KyaemonMay 27, 201995min52550
၊မြတ်စွာဘူရားမွေးဖွားရာ.Nepal ၊နီပေါနိုင်ငံ Lumbini ၊လုမ္ဗိနီအရပ်ကငါးပါးသီလကျောက်စာ၊ Plaque with the five precepts engraved, Lumbini, Nepal ၊သီလ၅ပါးစောင့်ထိန်းရာမှာမုသားကိုရှောင်ရှားဖို့ပါဝင်ပြီး၊ ၊တဘက်သားနစ်နာအောင်ပြောဆိုခြင်း၊ခက်ထန်စွာပြောဆိုခြင်း၊၊ အကျိုးမရှိအတင်းပြောဆိုခြင်းတို့လဲပါဝင်တယ်၊ Cardinal Bo၊ကာဒီနာဗိုလ်ကိုယ်တော်မြတ်ကဗုဒ္ဒဘာသာမဟုတ်ပါသော်လည်း၊ ၊မြန်မာဗုဒ္ဓဘာသာတို့ရဲ့ဓလေ့ကျင့်စဉ်ကိုလဲလက်ခံနိုင်မယ်လို့ ၊ယူဆနိုင်ပါတယ်၊ ၊ခရိယန်အယူနဲ့လဲကိုက်ညီနေပါတယ်၊ The five precepts (Pali: pañcasīla; Sanskrit: pañcaśīla) or five rules of training (Pali: pañcasikkhapada; Sanskrit: pañcaśikṣapada[1][2])[note 1] is the most important system of morality for Buddhist lay people. They constitute the basic code of ethics […]


ဇီဇီMay 10, 20196min30623
မျိုးကြီး သီချင်းခေါင်းစဉ်လေးကို ယူသုံးလိုက်တယ်။ “Minimalism” ဂျပန်မှာ ခေတ်စားနေတာကြာပြီဖြစ်တဲ့ စာလုံးလေး။ ဒီ စကားလုံးလေးကို စတင် ရင်းနှီးတုန်းက Home Decor နဲ့ ပတ်သက်ပြီး Minimalist Living အကြောင်း စဖတ်မိရာက ဆက်တိုက်ဖတ်ရင်းနဲ့ ဗုဒ္ဓ တရားတော်နဲ့ အညီနေနိုင်တဲ့ Lifestyle လေးမို့ လက်ခံမိခဲ့တယ်။ ဘယ်လို ဘာသာပြန်ရမလဲဆိုတော့ ရိုးရှင်းနိုင်သမျှရှင်းလင်းအောင် ဘဝ နေထိုင်မှု လို့ပဲ ပြောရမလားမသိ။ နေထိုင်တဲ့ ဘဝမှာ ကိုယ့် အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ ကြွေးမြီ ပစ္စည်း လူ အကြောင်းအရာတွေကို လျှော့ချဖြတ်တောက်နေနိုင်တဲ့ ဝါဒီမျိုး လက်ကိုင်ထားတဲ့ ဘဝ နေထိုင်နည်းမျိုးပေါ့။ ငွေကြေးချွေတာ စုဆောင်းမှုနယ်ပယ်မှာလည်း အသုံးပြုလာပြီဖြစ်တဲ့ စကားလုံးလေးပါ။ ကိုယ်တွေ မြန်မာ စကားနဲ့ပြောရင်တော့ လောဘလျှော့/ဖြတ် […]


KyaemonApril 20, 201961min30491
