ムラカミFebruary 21, 20151min79026
အချစ်ဆိုတာ   မအေးတဲ့ ဘီယာ မသာတဲ့ ပန်းခြံ မမှန်​တဲ့ နာရီ မမြန်​တဲ့ ရထား   မလန်းတဲ့ ပန်း မဆန်းတဲ့ ရုပ်ရှင် မချိုတဲ့ အိုက်စကရင် မချဉ်တဲ့ သံပုရာ   မဖွံ့တဲ မယ် မော်ဒယ်မမြင့်တဲ့ ကား မအေးတဲ့ ဆောင်းရာသီ နဲ့ မနွေးတဲ့ လက်ဖက်ရည်   အရပ်မမြင့်တဲ့ မင်းသား စားမကောင်းတဲ့ ဟင်း သွားမကောင်းတဲ့ ခရီး နဲ့ မြည်းမကောင်းတဲ့ အကင်   ဂွင်​အ​ကောင်​းတဲ့ အလုပ်​ အပြင်​မ​ကောင်​းတဲ့ မာမီ အဆင်​မ​ကောင်​းတဲ့် အချိတ်​ အ​တိတ်​မ​ကောင်​းတဲ့ ထီ   အသံမ​ကောင်​းတဲ့ တ​ယော အ​ပြောမ​ကောင်​းတဲ့ ​လော်​ဘီ ဆိုက်​မ​တော်​တဲ့ ​ဘော်​လီ […]


CourageFebruary 20, 20151min42210
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၅ ဖိုးမောင်ဟုခေါ်သည်   တစ်ခါက အေးချမ်းသာယာလှပတဲ့ ရွာလေးတစ်ရွာမှာ ဖိုးမောင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိသတဲ့။ ဖိုးမောင်လေးဟာ ငယ်စဉ်ကတည်းက မိဘများ ဆုံးပါးသွားတဲ့အပြင် ဆွေမရှိ မျိုးမရှိဆိုတော့ ဆင်းရဲ နွမ်းပါးစွာနဲ့ပဲ ကြီးပြင်းခဲ့ရသူပေါ့။ ရွာထဲက တက်နိုင်သူတွေရဲ့အိမ်မှာ ထင်းခွေ၊ ရေခပ်လုပ်ရင်း ရွာထဲကနွားတွေကို စားကျက်ချပေးရင်းနဲ့ ဝမ်းရေးအတွက် ရုန်းကန်ခဲ့ရသတဲ့လေ။ သို့ပေမယ့် ဖိုးမောင်လေးဟာ လူသာဆင်းရဲပေမယ့် စိတ်ဓါတ်ကတော့ မဆင်းရဲ ရှာဘူး။ လပြည့် လကွယ် ဥပုတ်နေ့တွေဆို ရွာဦးကျောင်းက သံဃာတွေအတွက် ဆွမ်းခံထွက်တာတို့ ရွာထဲက အလှူတွေ မင်္ဂလာဆောင်တွေမှာ ဝေယာဝစ္စတွေလုပ်ပေးတာတို့ကို ဝတ္တရားမပျက်လုပ်ပေးနေကျပေါ့။ ရွာထဲက လူတွေကလဲ ဖိုးမောင်အပေါ်မှာ မေတ္တာထားကျပါတယ်။ သူဟာ မိဘမဲ့ တစ်ကောင်ကြွက် တစ်ယောက်ဖြစ်ပေမယ့် ရွာသူရွာသားများက […]


တောင်ပေါ်သားFebruary 18, 20151min36821
ဘဝတွေများစွာကြား ကံတရားက အလှည့်ပေး သမီးလေးရေ ရက်ပေါင်းထောင်ကျော် သမီးမော်ရအောင် အဖေကြိုးစားရ အမိမဲ့သမီးဘဝ အဖေရှိနေရတာပဲ ဒီလိုနဲ့ အနှစ် ၂၀ သမီးအရွယ်ရောက်လာပြီကွယ် သမီးရယ် သမီးမှာ ချစ်သူရှိနေတာ အဖေသိ ပွင့်လင်းလှသည့် သမီးနဲ့အဖေ ရက်လကြာရှည် ပြောကြလေတဲ့ Valentine အဲဒီမှိုင်း မရောက်ခင်မှာ သမီးမျက်နှာမကောင်း ဘာအကြောင်းလည်းမေးတော့ ဖျောတော့တော့မျက်နှာနဲ့ အဖေ့ကိုကွယ့်ဖက်ငို အို . . . . သမီးရယ် ချစ်သူနဲ့ ကွဲခဲ့ပြီဆိုပဲ ဘာဆန်းသလဲသမီးရေ မထိုက်လေသူလို့ယူဆ ဆက်ရဦးမယ့်သမီးဘဝ တွေ့ကြဦးမယ့်အပူတွေ ရှောင်နေမရတဲ့ ဘဝလမ်းမှာ ဒါ အစပါသမီး အရေးကြီးတာက အလုပ်ထဲမှာအဆင်ပြေမှ သမီးလိုချင်တဲ့အောင်မြင်မှုဘဝ ရလာရမှာမို့ ပန်းစည်းနဲ့ချောကလက် ပေးဆက်မယ့်သူကိုအသာထား အဖေ့လက်ရာညစာစားရင်း ပျော်ရွှင်ခြင်းအကြောင်းကိုတွေး ငယ်သေးတဲ့အဖေ့သမီးရေ ခံနိူင်ရည်တွေ ပြည့်စေကွယ် […]


