padonmarJanuary 6, 20161min87010
ကျမတို့ ငယ်ငယ်က စာစောင်တွေထဲ ပါခဲ့တဲ့ ဆရာ ဗန်းမော်ညိုနွဲ့ ရေး အရုဏ်ဦးကလေးကဗျာများစာအုပ် ကို စိတ်ကူးချိုချိုက ဝယ်ခဲ့တယ်။ တအုပ်မှ ၁၀၀ဝ ရယ်။ Discount 20% ဆိုတော့ ၈၀ဝ ပဲကျတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့ တိုင်အောင် ကဗျာတွေက ခေတ်မီ အသုံးတဲ့ဆဲပါ။ ဖတ်ကြည့်စေချင်ပါတယ်။ဝယ်ပြီး သားငယ်သမီးငယ်လေးတွေကို သင်ပေးစေချင်ပါတယ်။


naywoon niJanuary 4, 20161min3909
ဟိုလိုလို ဒီလိုလို ကဗျာ ဟုတ်​ကဲ့ ဒီဟာက …… ဒီလိုပါခင်​ဗျ ။ မဟုတ်​ပါဘူး ဟိုဟာက​တော့ ဟိုလို​ပေါ့ဗျာ ။ တစ်​ဖက်​နဲ့ တစ်​ဖက် ဘယ်​သူ့ ဘယ်​သူကမှ အ​လျော့မ​ပေး အပြင်​းအထန်​ ငြင်​းခုန်​​နေကြ ကာလကလည်​း သတ်​မှတ်​ချိန်​​ရောက်​​ပေါ့ ။ အ​ဖြေက သ​ရေ ရလာဒ်​နဲ့ ​နောက်​တစ်​ကြိမ်​ ဆက်​လက်​ဆွေး​နွေးဖို့ဆုံးဖြတ်​ အ​ကြောင်​းအရာ​ကော အကျိုးတရားပါ ပြတ်​ပြတ်​သားသားမဖြစ်​ ဟိုလိုလို ဒီလိုလိုနဲ့ ဝါးတားတား ကဗျာတစ်​ပုဒ်​ဘဝ သား​လျောကျ​မွေးခဲ့ရ ​လေရဲ့ ။ ​နေဝန်​းနီ 11:00 PM 2015 Dec 28


”   လွပ်လပ်ရေး နေ့ အစစ် ကိုကြိုဆိုခြင်း ”   လွတ်လပ်ရေး ဆိုသဟာကို အခြားသူလက်မှ သွေး ချွေး  အသက် များစွာ ရင်းခဲ့ပြီး သကာလ ရယူခဲ့ကြ တာ ၁၉၄၈မှာပ။   လွတ်လပ်ရေး ခေတ်အလွန် ပါလီမန်ခေတ် ရောင်စုံသူပုန်ခေတ် ရန်ကုန်အစိုးရခေတ် ကမောက်ကမဖြစ်ချိန် ခေတ်ဟောင်းကိုတွန်းလှန် ခေတ်သစ်ကိုစီမံ အပြောင်းအလဲအဖြစ် တော်လှန်ရေးကောင်စီခေတ် စစ်အစိုးရ ခေတ်ကိုရောက်လာပြန်ပါတယ်။   မြန့်မာ့နည်းမြန်မာဟန် ဆိုရှယ်လစ် တစ်ပါတီခေတ်ရဲ့အသီးအပွင့် ခါးခါး အား ၂၆နှစ်တာ စားသုံးအပြီး မှာတော့ လူထုအားနဲ့ ဖွင့်လှစ် ရှစ်လေးလုံးဆိုတဲ့ ကဏ္ဍအသစ်အပြီးမှာ ငြိမ်ဝပ်ပိပြားရေးက တသွေးတမွေးဖြစ် အစိမ်းရောင်ကြီးစိုးသောခေတ် ဖြစ်လာပြန်ပါတယ်။   ရုန်းကန်ရင်း ငြင်းဆန်ရင်း   ိဖိနှိပ်ရင်း […]


