အလွမ်းကိုပုံဖော်ကြည့်တော့ အနမ်းတွေကတစ်ပွေ့တစ်ပိုက်နဲ့။ ဆောင်းကမအေးသေးဘူး ချစ်သူ အပြောင်းအလဲတွေထဲမှာတော့ ကိုနွေးထွေးချင်နေပြီ။   အသိဆိုတဲ့စိတ်တွေထဲမှာ သတိရခြင်းတွေက ကပ်ကပ်ပါလာတယ်။ အဝေးမှာ အဝေးမှာ အဝေးမှာဆိုတဲ့စကားလုံးကို ကိုသတ်ပုံတွေမှားမှားပေါင်းတယ်(သိရက်နဲ့) နှလုံးသားချင်းနီးနေတာပဲ ဟင့်အင်း အမြဲတမ်းနီးစပ်ချင်ပြီဆို အဲ့ဒါ ကိုယ့်အတ္တဖြူပါ….ချစ်သူ။   နောက်ကျတဲ့ဆောင်းရယ် နောက်ဆုံးအချစ်ဆိုတဲ့ ကို့အချစ်ရယ် ဘဝဟာ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေများခဲ့တယ်။   ဟုတ်တယ် ၁၄ခုနှစ် နိုဝင်ဘာက ဖောက်ပြန်တယ် မင်းအပေါ်မဖောက်ပြန်ဘူးလို့ ရဲရဲကတိပေးတယ်။ အလွမ်းက အလွမ်းပါပဲ နိုဝင်ဘာမှာ လွမ်းတဲ့အလွမ်း။ နွေးထွေးမှုတွေ ပေးမယ့်အလွမ်း စောင့်ဆိုင်းခြင်းနဲ့အတူ လွမ်းတဲ့အလွမ်း ကို့ရဲ့………………. နိုဝင်ဘာ……အလွမ်း။ ………………………………… ရင်နှင့်ရင်း၍ အောင်မိုးသူ ၂၀၁၄ခုနှစ် ၁၂ရက် နိုဝင်ဘာ


ခင္ခNovember 11, 20141min61410
” မျိုးဇာတိဂုဏ် “   ကျီးတွေရဲ့ အလေ့အထ တစ်ကောင်ထိရင် ဝိုင်းအာကြ ဘာလို့အဲလို ဖြစ်လဲဆို အမျိုးစောင့်ကြ သူတို့ကို ခဲမှန်မိတဲ့ ကျီးတစ်ကောင်အဖြစ် ကန့်ကွက်အော်ဟစ် ညီပါ့အစစ် မျိုးချစ်စိတ်ဓာတ် ပေါ်လွင်တယ် ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမယ်။     ခင်ခ။


ကာရံNovember 10, 20141min1873
တိုက်​ပွဲ အနိုင်​နွှဲ​နေကြတယ်​ ယိုင်​လဲ​နေတဲ့စိတ်​ ​လောကတိုက်​ပွဲကြားမှာ ​မောဟ​တွေ တိုက်​စစ်​နဲ့ ငါလိုက်​ပစ်​ခဲ့တာ { အနိုင်​ရမိရဲ့လား} ကျရှုံး​နေတဲ့စိတ်​ဓာတ်​ကို အရှိန်​မြှင်​့ဖို့ တိုက်​စစ်​ကိုဖွင်​့ကစားခဲ့တယ်​ ငါမမြင်​လိုက်​ဘူး မာယာ​တွေမြုပ်​ထားတဲ့ ကစားကွက်​က အသာရလိုက်​ပြန်​တယ်​ { ငါအရှုံး​ပေးလိုက်​ပြီလား} တရား​သော​လောကကြီးမှာ ​ဒေါသ ​မောဟ မာန်​မာနတို့ အလံထူ​နေကြတယ်​ ငါ့​မေတ္တာကိုအားကိုးလို့ ​နောက်​ဆုံးတိုက်​ပွဲ ခံစစ်​နဲ့ကာကွယ်​မိတယ်​ ​ဟော ဟိုတစ်​ဘက်​မှာ မိုး​လေးသည်​းလာပြီ အကျည်​းတန်​တဲ့တိုက်​ပွဲ ယိုင်​လုလုနဲ့မို့ အတ္တ​တွေ​ပေကျံလို့​နေပြီ​ပေါ့ ကာရံ ၁၁ ့၁၁ ့၂၀၁၄