ムラカミFebruary 17, 20151min57925
​နေထွက်​လာ​တော့ နှင်​းခဲ​တွေ အရည်​​ပျော်​ရတဲ့အတိုင်​း အခက်​အခဲ​တွေ ​ပေါ်လာ​တော့ ရင်​ဘတ်​ထဲက ထိုးထားသမျှ ဂျက်​ပင်​​တွေ ပြုတ်​ထွက်​ကုန်​ရ ​နေမထွက်​ဖို့ ​လောကနိယာမမှာ မတားနိုင်​စ​ကောင်​းသလို ဘဝနိယာမ မှာလည်​း အခက်​အခဲဆိုတာ မကြုံဖို့ ဆု​တောင်​းမရစ​ကောင်​းဘူးရယ်​ ဘယ်​ဘုရားဆီမှာ ဖြစ်​ဖြစ်​​ပေါ့   ​ေ​လှကားထစ်​သေ​ဘောလိုေ​လ ​နောက်​တထစ်​တက်​ဖို့ အနည်​းဆုံး​တော့ ဒူး​ကွေးရမှာပဲ ဒါကို ဒူးညွတ်​ရ​ကောင်​းလား လို့မြင်​ရင်​​တော့ ကျုပ်​လည်​းမ​ပြောပြတတ်​​တော့ဘူး     ဒါ​တွေကတကယ်​​တော့ ခွက်​ထဲက​ရေ ဥပမာအတိုင်​းပါပဲ တဝက်​ပြည်​့လား တဝက်​ကျန်​လားမငြင်​းချင်​ခဲ့ ကျုပ်​ဝသီက​တော့ ခွက်​ထဲကတဝက်​ဟာ ​ရေလားမသိ အဆိပ်​လားမသိမို့ အကုန်​သွန်​ပစ်​ပြီး ဝလုံးစဝိုင်​းရင်​း ​ရေသန်​့သန်​့ကို အသစ်​ ခပ်​ယူချင်​တတ်​တာပဲ သို့ေ​သော်​ သွန်​ပစ်​ပြီးကာစအချိန်​ တိတိမှာ trans view နဲ့ကြည်​့ပြီး သုံးသပ်​ရင်​​တော့ ဒီညိုမျက်​ဝန်​း​တွေကို ကျ​နော် ဂွတ်​ဘိုင်​ပဲ​ပေါ့ တချို့အစိတ်​အပိုင်​း​တွေက […]


CourageFebruary 13, 20153min2114
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ-၄ တသသ ဖေဖေါ်ဝါရီ ၁၃   အစကတော့ “ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၄” ကို တခြား ကဗျာ တစ်ပုဒ် ဖေါ်ပြဦးမလို့ပါပဲ။ ရေးလဲရေးပြီးသားပါ။ ဒါပေမယ့် ဒီစာစဉ် တင်ရမယ့်နေ့က ဖေဖေါ်ဝါရီ ၁၃ ဖြစ်နေတော့ တခြား ကဗျာ တစ်ပုဒ် အကြောင်းကို ဖေါ်ပြတာထက် ဒီ ၁၃ ရက်နေ့နဲ့ ဆိုင်တဲ့ ကဗျာတွေ အကြောင်းပဲတင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သိကျတဲ့ အတိုင်းပဲလေ ဖေဖေါ်ဝါရီ ၁၃ ဆိုတာက တခြားနေ့မှ မဟုတ်ပဲ။ မောင်ကာကြီးတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ပိသုကာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့လေ။ ဪ ဘာလိုလိုနဲ့ အကယ်၍များ ဗိုလ်ချုပ်သာ […]


