နဲ့ အသိအမကြီးတို့ နှစ်ယောက်သား ကျွန်မချစ်သူစာမေးပွဲအောင်ဖို့ဆိုပြီး မြောက်ဥက္ကလာက ဇွဲစုံဘုန်းကြီးကျောင်းမှာ ဗေဒင်မေးယတြာသွားချေကြသေးတယ်…။ သင်္ဘောသားတွေလည်း ကိုယ်ပိုင်ကားတွေနဲ့ လာကြ တစ်ခြား ကားကြီး ကားငယ်အသွယ်သွယ်နဲ့ ဗေဒင်လာလာ မေးကြတာ လူတွေကို စည်ကားနေတာပဲတဲ့…။ ဇွဲစုံနဲ့မပြီးသေးဘူး အိမ်နားက အသိဘုန်းကြီးကျောင်းမှာ ဆြာရာတော်က ယတြာချေပေးတယ်ဆိုပြီး အဲ့ဒီလည်း သွားလိုက်ကြသေးတယ်..။ ကျွန်မကတော့ လိုက်မသွားပါဘူး..။ ဘုရားရှိခိုးတိုင်းတော့ ဆုတောင်းမေတ္တာပို့ပေးပါတယ်။ ရွှေမန်းတင်မောင်သီချင်းလေးလို အောင်ပါစေသား အောင်စေသားပေါ့။ ====================== နောက်တစ်ခါ ဗေဒင်ယတြာ … သူငယ်ချင်းက ကျွန်မကို ဗေဒင်သွားမေးမလို့ လိုုက်ခဲ့ပါလားဆိုတော့… ကိုယ်တွေသားအမိပါ ရောယောင်ပြီး လိုက်သွားကြရင်း အမေကလည်း ဝါသနာပါတော့ ဝင်မေးခဲ့ကြတယ်… ဗေဒင်မေးခကလည်း ၁ယောက် ၃၀၀ဝ ပဲဆိုတော့ တန်တယ်ပေါ့…… ဗေဒင်ဆြာအလုပ်ခန်းက ကိုယ်တွေအိမ်နဲ့နီးနီးလေး ဒါပေမယ့် […]


Win Lwin LayFebruary 27, 20171min2085
” မင်္ဂလာပါဆရာ ” ” အေး မင်္ဂလာပါကွယ် ထိုင်ပါ ” ” ဟုတ်ကဲ့ အနာဂတ် ကံကြမ္မာကို မေးချင်လို့ပါ ” ” ရတယ်လေ အရင်ဘယ်တုန်က ဘာဖြစ်ခဲ့မယ် အခုဘာတွေဖြစ်နေတယ် နောင်အနာဂါတ်မှာ ဘာတေွဖြစ်အုံးမယ် အဲလို ဘာတွေဖြစ်မယ့်ထဲ အဆိုးတွေများပါရင် အဲဒီအဆိုးတွေပျောက်အောင် ဆရာယတြာပါ တွက်ချက်ပေးလိုက်အုံးမှာ ” ” အရင်ကဘာတွေဖြစ်ခဲ့တာနဲ့ အခုဘာတွေဖြစ်နေတာကိုတော့ သိနေပြီးသားမို့မသိချင်တော့ပါဘူး ဆရာရယ် နောင် အနာဂတ်မှာဘာတွေဖြစ်မလဲတာ လိုရင်းဟောရင်ရပါတယ် ” ” အေးလေ အဲဒါဆိုလဲ ဆရာလေကုန်နည်းနည်းသက်တာတာပေါ့ကွယ် အဲ ဆိုစမ်းပါအုံး မောင်ရင်မွေးနေ့က ” ” ကျွန်တော်မွေးနေ့က ဘာလုပ်မလို့လဲဟင် ” ” ဟ မောင်ရင်ဘဲ အနာဂတ် ကံကြမ္မာအတွက် ဗေဒင်မေးမလို့မဟုတ်လား […]


KyaemonFebruary 27, 201723min6115
  မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths XXXI ဆောင်းပါမှာ သူကြီးကမှတ်ချက်ပြုပါတယ်၊ kai says: (Edit) နာဂစ်မုန်တိုင်းကြောင့်… တွက်ချက်မှုတွေမှားပြီး.. အလုပ်နှုတ်ထွက်ခဲ့(ရ)တဲ့.. ဦးထွန်းလွင်လို မိုးလေဝသသမားတယောက်စကားကို.. နိုင်ငံရေးသမားတွေက.. လက်ခံလိုက်လုပ်ရင်တော့..သမိုင်းတရားခံဖြစ်တာပဲအဖတ်တင်မယ်ထင်မိတယ်..။ ဆရာဦးထွန်းလွင်က.. နိုင်ငံတကာမိုးလေဝသတွက်ချက်မှုတွေကို.. ဖဘကတဆင့်ပြန်ရှယ်.. တင်ပေးနေတာမို့..လူထုကြား.. ပေါ်ပြူလာဖြစ်တာတော့ မှန်ပါတယ်..။ သူ့ ပေါ်ပြူလာဖြစ်မှုအပေါ်တော့.. နိုင်ငံရေးသမားများ.. နောက်ယောင်.. မလိုက်သင့်..။ မြစ်ဆုံစီမံကိန်းကို.. စပြီး ဂရမ်းဒီဇိုင်းဆွဲခဲ့တာ.. မဆလခေတ်က.. မြန်မာအင်ဂျင်နီယာကြီးများဖြစ်တယ်ဆိုတာ.. မမေ့ကြသင့်..။   ===================== မှန်ပါတယ်၊ကမ႓ာ့ရေကာတာကိုဦးဆောင်ဦးရွက်တည်ဆောက်နေကြတာကအင်္ဂျင်နီယာတွေပါ၊ရူပဗေဒစွမ်းအင်ပါရဂူရှင်တွေ၊ရေကာတာပညာပါရဂူတွေပါ၊ မိုးလေဝသရှင်တွေမဟုတ်ပါ၊ ———————————— မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths XXXIII – Kyaemon […]