padonmarJanuary 4, 20164min90129
၂၀၁၅ ဆိုတဲ့ ၃၆၅ ရက်ကိုတော့ ကျော်ဖြတ်ခဲ့ပါပြီ။ မသေသေးဘူးဆိုတော့ ဒီနှစ်ထဲ ကိုယ်ဘာတွေများ ဖြစ်ခဲ့သလဲ၊လုပ်မိခဲ့သလဲလို့ ဒီမှတ်တိုင်ကို ပြန်လှန်သုံးသပ်ခွင့်ရလိုက်ပြန်ပါပြီ။ ဒီနှစ်ကတော့ ဝါးခယ်မနှစ်၊ခရီးသွားနှစ်၊သင်္ဂဟမေတ္တာနှစ်၊ ရွှေခယ်ရတနာနှစ်၊FB နှစ် လို့ သတ်မှတ်ရမှာပါပဲ။ ရန်ကုန်ကို ၂၀၀ဝ ခုနှစ်ပြောင်းလာပြီး နောက်ပိုင်းနှစ်တွေမှာ တနှစ်ကို တခေါက်ပဲ ဝါးခယ်မ ပြန်ဖြစ်ရာကနေ ၂၀၁၅ မတ်လ ၂၈ မှာ ပြန်ဖြစ်တော့ လမ်းတွေ အလွန်ကောင်းနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် လာချင်ရင် အနီးလေး လို့ FB Note တစောင် ရေးလိုက်မိတာ နိမိတ်ဖတ်သလိုပဲ ဝါးခယ်မကို မကြာမကြာ ရောက်ဖြစ်တော့တာပါပဲ။ လူလည်းရောက် လူကိုယ်တိုင်မရောက်နိုင်ချိန် စိတ်နဲ့လက်(FB ပေါ်ကနေ)ရောက်ပါပဲ။ ဇွန်လဆန်း 7.6.2015 မှာ ရွှေခယ်ရတနာစာကြည့်တိုက်ဖွင့်ပွဲတက်၊ ဇူလိုင်လဆန်း 1.7.2015 […]


naywoon niJanuary 4, 20161min3049
ဟိုလိုလို ဒီလိုလို ကဗျာ ဟုတ်​ကဲ့ ဒီဟာက …… ဒီလိုပါခင်​ဗျ ။ မဟုတ်​ပါဘူး ဟိုဟာက​တော့ ဟိုလို​ပေါ့ဗျာ ။ တစ်​ဖက်​နဲ့ တစ်​ဖက် ဘယ်​သူ့ ဘယ်​သူကမှ အ​လျော့မ​ပေး အပြင်​းအထန်​ ငြင်​းခုန်​​နေကြ ကာလကလည်​း သတ်​မှတ်​ချိန်​​ရောက်​​ပေါ့ ။ အ​ဖြေက သ​ရေ ရလာဒ်​နဲ့ ​နောက်​တစ်​ကြိမ်​ ဆက်​လက်​ဆွေး​နွေးဖို့ဆုံးဖြတ်​ အ​ကြောင်​းအရာ​ကော အကျိုးတရားပါ ပြတ်​ပြတ်​သားသားမဖြစ်​ ဟိုလိုလို ဒီလိုလိုနဲ့ ဝါးတားတား ကဗျာတစ်​ပုဒ်​ဘဝ သား​လျောကျ​မွေးခဲ့ရ ​လေရဲ့ ။ ​နေဝန်​းနီ 11:00 PM 2015 Dec 28


