Mr. MarGaOctober 20, 20141min48122
  အို အဆွေ လာလော့….. ရှုလော့ ကျွန်ုပ်တို့ရဲ့ မင်းမဲ့တိုင်းပြည် အုပ်စိုးသူ မရှိ မင်းမှုထမ်း မပါ လာဘ်စားတာ မရှိ ဖော်လံဖား နတ္ထိ မင်းလိုလိုက်စရာလည်းမလို မင်းကြိုက်ဆောင်ဖို့ ဝေလာဝေး ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းလို့ လူတန်းစားမခွဲတဲ့ မင်းမဲ့တိုင်းပြည် အာဏာရှင် စနစ်လည်းမဟုတ် ဆိုရှယ်လစ်လည်း မပါ ကွန်မြူနစ်လည်း ဘေးကိုချ ကိုယ့်ဘဝမှာ ကိုယ်သာ သက်ဦးဆံပိုင် ဒီတိုင်းပြည်မှာ ဥပဒေမရှိဘူး သူ့စည်း ကိုယ့်စည်း လူ့စည်း ဘီလူးစည်း အသီးသီးခွဲထားကြရဲ့ ဟီရိဩတပ္ပကိုသာ ငါတို့ကိုင်စွဲထား သီလ ငါးပါးဟာ ငါတို့ရဲ့ လူမှုဆက်ဆံရေး လေးပါးသော ဗြဟ္မစိုရ် ငါတို့ ဗဟိုပေါ့ ရွယ်တူချင်း ရိုင်းပင်း ငယ်သူဆို အားပေး ကြီးသူဆို အလေးထားလို့ ငါတို့ကြား […]


ကုိ ထြဋ္October 20, 20142min51324
ရေတွေက မသန့်ဘူး ညီလေး အနည်တွေပါတယ် ကိုယ်တို့ အရက်သောက်ကြမယ်… ။ ။ အရက်ဆိုတာ ပိုးသတ်ထားတဲ့ အရည်တမျိုးပဲ သူ့အရောင်အဆင်းက Sexy အရမ်းကျတယ် ပြီးတော့ သူ့ထုပ်ပိုးမှူတိုင်းမှာ ဂုဏ်သိက္ခာကြီးတယ်… ။ ။ သူ့အနံ့အသက်က သစ်မွှေးဆီတွေကနေ ချက်လုပ်ထားခဲ့တာဆိုတော့ တခါရပြီးတိုင်း နောက်တခါ တမ်းတမိနေတယ်… ။ ။ ဟန်ဆောင်မှုတွေကိုလည်း သူက ချွတ်ချပေးတယ် အဲဒါကြောင့် မရိုးသားတဲ့သူတွေ မသောက်ရဲတဲ့ သစ္စာရေတမျိုးပဲ… ။ ။ နောက်တနေ့ ဘာဖြစ်မယ်ကြိုမသိရတဲ့ လောကကြီးအတွက် ခွန်အားသစ်မွေးပြီး သွေးသစ်တွေ လောင်းပေးတဲ့ အားဆေးဆိုလဲ မမှားဘူး… ။ ။ ခင်မင်မှုကို တံတားထိုး ရင်ဘတ်ချင်းနီးစေပြီး အနုပညာ ဈာန်ကြွစေတဲ့ သိဒ္ဓိပေါက်တန်ခိုး တမျိုးပဲ… ။ ။ […]


ကုိ ထြဋ္October 20, 20141min1766
– အရီးရေ… ဒါ ၅ အုပ်စာလောက်ထဲက ဟုတ်ဘူး… ခုတလော ကဗျာတွေ ထွက်နေတယ် ထင်တယ်… ရေးမိနေတယ်… ဘဝ နဲ့ ဆိုင်တာလေးတွေပေါ့… – ဖြစ်ချင်တဲ့ ဆန္ဒလေးရယ်… နုံချာတဲ့ ကံတရားရယ်… အားပေးတဲ့ မိတ်ဆွေကောင်းတွေရယ်… တဘက်စောင်းနင်းတဲ့ ကံကြမ္မာရယ်ကို ဖွဲ့ထားတာ… – အားပေး မန့်ကြပါဦးနော်… 🙂   ” ပြည့်စုံရပါစေသား “     အမြင့်ကို   တက်ပါမယ်ဆိုမှ လှေကားက   မရှိ… ကြိုးနဲ့တက်ပေါ့..  ဟုတ်သားပဲ ! ကြိုးက လျော့ရဲနေတော့ တက်ဖို့   ယုံကြည်ချက်မရှိ…..   ရေဆန်ကို   လှော်ပါမယ်ဆိုမှ တက်က   မရှိ… ရွက်တိုက်လိုက်ပေါ့..  ဟုတ်သားပဲ ! လေက ကိုယ့်ဘက်မပါတော့ […]