“ မြင်အောင်ကြည့်ကြ ပါစို့”   ဟိုအရေး  ဒီအရေး စိတ်တွေ  လေးမနေပါနဲ့ ရိုးရိုးလေး  တွေးရင် အမှန်တွေ  မြင်လာပါမယ်။   ဟိုအကြောင်း  ဒီအကြောင်း စိတ်တွေ ညောင်း မနေပါနဲ့ ဖြည်းဖြည်းလေး စောင့်ရင် အမှန်တွေ မြင်လာပါမယ်။   ဟိုအပူ ဒီအပူ စိတ်ထဲကို ယူမထားပါနဲ့ အေးအေးလေး နေရင် အမှန်တွေ မြင်လာပါမယ်။   ဟိုလိုကြား ဒီလိုကြား စိတ်တွေ ဗျာမ များပါနဲ့ ရေးရေးလေးတွေးရင် အမှန်တွေ မြင်လာပါမယ်။   ဟိုလိုလူ ဒီလိုလူ စိတ်တွေ ပူမနေပါနဲ့ ………………………….. ………………………………. ……………………………….. ……………………………………. အမှန်တွေ မြင်လာပါမယ်။ အမှန်တွေမြင်လာပါမယ်။ အမှန်တွေ အမှန်တွေ အမှန်တွေ […]


Silver TwigDecember 31, 20151min28010
တနှစ်ကူး ပြီမို့ အချစ်ဖူးတွေ ဝေ အပြစ် အထူး ရှိယင်လည်း ကျေ မချစ်ဘူး ဆိုလဲ နေပါစေ အသစ်ပြောင်းပြီးမို့ အညစ်အဟောင်းတွေ ချေ အနှစ်ကောင်းတွေ စေ စနစ်ဟောင်းလည်း ပြောင်းပါစေ အကောင်း အသစ် ထုဆစ် ပုံဖော် ဇမ္ဗူ ကျော်စော ညဏ်စဉ်ရော၍ မီလျှံနာကြီးတွေ ဖြစ်ပါစေ.


ကာရံDecember 7, 20151min2102
အတ္တမိုးတိမ် ဖြူ ချင်လျှက်နဲ့မဲ ငိုပြန်တော့လည်းသည်း အုံ့စိုင်းတဲ့ ထက်ကောင်းကင် မုန်းဟန်ပြင် ရွာနေစဲ မျှောင်လင့်ချက် မြူ တစ်မှုံ အို သူသူတို့ မသိချေဘူး ချစ်မိသူရင်မှာတော့ လွမ်းလို့သာရူး ကြင်သူကအဝေး တိမ်တိုက်လေးအပြေးမှာ ချစ်မိုးလည်းအေး မေရယ် ဖြူ ပါလျှက်ကယ်နဲ့ မိုးသားလိုမဲပြန်တော့ ဝေးရဦးမယ်ပေါ့ တိမ်အကွယ် မေရယ်နေပုံက ကိုယ့်ရင်ကိုအေးမြဖူးတယ် မာနကင်းလို့ သူဖြူ ပြီပေါ့ ကိုယ်သိပ်ချစ်တာ သိတယ်ထင်ပ ခုတော့ အတ္တမိုးတိမ်လည်း ဖြူ ခဲ့ပါပြီ ကာရံ ၁၉ ့၁၁ ့၂၀၁၅


ကာရံDecember 6, 20151min2813
ငါမာနမကြီးတက်သေးပါ နေရောင်နမ်းတဲ့ပန်း ငြိုးသတဲ့လား လန်းစေဖို့ပျိုးခဲ့တဲ့နေ မာနကြီးသတဲ့လေတဲ့ ဟားဟားဟား အရမ်းရယ်ရတယ် အလိုမကျတဲ့ တောင်းတရအောင် မင်းလည်းလူသားတစ်ယောက်ပဲ အကြောက်တရားတော့ရှိမှပေါ့ ဒါပေမယ့် ငါမာနမကြီးတက်သေးပါ ့ ့ ့ ့ လူရယ်ဖြစ်လာရင် ဒူးထောက်ရမှာကြောက်မနေပါနဲ့ တောင်းပန်နေတာမဟုတ်ဘူးနော် ပေဖြစ်တုန်းမို့ပါ နားလည်ပေးတိုင်း ရောက်တက်မလာပါနဲ့ ဒေါသကအနားမှာ ရှိတက်လို့ပါ ဒါပေမယ့် ငါမာနာမကြီးတက်သေးပါ ့ ့ ့ ့ တောင်းရတာလွယ်ပါတယ် ပြောင်းလဲရမှာက မင်းရဲ့စိတ် ပေးရတာမြန်ပါတယ် ခေါက်ရိုးကျိုးနေတဲ့ အမူအကျင့်ကို ပြင်ပေးပါ တစ်ခါတစ်ရံမှာ ငါလည်းခံစားတက်တဲ့ နှလုံးသားက မျက်ရည်အဖြစ်စီးကျတက်သေးတယ် ဒါပေမယ့် ငါမာနမကြီးတက်သေးပါ မာန မာန ထားကောင်းတဲ့အရာမဟုတ်ပေမယ့် အပြောင်းအလဲများလာတော့လည်း ဘယ်တော့မှ ဟောင်းမသွားတာ ဒီမာန မြင်ကြည့်ပေးပါ အလင်းရောင်နဲ့ဖြန်းပက်ထားတဲ့ ဒီကမ္ဘာကြီးမှာ အကြင်နာလူသားတစ်ယောက်ဖြစ်ပေမယ့်လဲ […]


ကာရံDecember 6, 20151min2893
မေ့မထားပါနဲ့ သားရယ် အလုပ်အကိုင်မဲ့မို့ တစ်နေ့အသက်ကြီးရင်လေ သားတို့ မိဘကို ပြစ်သွားမှာတဲ့လားတဲ့ ရင်နစ်အောင်ကြားခဲ့ရတဲ့ ငယ်ငယ်တုန်းကစကားပေါ့ ကြင်ရာဖော်ရှိလို့ အနေဝေးခဲ့ရင်လေ သားတို့မေမေ့ကို မေ့သွားကြမှာပါတဲ့ စိတ်ထဲမှာ ခံစားခဲ့ရတဲ့ အရွယ်ရောက်တုန်းဘဝပေါ့ အိုခြေပြီ မေမေအိုခြေပြီ ပြိုတော့မယ့်မိုးလို ခိုလို့တွဲ မျက်ရည်စက်များ အဝေးရောက်သားကိုလွမ်းလို့ပေါ့ မငိုပါနဲ့မေမေ ကောင်းကင်လည်းပြိုမှာ မဟုတ်သလို လေလည်းမထန်ပါဘူးလေ သားအရွယ် ဘယ်လောက်လောက်ပြောင်းပြောင်း မေမေ့နှလုံးသားအောက်မှာ နားခိုဖို့ သားအရောက်လာခဲ့မှာပါမေမေ ကြင်ရာရှိလည်း မေ့မသွားသလို ပြစ်မထားရက်တဲ့ သားမေတ္တာကလေ ကောင်းကင်ကလမင်းပမာ ဝင်းပမြဲမို့ မေမေ့လက်ကိုအမြဲတွဲထားပါရစေသား ကာရံ ၉ ့၁ဝ ့၂၀၁၅


ကာရံDecember 5, 20151min2876
အလွမ်းည ဒီဇင်ဘာ တစ်ခန်းတစ်နား လွမ်းရတဲ့ည မြူ မှုံများ ဖြန့်ကျဲထားသတဲ့လား ရင်ခွင်လေးနွေး အေးမြပေမယ့် အနားမှာသူမရှိတော့လဲ ဒီဇင်ဘာရေ မင်းလေးကတော့ နှင်းတွေဝေမစဲပေါ့ ငါလွမ်းနေတုန်းပါလေ ့ ့ ့ ့ ့ အချမ်းပိုလူမိတာထက် မလွမ်းပို သူရှိနေမလားလို့ ချစ်တေးဆို မော့အငေးမှာ လမင်းလေး သာနေတယ်မေ ကြယ်ကလေးများ တစ်ဖွေးဖွေးပေါ့ ့ ့ ့ ့ ့ ဆောင်းရိပ် နှောင်းအတိတ်ခြေရာအောက် ချယ်ရီတွေပျောက်ခဲ့ပြီပေါ့ မေရယ် ခုတော့ကိုယ်လေ ကော်ဖီခါးခါးလေးသောက်ရင်း အလွမ်းည ဒီဇင်ဘာကို တမ်းတလို့ ကြို ခဲ့ပြီလေ ကာရံ ၁ ့၁၂ ့၂၀၁၅


