PoetryReady made for love ko sixJanuary 9, 20151min2257I have a word It is blood Whenever I say my sky, I remember that ready made for love But You can see my word It was written in my eye Now, It is my new course KO SIXCONTINUE READING
Poetryအရိုင်းပန်းနွမ်းစေသောဆောင်း ကာရံJanuary 9, 20151min1151အရိုင်းပန်းနွမ်းစေတဲ့ဆောင်း အချမ်းပိုလူမသိတာထက် အလွမ်းကိုသူသိမှာခက်လှတယ် ( အနမ်းမခြွေမှာစိုးလို့ပါလေ) ပန်းကလေးမနွမ်းမှာထက် ငါ့နံဘေးသူထွက်သွားမှာကြောက်မိတယ် (တွဲလက်ဖြုတ်မှာစိုးလို့ပါလေ ) လမ်းနံဘေး အလှမ်းမဝေးပါဘူး ရနံ့တို့ခြွေတဲ့ ဆောင်းတစ်ညမို့ အလွမ်းပြေဖို့ရာ မီးဖိုမလိုပေမယ့် မင်းမရှိတဲ့ခိုက်တန့်လေးမှာ ငါ့နှလုံးသား အရိုင်းပန်းနွမ်းလို့နေပါပြီမေ . . . . ကာရံ ၉ ့ ၁ ့၂၀၁၅ CONTINUE READING
Poetryအပြုံး ko sixJanuary 9, 20151min1352ဒီတစ်ခုက လူတွေမှာပဲ ဖောဖောသီသီ သုံးခွင့်ရှိတာ တစ်ချို့က ဘာလို့ တွန့်တိုနှမျောနေကြပါလိမ့် မိုအတက်ခံ သေရာပါဖုံးအုပ် လူ့တန်ဖိုးကို ကလော်ထုတ်နေကြပေါ့ ပြုံးရတဲ့ကိစ္စ အဆုတ်တော့ကွာမကျပါဘူး မိုနာလီဇာလည်း ပြုုံးခဲ့တယ် မာသာထရီဇာလည်း ပြုုံးခဲ့တယ် ဗိုလ်ချုပ်အောင်ဆန်းလည်း ပြုံးခဲ့တယ် ငါလည်း ပြုံးခဲ့တယ် သေချာရဲ့လာလို့တော့ မမေးနဲ့ သူလိုကိုလို မရေမရာ။ ကိုစစ်CONTINUE READING
Creative WritingPoetryမာယာတော manawphyulayJanuary 9, 20151min1191လူ တစ်ယောက်………. ငှက် တစ်ကောင်……….. အိမ် တစ်လုံး……… အရှေ ့ဖက် တောင်ကုန်းထက်ဆီမှာ…….. နေလုံးနီနီ တက်ခဲ့ပြီ……….။ တစ်ဒင်္ဂ အတွင်း…….. လိုချင်တပ်မက်ခြင်းတွေ အတွက်……… အတ္တတွေကို ထုပ်ပိုး……… ဘဝအဖော် လုပ်ရင်း……… တစ်နေ ့တာ ခရီးအတွက်…….. မာယာတောထဲ ငါ ထွက်ခဲ့မိပြန်တယ်……CONTINUE READING
Poetryစေရာ ကာရံJanuary 6, 20151min1815စေရာ အနမ်းလည်းခြွေ ပန်းလည်းဝေ လွမ်းသူ့မျက်ရည် စွေပါသော်လည်း မေ့မျက်နှာလေး နီသွေးကြွယ်မို့ မေ့မရသူက ကိုယ်ပါလေ …….. အမုန်းလည်းမနိုင် အပြုံးနဲ့ပြိုင် ကြည်နူးရိပ်ကလေး တစ်ခဏမို့ ကိုယ့်အနားက တိုးထွက်မသွားသူ . . . . လေပြေလည်းလာ လလည်းသာချိန် ချစ်ကဗျာသီရင်း ကိုယ်ချော့မြူ သည် အိုး အေ အေ့ အို တေးကိုဆို မေနံဘေးမှာ နားခိုရင်း ထာဝရလမ်းလေး မြဲပါစေသား . . . . . . ကာရံ ရ ့၁ ့၂၀၁၅CONTINUE READING