န ၁၊မဲဆန္ဒအခြေအနေ ၊ဖတ်ကြိမ်(၁၅၁၇၃၂၉၄။(၊သန်းပေါင်း၁၅.၁၇)ထိတက်လာတယ်၊. ၊ဧပြီ၆ရက်ကနေဧပြီ၂ဝထိ၊၂ပတ်အတွင်းမှာ၃၆၀,၃၄၄၊(၃.၆သိန်း)၊တိုး၊ ၊ကြိုက်လက် မ ။ထောင်ပေးဦးရေ(၅၈၅၂၆၀)(၊ထောင်ပေါင်း၊၅၈၅.၂)ထိတက်လာ၊ ၊ကြိုက်ကြိမ်၁၄၃၆၈တိုး၊ Apr 22, 2019 15,206,076 (၁၅,၂၀၆,၀၇၆) People Reached Apr 22, 2019 Likes 587,108.၊လက်မ ၊ထောင်၅၈၇,၁၀၈. ၊မှတ်ချက်ပြုကြိမ်ပေါင်း၊၁၉၂၀၆)(၊ထောင်ပေါင်း၁၉.၂၀)၊ဖြစ်လာပြီး၊မှတ်ချက်ဦးရေ၂၂၃တိုးလာ၊ ၊ဧပြီ၂၂ရက်က၊မှတ်ချက်ပြုကြိမ် ၁၉၂၉၈ ၊ကြိုက်လက်မထောင်တာက၊ ၅၈၅၂၆၀ ၊မှတ်ချက်ပြုကြိမ်က၊ ၁၉၂၀၆ ၊စားချလိုက်တော့၊ရလာတဲ့အချို။က(၃၀.၄၇) ၊မှတ်ချက်ပြုတာတွေအလုံးစုံကို၊ကန့်ကွက်မဲထဲ ၊ထည့်တာက၊အကြမ်းအားဖြင့်မြန်မြန်လေးသိလိုလို့ပါ၊ ၊၂ပတ်အတွင်းမှာ၃.၄၊သိန်။ဖတ်ကြိမ်တိုးကာ။ကြိုက်လက်မထောင်ပေးတာက ယခင်အရှိန်(၃၀.၀၇)ထက်တောင်(၀.၄၀)အချိုးနှုန်းပိုတက်လာတယ် ၊)ပိုပိုပြီးကြိုက်လက်မ(။မဲဆန္ဒကိုပိုပေးလာ) ၉၆.၁၂%၊မဲကိုအပြတ်ရထားတယ်၊ ၊ဧပြီ၂၂ရက်က၊ကြိုက်၅၈၇၁၀၈၊ဂဏန်းဟာ ၊ဦးထွန်းလွင်ရခဲ့တဲ့ကြိုက်ဂဏန်း၂၀၈၈၇၂ရဲ့(၂.၈၁)ဆရှိတယ် ၊ဧပြီ၂၂ရက်က၊ ၉၆.၈၂%၊မဲကိုအပြတ်ရထားတယ်၊ ================= ၊၊မှတ်ချက်တွေကခါတိုင်းလိုပါဘဲ၊ ၊ဆည်ကိုအလုံကာပိတ်မယ်ထင်လို့ရေးနေကြတာပါ၊ ၊အလွံမပိတ်ပါ၊လျှပ်စစ်ထုတ်ယူဖို့ရေတွေလွှတ်ရတယ်၊ ၊ရှေ့ဆောင်းပါးတွေမှာရံဖန်ရံခါပွံတွေနဲ့ရှင်းပြီးပြီ ========== ၊ ၊၊မှတ်ချက်တွေကခါတိုင်းလိုပါဘဲ၊ ၊ဆည်ကိုအလုံကာပိတ်မယ်ထင်လို့ရေးနေကြတာပါ၊ ၊အလွံမပိတ်ပါ၊လျှပ်စစ်ထုတ်ယူဖို့ရေတွေလွှတ်ရတယ်၊ ၊ရှေ့ဆောင်းပါးတွေမှာရံဖန်ရံခါပွံတွေနဲ့ရှင်းပြီးပြီ ကွင် တေ ဝု ခမ်း Good […]


KyaemonApril 15, 2019102min30170
၊နှစ်သစ်ကူးလက်ဆောင်ပါးလိုက်ပါတယ်၊ကျန်းမာရွှင်လန်းကြပါစေ၊ ၊ဒီဆောင်းပါးမှာ ၁၊အကြံပြုချက်တွေ၂၊တိဘက်အကြောင်း(အဆက်) ၃၊ဖေ့ဘုက်ကမြစ်ဆုံမှတ်ချက်တွေ ၄၊မြစ်ဆုံသတင်းနဲ့ထင်မြင်ချက်တွေ ၅၊အိမ်နီးချင်းတရုပ်နိုင်ငံအကြောင်းတွေ ၊ပါဝင်ကြတယ် အကျဉ်း ၁၊မြစ်ဆုံကိစ္စအဆင်ပြေစေဖို့အကြံပြုချက်များ ၂၊တိဘက်ဆီကသင်ခန်းစာ ၊တရုပ်နိုင်ငံကလူမျိုးစုတွေကိုစောင့်ရှောက်တဲ့ပေါ်လစီမူဝါဒကြောင့် ၊ဧချမ်းဆိုပြေ၊သီချင်းတွေဝေဆာ၊ ၃၊ဖေ့ဘုက်ကမြစ်ဆုံမှတ်ချက်တွေ၊ ၊အယူအဆအမှားတွေ၊စိုးရိမ်မှုတွေ၊အမှောင့်လုပ်ငန်းတွေကထပ်တလဲလဲတက် ၊လာတာကို၊တတ်နိုင်ဆုံးထပ်မံရှင်းလင်း၊၊ ၊ပညာပေးတဲ့ကိုးကားဗီဒီအိုတွေပါတင်ပြထား၊ ၄၊မြစ်ဆုံဆက်မလုပ်စေလိုတဲ့မြန်မာသတင်းမီဒီယာရဲ့ခြိမ်းခြောက် လှုံ့ဆော်မှုတွေကိုပြန်လဲချေပခြင်း ၅၊ရေအားလျှပ်စစ်ကြောင့်အလုပ်ဖြစ်နေတဲ့တရုပ်နိုင်ငံ အသေးစိတ်ကိုအောက်တွင်ဆက်လက်ဖတ်ရှုပါရန်၊ ============== ၁၊အကြံပြုချက်တွေ ၊တင်ပြမဲ့အကြံတွေကသိပြီးသားတွေ၊မအပ်စပ်၊အသုံး မတည့်တာတွေ၊မသင့်လျော်တာတွေဖြစ်နိုင်တယ်၊ ၊သို့သော်၊တင်ပြတဲ့အကြံတွေကိုမူတည်ပြီးဆက်ဆွေးနွေးရင်၊ဆင့်ပွါးအကြံဉာဏ်ကောင်းအသစ်တွေ ၊ပိုထွက်လာနိုင်တယ်၊ မကြိုက်တာတွေကိုအချိန်မရွေးစွန့်ပယ်လို့ရပါတယ်၊ဒီကပြီးပြည့်စုံတာမှမဟုတ်တာ၊ ၊ကြိုးစားပေးတာလောက်ပါ၊ ၊မရည်ရွယ်ဘဲနဲ့တဦးတယောက်ကိုထိပါးနစ်နာသွားစေမိရင်၊ဒီကဘဲအနူးအညွှတ်တောင်းပန်အပ်ပါတယ်၊ အကြံတွေ၊ ၊(၊နောက်ခံအကြောင်းရင်း၊တွေးခေါ်ပုံနဲ့ရည်ရွယ်ချက်ကပေါ်လွင်မယ်ဖြစ်ပြီး၊လိုအပ်ရင်သီးခြားရှင်းလင်းအုန်းမယ်) ၁၊အာမခံကြေးပေးလျော်နိုင်အောင်၊အာမခံထားပေး၊ကုန်ကျပေးမယ်၊ ၂.၁၊မြစ်ဆုံကနေပြောင်းရွှေ့ရသူမိသားစုတွေဟာ၊ယခင်ကပြောင်းပေးပြီးသားနေရာသစ်မှာဆက်နေမယ်ဆိုရင်၊ ၊၎င်းတို့အားအပိုကြေးချီးမြှင့်မယ်၊ ၊ယင်းနေရာသစ်အတွက်သင်္ကြန်နှစ်သစ်ကူးနေ့က၊ကာလပေါက်ဈေးရာဖြတ်တန်ဖိုးပေါ်မူတည်ပြီး ၊နောက်တိုး(၊ဥပမာ၅၀%)?သင့်ငွေတရပ်၊သို့မဟုတ်သင့်လျော်တဲ့ဂရုဏာထောက်ပံ့ကြေးတရပ်၊ကို ၊ချီးမြှင့်ထောက်ပံ့မယ်၊ ၂.၂၊ပြောင်းရွှေ့သတ်မှတ်ပေးထားတဲ့နေရာမှာမနေလိုတော့ဘူးဆိုရင်၊နေရာပြန်အပ်ပြီး၊ ၊အထက်အပိုဒ်၂.၁ပါကာလပေါက်ဈေးတန်ဘိုး၊အပြင်အလားတူတွက်ချက်လို့ရတဲ့နောက်တိုး(၅၀%?)ကိုပါ ဂရုဏာ/၊ထောက်ပံ့ကြေးအဖြစ်စုစုပေါင်းချီးမြှင့်မယ်၊ ဒီလိုတိုးမြှင့်၊လိုက်တဲ့(၊စုစုပေါင်း၁၅၀%?)