”   လွပ်လပ်ရေး နေ့ အစစ် ကိုကြိုဆိုခြင်း ”   လွတ်လပ်ရေး ဆိုသဟာကို အခြားသူလက်မှ သွေး ချွေး  အသက် များစွာ ရင်းခဲ့ပြီး သကာလ ရယူခဲ့ကြ တာ ၁၉၄၈မှာပ။   လွတ်လပ်ရေး ခေတ်အလွန် ပါလီမန်ခေတ် ရောင်စုံသူပုန်ခေတ် ရန်ကုန်အစိုးရခေတ် ကမောက်ကမဖြစ်ချိန် ခေတ်ဟောင်းကိုတွန်းလှန် ခေတ်သစ်ကိုစီမံ အပြောင်းအလဲအဖြစ် တော်လှန်ရေးကောင်စီခေတ် စစ်အစိုးရ ခေတ်ကိုရောက်လာပြန်ပါတယ်။   မြန့်မာ့နည်းမြန်မာဟန် ဆိုရှယ်လစ် တစ်ပါတီခေတ်ရဲ့အသီးအပွင့် ခါးခါး အား ၂၆နှစ်တာ စားသုံးအပြီး မှာတော့ လူထုအားနဲ့ ဖွင့်လှစ် ရှစ်လေးလုံးဆိုတဲ့ ကဏ္ဍအသစ်အပြီးမှာ ငြိမ်ဝပ်ပိပြားရေးက တသွေးတမွေးဖြစ် အစိမ်းရောင်ကြီးစိုးသောခေတ် ဖြစ်လာပြန်ပါတယ်။   ရုန်းကန်ရင်း ငြင်းဆန်ရင်း   ိဖိနှိပ်ရင်း […]


“ မြင်အောင်ကြည့်ကြ ပါစို့”   ဟိုအရေး  ဒီအရေး စိတ်တွေ  လေးမနေပါနဲ့ ရိုးရိုးလေး  တွေးရင် အမှန်တွေ  မြင်လာပါမယ်။   ဟိုအကြောင်း  ဒီအကြောင်း စိတ်တွေ ညောင်း မနေပါနဲ့ ဖြည်းဖြည်းလေး စောင့်ရင် အမှန်တွေ မြင်လာပါမယ်။   ဟိုအပူ ဒီအပူ စိတ်ထဲကို ယူမထားပါနဲ့ အေးအေးလေး နေရင် အမှန်တွေ မြင်လာပါမယ်။   ဟိုလိုကြား ဒီလိုကြား စိတ်တွေ ဗျာမ များပါနဲ့ ရေးရေးလေးတွေးရင် အမှန်တွေ မြင်လာပါမယ်။   ဟိုလိုလူ ဒီလိုလူ စိတ်တွေ ပူမနေပါနဲ့ ………………………….. ………………………………. ……………………………….. ……………………………………. အမှန်တွေ မြင်လာပါမယ်။ အမှန်တွေမြင်လာပါမယ်။ အမှန်တွေ အမှန်တွေ အမှန်တွေ […]


ယခုလို နှစ်ဟောင်းကုန် နှစ်သစ်အခါသာမြ ကူးပြောင်းဂ ျိန် ပီးတော့ အနော့် မွေးနေ့နဲ့လဲ တိုက်ဆိုင်ခ ျိန်မှာ ရွာဓါးမိတ်ဆွေမြှားထံမှ ခြစ်ဖွယ်ပီယဝါစာများ မြှောက်စားခ ျီးမြှင့် ခံရလ ျင် အတိုင်းထက်အလွန် ဒဂွံနဲ့ကုတ်ကားပါပဲလို့……………


padonmarJanuary 1, 20161min3608
လူတယောက်တည်း ကားခြောက်စီးတရားတော် (ယောဆရာတော်ကြီး-ဓမ္မဗျူဟာ ဆုနှင်းပွဲ 31.10.2015) လူတယောက်တည်း ကားခြောက်စီးတရားတော် (ယောဆရာတော်ကြီး-ဓမ္မဗျူဟာ ဆုနှင်းပွဲ 31.10.2015) -မိမိခန္ဓာ ဆွေမျိုးပါ၊ ဥစ္စာ အတတ်များ၊ ဒုက္ခများစွာ ကိလေသာ၊ လူမှာရှိတဲ့ မော်တော်ကား။ -လူတယောက်တည်း ကားခြောက်စီး၊ ခရီးတွင်အောင် မောင်း၍သွား၊ လူတယောက်တည်း ကားခြောက်စီး၊ ခရီးတွင်အောင် စီး၍သွား၊ -မဂ်ပေါက်ဖိုလ်ပေါက် နိဗ္ဗာန်ရောက်၊ လမ်းဖောက်ထားတဲ့ မြတ်တရား။ -အရှိ၏အောက် အသိရောက် ၊ တိမ်းမှောက် လူက ရှုံး၍သွား။ ဒုက္ခများစွာ ကိလေသာ၊ လွှမ်းကာဖိ၍ ကားကြပ်သွား။ အရွယ်သာကြီး၊ခရီးမရောက်၊ လမ်းမပေါက် လန့်ကြောက်အားငယ်သွား။ -အသိ၏အောက် အရှိရောက်၊ ပြီးမြောက် လူကအောင်မြင်သွား။ -အဆိုးကို နိုင် အကောင်းပိုင်ကာ၊ အားဖြည့်ပါ၊ ချမ်းသာအေးမြ တိုးတက်သွား။ ကြီးလာသလောက် ခရီးရောက် […]