aye.kkNovember 10, 20141min40112
အနှစ်နဲ့အကာ   အုန်းသက်က တစ်ရာ… သားသ္မီးဆိုတာ ခဏတာ… အချိန်တန် တောင်စုံပြန်တော့ ပျံကြစမြဲသာ။   အနှစ်နဲ့အကာ ခွဲခြားကာ ကွဲပြားသိစေတဲ့ တရားအရိပ်ကိုရှာ နောင်သံသရာ အေးစေဘို့လေး။  


တောင်ပေါ်သားNovember 10, 20141min41310
နာရီတွေပြောင်းတိုင်း ရာသီတွေဟာဟောင်းသွားသတဲ့ ဒါပေမယ့် ချိုတစ်ခါ ရယ်တစ်လှည့် ပလီတတ်တဲ့ မင်းအတွက် ရူးတစ်ခါ ပျော်တစ်ချက် ဖြစ်ပျက်ရတဲ့ကိုယ့်မှာ နာရီဆိုတာ မရှိတော့ပါဘူး ။


alinsettNovember 10, 20143min63918
====================================== ” လယ်တောက အပြန်…ခံစားချက်…. ” ########################## လယ်တောက အပြန် ၊ ပန်ချင်တယ် ခရေဖူးဆိုလို့… မောင် ခူးကာပေး ။ မနက်တုန်းဆီက ကျော့ဆုံးကို မောင်မြင်တော့… သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့… ဂုဏ်တင့်တယ်လေး။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   အားလုံး  …… ဖတ်ဖူး / ခံစားဖူးတဲ့ ဆရာဝဏ် ( ဆရာ-မင်းသုဝဏ် ) ရေးခဲ့တဲ့ ကဗျာလေးပါ ။ ဒွေးချိုးလို့ သတ်မှတ်တဲ့ ကဗျာ အမျိုးအစားလေး ဆိုပါတော့… ။ လယ်တောက အပြန်…. ကျွန်တော် လယ်တောက ပြန်ဖူးပါတယ်။ လွန်ခဲ့သော ငါးနှစ်ခြောက်နှစ်လောက်က… ကျွန်တော်ဟာ.. မြန်မာနိုင်ငံရဲ့ မထင်မရှား ကျွန်းကလေးတစ်ကျွန်းပေါ်မှာ… လယ်အလုပ်… တံငါအလုပ်..စသည်ဖြင့်… ကြုံရာကို လုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာနေစဉ်က… […]


ကာရံNovember 8, 20141min2275
သူငယ်​ချင်​းသိပါ​စေ အားမငယ်​ပါနဲ့ အများသူငါအလည်​မှာ မင်​းတစ်​​ယောက်​ထဲမဟုတ်​ဘူး​လေ မာန်​မ​ထောင်​ပါနဲ့ သူတို့တစ်​​တွေကဟန်​​ဆောင်​အပြုံး​တွေပါကွာ သူငယ်​ချင်​း ဆူးဆိုတာလူတိုင်​းမုန်​းတဲ့အကျင်​့​ပေါ့ အမြင်​့မ​ရောက်​​သေး​တော့လဲ ​လေတိုက်​စမြဲပါ မင်​းအ​ခြေခိုင်​​အောင်​ကြိုးစားပါ​နော်​ ဘဝခရီးလမ်​းမ​ဖြောင်​့ဖြူးလို့ ​ကျောက်​ဆူး​​တော့မချလိုက်​ပါနဲ့ဦး မိုး​ကောင်​းကင်​မပြိုသ​ရွှေ့​တော့ ငိုစရာအ​ကြောင်​းမရှိပါဘူး​လေ မချစ်​လို့ပြစ်​သွားတဲ့သူ မကြင်​နာလို့ရင်​မှာမရှိ​တော့တဲ့သူ အလွမ်​း​ပေးလို့ကျန်​ရစ်​သူ မင်​းခံစစ်​ထားတက်​ဖို့လိုပြီ​လေ ပန်​းတိုင်​တစ်​​ကွေ့မှာ အလှမ်​းကိုင်​မိ​စေဖို့ မင်​းနှလုံးသားကြံ့ကြံ့ခိုင်​နိုင်​ပါ​စေ သူငယ်​ချင်​း ကာရံ ၈ ့၁၁ ့၂၀၁၄