၊သင့်ငွေကိုရယူဖို့၊နေထိုင်ရာကိုကောင်းမွန်စွာပြန်အပ်ရပါမယ်၊ ၊နောင်မှစိတ်ကူးပြောင်းလို့ပြန်ပြောင်းဝင်လာဖို့၊မရတော့ပါ၊ ၊ပြန်အပ်တဲ့နေရာအိမ်ယာနဲ့ခြံမှာအပြစ်အနာစာရှိရင်ပြင်ဆင်ခ၊သန့်ရှင်းဆေးကြောခကိုနှိမ်ယူရပါမယ်၊ ၂.၃၊ဆက်နေသူတို့ကလျှပ်စစ်မီးခကို(ဥပမာ ၅၀%?)သက်သာဈေးနှုန်းနဲ့(ဥပမာ၁ဝနှစ်တာ?) ၊အသုံးပြုခံစားခွင့်ရပါမယ်၊ ၊မူလပြောင်းရွှေ့ရသူတွေဘဲသက်ဆိုင်တယ်၊အသစ်ပြောင်းလာမဲ့သူတွေရော၊တခြားကိုပြောင်းပြီးသွား ၊သူတွေရော၊ဒီလိုသက်သာနှုန်းနဲ့မသက်ဆိုင်ပါ၊ ၃၊ရေကာတာဆောက်လုပ်စဉ်ကာလမှာ၊ပေါ်ပြပါဆက်ပြီးနေထိုင်သူမူလကပြောင်းရွှေ့ခံရသူတွေကို ၊သင့်တော်တဲ့လုပ်ငန်းမှာ၊ဦးစားပေးခန့်အပ်အလုပ်ပေးမယ်၊စည်းကမ်းမလိုက်နာခိုကပ်မဲ့သူ၊နောက်ရှက် မဲ့သူတွေကို၊တော့မစဉ်းစားနိုင်ပါ၊ ၄.၁၊ဧရာဝတီသတင်းစာတည်းချုပ်ဦးအောင်ဇော်ကစောင်းမြောင်းသွယ်ဝှိုက်ပြီး၊ခြိမ်း ၊ခြောက်တယ်၊အကြမ်းဖက်ဖို့လှုံ့ဆော်တယ်လို့ယူဆနိုင်တဲ့ဆောင်းပါးကို၊ ၊အနောက်နိုင်ငံသံရုံးဆီပို့ပြီးထင်မြင်ချက်ရယူမယ်၊ ၊အနောက်နိုင်ငံအစိုးရလက်အောက်ခံ […]


Mon LayApril 3, 20191min2670
 ပြည်တွင်းဘဏ်များအ ချင်းချင်းဆက်သွယ်ဆောင်ရွက် နိုင်မည့်မိုဘိုင်းဖုန်းသုံးငွေပေးချေ မှုစနစ် (Mobile Payment) ကို   ၂၀၂ဝ တွင်အပြီးသတ်ဆောင် ရွက်မည်ဟု ဗဟိုဘဏ် ညွှန်ကြား ရေးမှူးချုပ်ဒေါ်မြင့်မြင့်ကြည်က ပြောသည် ဟုကြားသိရပါတယ်။ အဆိုပါ ငွေပေးချေမှုစနစ်ကို ဂျပန်နိုင်ငံအကူအညီဖြင့်ဆောင် ရွက်ခြင်းဖြစ်ပြီး အပိုင်း (က) တွင် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ် ချင်းငွေလွှဲပြောင်းခြင်းတို့ ဖြစ် သည်။ ဒုတိယပိုင်းတွင် ပြည်တွင်း  ဘဏ်အချင်းချင်းငွေလွှဲပြောင်း  နိုင်ရန်ဖြစ်သည်ဟု ဆိုသည်။ #creditမြန်မြန်လေးပြောင်းစေချင်ပါတယ်။ ဘာလို့ဆို..တခါတလေ Aya bank ကနေ ကုန်သည်ဆီ ငွေလွှဲပေးချင်ပေမယ့် aya bank မှာငွေကမထည့်ရသေး တဲ့အပြင် ဖောက်သည်တွေကလည်း KBZ၊ Wave Money ပဲအသုံးများတော့ Aya bank ကိုသွားသွားပြီးငွေသွင်းထည့်နေရတာကိုက တဒုက္ခဖြစ်နေတတ်လို့ပါ။ ခုလိုဝမ်းသာစရာသတင်းလေးကြားမိတော့ ပျော်သွားတာပေါ့။ မြန်မာနိုင်ငံရဲ […]


