ရာမညDecember 28, 20141min16710
^^^ အမျှ – – အမျှ ^^^ သူငယ်ချင်း …. မင်းသိလေမလား ငါတို့ဘာသာ ယူ ဝါဒမှာ ပေးဝေအမျှ ကြားပါကမူ စိတ်ကတူစွာ သာဓုသာဓု အာရုံပြုမူ သဘောတူမျှ ညီညွတ်ကြလျှင် ကုသိုလ်ရှင်လို ရသတဲ့ ။ သူငယ်ချင်း …….. မင်းသိလေမလား ဒို့များနေရာ ဒို့ပြည်ရွာတွင် ထောင် မှာချုပ်ထား ရာဇဝတ်သားသည် အများသိမှု မှတ်သားပြုလေ လူပေ လူဆိုး သူခိုး ဓါးပြ ထို ဗာလတို့ အကုသိုလ်များလုပ်သတဲ့ ။ သူငယ်ချင်း……. မင်းသိလေမလား ရောင်နီကွယ်ပျောက် ညကိုရောက်လျှင် ညစဉ်မပြတ် ထပ်ထပ်ရွတ်ဆို ကြည်ညို ဖွယ်တမ်း အချုပ်ခန်းက အမျှ အမျှ ပေးဝေငှသံ ကြားရပြန်သော် ကြံဖန်တွေးသိ ကျောချမ်းမိသည် […]


အေတြးေလးDecember 27, 20141min1408
အလှမ်းကျယ်ရင် အလယ်လပ်သတဲ့ . . . ကိုယ်ဟာ အလှမ်းလည်းမကျယ်သလို အစွမ်းလဲမရှိသူ မပြည့်စုံချင်းတွေနဲ့ပြည့်နေလို့လားမသိ တပ်မက်မှုတွေ က ခြောက်ခမ်းလာတယ် ပေးပါ စဉ်းစားတတ်တဲ့လက်တစုံ ကျွန်တော်ကိုပေးပါ စိတ်ကူးတွေနဲ့ အသိဉာဏ်တွေဟာ တဖြည်းဖြည်း ဝေးသွားသလိုပဲ ခပ်ခါးခါးအတ္တတစ်ခွက်ကို ကော်ဖီနဲ့အတူမျောချလိုက်တယ် ပူနွေးစွာစီးဝင်သွားတဲ့ အာခေါင်မှာခါးသက်လို့ ကိုယ်ပျိုးခဲ့တာအဆိပ်ပင်ဖြစ်ရင်တောင် အရွယ်ရောက်အောင်ပြုစုလိုက်မယ် Sometime တစုံတခုကိုတောင့်တမိပေမယ့် တစုံတခုက ဘာမှန်းရေရေရာရာမသိ တွေးမိတယ် စိတ်အစဉ်ဟာ ပုံမှန်ဟုတ်၏မဟုတ်၏ အလှမ်းကျဉ်းရင် အလယ်မဟာဘူးတဲ့ မွေးတယ် သတ္တိတွေမွေးတယ် ဘဝအတွက်အနာဂါတ်တခု ကိုယ်လျှောက်နေတဲ့လမ်း ဟာ မှန်လားမှားလား မသိသေး ဘဝလှေကိုလှော်နေချိန် တက်ကျိုးရင် လက်နဲ့လှော်လိုက်မယ် ပြပါ ကျွန်တော့ကိုလမ်းမှန်တခု ပြပေးပါ တိုက်ပွဲဝင်ဖို့လက်နက်တစုံ ထုတ်ပေးပါ Please ကျွန်တော်လျှောက်နေတဲ့လမ်းမှာ ခလုတ်ကန်သင်းတွေထပ်မတွေ့ပါရစေနဲ့။ အတွေးလေး (ပြင်ဦးလွင်)


ခင္ခDecember 26, 20141min1306
“ရလာဒ်က မလှ” အင်အားနှစ်ခု အပြိုင်လုတော့ မည်သူမဆို နိုင်ချင်ကြတယ် အဲဒါပြိုင်ပွဲတဲ့။ အချစ်နဲ့စစ် မတရားတာမရှိ အပိုင်ရဖို့ နည်းမျိုးစုံသုံး အနိုင်ရသူ သာစမြဲ။ ကိုယ့်လူမျိုးချင်း နှိပ်ဆက်ခြင်းနဲ့ အနိုင်လုယူ အာဏာတည်သူ ထိုထိုသူကို တရားတယ်လို့ မင်းထင်လေရော့သလား။ အနိုင်ရကာ ဗိုလ်စွဲပေမယ့် အသိမှတ်ပြုစစ်တမ်း ပြည်သူရင်ထဲ ကောက်ယူလှမ်းရင် ရလာဒ်သုည ကပ်နေမယ်ထင်။ ခင်ခ။


