ဇီဇီDecember 15, 20158min63719
“Obsessive-Compulsive Disorder (OCD)” ဒီ အသုံးအနှုန်းကို စ သိတာ တီချယ်ကြီး ဆီမှာပါ။ ဒါပေမဲ့ အဲဒီတုန်းက နားမလည် သဘောမပေါက်တာမို့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပဲ။ မင်းသားကြီးဆီ မှာ အလုပ်ဝင်တော့ HR က ဖီလစ်ပီနို။ သူ အလုပ်လုပ်တာ အရမ်းစံနစ်ကျတယ်။ စားပွဲထားပုံ သိုပုံက အစ စံနစ်ကျလွန်းပြီး သူများတွေက အဲဒီ အတိုင်းမဖြစ်ရင် သူ့မှာ အတော် စိတ်အနှောက်အရှက်ဖြစ်ပြီး တစ်ဗျစ်တောက်တောက်ရယ်။ ခင်ဇော် နဲ့ တွေ့ပလေ။ ရှင်းချင်ရင်လည်း ရှင်းလင်းနေပြီး ရှုပ်နေရင်လည်း ဘာမှ မဖြစ်တဲ့ အမျိုးး.. :mrgreenn: ဘာ မဆို Easy-Going တို့၊ Carrying-On တို့ နဲ့ ဖြစ်သလိုပဲ အလုပ်ပြီး ရင် ပြီးတာပဲ […]


Shwe EiDecember 12, 20151min54513
နာမည်ကြီး ယန္တယား ကုမ္ပဏီ ကြီးတစ်ခုရဲ့ အငယ်ဆုံး အဝယ်တော်စာရေး ဘဝ ရောက်လာဖို့က လွယ်မယောင်နဲ့ ခက်သည်။ အလုပ်ရတာက အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအောင်လို့…တက်နေတဲ့ ကျောင်းကို ပစ်ထားခဲ့ပြီး ကျွန်မ သဘောနဲ့ကျွန်မ ရန်ကုန်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကျွန်မအိမ်က မိသားစုကိုတောင် အသိပေးတဲ့ သဘောမျိုး ထုတ်ပြောခဲ့ခြင်းဖြစ်ပြီး… ပြောပုံက..အမေရေ..သမီးရန်ကုန်မှာ အလုပ်လုပ် မှာမို့ ကျောင်းမှာ ထွက်စာတင်ခဲ့ပြီ ဆိုတာမျိုး။ အမေကတော့ ကို့သမီး ဘွဲ့လွန် ပထမနှစ် တက်နေတဲ့ ကျောင်းသူဟာ ဆုံးဖြတ်ချက်မမှားနိုင်ဘူး ဆိုတဲ့ အတွေးမျိုးနဲ့ လက်ခံပေးလိုက်တာဖြစ်နိုင်သည်။ မဟုတ်ရင်လဲ တခြားတစ်ခုခုဖြစ်နိုင်သည်..ဘာဘဲဖြစ်ဖြစ် .. ယုံကြည်ပေးလို့ ကျေးဇူးတင်၏။ အတွေ့အကြုံမရှိသော အလုပ်သင် ဘဝသည် ပျော်စရာ အတိ။ သင်ပေးမဲ့ အကို အမတွေ […]


ဂ်စ္စူDecember 12, 20151min39517
အမှိုက် ကောက်တယ်ဆိုလဲ ပီပီပြင်ပြင် ကောက်ကြဗျာ ရှုတင် ဗွီဒီယို ရိုက်တယ်ဆိုလဲ ပီပီပြင်ပြင် ရိုက်ကြဗျာ ခများတို့က မသိရင် အမှိုက်ကောက်တဲ့ ရုပ်ရှင်ရိုက်နေသလို စောက်ပဲ ကြီး ပဲလေးနဲ့ ပို့စ် ပေးမနေနဲ့ ဒါ… အမှိုက်ကောက်တဲ့ နာရီပိုင်း ဇာတ်ဝင်ခန်းရိုက်နေတာမဟုတ်ဘူး သေတဲ့ထိ ရိုက်သွားရမဲ့ တစ်ဘဝစ ာ ဇာတ်ဝင်ခန်းဗျ စိတ်ရင်းမပါရင် အိပ်နေ သူများယောင်တိုင်း လိုက်မယောင်လို့ ဘသူမှဘာမှမပြောဘူး ဘယ်နှယ်ဗျာ အမှိုက်ကောက်ပါတယ်ဆို.. မြေမထိ ရေမထိ တို့စိစိလုပ်နေတယ် အီးလိုပဲ.. အပေါ်ယံဖောရှောတွေ ရေလည် အားကြီးစောက်မြင်ကတ်တယ် ခွီး..ခွီး..ဂီး..။


မြစပဲရိုးDecember 12, 20151min2209
တကယ်ဘဲ စိတ်ဆိုးလို့ ရွာထဲ မလာတော့တာ မဟုတ်ဘူး မဟုတ်လား။ ဟုတ်ခဲ့ရင် Sorry  ပါ ဇီဇီ နဲ့ ကလေး တို့။ ပြန်လာကြပါ။ ဆက်ပြီး စိတ်ဆိုးအောင် လုပ်ချင်လို့။ မဟုတ်ရင် ဘူတွေ ကို လုပ်ရပါ့။ 🙄  😉  :-))) ချစ်သော လွမ်းသော အရီး  


မြစပဲရိုးDecember 12, 20151min51910
မြ တစ်ယောက် ရောဂါ တစ်ခု ထ နေသည် ဟု ဆိုရမည်။ ချစ်သော တူမတော် ဇီကလေး လို ရှားလော့ဟုမ်း စင်ဒရုမ်း နဲ့ ဆင်တူသော စတော့ဟုမ်း စင်ဒရုမ်း ဖြစ်နိုင်သည် မှန်း၏။ ကိုယ့်ကိုဓားစားခံလုပ်ကာ ပြန်ပေးဆွဲ ဒုက္ခပေးသူကို သွားပြီး သနားကြင်နာ စာနာ ထောက်ထား မိသော စိတ်ဖြစ်သည်။ ထို အကြောင်းကို အစွဲပြုပြီး ရိုက်ထားသော ရုပ်ရှင်ကား များလဲ ရှေးပဝေသဏီ မှစလို့ ဒီနေ့ခေတ်ထိပင် မရိုးနိုင်အောင် ရိုက်ကြသည်။ ထိုရုပ်ရှင်များ တွင် မင်းသားများ သည် ပြန်ပေးဆွဲသမားများ ဖြစ်သည်။ သို့ရာတွင် ရုပ်ကြမ်းကြီး များ မဟုတ်။ ရုပ်ရည်ပြေပြစ်သော ပြန်ပေးသမား များ ဖြစ်သည်။ အဆုံးသတ်တွင် ပြန်ပေးဆွဲခံရသော […]


alinsettDecember 11, 20152min45727
    သို့ သဂျီးမင်း— ကျနော် သတိရခြင်း များစွာဖြင့် စာရေးလိုက်ပါသည်၊၊     သဂျီးမင်း ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုတောင်းလိုက်ပါသည်၊၊ အို — စကားပြေနဲ့ ရေးရတာ ရှုပ်ပါတယ်၊ စကားပြောနဲ့ပဲ ချမယ်၊၊ ကိုင်းးးး   ဗျို့ သဂျီးးးး ကျနော် နေတဲ့ မြေနီကုန်းလမ်းဆုံနားမှာ— ဒီနေ့ ထူးဆန်းတာလေး တွေ့ခဲ့သဗျ— ဘာတုန်း ဆိုတော့— ကောင်မလေးချောချော လှလှလေးတွေဗျ— www.azmtv.com မှာ သတင်းကြေငြာတဲ့ အစ်မကြီးထက် အဆတစ်ရာ ပိုလှသဗျာ ကိုင်းးးး မှတ်ကရော—   -အိုက်လို အချောအလှ ကောင်မလေးတွေ -တွေ့တာ ဆန်းသလားးးလို့ မေးမလို့လား— ဒီအထိတော့ ဆန်းသေးဘူးဗျ— ဆန်းတာက ဘာတုန်းဆိုတော့ အဲ့ […]


အောင် မိုးသူDecember 10, 20151min1586
တစ်ရက်က မြေပဒေသာကျွန်းကနေ အပင်လေး နှစ်ပင်ဝယ်ခဲ့တယ်။ နွယ်လို အနွယ်လေးတွေ ကျနေတဲ့အပင်လေးတွေပါ။ ကျတော်အရင်က စိုက်ဖူးခဲ့တဲ့ အပင်လေးတွေလိုပါပဲ ကျတော်ကြားဖူးတာက သံယောဇဉ်ပင်လို့ခေါ်ပါတယ်။ သူက အရွက်ပုံစံအမျိုးမျိုးရှိပါတယ်။ အသည်းပုံလိုအရွက်ပုံစံလည်းရှိသလို ခပ်ထူထူ လှလှလေးလည်းရှိတယ်။ အခု ကျတော်ဝယ်ခဲ့တဲ့အပင်က အသည်းရှိတ်ပုံစံလေးရယ် ခပ်ထူထူအရွက် အပင်လေးရယ် ဝယ်လာခဲ့တယ်။ အသည်းပုံစံအပင်ကတော့ အပွင့်နီနီလေးတွေ သေးသေးလေးတွေပွင့်တယ်တဲ့။ အရွက်ထူထူအပင်ကတော့ အပွင့်နီနီ ခေါင်းလောင်းလို ခပ်ကြီးကြီးပွင့်တယ်တဲ့။ အခုတော့ ခေါင်းလောင်းလိုပွင့်တဲ့ အပင်က အဖူးထွက်လာပြီ။ သိတဲ့သူများ အပင်နာမည်လေး ဘာလေး အလင်းပြပါဦးဗျာ။   လေးစားစွာဖြင့် အောင်မိုးသူ  


မြစပဲရိုးDecember 8, 20151min21313
ဒီမိုကရေစီ ဆိုတာ ကျင့်သုံးရတဲ့ စနစ် ပါ။ လူညီရင်တော့ ပေးမှ ယူမှရယ် မဟုတ် ကျင့်သုံးနိုင်တာပါဘဲ။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ လက်ချောင်းများလို လူမညီ ချိန် မှာ ဒီမိုကရေစီစနစ် ကို ကျင့်သုံးနိုင်ဖို့ စည်းကမ်း၊ နည်းလမ်း၊ ဥပဒေများ လိုလာပါတယ်။ အဲဒီ အတွက် လုပ်ပိုင်ခွင့် ပါဝါ အာဏာ လိုပါတယ်။ အဲဒီ ပါဝါ အာဏာ ကို ရဖို့ လွှဲပေးဖို့ အရင်ဆုံး လိုနေတာပါ။ အဲဒီ ပါဝါ အာဏာ ကို ရလာပြီ ဆိုရင်တော့ ဒီမိုကရေစီ ဆိုတာ ကျွန်မတို့ အားလုံး ရဲ့ လက်ထဲ မှာပါ။ ဘယ်သူ့ ဆီက မှ […]


လာမယ့် ၁၃ရက်နေ့ညကစပြီး ပုဂံမှာ ကျင်းပမယ့် မြင်းပြိုင်ပွဲအထွက် ရက်ရှည်ခရီးထွက်ရမယ်။ အလုပ်တွေပြီးလို့ နောက်ရက်တော့ လည်မယ်ပေါ့။ ပုဂံမြေက ကောင်းတယ်ဆိုတဲ့ အစားအသောက် နေရာ အမှတ်တရပစ္စည်းလေးတွေ သိတဲ့သူများ ပြေပြပေးဖို့ အကူအညီတောင်းပါရစေ။   လေးစားစွာဖြင့် အောင်မိုးသူ


ကာရံDecember 7, 20151min1442
အတ္တမိုးတိမ် ဖြူ ချင်လျှက်နဲ့မဲ ငိုပြန်တော့လည်းသည်း အုံ့စိုင်းတဲ့ ထက်ကောင်းကင် မုန်းဟန်ပြင် ရွာနေစဲ မျှောင်လင့်ချက် မြူ တစ်မှုံ အို သူသူတို့ မသိချေဘူး ချစ်မိသူရင်မှာတော့ လွမ်းလို့သာရူး ကြင်သူကအဝေး တိမ်တိုက်လေးအပြေးမှာ ချစ်မိုးလည်းအေး မေရယ် ဖြူ ပါလျှက်ကယ်နဲ့ မိုးသားလိုမဲပြန်တော့ ဝေးရဦးမယ်ပေါ့ တိမ်အကွယ် မေရယ်နေပုံက ကိုယ့်ရင်ကိုအေးမြဖူးတယ် မာနကင်းလို့ သူဖြူ ပြီပေါ့ ကိုယ်သိပ်ချစ်တာ သိတယ်ထင်ပ ခုတော့ အတ္တမိုးတိမ်လည်း ဖြူ ခဲ့ပါပြီ ကာရံ ၁၉ ့၁၁ ့၂၀၁၅


မြစပဲရိုးDecember 7, 20151min33519
မနေ့ က အာဇာနည် ကုန်းမှာ လုပ် တဲ့ အညတရစစ်သည်များ လို့ ဆိုထားတာ ရယ်၊ အဲဒါကို ဦးစီး ဦးဆောင် လုပ်သူများ ရယ် (တစ်ခြားသော မြေးတော်) ပေါင်းပြီး ချ တွက် ကြည့်လိုက်တော့  …… ကိုယ့်နည်း ကိုယ့်ဟန် ခြေထိုးအက က နေတာ တောင် အားမရ ဒေါ်အောင်ဆန်းစုကြည် က ပန်းခြင်းမပို့ လို့ အပြစ်တင်တဲ့ messgae  ကို မမြင်ချင်လဲ မြင်လိုက်ရတာ စိတ်ပျက် တယ်။ တကဲ့ စေတနာ မပါတဲ့ ဟန်ပြ လုပ်ရပ် တွေ နဲ့ အောက်တန်းစား စိတ်ဓာတ် တွေ က တိုင်းပြည် ထူထောင်တာ မှာ ခလုတ်ကန်သင်း […]