padonmarDecember 31, 20152min81019
ကျမနာမည်ပြောင်းမှ ဖြစ်မယ်……… Aye Aye Myint¡Friday, December 4, 2015172 Reads ဒီလောကကြီးမှာ အေးအေးမြင့်တွေ အတော်ပေါပါတယ်။(ပေါတောတော ဆိုတဲ့ ပေါတာမျိုး မဟုတ်ပါဘူးနော်။ ပေါများတယ် ဆိုတဲ့ ပေါခြင်းပါ။)ဧကန္တတော့ ဒီနာမည်ဟာ နာမည်ပေးတဲ့ မိဘတွေအတွက် အတော် စိတ်ချမ်းမြေ့စရာ နာမည်မျိုးမို့ တနင်္ဂနွေသမီး တော်တော်များများရဲ့နာမည်ကို အဲဒီခေတ်က ဒီနာမည်ပဲ ပေးလိုက်ကြတာ ဖြစ်မှာပဲ။(ကိုယ်လိုရာ ဆွဲတယ်ပြောချင်လည်း ပြောပေ့စေ) အမှန်တော့ ကျမ ငယ်ငယ်က အိမ်ကို ဆွမ်းခံကြွတဲ့ မုံရွာကျောင်းတိုက်က ဆရာတော် ဦးဇောတက အောင်မိမိ(သို့) အောင်မမ လို့ နာမည်ပေးခဲ့တာ။(အဲ့ဒီနာမည်နဲ့သာဆို အခု အတော်ခေတ်မီနေမှာ) ဒါပေမယ့် ကျမတို့ ညီအမများရဲ့ အမည်ကင်ပွန်းတပ် ဆရာကြီးက ကျမတို့ရဲ့ တဦးတည်းသော အကိုကြီးပါ။ အမေက […]


padonmarDecember 31, 20151min63715
ဒီဇင်ဘာဆိုတာ နိုင်ငံခြားရောက် သူငယ်ချင်းတွေ အပြန်များတဲ့လဆိုတော့ gathering တွေ လုပ်ရတဲ့ လပေါ့။ ဒီနှစ် ဒီဇင်ဘာ၂၄ မနက်စောစောမှာ သူငယ်ချင်းစောကြီးက မတ်စိပို့လာတယ်။ သိန်းဌေးတယောက် ရောက်နေပြီ၊ နင့်ကို သူ့ဆီ ဆက်သွယ်ပါပြောခိုင်းလို့ တဲ့။ သူ့Viber ကို ခေါ်တော့လည်း ပြန်မထူး၊ဖုန်းနံပါတ်ကလည်း မသိ။ မနက်၁ဝနာရီလောက်ကျတော့ ဖုန်း တကောလ် ဝင်လာတယ်။ ဟယ်လို ထူးလိုက်တော့ ကျနော့် အသံမမှတ်မိဘူးလားတဲ့။ ဒီအသံ နဲ့ သတင်းကြိုရထားတာနဲ့ ပေါင်းပြီး သိန်းဌေးမလားလို့ ရောချလိုက်တာပေါ့။ (ဒီကောင် သိန်းဌေးက 2nd MB ထဲက တဂရုထဲ တူတူတက်ခဲ့ရတော့ မောင်နှမတွေလိုပါပဲ။ မှတ်မိသေးတယ်။23.12.2003 LA မှာ သူမင်္ဂလာဆောင်တော့ Outside California ကလာတဲ့ ဧည့်သည် လက်ထောင်ပါဆိုပြီး […]