မိုုးကောင်းကင်အောာက် မင်းရောက်လာမလား မျှော်စောင့်စားလည်း ခွဲသွားသူက ပြန်မလာ ၊ တိမ်ပြာပြာကြား မင်းလားလို့တွေး ငေးနေသော်လည်း ထားခဲ့သူက အဝေးမှာ ၊ စီးနေဆဲ မြစ်ရေ အသစ်တွေဖြစ်ခဲ့ပေမယ့် ချစ်ခဲ့လေတဲ့ သူ အပြစ်တွေဖွဲ့ ပစ်လေတဲ့ အမုန်းမြား ငါ့အား ထိမှန် မချိ ပြန် ငမိုက်သားမျိုး ဘာအားကိုးနဲ့ စောင့်လေသလဲ သဲကွဲခြင်း မရှိ ပီဘိအရူးပမာ ထူးမလာတာသိပေမယ့် ငြိနေဆဲ သံယောဇဉ် အမှန်ကော ထင်သလား ဟင်  ၊


ko sixNovember 6, 20141min2905
​လေညွှန်​တံကို ဘယ်​မှမပြ​စေနဲ့ ယူ​ရေနီယံကို ဘယ်​သူမှ မသန်​့စင်​​စေနဲ့ ဝီကီပီဒါကို ဘယ်​မှ မဖွင်​့​စေနဲ့ လယ်​​မြေကို ဘယ်​သူမှ သီးနှံမစိုက်​​စေနဲ့ ကာဗွန်​ဒိုင်​​အောက်​ဆိုက်​ကို ဘယ်​သူမှ မဝယ်​​စေနဲ့ အားလုံး ခဏ​လောက်​လေး သမ္မတ​ရွေးကြရ​အောင်​ မြစ်​ကမြစ်​လိုမစီးတာ​တွေ အချစ်​ကအချစ်​လိုမစီးတာ​တွေ ကြာလာရင်​ ဖြစ်​သလိုကြီးနဲ့ပြီးသွားမှာစိုးလို့ပါ ခဏ​လောက်​ ထမင်​းတစ်​နပ်​​လျှော့စားပြီး ကျန်​တဲ့ပါးကို ထပ်​အရိုက်​ခံလိုက်​ ​လော​လောဆယ်​ ခ​လောက်​ဘယ်​သူ့ဆွဲ​ပေးရမလဲ မိုးတဆုံး​မြေတဆုံး စဉ်​းစားတုန်​း ။ ကိုစစ်​


ko sixNovember 5, 20141min2234
ဟိတ်​… တိတ်​တိတ်​​နေကြ ငါ့ချစ်​သူအိပ်​​နေတယ်​ ဗန်​ဂိုးချစ်​တဲ့အဝါ​ရောင်​ကလွဲရင်​ ဘယ်​သူမှ မဲမ​ပေးရ ငါ့ဆန္ဒအရ သူမကိုချစ်​ခဲ့တာ ကြားဖြတ်​​ရွေး​ကောက်​ပွဲလား ငါနဲ့ချစ်​သူကြားမှာအမှိုက်​ ကဲ ရိုက်​ချင်​လဲရိုက်​ခဲ့​တော့ ဇာတ်​တိုက်​ပြီးမှ ချစ်​ခဲ့ကြတာ​တော့မဟုတ်​ရယ်​။ ကိုစစ်​


