တနင်္ဂနွေကလွဲ အမြဲနေ့စဉ် တွေ့မြင်နေကျ သူမမျက်နှာ အေးချမ်းပါဘိ သူရှိနေသမျှ ကြည်စွနှလုံး ပျော်ရွှင်ပြုံးသည် ဟောဒီတစ်သက် ဆက်ဆက်မခွဲခွာ ရှိပါလိုကြောင်း တောင်းဆုပြုသံ သူ့ထံရောက်စေ သူသိစေ ၊


naywoon niMarch 23, 20151min1063
ဇာတ်​သိမ်​း အသစ်​ထပ်​ဖြည်​့​ပေးစရာမလို​တော့ဘူး မလိုအပ်​တာ နှုတ်​ပယ်​စရာလည်​းမရှိ​တော့ဘူး ဒီ​တော့ ပြည်​ဖုံးကား ချလိုက်​ဖို့ပဲကျန်​ပါ​တော့တယ်​ ။ ပြည်​ဖုံးကားကျမလာခင်​ ထိုးလိုက်​တဲ့စာတမ်​းက “ဦး/​ဒေါ် ဘယ်​သူ အသက ်​ဘယ်​နှစ်​ နှစ်​ ဘယ်​နှစ်​ ရက်​​နေ့တွင်​ ကွယ်​လွန်​သည်​ ။” တဲ့ ​နေဝန်​းနီ 10:35 Pm 2015 Mar 23


တဝုန်းဝုန်း တဒိုင်းဒိုင်း မုန်တိုင်းရိုင်းကြီးပမာ မနောမြေမဟာဆီက တိုက်ပွဲ အလဲလဲ အကွဲကွဲ အသည်းနာရတဲ့အဖြစ် ပစ်နေကြတာက ကိုယ့်အချင်းချင်း စစ်တလင်းကြားက မြေဇာပင် ကချင်ပြည်က စစ်ပြေးများ ရစ်ထွေးထားတဲ့ ဒုက္ခတွေအောက် အားလုံးကို ကြောက်နေရ တဖြောက်ဖြောက်ကြွေနေတဲ့ အသက်တွေ အနှစ်မရှိလေတဲ့ ငြိမ်းချမ်းရေး စကားဝိုင်း နေပြည်တော်တိုင်းမှာ လက်ဆွဲလို့နူတ်ဆက် ကျုပ်တို့မြေဘက်မတော့ ဗုံးကြဲ ကဲ  ကောင်းကြသေးရဲ့ လား အမုန်းတရားအတွက် အပြုံးများပျက် အသက်တွေ စတေးသွား ဝေးဝါးဝါး အနာဂတ်အတွက် ဘာဆက်လုပ်ကြဦးမည်နည်း ၊၊


naywoon niMarch 22, 20151min1444
စည်​း ငါတို့ဟာ ငါတို့တားထားခဲ့တဲ့စည်​းဝိုင်​းထဲမှာပဲ ငါတို့ကိုယ်​တိုင်​ပိတ်​မိ​နေခဲ့ ။ အဲ့ဒိစည်​းကိုမ​ကျော်​နဲ့ အဲ့ဒါ ထမင်​းရည်​ပူစည်​း ငါတို့လိုက်​နာခဲ့တာလည်​းကြာ​ပေါ့ စည်​းဆိုတဲ့ အမှတ်​အသား​တောင်​​ပျောက်​လုလု ။ က​နေ့ ငါတို့လိုအပ်​ချက်​​တွေကို ငါတို့မဖြည်​့ဆီးနိုင်​ဘူး ဒီစည်​းကိုမ​ကျော်​ပဲနဲ့ ။ က​နေ့ ငါတို့ရဲ့ဆန္ဒမပြည်​့ဝမှု​တွေနဲ့ ဆာ​လောင်​မွတ်​သိပ်​မှု​တွေကို ငါတို့စည်​းဝိုင်​းထဲမှာ အာသာ​ပြေ​လောက်​ရုံ​တောင်​ရှာမ​တွေ့​တော့ဘူး ။ လိုအပ်​ချက်​​တွေဖြည်​့ဆီးဖို့ ဆာ​လောင်​မှု​တွေ​ဖြေ​ဖျောက်​ဖို့ ငါတို့ကိုယ်​တိုင်​တားထားတဲ့စည်​း ငါတို့ကိုယ်​တိုင်​ ဖျက်​ပြီး စည်​းအပြင်​ကိုထွက်​ဖို့လိုပြီ ။ အစဉ်​အလာဓ​လေ့ ထုံးစံကိုသိမ်​းထားဖို့ ပြတိုက်​တစ်​ခု​ဆောက်​​ပေးပြီး ငါတို့ စည်​းကို​ဖောက်​ထွက်​ကြရ​အောင်​ ကဲ ဘယ်​သူလိုက်​ကြမလဲ ¿¿¿။ ကဲ ဘယ်​သူက ဦး​ဆောင်​မလဲ ¿¿¿ ။ ​နေဝန်​းနီ 10:41PM 2015 Mar 22


