alinsettNovember 20, 20141min36811
  (ကဗျာချစ်သူတစ်စု ပူးပေါင်းပြီး  . .. နှစ်ချီအောင် ဖန်တီးခဲ့တဲ့ ကဗျာပြခန်းလေးကို ပြန်လွမ်းတာက အစပြုပါတယ်။ )   :k:   နောက်တစ်ချက်က ကဗျာတွေ စာတွေအကြောင်း မဖတ်ရ / မပြောရရင် မနေနိုင်တာရောပဲ။   ဒါကြောင့် ကဗျာတွေ စာတွေအကြောင်း နည်းနည်းပြောချင်လာလို့… ဒီအစီအစဉ်လေးကို အစဆွဲထုတ်ကြည့်တယ် ဆိုဘာဇို ့။   ——- ကဗျာ… .   မောင်သူရ ကဗျာတွေကို ချစ်တယ်။ ~~~~~~~~ ဘယ်လို ကဗျာ အမျိုးအစားကိုမဆို ချစ်နိုင်တယ်။ ကျွန်တော် ချစ်၍ ကျွန်တော် ဖတ်သော ကဗျာ… = (ရေးရိုး အစဉ်အလာ အသံချိုတယ်ဆိုတဲ့ ကဗျာတွေပေါ့)   ကျွန်တော် […]


  “မော ဇာတ်လမ်း ”   မောလိုက်တာနော်……… ဒီဇာတ်မျောကြီးမှာလေ တောကလူ မြို့ရောက် မြိုကလူတောဆင်း အရူးကွက်နင်းနေတာကို လက်ခုပ်တီး။ ဟိုဆရာတော်များရှိခဲ့ရင် ဘယ်လို “ယီး”တိုက်မယ်ဆိုတာ သိချင်မိပါရဲ့။ အချင်းချင်းလဲ ခုတ်လိုခုတ် ဖြုတ်ထုတ်သတ်လို့ အမြစ်ဖြတ်တဲ့အခါဖြတ် အရမ်းကို ဇာတ်တွေရှုုုပ်ကြတာပါ။   တကယ်လုပ်သူ အထဲဝင် အပြင်မှာတော့ ဘူကောင်တွေများ ပေါင်းစားနိုင်သူက ခေတ်မပျက်ဘဲသူဌေးဖြစ် မဲညစ်နေတဲ့ငွေကို ခဝါသည်ငှားပြီး လျှော်သူလျှော် မတော်တရော်လုပ်နေသူ တွေကစင်ပေါ်ရောက်။   ရွှေဝါပြည် က ငထက်ခိုင်မာ ကိုယ်စားလွှတ်သူကိုတော့ ဘေးမောင်းထုတ် ချုပ်တဲ့အခါချုပ် ချော့တဲ့အခါချော့ ပျော့တဲ့အခါပျော့ လျော့တဲ့အခါလျော့ ဟိန်းတဲ့အခါဟိန်း ထိန်းတဲ့အခါထိန်း တကယ့်ကိုငြိမ်းမရတဲ့မီးတွေ။   မခေါ်ဘူးဆိုမှထူးလိုထူး မဝင်ရဘူးဆိုမှလူလုံးပြ ဝါးလုံးခေါင်းထဲလသာ ပုဆိုးခြုံထဲကလက်သီးပြ မမြင်ရတဲ့နေရာက အော်လိုအော် အော်” […]


ကာရံNovember 18, 20141min2345
ချစ်ခရီးလမ်း ကြမ်းသတဲ့လား လှည့်မကြည့်ပါနဲ့ အချစ်ငတ်နှလုံးသား အပြုံးများကိုကြိုနေလို့ပါ ဟိုးအဝေးမှာ လှိုင်းလေမြူးနေကြတယ် တို့တစ်တွေတစ်ခဏတော့ ဝေးနေရဦးမယ်လေ အတွေးကလေးချာချာလည်နေတယ် ရှင်လေးနံဘေးမှာ ရပ်တည်ရင်းအားပေးစကားဆိုချင်သေးတယ် မငိုလိုက်ပါနဲ့လား ကိုယ့်နှလုံးသားကပုလဲလေးတွေကို ကြိုဆိုဖို့ အချိန်မတန်သေးလို့ပါ သစ္စာတရားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း မေတ္တာခြေလှမ်းနဲ့ ဆူးခင်းလမ်းလေးဖြတ်ရအောင်နော် ချစ်ပန်းတိုင်လေးမှာ သံယောဇဉ်ကြိုးလေးစီတန်းနေကြတယ် ဒီခရီးဘယ်လောက်ကြမ်းကြမ်း ပေါ့ ကာရံ ၁၈ ့၁၁ ့၂၀၁၄


