မြစပဲရိုးDecember 27, 20152min3429
မြ အလည်သွားခဲ့သည်။ ကိန်းဘရစ်ချ် ဟု အမည်ခေါ်သောမြို့ သို့ ဖြစ်သည်။ ထိုနာမည် သည် မြတို့ ရွှေပြည်တွင်လည်း မစိမ်းလှ ဟု ဆိုပါမည်။ Duke of Cambridge သည် အင်္ဂလိပ်ပြည် မှ ဝီလျံမင်းသား ၏ title ဖြစ်၍ သူ၏ ကြင်ယာတော် မိန်းမ ကက်သရင်း(ကိတ်) သည် Duchess of Cambridge ဟု အမည်တွင်လေသည်။ သူတို့ နှစ်ယောက်၏ သားလေး နှင့် သမီးလေး တို့သည်လည်း Prince George of Cambridge နှင့် Princess Charlotte of Cambridge ဖြစ်လေတော့၏။ ထို ကမ္ဘ္ဘာကျော်အောင် လူချစ်လူခင်များသည့် မင်းဆွေ မင်းမျိုး […]


ဂ်စ္စူDecember 24, 20151min403419
Photo credit to original uploader လိပ်ကျွန်း လူသတ်မှု နှစ်ယောက်ကို ဒီနေ့ ၂၄ ရက်နေ့မှာသေဒဏ်ချလိုက်ပါပြီဗျာ အစိုးရတွေ အစိုးမရတွေ ကို့နိုင်ငံသားအပေါ် ဘာတွေ ကာကွယ်ပေးခဲ့သလဲ၊ တစ်နှစ်အချိန်ရတယ် အဲကာလရဲ့ ခင်ဗျားတို့ ကြိုးစားအားထုတ်မှုက သေဒဏ်လား ။ ဒါဆို လူကြီးမင်းတို့ ညံ့အိ။ ခင်များဒို့အစား ကျုပ်ရှက်ဒယ် ရိုင်းရိုင်းပြောရရင် စခွက်လု အိုစာမင်းစာမက ဆွေစဉ် ဆယ်ဆက် စားမကုန်သောက်မကုန်အောင် အိတ်ထဲထည့်ဖို့ပဲသိကြတာ ပြည်သူတွေ ဘွ လယ်တွေ ကျွဲတွေ နွားတွေ ရောင်း၊ မရှိချီးငှါးပြီး တပါသွား အလုပ်ထွက်လုပ်ကြနေရတာ ရွာတွေဆို အဖိုးကြီးအဖွားကြီးပဲ ကျန်တော့တယ် အလှူအတန်းတွေ ဆို ကွန်းတောင်ပန်းတောင် ကိုင်မဲ့လူတောင်မရှိ၊ သူတို့ကို မမြင်ရတော့ ကျုပ်စိတ်မကောင်း ။ အတော်များများ […]


ဒီတစ်ခေါက် ပုဂံသွားတာ အလုပ်နဲ့ဆိုတော့ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပြန်ဘူး။ အရင်တစ်ခေါက်ကလည်း ဘုရားဖူးကားနဲ့မို့ ရောက်ပြန်တွေချည်းပါပဲ။ ပုဂံမှာ ခြောက်ရက်ကြာတယ် ငါးရက်ကတော့ မြင်းပြိုင်ပွဲကွင်းအလယ်မှာပဲ အချိန်ကုန်ခဲ့တယ်။ တစ်ရက်တော့ ရှိတဲ့အချိန်လေး E Bike စီးပြီးလည်တော့။ E Bike ဟာ ကိုယ်လိုချင်တဲ့နေရာ သွားလို့ တော်တော်အဆင်ပြေမှန်းသိခဲ့တယ်။ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပေမယ့် အခုတည်းခဲ့တဲ့ ဟိုတယ်လ်ဈေးရယ် E Bike ရယ် သေချာသိပြီမို့ နောက်တစ်ခေါက် နှံ့နှံ့စပ်စပ် လည်မို့ သေချာ ဆုံးဖြတ်ခဲ့တယ်။   ဒီတစ်ခေါက် လောကနန္ဒာဘုရားကို အေးဆေးရောက်ခဲ့တာမို့ ဓာတ်ပုံလေးတွေ ရလာခဲ့တယ်။