naywoon niFebruary 8, 20151min2046
ဗိုလ်​ချုပ်​ ဟုတ်​လား မနာလိုစရာအပြည်​့နဲ့ ပုံပြင်​ထဲက ဇတ်​​ကောင်​ ဘယ်​ဇာတ်​ညွှန်​းဆရာမှ မတတ်​နိုင်​တဲ့ ဇာတ်​ညွှန်​းရှုပ်​​ထွေးမှုအပြည်​့နဲ့ လျှို့ဝှက်​ချက်​အပြည်​့နဲ့ နှစ်​​ပေါင်​းတစ်​ရာ ပြည်​့ခဲ့တာ​တောင် သူ့သမိုင်​းကို ပုံ​ပြောဆရာ​တွေ ဟိုနားတစစ်​ ဒီနားတစ်​စ ပဲ ဆွဲထုတ်​​ပြောနိုင်​​သေးရဲ့ ပုံပြင်​မဟုတ်​ဘူး မ​ပြောပါနဲ့ တစ်​ကယ်​့ လက်​​တွေ့ဘဝမှာ မရှိနိုင်​​တော့တဲ့သူ မ​တွေ့နိုင်​​တော့တဲ့ အ​ကြောင်​းအရာ​တွေနဲ့ တစ်​ချိန်​တုန်​းက လူငယ်​တစ်​​ယောက်​ရှိ​လေသတည်​း ။ သူ့အမည်​နာမက ​အောင်​ဆန်​းဟု အမျာကသိ​လေ၏ ။ ဆိုတာမျိုး တစ်​ကယ်​ရှိခဲ့ပါတယ်​ဆိုတာကို​တောင်​ မယုံနိုင်​​လောက်​​အောင်​ စိတ်​ဓာတ်​တက်​ကြွဖွယ်​ အားကျဖွယ်​ နာကျည်​းဖွယ်​ မနာလိုဖွယ်​ လူတစ်​​ယောက်​အ​ကြောင်​း ​ပြောရင်​း ​ပြောရင်​း နား​ထောင်​ပြီးရင်​း နာ​ထောင်​ရင်​း ရာဇဝင်​ပုံပြင်​ ထဲက ဇာတ်​​ကောင်​းအလားဖြစ်​ရ ။ ​အေး​ပေါ့​လေ သူ့​လောက်​​တော်​တဲ့သူ သူ့​လောက်​ကိုယ်​ကျိုးစွန်​့နိုင်​တဲ့သူ သူ့​လောက်​ …….. သူ့​လောက်​ ……… …………………………………. […]


alinsettFebruary 6, 20154min35811
                    ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။               သင်၏ လွတ်လပ်မှုသည် ငါ၏လွတ်လပ်မှုလည်း ဖြစ်ပေ၏ဟု.. မြားကို မပစ်မီ လေးညှို့က ဆို၏ ။ (တဂိုး / မြန်မာပြန် –  ဆရာမြသန်းတင့်)   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ To – thura18987@gmail.com Subject – ကြယ်တစ်ပွင့်ဖြစ်ချင်သော… သူငယ်ချင်း သူရ – သို့ သတိရခြင်းများစွာဖြင့် … From – love.yoma@gmail.com   —————— သူငယ်ချင်း မောင်သူရ… ငါတို့က မင်းရဲ့ […]


ကျွန်တော်ဟာ သီးသန့်ကမ္ဘာလေးထဲမှာ နေထိုင်သူတစ်ယောက်ပါ အဲသည်နေ့က သူရောက်လာတယ် ပန်းနုရောင်တွေအပြည့်နဲ့ပေါ့ အဲသည်အချိန် လေပြေတွေက ဖြေးဖြေးလေးတိုက်ခတ်တယ် ပန်းနုရောင်တွေ သွန်းချလိုက်ပါ ကျွန်တော်တောင်းဆိုနေတယ် သူ့နှုတ်ခမ်းအစွန်းစ ကွေးညွှတ်တဲ့အပြုံးတစ်ခုနဲ့ ကျွန်တော် အရူးအမူးပဲ။   ဖြူဖွဖွ နှင်းမှုန်တွေလွှမ်းခြုံပေးပါ အေးစိမ့်တဲ့အထိအတွေ့နဲ့ ကျွန်တော်သူ့ကို အနမ်းအချ ို့ကပန်ပေးချင်ပါရဲ့ သူလက်ခံနိုင်ပါစေ သူ့နှုတ်ခမ်းမှာ ချယ်ရီတွေချိုမြလို့ ကျွန်တော့်ဆီ ဆင်းသက်ကျရောက်ပါစေ။   ကျွန်တော့်လက်ဖဝါးမှာ အပြာရောင်အလင်းမှုန်တွေဆင်းသက်လို့ သူ့ကိုတစ်ချက်မောကြည့်မိတယ် ဖြူလွှလွှဆိုတာထက် တကယ့်ဖြူလွှလွှ နှစ်ကိုယ်ကြားက လေပြေတွေဟာအတိုင်းအဆမရှိ …………………………………….. …………………………………….. နံရံမှာနားရှိသလို ကျွန်တော့်ရင်ဘတ်မှာ အာရုံခံကိရိယာရှိတယ် သူ့မှာရော…………………………..။   နီးစပ်လာတဲ့ ဝတ်မှုန်တွေကြားမှာ ကျွန်တော်သေငယ်ဇောနဲ့ ကူးခတ်ရသလိုပဲ သူ့လက်ဖျားမှာ မီးပြတိုက်လိုအလင်းရောင်တွေ ရောက်တော့မယ်…….ရောက်ခါနီးနေပြီ သူ့ဘက်က အလင်းရောင်ပြပြကျွန်တော်တွေ့မိလိုက်ရဲ့ လေပြေ…….တစ်ဆင့်…….လေပြင်း…… လေပြင်း…….တစ်ဆင့်……မုန်တိုင်း…….. ကျွန်တော့်လည်ချောင်းကတစ်ဆင့် […]