Mon LayApril 1, 20192min34110
မြန်မာ့နှစ်သစ်ကူးသင်္ကြန်နဲ့ သမိုင်းကြောင်းကို ဒီခေတ်လူငယ်တွေသိစေဖို့ Active Car Rental Service ကနေ ပြောပြပေးချင်ပါတယ်။ သင်္ကြန်သမိုင်း —————— သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်း မရှိပါဘူး။ ဒါဟာ ဟိန္ဒူ ဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေဝနတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင် ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်း ခန္ဓာကိုယ် ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။ […]


ကုိ ထြဋ္April 1, 20191min56988
Vinaya Vidheya Rama (2019)သင်ကောင်းလျှင် ရာမ မဆိုးပါ… Ram Charan ရမ်ချရန် ရဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကမှ ထွက်ထားတဲ့ ကားသစ်ပါ… ညီအစ်ကို မောင်နှမ အချစ်နဲ့ အက်ရှင် ရောပြွန်းထားတဲ့ ကားလေးပါ… ထုံးစံအတိုင်း ရမ်ချရန်ချရင် ကြမ်းချက်က 9+++ ပဲ… ဇာတ်လမ်းလေးက ရှင်းပါတယ်… မိဘမဲ့ ကောင်လေး ၄ ယောက်မှာ ရရစားစား လုပ်နေရင်း လသားအရွယ်ကလေးတယောက်က သူတို့ဘဝထဲ ရောက်လာခဲ့တယ်… အဲကောင်လေးကပဲ နောက်ပိုင်း ညီအစ်ကိုတွေ ပြသနာတက်လိုက်တိုင်း ရောက်ရောက်လာပြီး ရှင်းပေးပါတယ်… ဘယ်အချိန်ကတည်းကလဲဆိုတော့ မူလတန်းအရွယ်လောက်ကတည်းကပေါ့… အဲကောင်လေးကတော့ ဘယ်သူဖြစ်မလဲဆိုတာ ပြောစရာမလိုပါဘူးနော်… ငယ်ငယ်လေးထဲက “ဇ” လေး နဲ့ ကောင်ကလေးက တခွန်းပဲ ထပ်ခါထပ်ခါ […]

Half-Girlfriend-600x338.jpg

ကုိ ထြဋ္March 29, 20192min48361
2017 ရုပ်ရှင်ကား အကြည်မထွက်ခင် ထွေလာကြည့်ပြီး ရေးထားတာ… မင်းသားက အာဂျွန်ကပူးမင်းသမီးက ရှာဒကပူးဇာတ်လမ်းက 3 Idiots နဲ့ 2 States ရေးသားသူဒါရိုက်တာက Aashiqui 2 ကို ရိုက်ကူးခဲ့သူထုတ်လုပ်သူက EK Villain ထုတ်လုပ်သူ ပထမဆုံး UN မှာ ပြခွင့်ရခဲ့တဲ့ ဘောလီးဝုဒ်ကား…စိတ်ဝင်စားစရာ အကြောင်းချင်းရာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေး၊ ကျောင်းတွေမှာ အမျိုးသမီးတွေ အတွက် အိမ်သာ အလုံအလောက်ရှိရေး… အကြိုက်ဆုံး သီချင်းကတော့ Phir Bhi Tumko Chaahunga(Still You Want) အာဂျစ်ဆင်း ဆိုထားတာ… အာဂျွန်ပြောတဲ့ အကြိုက်ဆုံး တော်ကီကတော့ –“နင့်ဘဝတခုလုံး ဒီကောင်မလေးအတွက် မြုပ်နှံထားမှာလား ???အုတ်ဂူထဲထိ ဒီအချစ်စိတ်တွေကို သယ်ဆောင်သွားမှာပါ…”“ဘယ်လောက်ဆိုးဆိုး ငါကတော့ ဆက်ချစ်နေမှာပါ…”ရှာဒ […]

wyne-600x597.jpg

ကုိ ထြဋ္March 28, 20191min6628
ကျွန်တော်သိခဲ့တဲ့ ကိုဝိုင်းက ပထမ မင်းသားအနေနဲ့ ရိုက်ဖူးတယ် မအောင်မြင်ခဲ့ဘူး… နောက် ဇာတ်ပို့ ဇာတ်ရံလုပ်တယ်… မဆိုးဘူး နောက် ပျောက်သွားတယ်… မှတ်မှတ်ရရ ညီအစ်ကို ၂ ယောက်မှာ သူက သားအရင်း ဆိုးတယ် ဖိုးထိုးတယ် ဖအေကို ၂လုံးပြူးနဲ့ ချိန်တဲ့ ကား… အဲမှာတောင် သူရိုက်တဲ့ ဇာတ်ရုပ် ပီပြင်လို့ သဘောကျခဲ့တယ်… နှစ်တွေတော်တော် ပျောက်ပြီး အချစ်ကားမိုက်မိုက်တွေကို စာသားအလန်းနဲ့ ပြန်တွေ့တယ် own creater နာမည်နဲ့ ပြန်ဝင်လာတယ်… လူမှားတယ် ထင်နေတာ… အဲခေတ်က ဆရာ တာရာမင်းဝေပြီးရင် တော်ကီမိုက်တာ ဆရာ မင်းခိုက်စိုးစန် ဆရာ နီကိုရဲ ဒါတွေက ဝတထုပဲ ဖတ်ရတာ ဇာတ်လမ်းကို ရုပ်နဲ့ ဒိုင်ယာလော့ တွဲပြီးဆို […]


ကုိ ထြဋ္March 28, 20191min4506
Hello! ကျွန်တော် ရေမြေ့သနင်းပါ… မတွေ့ရတာ တော်တော်ကြာပါပြီ… ပထမ လူတလုံးနဲ့တုန်းက တခါပျောက်သွားပြီး နောက် ရေမြေ့သနင်းနဲ့ ထပ်ပျောက်သွားခဲ့ပါတယ်… အလုပ်အခြေအနေပေါ်မူတည်ပြီး အချိန်ရ/မရ နဲ့ မဝင်ဖြစ်တာပါ… ပြီးတော့ ရေးစရာလဲ တကယ်မရှိလို့ပါ… ဒီကြားထဲ လှုပ်ရှားမှုအနေနဲ့တော့ Bollywood ချစ်သူများဆိုပြီး Join Group လေး ထောင်ပြီး ရုပ်ရှင် အကြောင်းလေး ဘာလေး ရေးလိုက်ပါသေးတယ်… ခုပြန်လာတာကတော့ ဇီဇီ နဲ့ သူကြီး ကောင်းမှုပါ… ဦးစွာ သူကြီးက Linedin မှာ လက်ခံလိုက်တော့ ပရိုဖိုင်းထဲမှာ mandalaygazette.net ဆိုတာ ပြန်တွေ့ပြီး လင့်ခ်ကို နှိပ်လိုက်တာ ဇီဇီ ပို့စ်ကို တန်းမြင်မိတော့တာပါပဲ… ဇီဇီက ခေါင်းစဉ်ပေး တော်တော် တော်တယ် ပြောရမယ်… ကျွန်တော် […]