ဂ်စ္စူDecember 23, 20151min3717
ကျနော် တယုတယနဲ့ ပေါင်းသင် ရေလောင်း စိုက်ပျိုးခဲ့တဲ့ ချစ်စရာ့ ပန်းလေးတွေပါ ဒါတောင် သပြေပန်း တစ်ပုံကျန်ခဲ့တယ် ဘေကုန်ပြီဆိုလို့ ရင်နာနာနဲ့ချန်ခဲ့ရတယ်ဗျာ


ပိုလီအကွက်တွေ ထိုးချင်လွန်းလို ့ပိုက်ဆံစုနေတာ သွားထိုးတာ ကိုသုဆီမှာပေါ့ အရင်က ပုံတွေလည်း ကိုသုဆီမှာပဲထိုးခဲ့တာဆိုတော့။ ဒီတစ်ခါထိုးတော့ နှစ်ခါခွဲထိုးလိုက်ရတယ်။ နောက်ဆုံးတစ်ခေါက် အီစလံဝေနေတာပဲ။ နာတာမှ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဟိဟိ  


မြစပဲရိုးDecember 22, 20152min30415
ဒီနေ့ သတင်း နှစ်ပုဒ် ဖတ်အပြီး ခေါင်းထဲ အတွက်အချက် တွေနဲ့ ရှုပ်သွားမိတဲ့ အကြောင်းလေးပါ။ ပထမ သတင်းက Miss Philippines ဟု ပြောရမဲ့အစား Miss Colombia လို့ မယ်စကြာင်္ဝဠာ အမည်ကို မှား ကြေညာ မိသော သတင်း။ ဒီလောက် ရှင်းရှင်း ရေးထားတာ ကို မှားရ သလားဟု ထူးဆန်းသည်ဟု ထင်ပါက လဲ ထူးဆန်းသပေါ့။ လူဘဲဟယ်၊ အမှားကင်းပါ့မလား ဟု မထူးဆန်းပါ ဟု ထင်ပါကလဲ မထူးဆန်းပေါ့။ Miss Universe: Miss Colombia mistakenly crowned as winner –  21 December 2015  From the […]


ဂ်စ္စူDecember 20, 20151min26912
မထင်မှတ်ပဲ တနင်္လာနံနဲ့ စတဲ့ တိရာစ္ဆာန် ငါးမျိုုး ရိုက်မိရက်သားဖြစ်သွားတယ် လေးမျိုးတော့ အလွယ်တွေ့ပါလိမ့်မယ်.. တသ်မျိုးကတော့ .. ကြုံတောင့် ကြုံခဲ လို့ ဆိုမလားပဲ.. မရည်ရွယ်ပါဘူး.. စကား မစပ် တ စပ် ရွာထဲ.. သရဲ အတော်ခြောက်တယ်နော


ဂ်စ္စူDecember 19, 20151min28910
အမတ်တွေ ပင်စင် လခ ပေးမဲ့အစား အဲဒီပိုက်ဆံတွေကို မီးမရှိတဲ့ရွာတွေ ဆေးရုံတွေ ကို တစ်လတစ်ခါလောက်စီပဲ ဖြစ်ဖြစ် မီးချောင်းတစ်ချောင်း ဖြစ်ဖြစ် ၊ ဓာတ်တိုင် ဓာတ်ကြိုးတစ်ချောင်းပဲ ဖြစ်ဖြစ်ပါ လူစည်ကားရာတွေမှာ အမှိုက်ပုံးတွေချပေးတာပဲ ဖြစ်ဖြစ်ပါ၊ ပေါက်ပြဲနေတဲ့ ကားလမ်း တစ်ပေါက် ဖာထေးပေးလိုက်တာပဲ ဖြစ်ဖြစ်ပါ တစ်ကဲ့ လိုအပ်နေတဲ့အရာတွေ နေရာတွေမှာ အစားထိုးသုံးလိုက်ရင် မကောင်းဘူးလားဗျာ အမတ်တွေလဲ နိုင်ငံအကျိုးတွက် အမတ်လုပ်ကြတာ ပင်စင်လဲ မတ်ကြမယ် မထင်ပါဘူး အမတ်ထွက်ရင်လဲ ကိုယ့်စွမ်းကိုယ်စနဲ့ ရှာမစားနိုင်တဲ့လူတွေလဲ မပါလောက်ပါဘူး ဂယ်ကြီး ပင်စင်တော့ မပေးလောက်ဘူးထင်တာပဲ ဟုတ်တယ်မလား ဟင်င် ဘောလုံး နှစ်ပွဲ ကြေးတူတူဖွင့်ထားရင် အသင်းကြီး လူသာပြီး အမှတ်လိုတဲ့ ပွဲက အသင်းကို ရွေး လောင်းရသလိုပေါ့ အဲသလိုပဲ… […]