တောင်ပေါ်သားNovember 18, 20141min37810
လမ်းတွေ လမ်းတွေကိုမြင် ဘယ်ကဝင်မလဲ မသဲကွဲလို့ ဆက်မျှော်စို့ ၊ စမ်းရေ စမ်းရေတသွင်သွင် စီးနေစဉ်မှာ လာမယ့်သူက ဘယ်ဆီမှာ ၊ ပန်းကြွေ ပန်းကြွေပြန့်ခင်း သည်ရှုခင်း မနင်းရက်သာ ကြိုသူမှာ ၊ အနမ်းပြေ အနမ်းပြေပြီ သည်လိုထင်မိ မကြည့်ချင်သူများ ဖြစ်နေမလား ၊ အလွမ်းဝေ အလွမ်းဝေဝေ ပန်းကြွေတောထဲ မျှော်မောဆဲဟာ ကျနော်ပါ ၊


ခင္ခNovember 17, 20141min2596
” သူဘဝနှင့် သူပျော် “ တစ်ဘဝ စံ ခဏဟန်လဲ အဝခံစား ပျော်ရွှင်အားနဲ့ ကျေနပ်ပိတိ ဖြစ်သည့်သူကို တရားရယ်ချ ဟောကာပြလဲ ကျွဲပါးစောင်းတီးပင် ဖြစ်ပေမည်။ ခင်ခ။


alinsettNovember 17, 20144min40912
                                    # မဆုံးတဲ့ ဆုံးမစာ !!! ဖြူတာတော့ အဆုံးစွန်ထိ ခွင့်ပြုတယ်။ A4 လောက်တော့ မပါးစေနဲ့ပေါ့။ တချို ့က ဖြဲတတ်တဲ့ ဝါသနာရှိတယ်။ သွားပါများ ခရီးရောက်တယ်ဆိုပြီး ခြေတိုအောင် လျှောက်မနေနဲ ့။ ထိုင်ရာမထဘဲ ပန်းတိုင်ထဲရောက်နိုင်တဲ့ နည်းတွေ ခင်ဗျားဆီမှာ ရှိတတ်တယ်။ ကိုယ့်ကို ကိုယ် ရှာတတ်ဖို့တော့ လိုလိမ့်မယ်။ မေးပါများ စကားရတယ်ဆိုပြီးလည်း အမြှုပ်ထအောင် လျှောက်မေး မနေနဲ့။ မမေးဘဲသိနေရမယ့် အဖြေတွေကို ကိုယ့်ဘာသာ တွက်ချက်တတ်ရမယ်။ […]


“အဖြည့်ခံ”   ခင်ဗျားသွားချင်ရာသွားဘို့ အဖော်များလိုရင် ကျနော်ကိုခေါ်ပါ ကျနော်ကအားနေလို့ပါ။ ခင်ဗျားမှာလျှာတွေယား စကားပြောဖော်များမရှိရင် ကျနော့်ကိုခေါ်ပါ ကျနော်ကအားနေလို့ပါ။ ခင်ဗျားမှာတစ်ယောက်ထဲပျင်း ငြင်းစရာလူလိုရင် ကျနော်ကိုခေါ်ပါ ကျနော်ကအားနေလို့ပါ။ ခင်ဗျားမှာအဖော်မရှိ တစ်ယောက်ထဲ အားများအားနေရင် ကျနော့်ကိုခေါ်ပါ ကျနော်အားနေလို့ပါ။ ခင်ဗျားမှာစိတ်တွေများ ကျပ်စရာလူများလိုရင် ကျနော့်ကိုခေါ်ပါ ကျနော်အားနေလို့ပါ။ ခင်ဗျားမှာ …………………………… ……………………………. ကျနော့်ကိုခေါ်ပါ ကျနော်အားနေလို့ပါ။ ကျနော်အားနေလို့ပါ။ ကိုပေါက်လက်ဆောင်အတွေးစဉ် 15-11-2014