ဂ်စ္စူDecember 7, 20151min34811
မောင်ညမဂေးတို့ရေ တစ်ချိန်က ဂေးဇက်ဟူသော ရွာတစ်ရွာမယ် အူးဗိုက်ဟူသော ငမူးဟာ ဘီအီးမူး၊ ပလပ်ကျွတ်တိုင်း ရွာသဂျီးအပါဝင် တစ်ရွားလုံးအိပ်မောကျနေချိန်တွေကို အခွင့်ကောင်းယူ ပြီး သူ အနှစ်နှစ် အလ လ သိုလှောင်ခဲ့သော အီအီးဖြင့် လိုက်လိုက်တို့သတဲ့ကွယ် ဘလောက်တောင် အီးလိုက်တို့ခဲ့သလဲဆိုရင် ခလေး လူကြီး ဘုန်းကြီး ဖုန်းလေး.. ဟုတ်ပါဘူး… ဆရာလေး ကျောင်းသား..ကျောင်းသမီး အိုး.. အတော်စုံအောင် သူ့အီအီးနဲ့ မလွတ်သလောက်ကိုပဲတဲ့ကွယ် တစ်ရွာလုံး နီးပါး ကို အီအီးသုတ်နိုင်အောင်လဲ အရင်ဘွက အီအီးပါရမီ ဖြည့်ဖူးသလားအောင့်မေ့ရအောင်ကိုဘဲ အီးအင်အားတောင့် ၊အီးထွက်ကောင်းတယ်ဆိုပဲ ပေါ့ကွယ် အီအီးသုတ်တာ ငြိုငြင်တဲ့လူတွေကိုလဲ အီးဗုံးကျဲ အီးမုန်တိုင်းဆင် ပြီး မခံနိုင်အောင် အီးပညာ ထုတ်သုံးလိုက်ရင် အီးမွှန်ပြီးသေတဲ့လူတွေတောင် စိသတဲ့ပေါ့ကွယ် ရွာသဂျီး အူးအိုင်ခု ဆိုရင် […]


ကာရံDecember 6, 20151min1813
ငါမာနမကြီးတက်သေးပါ နေရောင်နမ်းတဲ့ပန်း ငြိုးသတဲ့လား လန်းစေဖို့ပျိုးခဲ့တဲ့နေ မာနကြီးသတဲ့လေတဲ့ ဟားဟားဟား အရမ်းရယ်ရတယ် အလိုမကျတဲ့ တောင်းတရအောင် မင်းလည်းလူသားတစ်ယောက်ပဲ အကြောက်တရားတော့ရှိမှပေါ့ ဒါပေမယ့် ငါမာနမကြီးတက်သေးပါ ့ ့ ့ ့ လူရယ်ဖြစ်လာရင် ဒူးထောက်ရမှာကြောက်မနေပါနဲ့ တောင်းပန်နေတာမဟုတ်ဘူးနော် ပေဖြစ်တုန်းမို့ပါ နားလည်ပေးတိုင်း ရောက်တက်မလာပါနဲ့ ဒေါသကအနားမှာ ရှိတက်လို့ပါ ဒါပေမယ့် ငါမာနာမကြီးတက်သေးပါ ့ ့ ့ ့ တောင်းရတာလွယ်ပါတယ် ပြောင်းလဲရမှာက မင်းရဲ့စိတ် ပေးရတာမြန်ပါတယ် ခေါက်ရိုးကျိုးနေတဲ့ အမူအကျင့်ကို ပြင်ပေးပါ တစ်ခါတစ်ရံမှာ ငါလည်းခံစားတက်တဲ့ နှလုံးသားက မျက်ရည်အဖြစ်စီးကျတက်သေးတယ် ဒါပေမယ့် ငါမာနမကြီးတက်သေးပါ မာန မာန ထားကောင်းတဲ့အရာမဟုတ်ပေမယ့် အပြောင်းအလဲများလာတော့လည်း ဘယ်တော့မှ ဟောင်းမသွားတာ ဒီမာန မြင်ကြည့်ပေးပါ အလင်းရောင်နဲ့ဖြန်းပက်ထားတဲ့ ဒီကမ္ဘာကြီးမှာ အကြင်နာလူသားတစ်ယောက်ဖြစ်ပေမယ့်လဲ […]