naywoon niMarch 21, 20151min1849
သင်္ကြန်​ ထိန်​းသိမ်​းတဲ့သူကနဲနဲ ဖျက်​လို ဖျက်​ဆီးလုပ်​သူကများများ ဘယ်​လိုမှ မညီမျှတဲ့အခါ အစဉ်​အလာ ယဉ်​​ကျေးမှုလည်​းမမည်​ ​သူတို့​ပြောသလို​မော်​ဒန်​လည်​းမဖြစ်​ အရင်​းစစ်​လိုက်​​တော့ လက်​ရှိအ​ခြေအ​နေ​ဟာ ငါတို့ကို ထမ်​းပိုးထားရတဲ့ ကမ္ဘာ​မြေကြီးကို အားနာစရာ ။ ​နေဝန်​းနီ 6:40 PM 2015 Mar 21


နွယ် တဲ့လား ကြားလိုက်ရချိန်မှာ အိမ်အထိပါလာတဲ့အတွေး ခဏလေးနဲ့မပြီးနိူင် ကီးယိုုင်တဲ့ သီချင်းလို ဟိုရောက် ဒီရောက် အမည်ပေါက် မဟုတ်တဲ့ဖုန်း သုံးရသူတစ်ယောက်လို ပျောက်မှာကို အသေကြောက် ရေမရောက်လို့ ခြောက်တဲ့ပန်း ဘယ်လိုမှ မလန်းနိူင် အဲဒီဘဝပိုင်ခဲ့ရသူခမျာ အချစ်ဆိုတာ ကြောက်လှ ချောက်ကျမယ် ထင်ပေမယ့် စင်လေတဲ့ နွယ့်ကို မြင်လေခဲ့အခါမတော့ လာလေရော့ရယ်လို့ အားခဲ နွဲတော့မယ့် အချစ်ပွဲမယ် အောင်စေကွယ် ဆုရည်မှန်း ပြည့်လေစမ်းကွယ့် ပြည့်လေစမ်း ၊


ကာရံMarch 17, 20151min2038
လွမ်​း​စေ​သောနှင်​းရယ်​ အ​အေးရတက်​ ​ထွေးဖက်​ကာထား​ပေမယ်​့ တစက်​စက်​ကယ်​ ​ကြေ ွသူမို့ ​မေရယ်​​အ​ဝေးရပ်​က​မျှော်​လင်​့ပြီ ပုလဲမျက်​ရည်​ လွမ်​းရက်​ကယ်​ရှည်​ကြာ​ညောင်​း ​မေ့​မေတ္တာ​ပြောင်​းမသွား​​ပေဘူး သိပ်​ချစ်​တာ သူသိပါ​စေ ​ည​လေ​ဖွေး​ဖွေး မြူ လည်​း​ဝေပြီ ​အနမ်​းလည်​း​ပျယ်​ လွမ်​းလျှက်​ကွယ်​​မျှော်​သူမို့ အချမ်​းရယ်​အ​ဖော်​ပြု​ရင်​း မှန်​းဆကာ တမ်​းတမိတယ်​ လွမ်​း​စေ​သောနှင်​းရယ်​ ​ ​ ကာရံ ၁ရ ့၃ ့၂၀၁၄


CourageMarch 14, 20151min61315
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၈ အချစ်ဦးသို့… တမ်းချင်း   “ ပတ်ဝန်းကျင်ကိုလည်း မမြင်ချင်၊ မကြားချင်၊ မသိချင်ပါ ခိုင်…။ အတိတ်ဆိုတာကိုလည်း မေ့ချင်ပါသည် ခိုင်…။ ပစ္စုပ္ပန်မှာလည်း မောင်မပျော်ပါဘူး ခိုင်…။ အနာဂတ်ဆိုတာကိုတော့ တွေးမိတိုင်း ကြောက်လန့်မိတယ် မိခိုင်ရယ်…” ဒါက တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်” ဝတ္ထုထဲက အကြိုက်ဆုံး စာသားလေးပေါ့။ မောက်ကာကြီး အခုတလော ဆရာဘုန်းနိုင်ရဲ့ ဝတ္ထုတွေ ပြန်ပြီး ဖတ်ဖြစ်နေပါတယ်။ ဖတ်ဖြစ်တာမှ ဖတ်ပြီးသားတွေကို ပြန်ဖတ်ဖြစ်တာ။ ပြန်ဖတ်ဖြစ်တယ်ဆိုမှတော့ မောင်ကာကြီးရဲ့ အကြိုက်ဆုံးဖြစ်တဲ့ “ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်” လဲ ပါခဲ့တာပေါ့။ ဟုတ်ပါတယ်။ ခိုင်ဆိုတဲ့ ဝတ္ထုကြောင့် မောင်ကာကြီး ဝတ္ထုဆိုတာကို […]