aye.kkNovember 15, 20141min3118
” မာန ” တောင်တွေဆိုတာ တစ်တောင်နဲ့တစ်တောင် အနိမ့်အမြင့်မညီနိုင်ပါဘူး။ တောင်ဘယ်လောက်မြင့်မြင့် ခြေဖဝါး အောက်ရောက်ရတာပဲ။ မာနဆိုတာလည်းအတူတူပဲ မာနဘယ်လောက်ကြီုးကြီး ကိုယ့်ထက်သာလွန်တဲ့သူနဲ့ လူပုံအလယ်မှာ တွေ့ဆုံရရင် ကိုယ့်မာနဟာ အလိုလိုသိမ်ငယ်သွားရတတ်တယ်။   ။ အရိယာပုဂ္ဂိုလ်လိုမျိုးသူတော်စင်တွေက ဆုံးမတဲ့စကား လက်ဆင့်ကမ်းပြောပြ ချင်တာရှိပါတယ်။ မာနဆိုတာ မထားဘို့ပေါ့နော် မာနကြီးရင်ပေါ့နော် သံသရာ မှာတိရစာ္ဆန် ဖြစ်ရတယ် တိရစ္ဆာန် ဖြစ်ရင်တောင် အနှတ်စုပ် ဂုပ်စုပ်ဖြစ်ရတယ်တဲ့။ အနှတ်စုပ် ဆိုတာက မိုးရွာရင်ခိုစရာမရှိ အမွှေူူးတွေက ရေစိုပြီး စုပ်ပြတ်စွာနဲ့နေရတတ်တယ်တဲ့ ။ နွားဖြစ်ရင်လည်း ဂျိုကုတ်ပြီး မလှပဘူူးတဲ့။ တန်ဘိုး မရှိဖြစ်ရတယ်ပေါ့နော်။ မာနဆိုတာ တောင်ဥပမာလေးလိုပါပဲ။   ။


အောင် မိုးသူNovember 14, 20141min2344
ရောက်နေတဲ့နေရာဟာ လမ်းဆုံးဆိုရင် ကိုဟာ ချောကမ်းပါးတစ်ခုအစွန်းမှာ ရပ်မိနေသူတစ်ယောက်ပါ…..ချစ်တဲ့သူ။   တကယ်လို့ လမ်းစဆိုရင် ကိုဟာ မျှော်လင့်တဲ့အနာဂတ်ကို ဖန်တီးချင်တာပါ….ချစ်တဲ့သူ။   တံတားမရှိဘူး အခြားမရှိဘူး ကိုဟာ ဒီချောက်ကမ်းပါကနေ မင်းနဲ့အတူခုန်ချပစ်လိုက်မယ်။ (မိုက်ရူးရဲဆန်တယ် ပြောချင်ပြောပါစေ)   ရှိနေတာ လမ်းစဆိုရင်တော့ မင်းဟာ ကို့လက်ကိုတွဲ ကိုနဲ့အမြဲသာရှိပါစေ။   နက်နဲတဲ့ ကမ်းပါးတွေအောက်မှာ ပျော်စရာလည်း တွေ့ချင်တွေ့မယ် ငိုစရာလည်း တွေ့ချင်တွေ့မယ် ကို့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပါ။   လမ်းစဟာ အမှောင်ဖုံးချင်ဖုံးမယ် တိမ်ဖုံးချင်ဖုံးမယ်။ ကို့လက်ကိုဆွဲ အားတင်းထားလိုက်။   အမှန်ဆိုရင်လည်း တစ်သက်စာ တစ်ခါတည်းမှန်ချင်တယ်။ အမှားဆိုလည်း တစ်သက်စာ တစ်ခါတည်းမှားပစ်ချင်တယ်။ လာပါကွာ ကို့လက်ကို တင်းတင်းဆွဲ တို့နှစ်ယောက် အတူရဲရင့်ကြမယ်။   လာပါကွာ […]


စဆရ ႀကီးNovember 14, 20141min46911
ကျုပ်ရဲ့ညတစ်ည သစ္စာကိုမရှိဘူး အိမ်မက်တွေ မက်ချင်သလိုမက်နေတာ ဆီးရီးယားကိစ္စကျနေတာပဲ လူတစ်ကာပြောစရာဖြစ်လို့ ဪ… အာရပ်နွေဦးကစတဲ့ ပုံပြင်တစ်ပုဒ်ရယ်ပါ။ နေပါဦးလေ တစ်မတ်သားတွေက ၇၅ ပြားကိုလွှင့်ပစ်မယ်တဲ့လား ကျုပ်ရင်တစ်ခြမ်းကိုပဲ ပိုင်းရောင်းပါရစေဦး တန်ဖိုးသိတဲ့သူတွေ ဈေးကြီးကြီးပေးဝယ်ကြမပေါ့ ခုများတော့ အရှက်မရှိတဲ့မျက်နှာကြီးနဲ့ တောင်းစားပါရစေဦး။ ဘာ???? ငြိမ်းချမ်းရေးအသီးအပွင့်တွေ ဝေဆာနေသတဲ့လား ဟိုလူလဲ ပြောင်းတိုပြောင်းရှည်နဲ့ ဒီလူလဲ ပြောင်းမတိုမရှည်နဲ့ လူတစ်ကာလက်ထဲ ကျိုက်ထီးရိုးသေနတ်မဟုတ်တာတွေ တစ်ရမ်းရမ်းနဲ့ မြို့ထဲမှာသရမ်းနေမှတော့ အသီးအပွင့်တွေ မဝေရင်နေပါစေလေ ယမ်းငွေ့တွေ မဝေစေလိုတော့ဘူး သူ့ဖာသာ ရောင်းဝယ်ဖောက်ကားကြပါစေပေါ့။ အနောက်တံခါးကျိုးပြီ အမည်ခြုံကုလားတွေ လှိမ့်ဝင်လို့ အတွင်းရေးမှူးရှုပ်လို့ သူတို့လို မပီမပြင်ခေါ်တဲ့ အဲ့လူကြီး ခြေရှုပ်နေတယ်တဲ့လား သူ့အရေး သူ့ဖာသာရှင်းပါစေကွယ် မီးလောင်ရာ လေမပင့်ပါနဲ့လား မင့်နဲ့မှ သန်း ၆ဝ ပြာကျသွားမယ် မသိလဲ မသိသလိုနေပါလား။ […]