မစုဥာဏ္December 26, 20141min33716
ဒီဇင်ဘာလ ခရစ္စမတ်ညမှာ နံရံတွေခြား၊ သံတိုင်ကြားမှ မြူနှင်း ပျပျ ဆောင်းအလှ ကို ….. ငါ မှန်းဆမိတယ်။   မာကြော အေးစက်တဲ့ ကြမ်းပြင်ကို ကျောခင်း ကြွက်တွေ၊ ကြမ်းပိုးတွေ ကို မောင်းထုတ်ရင်း …. အမေ့လက်ရာ ထမင်းဟင်းတွေ ကို တမ်းတ ချစ်ခင်သူတွေ ကို ငါ လွမ်းလှတယ်။   မတရားမှုကို အံတု၊ ယုံကြည်မှု ကို အားပြုလို ့ သံတိုင်တွေ နောက် ငါ ရောက်ခဲ့တယ်။ လွတ်မြောက်မှု ကို စတေး၊ အဲဒီ ယုံကြည်ချက် အတွက် နုပျိုမှုတွေ ကို ငါပေးခဲ့ရတယ်။   ဖိ နှိပ် မှု စနစ်ကို တန်ပြန်၊ […]


alinsettDecember 25, 20142min17815
လူတစ်ပိုင်း မျောက်တစ်ပိုင်း ကောင်းကင်ဘုံကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့. . . ကြီးမြတ်တဲ့မဟာနွယ်ဖွားအဖြစ် ညနက်ထဲ အိပ်မက်ခဲ့. . . သာသာယာယာပဲ . . . ပျော်ရွှင်ခြင်းကို ဝတ်ရုံအဖြစ်ခြုံပြီး လုံခြုံနွေးထွေးလို့. . . မကြာခင်မှာပဲ. . . မိုးစင်စင်လင်းတယ်. . . ညက မအိပ်စက်ခင် ဖတ်ထားလက်စ စာအုပ်ကို. . . မှောက်လျက်သားနဲ့ တွေ့ရတယ်. . . လူဆိုတာ. . .မျောက်ကဆင်းသက်လာခြင်းဖြစ်တဲ့အကြောင်း . . . ချက်ကျလက်ကျ ရေးထားတယ်. . . အဲ့ဒီစာအုပ်. . . သိပ်ချစ်ဖို့ကောင်းလှတယ်။ ။ ~~~~~~~~~ မောင်သူရ ၂၀၁၄၊ ဒီဇင်ဘာ၊ […]


ကာရံDecember 24, 20141min1206
နှောင်းအတိတ် ဆောင်း အလွမ်းရဲ့ဒဏ် အေးခဲလှပါပြီ ဆောင်းလရာသီမို့ အချမ်းပိုစေသလား နှင်းဖွဲဖွဲညမို့ အနမ်းတို့ခြွေနေသးတယ် မေရယ် ရင်ထဲခိုက်ခိုက်တုန်းဆဲမို့ ဆောင်းတို့ခြေရာ ဖျောက်နေရော့သလား အတိတ်ပန်းချီကားမှာ မြူ နှင်းများဝေကြပြီ သူတို့မြေမခခင်လေးမှာ နှလုံးသားစိုစွတ်သယောင် လျှောက်မြဲလမ်းတို့ အထီးကျန်ဆန် အကျည်းတန်ပတ်ဝန်းကျင်မှာ နှင်းများဖွဲဖွဲပါ ကော်ဖီခါးခါးတစ်ခွက် ဘဝမောဟတွေကို ဖြေသိမ့်ရင်း အနွေးဓာတ်ကို ဖန်ဆင်းခဲ့ပါပြီ ရာသီခွင် တစ်ပတ်လည်ပြီမို့ ဆောင်းလေးအဝေးမပြေးခင်လေးမှာ မေရယ် အပြေးသာလာခဲ့ပါနော်  ကာရံ ၂၄ ့၁၂ ့၂၀၁၄


ခင္ခDecember 24, 20141min17615
” မင်းတို့ခေတ်ရောက်ရင် “   မီးထိန်ထိန်လင်း သူများနိုင်ငံ သာယာသန့်ရှင်း အိမ်နီးချင်း အဆင့်တန်းရယ် ခေတ်မှီလှတယ် လူနေမှုအဆင့် အဆင့်မြင့်ထည် ညညလာတဲ့ ဇာတ်လမ်းတွဲဝယ်၊   ငါတို့တွေသည် ဘယ်သောခါမှ ထိုသာယာလှတဲ့ လူဘောင်ဘဝ နေခွင့်ရမယ် မျှော်ရင်းမောတယ် အရွယ်တွေက ရပ်နေမရတော့ ဇရာအိုဟောင်း သက်တွေကြီးပေါ့၊   ဟိုတုန်းခါက ကျုပ်အဖိုးစကား ဆက်ကာသယ်လို့ ထပ်ခါမှာမလို့ ငါတို့ခေတ်တော့ တိုးတက်ပြည်မြန်မာ မမြင်သာဘူး ငါ့မြေးတို့ရယ် မင်းတို့ခေတ်တော့ မြင်ရကောင်းပါရဲ့ကွယ်။     ခင်ခ။  