naywoon niMarch 12, 20151min1355
ဇာတ်​​မျော ပြဇာတ်​ဒါရိုက်​တာက ဇာတ်​ညွှန်​းကိုကြိုတင်​​ရေးမထားဘူး အဲ့သည်​့​တော့ ကြိုတင်​ဇာတ်​တိုက်​ထားချိန်​လဲမရှိဘူး​ပေါ့ ပြဇာတ်​ခွင်​ထဲ​ရောက်​မှ ဇာတ်​ရုပ်​ချ ဇာတ်​လိုက်​က ဗီလိန်​ဖြစ်​လိုဖြစ်​ ဗီလိန်​က ဇာတ်​လိုက်​ဖြစ်​လိုဖြစ်​ ကလိမ်​ကကျစ်​နဲ့ ​နေရာဝယ်​သူဝယ်​ တစ်​ကယ်​့ကို စိတ်​ညစ်​စရာကြ်​ီးပါ့ ။ သူစိတ်​မထင်​ရင်​ (ပြဇာတ်​ဒါရိုက်​တာ​ပေါ့ ) ကန်​့လန်​့ကာ ချချပစ်​ ဒီတစ်​ခန်​းပြီးပြီတဲ့ သရုပ်​​ဆောင်​​နေတဲ့ သူ​တွေခမြာ အခုမှ မုဒ်​ ဆိုတာ​လေးဝင်​တုန်​း ငိုရအခက်​ ရီရလဲအခက်​ ( ပြဇာတ်​ က​နေတုန်​း​လေ ) ​နောက်​တစ်​ခန်​းအတွက်​ အိုဗာချာ တီး​နေတုန်​း ဇာတ်​ရုပ်​ချ ( မြန်​မြန်​ ) ဇာတ်​ညွှန်​းခွဲ ( မြန်​မြန်​ ) ပြီးရင်​ ကန်​့လန်​့ကာပြန်​တင်​ ဘယ်​က ပြန်​စရမှန်​းမသိ ဦးရာလူက စဖွင်​့ ဇာတ်​ရုပ်​​တွေ​နှေး​နေရင်​ ကားလိပ်​ကြားက သူက​ငေါက်​​သေး ။ ကန်​့လန်​့ကာချ […]


naywoon niMarch 11, 20151min27217
အခန်​းဆက်​ပြဇာတ်​ ပွဲက ကြည်​့မ​ကောင်​းပါဘူး ဘယ်​နဲ့ ဓမ္မနဲ့ အဓမ္မ အဓမ္မ ဘက်​ကချည်​့ နိုင်​​နေတာ ပရိဿတ်​ ကမ​ကျေနပ်​ဖူး ဆဲကြ ဆိုကြ ကျိမ်​တွယ်​ကြနဲ့ ခုလည်​း ဇာတ်​ခုံ​ပေါ်မှာ လင်​းတစ်​ဝက်​​မှောင်​တစ်​ဝက်​နဲ့ မသဲမကွဲ ပြကွက်​တစ်​ချို့ကို ​အောက်​က ပရိဿတ်​က သူတို့ပါလာတဲ့ အလင်​းဓာတ်​မီးနဲ့ ထိုးကြည်​့​နေကြတယ်​ ။ ဇာတ်​စင်​​နောက်​မှာ​တော့ ဘာ​တွေဖြစ်​​နေကြတယ်​မသိ ရုတ်​စိ ရုတ်​စိနဲ့ ။ သိပ်​မကြာခင်​မှာပဲ ကန်​့လန်​့ကာ ဇွတ်​အတင်​းချပြီး တစ်​ခန်​းရပ်​နားလိုက်​တယ်​ ။ ပွဲက ကြည်​့မ​ကောင်​း​ပေမဲ့ ပရိဿတ်​​တွေက ထမပြန်​ကြ​သေးဘူး ။ ​နောက်​တစ်​ခန်​းမှာ ဘာ​တွေဆက်​ဖြစ်​ဦးမှာလဲ အဓမ္မ တရား​တွေပဲ ဆက်​ပြီး ကြီးစိုး​နေဦးမှာလား အမှန်​တရားဘက်​က ဘာလို့ အရှုံး​ပေး​နေရသလဲ မ​ကျေမနပ်​နဲ့ ဖျစ်​​တောက်​ဖျစ်​​တောက်​ တီးတိုး​ဝေဖန်​ရင်​းနဲ့ ခဏ ပိတ်​ကွယ်​ထားတဲ့ ကန်​့လန်​့ကာကြီးကို […]