တောင်ပေါ်သားNovember 14, 20141min3239
ဖူး . . . . ဖူူးလာသည့်လမ်း ဝမ်းပန်းတသာ ရှိ၍လာခဲ့ ကြိုမယ့်သူအကြည့်  သူ မသိ ၊ ငုံ . . . . ငုံစထွေးထွေး မွှေးစသည်ပန်း စခန်းသာမြေ ဩဇာရေနှင့် စ၍တော့ဖြင့် ပွင့်ရော့မည် ၊ ပွင့် . . . . ပွင့်၍လာပြီ ရိုးတံဖျားဆီ နီရဲစွေးစွေး လှသွေးကြွယ်ဝ သူ့ဘဝ ၊ လန်း . . . . လန်းလန်းလှလှ ချမ်းချမ်းမြမြ ဖြစ်ရစေဖို့ တိုးလို့ကြည်နူး ဥယျာဉ်မှုး ၊ နွမ်း . . . . နွမ်းစယောင်သမ်း မနမ်းရက်သာ ခက်ညှာဝေကင်း ဆင်းသွင်ရုပ်မှာ […]


manawphyulayNovember 13, 20141min51722
ထိလွယ်ရှလွယ် ခံစားလွယ်သည် ငါ့နှယ် စာပေဝါသနာရှင်မို့လား။ ချစ်လွယ်ခင်လွယ်၊ မြတ်နိုးလွယ်သည် ငါ့နှယ် စာပေဝါသနာရှင်မို့လား။ ငဲ့လွယ် ညှာလွယ်၊ သနားလွယ်သည် ငါ့နှယ် စာပေဝါသနာရှင်မို့လား။ ပေးလွယ်ကမ်းလွယ် လှူဒါန်းလွယ်သည် ငါ့နှယ် စာပေဝါသနာရှင်မို့လား။ ဪ.. လေ… ဘဝပေးကုသိုလ်ကံ အကြောင်းဖန်တော့ ရုန်းကန်လှုပ်ရှား ဝမ်းစာရေးလား ငါ့နှယ် စာပေဝါသနာရှင်မို့လား….


တောင်ပေါ်သားNovember 12, 20141min50211
တိမ်တွေပေါ်မှာ မင်း စကားသံ   လွင့်ပျံဆဲလေ သေချာသော်လည်း အဖမ်းခက်ခဲ ၊ မြေနီလမ်းမှာ မင်းခြေရာများ ရှိထားသော်လည်း ရှာရန်ကမလွယ် ဇဝေဇဝါရယ် ၊ လှည်းတန်းက အိုက်စ်ဘယ်ရီ ကော်ဖီ၂ ခွက်ရယ် သက်သေတည်လည်း ဘယ်ခွက်ဆိုတာ ငါမပြသာ ၊ အင်းစိန်လမ်းပေါ် ဒို့ပျော်ခဲ့တဲ့ ၄၈  စီးဖြစ်ကြတာ သေချာပေမယ့် ဘယ်ကားဆိုတာမရေရာ ၊ ဝိုင်ကေကေအို ထိုင်လေကို တဲ့  ချွဲနွဲ့သူ့အသံ ဟန်ပန်များရယ် ဘယ်ပျောက်ကွယ် ၊ လပြည့်ဝါဆို ငါငိုချင်ခဲ့ ခွဲတဲ့ချစ်သူ ပြစ်မြူ မျှမတင် ချစ်သူကိုကွယ့်လှစေချင် ၊