KyaemonMarch 4, 201979min28672
၊ရှေ့ဆောင်းပါး#၈၂ရဲ့အဆက် ။ IFC ၊အိုင်အက်စီနဲ့အပေါင်းပါတို့ကမြစ်ဆုံရေကာတာဆက်မလုပ်ဖို့ရေးတာကို ၊ရှေ့ဆောင်းပါး#၈၂မှာချေပခဲ့ပါတယ်၊ ၊လျော်ကြေးတပြားမှထောက်ပံ့ကူညီ၊ချေးပေးမှာလဲမဟုတ်၊လျှာချောင်အာချောင်ကြတာ ၊သွားပုတ်လေလွင့်၊အဖျက်သဘော၊မကောင်းပြောနေကြတာပါ High risk. ဟိုင်ရစ်၊အန္တရာယ်ကြီးတယ်ဆိုပြီး၊”၊ဝါးချ”၊နေတာပါ< ၊ နားမလည်တဲ့လူတွေကိုရှုပ်ထွေးသွားအောင်၊အစွမ်းကုန်သိမ်းကြုံးပြီးဖြဲချောက်နေတာပါ၊ လူတွေတိုမြေငလျင်ကြီးတွေဖြစ်မယ်၊မြစ်ကောမယ်၊လယ်သမားငတ်မယ်၊ရေလမ်းပိတ်မယ်၊ ၊တံငါသယ်ငတ်မယ်၊စသဖြင့်၊၎င်းရဲ့အပေါင်းအသင်းတွေက”၊မုသားမုန်တိုင်း”,ကိုကြဲချပြီးပါပြီ၊ အတိုင်အဖောက်လို၊ဟိုင်ရစ်ဆိုပြီးအချောကိုင်အလဲထိုးလိုက်ရုံဘဲ၊ ၊မုသားပင်လယ်မှာရေကူးရင်း၊မုသားဒီရေတွေကတက်လာလို့၊လူသူတွေရဲ့လည်ပင်းတိုင်အောင်င်နစ်မွမ်းနေလောက်ပြီ၊ ၊နှပ်ချခံလိုက်ရမှန်းမသိလောက်အောင်၊အနာကနက်ရှိုင်းရင့်ကျက်နေတော့၊အဆိပ်ဖြေလို့မလွယ်ကူပါ၊၊ ဒါတွေကိုအသေးစိတ် ဂ ဃ ဏ န ၊ချေပပြီးပါပြီ(၊ရှေ့ဆောင်းပါးတွေကိုညွန်း)၊ ၊ဒါကြောင့်လဲIFC ၊အိုင်အက်စီကငလျင်ဟိုင်:ရစ်လား၊မြစ်ကောတဲ့ဟိုင်:ရစ်လား၊ ၊ရေကြီးရေလွှမ်းတဲ့ဟိုင်းရစ်လားဆိုတာကိုတိတိကျကျမရေးနိုင်တော့ပါ၊၊ ၊ အတိအကျချေပထားလို့၊ဒီလိုဝါးချနေရပြီ၊ သို့သော်အိုင်အက်စီကမဖြုံပါ၊ဘယ်ဟိုင်ရစ်အတန်းအစားဆိုတာကို ၊တိတိကျကျပြောဖို့မလိုဘူးလို့တွက်ဆထားတယ်၊ High risk ၊ဟိုင်းရစ်၂လုံးထဲနဲ့အရိပ်အခြည်ဝါးချရုံဘဲ၊ ၊အမှားတွေနဲ့နစ်မွမ်းပြီး၊အကြောက်လွန်နေတဲ့လူတွေက၊၊ငလျင်တို့ရေကြီးတာတို့ပြိုကျတာတို့နဲ့အလိုအလျောက်ဆက်စပ်ပါလိမ့်မယ်၊၊ဒေါကြီးမောကြီး ၊ဒေါသူပုန်ထလိမ့်မယ်၊အုံကြွအောင်လှုံ့ဆော်လို့ရမယ်၊၊ဝန်ကြီးဝန်ကလေးတွေကပြန်မလှန်နိုင်၊ကျောက်ဒူးတုန်ထွက်ပြေးဆုတ်ခွါရလိမ့်မယ်လို့၊တွက်ဆထားတယ်၊တော်တော်ကျယ်ဝန်းပြင်းထန်တဲ့.