ကာရံNovember 4, 20141min2373
ဆုံမှတ်​ ဟိုးအ​ဝေးကမင်​း ကမ်​းတစ်​ဘက်​လှိုင်​းချက်​က နီးဖို့​စေသတဲ့လား အငြိုးနဲ့ ရွာတဲ့မိုး ကမ်​းပါးတို့ပြို ပျက်​​နေ​သေတယ်​ အသည်​းခွဲရက်​သူတဲ့ ​လေ​ပြေတစ်​ခဏမှာ ရနံ့​မွှေးတဲ့ပန်​းက​လေး တစ်​​ရွှေ့​ရွှေ့နဲ့ကူးခက်​​နေတယ်​ မုန်​တိုင်​းရယ်​မပြယ်​​သေး​တော့ လှမ်​းဖို့ခက်​ပြီ​ပေါ့ သစ္စာတို့အ​ခြေတည်​ကြတယ်​ ​မေ့​မေတ္တာအိမ်​ငယ်​​လေးမှာ ကိုယ်​​လေအကြင်​နာအင်​အားနဲ့တွန်​းဖယ်​ဖို့ကြိုးစားမယ်​​နော်​ ထာဝရရင်​မှာရှိရင်​​လေ အနမ်​း​လေးပွင်​့အံပါ​စေသား ကာရံ ၄ ့၁၁ ့၂၀၁၄


ဘာပြောလိုက်တယ် ပြန်ဆုံကြမယ် ဟုတ်လား မင်း နှုတ်ဖျားကစကား ပြန်ရုပ်သိမ်းသွားပါ မင်းမှာလည်း မျက်စိတစ်စုံ ငါ့မှာလည်း မျက်စိတစ်စုံဆိုပေမယ့် မတူညီတဲ့ အကြည့်တွေကြားမှာ မင်းဘက်ကကြည့်တော့ လမ်းဆုံ ငါ့ဘက်ကကြည့်တော့ လမ်းခွဲ ပြီးသွားခဲ့ပြီပဲ ကြွေပြီးသား သစ်ရွက် ပင်စည်နဲ့ပြန်မဆက်နိူင်သလို ပြာကျပြီးသား စက္ကူ စ ဥုံ ဖွ လို့ ဘယ်လောက် မန်း မန်း သူ့သက်တမ်းက ကုန်ခဲ့ပြီပဲ ရွှေမျက်ရည်လည်း လာမဝဲနဲ့ ကျူး လှခဲ့တဲ့ မင်း စကားသံ ငါ့နားထဲမှာ လျှံနေတုန်း လွယ်လွယ်နဲ့ မုန်းခဲ့တာမဟုတ် အရုပ်လိုလဲ ငါမနေနိူင်လှ အခြေခိုင်စ ငါ့ဘဝနား လား လား တောင်လှမ်းမလာနဲ့ ဇာတ်သိမ်းခန်းရဲ့ နိဂုံး ပြီးဆုံးသွားခဲ့ပြီ ။ ( ၂၄ – […]


ခင္ခOctober 30, 20141min46823
” ဦးဆုံးဖွင့်သည့်တံခါး “   မနက်ဖြန် သုံးဆယ့်တစ် ဒို့တိုင်းပြည်တံခါး ဖွင့်ကာလှစ် ထိုးလို့တိုးဝင် ရောင်ခြည်သစ် နွေးထွေးပြည့်စုံ လင်းလက်စုံဖို့ ဒို့တွေမျှော်လင့် နားကိုစွင့်လို့ ရလာဒ်ကောင်းတွေ ဖြစ်ပါစေလို့ ရင်ခုန်စွာနဲ့ စောင့်မယ်ဗျို့။   ခင်ခ။ (30.10.2014)     BREAKING NEWS: ” လေးပွင့်ဆိုင်သာမက ကျန်သူများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်၊ လာမည့် အောက်တိုဘာ ၃၁ ရက်တွင် သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်သာမက ကျန်သူများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ”