မိုးလင်းခွင့် ညဟာ ဂျူတီ လဲတဲ့ ကင်းသမားလို အချိန်မှန်ရောက်လာပေါ့ ။ အပေါက် ဗလပွနဲ့ သူ့အမှောင်စကိုဖြန့်ခင်း အဲ့ဒိညက လကို အဖော်ခေါ်မလာပါဘူး ။ (ညရဲ့ သဘာဝကို လ, ကဖျက်ဆီးလို့တဲ့လေ ) လ, ကလည်း လ, ပဲ ညက မှောင်စေချင်ပါတယ်ဆိုမှ သူက လောက ကို အလင်းဓာတ်ပေးနေတာကိုး ။ ည ဟာ လျှပ်စစ်မီးကိုလည်း မကြည်ဖြူဘူး မီးပျက်နေတာကိုပဲ သဘောကျသတဲ့ စမ်းတဝါးဝါး သွားပြီး ခုလုပ်တိုက်လဲရင် သူသိပ်ပျော်တယ် ။ လောက ကို အမှောင်ချထားပြီး မတော်လောဘ သမားတွေကို လုပ်ချင်ရာလုပ်ခွင့်ပေးထားတယ် ။ ပြီးတော့ ည ဟာ လျှပ်စီးလက်မှာကိုတော့ ကြောက်သတဲ့ သူ့အပေါင်းပါတွေ မတော် […]