alinsettDecember 19, 20151min42714
                              ရန်ကုန်မြို့လယ် ၄၃လမ်း(အလယ်)ထဲကနေ…ကျနော် နေ့တိုင်း ဖြတ်လျှောက်ပါတယ်။ အမေစုကိုယ်တိုင် ဦးစီးဦးဆောင်လုပ်လိုက်တဲ့ ”အမှိုက်ကောက်ပွဲတော်”ကျင်းပအပြီး နောက်နေ့ကျတော့…. အရင်တုန်းက ဘာစာမှ ကပ်မထားတဲ့  အဲ့ဒီလမ်း နံရံထက်မှာ … ဗီနိုင်းထုတ်ပြီး ကပ်ထားတဲ့ စာတန်းတွေ….ခပ်စိပ်စိပ်လေး တွေ့လိုက်ရတယ်။ အမှိုက်ကောက်ပွဲတော်ကို နေ့စဉ်….အချိန်နဲ့အမျှ ဆင်နွှဲချင်သေးတယ်ဆိုတဲ့ သဘောလားမသိ…။ အမှိုက်ဆိုတာ ကောက်သင့် / ရှင်းသင့်တယ်လို့… တွေးမိစေတဲ့ သတိပေးချက်မျိုး …စာကပ်ပြီး နှိုးဆော်တာ ကောင်းပါတယ်။ ဒါပေမဲ့ နောက်တစ်နည်းတွေးလို့ရတာက…. အခုချိန်ထိ…. အဲ့ဒီလို စာကပ်ပြီး အမှိုက်မပစ်ရလို့… ပြောနေရသေးတယ်ဆိုကတည်းက….အခုချိန်ထိ အမှိုက်တွေ စည်းကမ်းမဲ့စွာ […]


kotun winlattDecember 18, 20151min23710
ဗေဒင်နှင့် ကျနော် @@@@@@@@ ဆောင်းနံနက်ခင်းသည် နှင်းမှုန်တို့ဖြင့် ဝေဝါးလျှက် ….. ချမ်းအေးသည့်ဒဏ်ကို အံတုရင်ဆိုင်ကာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားသူများဖြင့် နံနက်မလင်းမီကတည်းက သက်ဝင်လှုပ်ရှားနေသည့် နေရာလေးတစ်ခု …. မေးသံ ဖြေသံ ကြွက်ကြွက်ညံနေသည့် နေရာလေး …. ရောင်းချသူ ဝယ်ယူသူများဖြင့် စည်ကားနေသည့် နေရာလေး … အချို့နေရာများတွင်းကား မိုးမလင်းဈေးဟု ခေါ်ဆိုကြ … အချို့နေရာများတွင်ကား မီးခွက်ဟု အမည်တပ်ကြ … ဒီဒေသမှ ဈေးလေးကတော့ မိုးမလင်းဈေး မီးခွက်ဈေးထက် ကျော်လွန်ကာ နံနက်ခင်းဈေးဟု ခေါ်ဆိုရလေမည်လား မပြောတတ်ချေ။ ဒေသထွက်ကုန်များ၊ အထည်အလိပ်များ၊ အသီးအရွက် အသားငါး အစုံအလင် ရောင်းချကြ ဝယ်ယူကြနှင့် ….. နံနက်ခင်းတိုင်း စည်စည်ကားကားနှင့် သက်ဝင်လှုပ်ရှားနေကျ ဈေးကလေး …….. ဈေးကလေး၏ […]