Silver TwigDecember 31, 20151min20010
တနှစ်ကူး ပြီမို့ အချစ်ဖူးတွေ ဝေ အပြစ် အထူး ရှိယင်လည်း ကျေ မချစ်ဘူး ဆိုလဲ နေပါစေ အသစ်ပြောင်းပြီးမို့ အညစ်အဟောင်းတွေ ချေ အနှစ်ကောင်းတွေ စေ စနစ်ဟောင်းလည်း ပြောင်းပါစေ အကောင်း အသစ် ထုဆစ် ပုံဖော် ဇမ္ဗူ ကျော်စော ညဏ်စဉ်ရော၍ မီလျှံနာကြီးတွေ ဖြစ်ပါစေ.


alinsettDecember 31, 20151min2156
E = End     နိဂုံးဆိုတာ နိဒါန်းရဲ့ အစ… လို့ ပြောရမလိုပါပဲ… နှစ်တစ်နှစ်ရဲ့ အဆုံးသတ်အချိန်ဟာ….နောင်နှစ်သစ်တစ်ခုအတွက် အစဆုံးသော အချိန်… .အေးလေ… ဒီနှစ်ရဲ့ နောက်ဆုံးအချိန် စက္ကန့်အပြီးမှာ ဟောဒီကမ္ဘာကြီးက ပျက်စီး အဆုံးသတ်သွားမှာမှ မဟုတ်တာ။ .နောက်နှစ်သစ်တစ်ခု ဖြစ်တဲ့ ၂၀၁၆ ခုနှစ်ကို ဖျတ်ခနဲ…ကူးပြောင်း ရောက်ရှိသွားမှာပဲ မဟုတ်လား။ ဒီတော့ ၂၀၁၅ ရဲ့ နိဂုံးဟာ…၂၀၁၆ ရဲ့ နိဒါန်းလည်း ဖြစ်ပါတယ်။ နှစ်သစ်မှာ… စိတ်သစ်လူသစ် အားအသစ်တွေနဲ့… ကောင်းကျိုးချမ်းသာ အဖြာဖြာကို သစ်လွင်တောက်ပစွာ ရယူပိုင်ဆိုင်နိုင်ကြပါစေ…လို့… မြန်မာပြည်သူား အာလုံးအတွက ဆန္ဒပြုလိုက်ပါတယ်။ နှစ်သစ်မှာ စိတ်လက်ချမ်းသာစွာနဲ့…လန်းဆန်းတက်ကြွစွာ ကောင်းကျိုးလိုရာ ပိုင်ဆိုင်မှုအသစ်တွေ ရနိုင်ဖို့ဆိုတာလည်း… အခွင့်အလမ်းက ရှိပါဦးမှ… တိုင်းပြည်တစ်ပြည်အတွင်းက ပြည်သူတွေအနေနဲ့ […]


အင်္ဂလိပ် ခုနှစ် သက္ကရာဇ် ၂၀၁၅ ကုန်ဆုံးတော့မည်။ သက္ကရာဇ် ၂၀၁၆ သည် မြချစ်သော ရွှေပြည်ကြီး၏ ကြီးမားသော အပြောင်းအလဲ တစ်ခု အတွက် အဆုံးသတ် တော့ မည်ဟု ဆိုရမည်လား။ အစပျိုး တော့မည် ဟု ဆိုရမည်လား။ ဆုံးဆုံး၊ စစ ဒီအတိုင်း ရေစုန်မျောသလို မဖြစ်ပါစေနှင့်။ ကောင်းသောအပြောင်းအလဲလေး ကိုတော့ ပေးပါဟု ဆုတောင်းပါသည်။ “ဆုတောင်း” ဟူသော စကားလုံး ကို ကြားလျှင် သူကြီးမင်းကတော့ လှောင်မည်။ ထို လှောင်မည့် သူကြီးမင်းအား ပုံ တစ်ပုံ ပြချင်၏။ ဆာဗာ Admin များ ပိတ်ရက်အတွင်း Holiday မသွားခင် ဆာဗာကြီးများ ကို ထိုင်ကန်တော့ နေကြပုံဖြစ်သည်။ {သူကြီးမင်း […]