ကာရံDecember 23, 20141min1114
မာနလှိုင်းလေး ငြိမ်းပါစေသား ဝေခွဲမရ ကြေ ွကွဲညများ လမင်းလည်းမသာ ကြယ်လည်းမလာ ညမွှေးပန်းများ ဆွံအခဲ့ည မျက်ရည်စက်များ ခါးသက်လှပြီ . . . ကံကြမ္မာရိုင်း တိုးကပ်ရင်းမို့ တို့ဘဝတွေ အဆုံးသပ်ရင်း ရင်တွင်းမိုးတို့ တိုးခက်နေပြီ . . . ကမ်းနံဘေးနား လှိုင်းကြမ်းများဝေ အဝေးကအိမ် ယိုင်လုလုဘဝ ငါတို့ဘယ်များ ခိုနားရမည် သင်တို့ သင်တို့ သိပါစလေ လောဘရမ္မက် ကြီးလှပေစွ . . . အလှည့်ဆိုတာ ကြုံကောင်းပါမူ ခံစားပြည်သူ မျက်ရည်မြစ်ချောင်း ဆုံးသည့်တစ်နေ့ သင်တို့ သင်တို့ အနိုင်ယူမြဲ နေပါလေစ . . . ကာရံ ၂၄ ့၁၂ ့၂၀၁၄


ခင္ခDecember 23, 20141min18516
” မတူညီသော တူသောအချိန် “   ရုတ်ရုတ် ရုတ်ရုတ် သုတ်သုတ် သုတ်သုတ်နဲ့ ပြေးကာ လွှားတချက် သွားလာကြတဲ့ လူသူတွေများ ဘာဖြစ်ကြလဲ စပ်စုကာကြည့် ခြေဆုံရပ်မိ မြင်ရဘိတယ် မြို့လယ်ရန်ကုန်ဝယ် ရုံးဆင်းအလုပ်ဆင်း ပြန်ချိန်သာတည်း။   ထိုထိုချိန်နဲ့ မတိမ်းမယိမ်း ရောက်မိတောရွာ မြင်ကွင်းမှာက အိမ်ရှေ့ကပြင် မြေသလင်းတွင် ဝိုင်းကာစုဝေး လက်ဆုံကြသေး ရေနွေးလေးသောက် ဆေးလိပ်ကယ်ဖွာ လက်ဖက်ကိုစား နေသူများစွာ အေးဆေးလှတယ်ကွာ။   ခင်ခ။


naywoon niDecember 20, 20141min1839
နဂါး….. နဂါး….. နဂါး….. ကျား ကိုစားသွားတယ်​ …..။ ကျား….. ကျား…..ကျား .. .  နွားကိုစားထားတယ်​ …..။။ . နွား… နွား …. နွား … သူ့မှာ​တော့စားစရာ ဆာဟာရ မြက်​ခင်​း​လေးတစ်​ခုမှာ​တောင်​ ညိုးရိ နွမ်​း​ရော်​လို့ …..။ ​နေဝန်​းနီ 20-11-2014 17:27


ကုိ ထြဋ္December 18, 20144min27420
အကယ်၍… မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်… ။ အကယ်၍… အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်… ။ အကယ်၍… စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်… ။ ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်… ။ ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်… ။ ပြီးတော့ မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ ပညာရှိစကားတွေလည်း မပြောဘူးဆိုရင်… ။ အကယ်၍… စိတ်ကူးယဉ်အိမ်မက်တွေဟာ မင်းအပေါ် […]


manawphyulayDecember 18, 20141min17118
အရွယ်တွေ ညောင်းပါလို့ ငယ်ပေါင်းတို့ ဘယ်မှာ လွမ်းစိတ်တို့ ဖြာသည် တို့ဂေဇက်ရွာ ဟိုယခင်က စာရေးသည့်ရွာလေး… စာရေးအတူ လှူလည်း လက်ချင်းတွဲ၍ မခွဲဘဲအတူ စိတ်ထားဖြူလျက် အပျော်များနှင့် စာရေးသည့်ရွာမို့ မေ့ရစ်ဘူးထာဝစဉ် စိတ်ထဲမှာ မြင်တော့တယ် မရောက်တာ ကြာပေမယ့် ဘာလိုလို ဟိုသည်မှန်းလို့ လွမ်းမိတယ်လေး….


alinsettDecember 18, 20141min21116
  ”နေရာမှားပြီး ရှင်သန်မိတဲ့သစ်ပင်” ——-   ငါ့ကိုယ်ထဲ တစ်ယောက်ယောက်များ ဖောက်ထွင်းဝင်ရောက်မိလေသလား. . .   ဒါမှမဟုတ် ငါကပဲ. . . တခြားတစ်ယောက်ယောက်ထဲ ဖောက်ထွင်းဝင်ရောက်ခဲ့လေသလား. . .   သေချာအောင် ငါ့ကိုယ်ကိုငါ ခွဲခြမ်းစိတ်ဖြာကြည့်ရဦးမယ်. . .   ငါဟာ ဘယ်လိုမြေပြင်မှာ ရှင်သန်ခဲ့တဲ့. . . ဘယ်လိုအပင်က . . . ဘယ်လို သစ်သီးများလဲလို့. . .   ~~~~~~~~   မောင်သူရ   ၂၀၁၄၊ ဒီဇင်ဘာ၊ ၁၀ ။။။။။