ခင္ခFebruary 2, 20151min31810
” လာတော့မည့် နွေ “     နှင်းမြူကျခင်း လျော့လာဆင်းပြီ ဥဩဌက်က တွန်သံချီ အေးလှဆောင်းပဝါ ခြုံလွှာသိမ်းလို့ သစ်ရွက်တို့လည်း ရော်ဝါညီ တပေါင်းနွေဦး ခြေလှမ်းသစ်စို့ လှမ်းဖို့အတွက်လည်း တာဆူပြီ ချည်ထည်ပါးပါး အဝတ်ဒီဇိုင်းတို့ ဆိုင်ပေါ်သို့လည်း ရောက်လေသည် ရေနွေးခရားအိုး ထန်းညက်ခဲနဲ့ အညာနွေကို အန်ကာတုပြီး ကုကိ္ကုလ်ရိပ်ဝယ် ထိုင်တော့မည်။   ခင်ခ။


naywoon niFebruary 1, 20151min26210
အမှားတစ်​ခုထဲကိုပဲ ထပ်​ကာတစ်​လဲလဲကျူးလွန်​​နေခဲ့ပြီး တစ်​ခါမှားပြီးတိုင်​း သင်​ခန်​းစာအသစ်​တစ်​ခုရခဲ့ အဲ့ဒိလိုနဲ့ ဘဝကို​နေ​ပေ​ျာ်​​အောင်​ပြင်​ဆင်​​နေတတ်​ခဲ့ ။ ကြံရိုး​တွေကို ဒလိမ်​့တုန်​း နှစ်​ခုနဲ့ ဖိ​ချေပွတ်​ကြိတ်​ပြီး အခွံ အဖတ်​​တွေကို ​ဘေးမှာစုပုံထားခဲ့တာက နှစ်​​လေးဆယ်​မက​တော့လည်​း …….. အမှားတစ်​ခုမှားပြီးတိုင်​း သင်​ခန်​းစာ အသစ်​တက်​ရတဲ့​ကျောင်​းသား​လေးလို ထပ်​ပြန်​တစ်​လဲလဲ အမှား​တွေကို အမှားအယွင်​းမရှိ ဂရုတစိုက်​မှားယွင်​းဖို့ ​သေချာ ကြိုတင်​ ​လေ့ကျင်​့လို့ ​နောက်​ထပ်​သင်​ခန်​းစာ ဘယ်​နှစ်​ခု ကျန်​​သေးမှန်​းမသိတဲ့ ဒီ အမှားဘာသာ​ဗေဒ ကြီးထဲမှာ ​နေထိုင်​ အိပ်​စက်​လို့ ။ ​နေဝန်​းနီ


ko sixJanuary 31, 20151min2348
အ​ဖေအ​မေမရှိ​တော့တဲ့ ဘဝဟာ ​ရေ​သောက်​မြစ်​အတူူးခံထားတဲ့သစ်​ပင်​လို ငါ ဒါမှမဟုတ်​ လူ့ဘဝတစ်​ခု ရပ်​လျှက်​​သေဆုံး​နေရမှာ အ​သေအချာ အိမ်​ဟာ နယူး​ယောက်​မှာလား ဘက်​ဂဒက်​မှာလား ​မြောက်​ဝင်​ရိုးစွန်​းမှာလား ငါ ထုပ်​ပိုးပြီိးပြီ အဲဒီအရပ်​မှာ ငါ့အိမ်​က​လေးသာရှိကြည်​့ ပြန်​​တော့မည်​ဖြစ်​သည်​ ကိုစစ်​