အလုပ်နဲ့ပတ်သက်မိလို့ မရေးမိပေမယ့် ရေးလိုက်ပါဦးမယ်။ အရင်တုန်းက ဘာအလုပ်လည်းလို့ သူများမေးရင် ဂရတ်ဖစ်ဒီဇိုင်းလို့ပြောရင် အိကျီ င်္ ချုပ်တဲ့ဒီဇီုင်းလားပဲ မေးကြတယ်။   အမှန်တော့ ဂရတ်ဖစ်လို့ ပါတဲ့အတွက် ကွန်ပျူတာနဲ့ ကြော်ငြာတွေ ပရင့်ဒီဇိုင်းတွေ ဆွဲမယ်မှန်း တော်တော်များများ မသိခဲ့ကြဘူး။ ရွာထဲက ပြက္ခဒိန်အတွက် ဒီဇိုင်းဆွဲတုန်းကတော့ ပရင့်ပိုင်းပေါ့။ ပရင့်ပိုင်းဆိုပေမယ့် ကျတော့်အထင်က ဒီဇိုင်းလို့ မမြင်မိပါဘူး။ Layout လို့ခေါ်တဲ့ အစီအစဉ်တကျ ချပြတဲ့ ပုံစံတစ်ခုလို့ပဲ မြင်မိတာပါ။ ကာလာတွေ အရောင်တွေ သုံးထားတာတော့ တစ်ပိုင်းပေါ့။   လွန်ခဲ့တဲ့ နှစ်လလောက်က သူငယ်ချင်းတစ်ယောက်က အကူအညီ တစ်ခုလာတောင်းဖူးတယ်။ Ya Kun ကော်ဖီဆိုင်အတွက် Wallpaper တစ်ခု ဆွဲပေးဖို့ပါ။ ပထမ သူ့သူငယ်ချင်း ဒီဇိုင်နာတစ်ယောက်က ဆွဲပေးပေမယ့် […]


ဇီဇီDecember 28, 20153min37218
ဒီ တနင်္လာတော့ ဟင်းစပ်တွေ မရှာပဲ ဝက်ခေါက်ကင်ရမလားစဉ်းစားပြီး တင်လိုက်တယ်။ ရထားတဲ့ ၂ နည်းကို ဖက်စပ်ပြီး ကိုယ်တိုင်ကင်ပြီးမှ တင်တာမို့ စိတ်ချလက်ချ စားလို့ရတယ်လို့။ ဒီမှာတော့ Crispy Roasted Pork လို့ ခေါ်တယ်။ ရန်ကုန်မှာ အခေါက်ကင်လို့ခေါ်ပြီး မန်းလေး အခေါ်က နံကင်လို့ ခေါ်ပါတယ်။ ဟိ။  :mrgreenn:   နည်း ၂ နည်းကို အရင်ပြောရရင် …….. ပထမနည်းက မွဘုတ်က ပေးတာပါ။ သူ့ရဲ့ မလေးရှားက မြန်မာစာဖိုမှူးမိတ်ဆွေရဲ့ နည်းပါ။ သူလည်း လက်တွေ့ကင်ပြီးပါပြီ။ ပထမနည်း ဝက်သုံးထပ်သားဗိုက်သားကောင်းကောင်း ရှာဝယ်ပါ ။လေးငါးယောက်စာဆိုရင် အလျား တစ်ပေ၊အနံခြောက်လက်မ လောက်ဆိုရင်ရပြီ။ ပထမဆုံး ဝက်သားအပေါ်အောက်ကို အဝတ်ခြောက်နဲ့စိုထိုင်းမှူ့မရှိအောင်အရင်သုပ်ပါ ။ပြီးရင် ဗန်းထဲကိုရတေစ်ဝက်ကျော်ထည့်၊သံဇကာခံပြီး […]