Poetryအစ်ကို ko sixJanuary 6, 20151min2267သံသရာက ဆက်ထုံးအတိုင်းလိမ့်ရာ အဲ့ဒီမှာ သူနဲ့သွေးတော်သားစပ် ဖြတ်မရတဲ့သမုသယသစ္စာ ထောင့်မှန်စတုဂံကျ ချစ်၏။ ခက်ပုံက အနားမညီ ဝိဟာရတွေသီလို့ လမ်းမှားစွာ ထွန်ယက်နေကြတယ်။ အမေကတော့ ချောင်ကျ ကျအရပ်မှာ မျက်ရည်ကျနေရင်း ငါက ဂေါ်ကီရဲ့အမေလိုမဟုတ်ဘူးဆိုကာ အတူတူ လာခေါ်တယ် ကိုစစ်CONTINUE READING
Poetryခက် ကာရံJanuary 4, 20151min1936ခက် တစ်စတစ်စ အပိုင်းများက လှိုင်းအားရဲ့ရိုက်ချက်ကြောင့် ကမ်းတစ်ဘက်မှာ အလွမ်းမဲ့ခြေရာ ထင်ကျန်ရစ်ခဲ့ပါပြီ မွှေးသည် မွှေးသည် သို့သော် ရိုးအီနေတဲ့ ဇာတ်လမ်းတွေက ငါ့စိတ်ရိုင်းတွေကို လှည့်စားတက်နေပြီ ကြေ ွလွင့်ခြင်းစေတမာန်များ မာယာစေတန်တစ်ချို ့ နတ်ဆိုးတို့ ပူစော်နေတဲ့ နှလုံးသားတမလွန်မှာ အမုန်းတရားတို့ အယူခံဝင်တက်ပြီပေါ့ သုံးမရတော့တဲ့ အပြုံးမြို့တော်ရဲ့ နောက် မှောက်ကာထားခဲ့တဲ့ သိက္ခာတစ်ချို ့နဲ့ လက်ကျန်မေတ္တာ ယာဉ်စွန်းတန်းမှာ ခက် ခက်သည်ဆိုသော ပုစ္စာလေးမြင်ဖူးလိုက်ချင်ပါသေးတယ် ကာရံ ၄ ့ ၁ ့ ၂၀၁၅CONTINUE READING
Poetryလွတ်လပ်စွာ ko sixJanuary 4, 20151min2408ဒီနေ့ နှစ်ရောင်စပ်ပုံပြင်တစ်ပုဒ်ရဲ့ အသဲကွဲအရောင်ကို တစိမ့်စိမ့်ပြန်သောက်မိတဲ့နေ့ အတိတ်ဟာ မလွတ်မလပ် တောလားတွေကိုငြီးညူရင်း အချစ်ကို ဘဝထဲ ထည့်ဖျော်ဖူးခဲ့ ကိုယ်အပူချိန်က ၁၀၈ မထိတထိ စိတ်လိုလက်ရ ပြန်လွမ်းမိတယ် အမှန်က ငါ့အချစ်ကို အသံတွေလို လေထဲမှာတင်ပြောပြီး ပျောက်ကွယ်သွားတာမျိုး မဖြစ်ချင်ပါဘူး။ တကယ်ကို့ လွတ်လွတ်လပ်လပ် ချစ်ချင်မိတယ် ညီမလေး။ ကိုစစ် CONTINUE READING
Poetryအက်ဆေး ko sixJanuary 3, 20151min2105အငိုတစ်ပုဒ်ပါ ဆိုမရတဲ့အခါ အသံတွေပါပျောက်လို့ ခက်ပုံက အရူးဂီတနဲ့ဆိုရတယ် အဆုံးကမဆုံးဘူး ဒီသီချင်းကို သင်.. လုံးလုံးမုန်းခဲ့ရင်ပေါ့ အဲဒီနေ့မှာ သိရပြီ။ ကိုစစ်CONTINUE READING