ေမာင္ရိုးDecember 18, 20151min24410
~~ တစ်​ခါကနှင်​့ သဲထိတ်​ရင်​ဖို ~~   တစ်​ခါကဖြစ်​ပါသည်​ ။ ​မောင်​ဆာမိငယ်​စဉ်​က ဂီတဝါသနာပါခဲ့ဖူးသည်​ ။ ဟို​အော်​ ဒီ​အော်​ အသံ​ကြောင်​ဖြင်​့ ဂစ်​တာတစ်​လုံးအ​ဖော်​ပြုလျှက်​ ရပ်​ကွက်​ထဲ ညစဉ်​နှိတ်​စက်​ခဲ့ဖူးသည်​ ။ ဒင်​ဒင်​ ​ဒေါင်​​ဒေါင်​ဟူ​သော ဂစ်​တာ​ခေါက်​သံကြားရသည်​နှင်​့ အပျို​လေးများမှအစ ၊ အပျိုကြီးအဆုံး အားလုံးတံခါးများပိတ်​ခြင်​းဖြင်​့ ဩဘာ​ပေးကြ​လေသည်​ ။ ​မောင်​ဆာမိကား .. စိတ်​ဓတ်​မကျပါ ။ ​အောက်​ပါသီချင်​းအား အသံ​ကြောင်​ဖြင်​့ဟစ်​​ကြွေးလျှက်​ပင်​ အပြုံးမပျက်​ ….။ “” ~~  အချစ်​ ရှိရင်​ မီး​လေးဖွင်​့ကာ … လက်​ပြစမ်​းပါဗျိုးးးးး ~~~ အချစ်​ရှိရင်​ .. တံခါး​လေးဖွင်​့ကာ လက်​ပြစမ်​းပါဗျိုးးးး … ~~~ ~~~ အချစ်​နဲ့ကျ​နော်​ .. ရီးစားမဖြစ်​ခင်​ .. ရင်​းနှီးထားချင်​လို့ ~~~ […]


kotun winlattDecember 17, 20151min3007
စက်တင်ဘာလကုန်ရက်၏ နံနက်ခင်းသည် နှင်းမှုန်များဖြင့် မှုန်မှိုင်းနေလေသည်။ မိုးကုန်ခြင်း၏ အရိပ်လက္ခဏာပေလော ….။ မိမိနေထိုင်ရာနေရာမှ အရှေ့ဘက်သို့ မျှော်ကြည့်လေသောအခါ ကုက္ကိုပင်အိုခြောက်ကြီး၏ ပတ်လည်တွင် နှင်းမှုန်ဆိုင်းကာ အုံ့ဆိုင်းနေတော့သည်။ မြောက်ဘက်အရပ်ရှိ သမဝါယမဆန်စက်ကြီး၏ မီးခိုးခေါင်းတိုင်တစ်ဝိုက်တွင်လည်း နှင်းမှုန်များ ဝန်ရံလျှက်ရှိနေ၏။ အတွေးထဲမှ “ဪ … တစ်ဆောင်းသစ်ပြန်ရောမယ် …..” ဟု ရေရွတ်နေမိသည်။ ဆောင်းရာသီ၏ ဇာတ်လိုက်ကျော် နှင်းမှုန်များအား ငေးကြည့်ရင်း အတွေးစိတ်တို့ကား အဝေးတစ်နေရာသို့ တလွင့်လွင့်သာ မျှောပါကုန်ကြလေတော့သည်။ အရင်က ဒီလိုဆောင်းရာသီရက် ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမှုန်များ သိုင်းခြုံလျှက်ရှိသည့် ကာလမျိုးများတွင် ကျနော်ကျင်လည်ခဲ့ရသည့် ဘဝနေ့ရက်များကား လွမ်းစရာ သတိရစရာ တမ်းတစရာအများပင် …. ကျနော် ခဏခဏရေးဘူးသကဲ့သို့ လူဆိုသည်မှာ မှတ်မိချင်စရာ သတိရချင်စရာကောင်းသည့် ဘဝအစိတ်အပိုင်းများကိုသာ ပြန်လည်သတိရတမ်းတတတ်ကြသည် မဟုတ်ပါလား။ ဒီလို […]