alinsettMarch 11, 20151min17610
မီးအိမ်ကလေး တိမ်ဖြူလျလျတို့ တွန်ပြီလား… မနက်ခင်းတွေ ဘယ်လောက်များများ ပွင့်ဝေကြပြီလဲ…. လူးလွန့်နာကျင်…ငါနဲ့ ငါ့ကြယ်ကလေး…ဒီလိုနဲ့ဝေးခဲ့ပြီ… ခြေထောက်တွေ ပျောက်သွားလို့… လမ်းအိုကြီးက တရှာရှာနဲ့… ဘယ်သူများ ခိုးသွားသလဲတဲ့… သစ်တောကလေးထဲမှာ… ငှက်အပြာရောင်တစ်အုပ်… ခပ်သုတ်သုတ် ထပျံသွားတယ်… မျက်လုံးတွေမှိတ်… မီးအိမ်ကိုပိတ်ပြီး… ကိုယ့်ကိုယ်ကို ကိုယ်သိပ်လိုက်တယ်… အိပ်…အိပ်… မကြာခင် ပြီးသွားမှာပါကွယ်…တဲ့…. တုန်ရီစွာ သက်ပြင်းရှိုက်လို့….. မီးတောက်ကလေးက သူ…မငြိမ်းခင်ကလေးမှာ… ပြောသွားတယ်… Maung Thura 13.02.2015    


naywoon niMarch 9, 20151min26717
မိုးလင်​းခွင်​့ ညဟာ ဂျူတီ လဲတဲ့ ကင်​းသမားလို အချိန်​မှန်​​ရောက်​လာ​ပေါ့ ။ အ​ပေါက်​ ဗလပွနဲ့ သူ့အ​မှောင်​စကိုဖြန်​့ခင်​း အဲ့ဒိညက လကို အ​ဖော်​​ခေါ်မလာပါဘူး ။ (ညရဲ့ သဘာဝကို လ, ကဖျက်​ဆီးလို့တဲ့​လေ ) လ, ကလည်​း လ, ပဲ ညက ​မှောင်​​စေချင်​ပါတယ်​ဆိုမှ သူက ​လောက ကို အလင်​းဓာတ်​​ပေး​နေတာကိုး ။ ည ဟာ လျှပ်​စစ်​မီးကိုလည်​း မကြည်​ဖြူဘူး မီးပျက်​​နေတာကိုပဲ သ​ဘောကျသတဲ့ စမ်​းတဝါးဝါး သွားပြီး ခုလုပ်​တိုက်​လဲရင်​ သူသိပ်​ပျော်​တယ်​ ။ ​လောက ကို အ​မှောင်​ချထားပြီး မ​တော်​​လောဘ သမား​တွေကို လုပ်​ချင်​ရာလုပ်​ခွင်​့​ပေးထားတယ်​ ။ ပြီး​တော့ ည ဟာ လျှပ်​စီးလက်​မှာကို​တော့ ​ကြောက်​သတဲ့ သူ့အ​ပေါင်​းပါ​တွေ မ​တော်​ […]


ခင္ခMarch 7, 20151min19810
ကြက်တူရွေးလို နုတ်တိုက်ပညာရေး အုပ်လိုက်ဒါတွေပေးပြီး အလွတ်ရအောင်ကျက် အတွန့်မတက်နဲ့ ဘုန်းကြီးလိုစာဝါချ အကုန်ရရင်အောင်ပြီဗျ ဒါကိုပင်အဟုတ်ထင် ငါ့သမီးစာကျက်လို့ ဂုဏ်ယူလျှက်အစဉ် ဆယ်တန်းကိုအမှတ်များမှ ဆရာဝန်အင်ဂျင်နီယာဖြစ်မယ်ဟ ဒါမှလဲလူဘဝတင့်တယ်စွာနေလို့လှ ကမ္ဘာတိုင်းပြည်ပညာရေး လှမ်းကာသာလေ့လာပေးရင်း စာမေးပွဲခန်းတွင် စာအုပ်ကယ်လှန်ဖြေ အိုးပန်းဘုတ်(Open book)ခေတ်စားနေ အလွတ်ကျက်ကိုသူတို့မလိုချင် စဉ်းစားတွေးခေါ် တီထွင်ဉာဏ်အင် ငယ်ငယ်ထဲက လေ့ကျင့်ပြုပြင် ဒါကြောင့်လဲ တိုးတက်လာတယ်ထင် ကဲ ဒီနိုင်ငံ ဒီစနစ် ဒီခေတ်တွေနဲ့ အလွတ်ကျက်ပညာရေး အမွေဆက်ပေးရင် သင့်ကလေး နောင်ရေးစိတ်အေးမယ်မထင်။     ခင်ခ။