ကာရံDecember 5, 20151min2974
ဘဝဆိုတာ ခါးတမာ ပျားတကာမရှိချေဘူး လောကအလည် သောကရယ် စုန်ဆန်ကူးပါလို့ လွှင့်မျောနေတဲ့ လူသားတို့ဘဝ ဘယ်ကမ်းရယ် ဘယ်လမ်း မှန်းလို့သာကူး  တစ်ထစ်ခြင်းလှမ်းရင် အခြေမယိုင်ခဲ့ပေမယ့် ဒေါသစိတ်ကလေး ခိုင်မာနေတော့လဲ အမြင့်တက်တိုင်း မုန်တိုင်းထန်နေခဲ့တယ် မင်းလည်းလူ ငါလည်းလူ လူချင်းတူပါလျှက်ကယ်နဲ့ မူခြင်းမတူတော့လဲ အပူမီး ဆူဆူကဲပြန်သေးတယ် ဘာပဲဖြစ်ဖြစ် လုံ့လကိုအားစိုက် မေတ္တာကိုအစဉ်ပိုက်ရင်လေ ဘဝဆိုတဲ့ ခရီးကြမ်း ပန်းခင်းလမ်းပမာ ဆန်းသစ်ရမည်မလွဲပေါ့ ကာရံ ၄ ့၁၂ ့၂၀၁၅


naywoon niDecember 2, 20151min2325
အ​ဖြေရှာမ​တွေ့​သေးတဲ့ ပုစ္ဆာ ————————- ဆရာဝန်​က ​ ရောဂါပိုးကို သတ်​တယ်​ လူနာကျန်​းမာလာ​စေဖို့ ။ စိုက်​ပျိုး​ရေးသမားက အင်​းဆက်​ပိုးမွှားကို သတ်​တယ်​ သီးနှံ အထွက်​တိုးဖွံ့ဖြိုး​စေဖို့ ။ သားသတ်​သမားက တိရိစ္ဆာန်​​တွေကို သတ်​တယ်​ လူသား​တွေရိက္ခာ ရ​စေဖို့ ။ ဒီ ​ဒေါက်​သုံး​ချောင်​းအ​ပေါ်မှာ ကမ္ဘာကြီးက ​နေ့နဲ့ည ဖြစ်​​ပေါ်​စေတာ ။ (လည်​ပတ်​​နေတာ ) ငါက​တော့ စိတ်​နဲ့ရုပ်​ နဘမ်​းလုံး သိစိတ်​နဲ့ မသိစိတ်​ ရန်​ဖြစ်​ပြီး နုပျိုခြင်​း ဆိုတဲ့ ကာလကို သတ်​မိပါပ​ကော ဘဇာအ​ကြောင်​းရင်​း ရှာမ​တွေ့​သေး ။ ​နေဝန်​းနီ 2:26 PM 2015 Dec 1


ko sixNovember 28, 20151min2447
တောင်တွေဟာ လေ ဘယ်လောက်အားပြင်းပြင်း ဦးမညွှတ်ဘူးတဲ့။ လက်မထောင်နိုင်ဖို့ ဝဲဘက်လက်သန်းက သက်သေခံ တစ်ချို့ရန်ကိုတော့ ဖြိုခွင်းနိုင်ခဲ့ပြီ ခု ဒါမှမဟုတ် မနက်ဖြန် ဘူတာကြီးဆီ ဆက်သွယ်လို့ရမယ့် နည်းလမ်း ဂျိုးဖြူတစ်ကောင်နဲ့ဖြစ်ဖြစ် လင့်ပေးပါဦး။ ကိုစစ်


ko sixNovember 26, 20151min2025
ပျံသန်းနေတဲ့ငှက်မှာ လူတစ်ယောက်ရဲ့အကြံတွေ တဖျတ်ဖျတ်ခတ်နေတယ်ဆိုတာ အာမခံပါရစေ ပညာတတ်ဆိုတဲ့ အဲဒီဝေါဟာရ ငါ ဘယ်တော့မှ မချပြပါရစေနဲ့ မြစ်တွေဟာ မျဉ်းဖြောင့်မသုံးဘဲ အနိမ့်ကို ထိုးစိုက်နေသ၍ ညာဘက်ခြမ်းက ဆံမြိတ်ကို တိပလိုက်ချင်တယ်။ သံလိုက်အိမ်မြှောင်က ဒီနိုင်ငံမှာ မယုံရဘူး ကူဖျက်ပေးကြပါ လူဆိုတာ ကြံရင်းနဲ့သေဆိုတာကိုပေါ့။ တကယ်ဆို ငါတို့ဟာ တော်လှန်ရင်းနဲ့ သေခဲ့ရတဲ့ သာကီဝင်မျိုးတွေသာ။ ကိုစစ်