ဟိုင်ဒရိုဂျင်ဗုံး , High risk ၊ဟိုင်ရစ်စကား၂လုံးပါလို့တွက်ဆထားတယ်၊ဝန်ကြီးကအသာလေးခဏဘေးထိုင်ရတယ်၊ ၊ ၊အနာပေါ်ဒုတ်ကျဆိုသလို၊အကြောက်လွန်သူတွေကိုထပ်ချောက်လှန့်လိုက်တာပါဘဲ၊ ၊၊ဟိုင်ရစ်ကဘယ်လောက်ဂယက်ရိုက်တယ်ဆိုရင်၊ဘုန်းကြီးတပါးကဒီလိုမိန့်ဆိုလာတယ်၊ ၊ရေကာတာလုပ်ခွင့်ပြုရင်၊လူတွေကိုသေဒဏ်ပေးတာဘဲ၊ဆိုပြီးသတင်းမီဒီယာကိုမိန့်တယ် ၊ဥပမာ၊ဧရာဝတီကာကွယ်ကြဆိုပြီးထပ်တလဲလဲဖေ့ဘုက်မှာတင်တယ်၊ဦးထွန်းလွင်ကမြစ်ဆုံမှာ၊ရေကာတာနဲ့ကာပိတ်မယ်ဆိုရင်၊၊၊၊၊ဆိုပြီးလိုက်ဟောတုန်းဘဲ၊ ၊အမှန်မှာလျှပ်စစ်ဓာတ်အားထုတ်ယူဖို့ရေတွေကိုအသေပိတ်လို့မရပါ၊၊၊ဦးထွန်းလွင်က”၊ကာပိတ်”တယ်ပြောပြီး၊၊ရေကိုပြန်လွှတ်တာကိုမပြောဘဲချန်လှပ်ထားရင်၊ ၊ဒါကတော်တော်ဆိုးတာဘဲ၊နားမလည်တဲ့လူတွေကိုနှပ်ချနေတာလို့ ၊ယူဆရမှာဘဲ၊ ၊ရေတွေပြန်လွှတ်မှသာturbine၊တာဘိုင်တွေလည်ပြီး၊လျှပ်စစ်စွမ်းအားထွက်တယ်၊ ၊တောင်တန်းကမိုးရေ၊ရေခဲရေတွေမှ ၃%၊လောက်ကိုတဖြေးဖြေးစုစည်းရတယ်၊ ၁၀၀%ယူတာမဟုတ်ပါ၊ အမြင့်တခုကနေရေလွှတ်ချမှ. ၊တာဘိုင်တအားလည်ပြီး၊လျှပ်စစ်စွမ်းအား၊ တအားထွက်တယ်၊ ၊ပြီးတော့၊ရေတွေကခါတိုင်းလိုစီးဆင်းမြဲစီးဆင်းသွားတယ်၊ […]


manawphyulayMarch 4, 20193min13891
မေ့မရနိုင် ၃ နှစ်တိုင် လူ့လောကသို့ ရောက်ရှိခဲ့စဉ် ကလေးဘဝမှ နွေးထွေးချစ်ခင် အပိုစကားမဆို အပြုံးချိုချိုဖြင့်နှုတ်နည်းလွန်းတဲ့ ဖေဖေ အပြောဆို သိမ်မွေ့ မေတ္တာဖြင့် သိမ်းသွင်း လမ်းမှားသွေဖယ် အေးချမ်းစွာ ပြောဆိုတတ်တဲ့ ဖေဖေ ကြွေတစ်လှည့် ဝေတစ်လှည့် လောကဓံကြားမှာ မနားတမ်း ရုန်းကန်ရင်း သူ့ဘဝကိုခင်း နင်းစေခဲ့သူ … ဖေဖေ ကျနေတဲ့ ချွေးစက်တွေနဲ့ ရုန်းကန်ခဲ့တဲ့ နေ့ရက်များက ဖေဖေ့ ရဲ့ မေတ္တာတွေကို နိုင်းပြနေပေမယ့် ဖေဖေ ဟာသားသမီးတွေကို ချစ်တယ်လို့ထုတ် မပြောခဲ့ တာ အမှန်ပါ သမီးရေ…. ဖေဖေ စိတ်ချတယ်သမီး မြေးလေးပဲ ဂရုစိုက်ပါသမီးရယ်လို့ ရင်ထဲစကား ထုတ်ပြောခဲ့သည့် ဖေဖေ မပြေလည်မှုတွေ အခက်ခဲတွေ ရင်ဆိုင်ဖြေရှင်း အိမ်ဦးနတ်ရဲ့တန်ဖိုး အမျိုးမျိုး ပြောရင်း […]