Poetryလမ်းခွဲ naywoon niJanuary 1, 20151min2326မနက်ဖြန်ဆိုရင် အစဉ်အလာမပျက် ခရစ်နှစ်အသစ်နဲ့ တွေ့ရတော့မယ် ။ အဲ့ဒိတော့ နှစ်အသစ်မှာကော မနှစ်ကလိုပဲ အစဉ်အလာမပျက် ခရီးဆက်ကြဦးမှာလား ? နှစ်တစ်နှစ်ကသာအသစ် မင်းတို့ရဲ့ အတွေးအခေါ် အယူအဆတွေက သစ်မှမလာပဲ ။ အစဉ်အလာ ဓေလ့ထုံးစံ တွေနဲ့ ယိုင်နဲ့ ဘယ်နှစ်ကြိမ်မြောက် ဘာပွဲလမ်းသဘင် ဆိုတာတွေပဲတပ်မက် မနှစ်ကလိုပဲ ဒီနှစ်တစ်နှစ်ကို ဖြုန်းတီးပစ်လိုက်ကြဦးမှာ ……. ဆိုတော့ နှစ်တွေဘယ်လောက်ပဲ သစ်သစ် အယူအဆ ညစ်ထေးထေး အတွေးအခေါ် အဟောင်းအမျင်းတွေနဲ့ပဲ မြေကြီးထဲ လက်နဲ့ယက်ဆင်းနေကြဆဲ ကဲ အတွေးအခေါ် အယူအဆ အပြောင်းအလဲ ဓလေ့ထုံးစံ အစဉ်အလာရဲ့ လမ်းခွဲ ဘယ်သူအရဲစွန့်ထွက်ရဲသလဲ ? နေဝန်းနီ ၂၃း၃၃ ၃၁ဒီဇင်ဘာ ၂၀၁၄CONTINUE READING
Poetry၂၀၁၅ naywoon niJanuary 1, 20151min1845အစဉ်အလာမပျက် မနက်ဖြန်နံနက်ဆို ငါ့အိမ်ပေါ်ကို မင်းသမီးအသစ်တစ်လက် တက်လာတော့မယ် ။ လက်ရှိမင်းသမီး အဟောင်းကိုဖယ်ရှား တက်သစ်စ မင်းသမီးကိုနေရာပေးရတော့မယ် ။ ဘဝ ဆိုတာထဲမှာ ခရစ်သက္ကရာဇ်လေး တစ်ခုပြောင်းတာဟာ ရင်ခုန်ဖို့ မကောင်းလှပါဘူးကွယ် ။ ဘယ်နေ့ ဘယ်အကွေ့မယ် ဘယ်သူနဲ့တွေ့မယ်ဆိုတာ ပြဌာန်းမထားတဲ့ သင်ခန်းစာထဲမှာ အစဉ်အလာတွေဘေးချိတ် ညည တွေမှာ ပျော်အောင်အိပ်နိုင်ပါစေ သူငယ်ချင်းတို့ရေ ။ နေဝန်းနီ ၁ရး၄၂ ၃၁ဒီဇင်ဘာ ၂၀၁၄CONTINUE READING
Poetryနှစ်သစ်ခွန်အား ကာရံDecember 31, 20141min2266နှစ်သစ်ခွန်အား စွန့်ပြစ်လိုက်ပါ အမုန်းများစွာကိုပေါ့ ဆက်လျှောက်လှမ်းပါ အပြုံးတရားနဲ့လေ ဟောင်းသွားသည့်ကနှစ်တစ်နှစ်ထဲ မဟုတ်ပါဘူး ရင်မှာအစွန်းအထင်းမခံပါနဲ့နော် အပြောင်းအလဲများနဲ့ ကြိုနေမယ့်နေ့ရက်တိုင်းမှာ အချိန်ကုစားခြင်းကို မခံရလေအောင် မာနကိုထက်အောင်သွေးလိုက်ပါ မာန်တော့မတက်လိုက်ပါနဲ့နော် တောက်ပလာတဲ့ အရည်အသွေးကို အလံထူကြည့်လိုက် သူသူငါငါ ရင်ဘောင်တန်းစေဖို့ နှစ်သစ်ရဲ့အစမှသည် နောင်ရာစုသစ်ဆီသို့ ချီတက်လှမ်းရအောင် သူငယ်ချင်း အားသစ်စကြပါစို့ ကာရံ ၁ ့၁ ့၂၀၁၅CONTINUE READING