ကာရံOctober 19, 20141min1204
နွေတစ်မာခါးလေရော့သလား မှိုင်းပျပျမှုံကာခြယ် ရွာတစ်ဖက်ထန်းတောငယ်နဲ့ တို့ဖိုးထောင်နွားကျောင်းဟန်က လွမ်းမောဖွယ် ့ ့ ့ ဟိုးအဝေးကမီးခိုးတန်း ထက်ကောင်းကင်လွင့်ပျံလို့ ညနေချမ်း ပျို မေတို့ ရေခပ်လမ်းမှာ တေးသံသာတူစုံနွဲ လွမ်းမောဖွယ် အလှမ်းသာလာချင်ပေမယ့် ဝမ်းရေးမှာ ရှာခက်သူမို့ ရွာအဝေးမှာငါရပ်တည်ရင်း အနာဂတ်ခရီးကြမ်း လျှောက်လှမ်းနေသမျှ နွေတမာခါး ဘယ်တော့များချိုနေရော့မလဲလေ ကာရံ ၁၉ ့၁ဝ ့၂၀၁၄


လူရယ်လို့ဖြစ်လာ အချစ်လည်းရှိ အပြစ်လည်းရှိ အပြုံးလည်းရှိ အမုန်းလည်းရှိ အသုံးလည်းရှိ အဖြုန်းလည်းရှိ အကြည့်လည်းရှိ အထိလည်းရှိ အသိလည်းရှိ မသိလည်းရှိ အလွမ်းလည်းရှိ အကြမ်းလည်းရှိ ပီဘိလူသားဖြစ်သော်ငြားလည်း အားခဲလို့တက်သည့်လမ်းများ အမှားတွေက စောင့်ကြို ငိုနေလို့လည်း ပိုမထူး မူးမိုက်ရှိုက်သံ  မိုးသို့ညံလည်း နည်းသောငါ့ကံ မဟန်သာသမျှ ကြံပါလည်းမရ အကျလည်းနာလှသမို့ ငါကွ လို့ ဟန်မကိုယ့်နိူင် ယိုင်နဲ့နဲ့စိတ်တွေအပေါ် ဘာကိုမျှော်၍ ရမည်နည်း ။


ခင္ခOctober 18, 20141min22616
” ဆိုးလိုက်ပုံက ”   ငယ်ငယ်တုန်းက အဖေတို့ပြော ကိုလိုနီခေတ်က ဒီမြန်မာဝယ် ဆင်းရဲလှတဲ့ ကူလီကုလား လန်ကွတ်တီဘဲ အဝတ်များ အခုခေတ်အခါ တစ်ချို့များဆို လွန်စွာဆင်းရဲ နပ်မှန်အောင် ထမင်းစားဖို့ အနိုင်နိုင်နဲ့ လုပ်ရသမို့ ရှေ့ဆက်ပြည်ကြီး ခုလိုသာသွားရရင်တော့ လန်ကွတ်တီတောင် ကျန်မယ်မထင်။     ခင်ခ။  


ကာရံOctober 17, 20141min882
ဂုဏ်ယူပါတယ် လုံ့လကိုထုစစ် မာနဖယောင်းမှာ ပျော့ပြောင်းသူတို့ နှလုံးသား တစ်ပါးသူအပြုံးများ ပွင့်လန်းစေ ့ ့ ့ ့ ့ ဇွဲဆိုတဲ့တံခါးတစ်ချက် အားအင်နဲ့တွန်းဖယ်ရင်း ပန်းတိုင်ကို လှော်ခက်သူ တစ်ပါးသူတို့ ပျော်မဆုံးသေးပါဘူး ့ ့ ့ ့ ့ ့ အိပ်မက်ကိုအရောင်ခြယ် မှောင်မိုက်ကမ႓ာ စမ်းတစ်ဝါးည ကောင်းကင်ကကြယ်လေးများ အလင်းသာခဲ့ပြီ ခါးသီးရက်တွေမှာ တစ်ပါးသူတို့ ခေါင်းမော့တက်လာပြီ ့ ့ ့ ့ ရိုးရာလေးတစ်ခေတ်ဆန်းပြီမို့ နိုးထခဲ့ အိမ်မက်ညလေး ငါ့တို့အဝေးမှာ ကျန်ရစ်ပြီ သူတို့ သူတို့ သူတို့ရင်မှာ တစ်သက်မမေ့ U19 ရဲ့ အားပေးမှုကို ထာဝရ ဦးညွတ်ရင်း ့ ့ ့ ့ ့ […]


ဟောဟိုတိမ်တွေရဲ့  အဆုံး မင်း အပြုံးနဲ့စောင့်နေမလား အရောက်သွားမယ့် ငါ့ခြေလှမ်းတွေမှာ သေချာခြင်းတွေ သိပ်မပါပေမယ့် ရှိတဲ့သစ္စာ  ငြိတဲ့မေတ္ထာ ချစ်တာကို အားကိုးလို့ ရှေ့သို့မှသည် အစချီ လာလေပြီ မင်းထံ ငြင်းဆန်ပြန်ခဲ့ရင်ဖြင့် မထိုက်သင့်သူလို့ မှတ်ယူ ချစ်ရသူရေ ရင်ပူလှတယ်လေး   ။


alinsettOctober 17, 20142min22813
# ကျွန်တော်ဟာ….ခင်ဗျား # ၁) အသွေး . . . အသား . . . အာရုံခံစားမှုဆိုင်ရာများ. . . ၂) အချစ်. . . အမုန်း. . . ခံစားတတ်မှုနဲ ့ . . .နှလုံးသား… ၃) လွမ်းဆွေးတတ်ခြင်း. . . မေ့လျော့တတ်ခြင်း. . . ပြီးတော့. . . ကစဉ့်ကလျားဖြစ်သွားလိုက်  စနစ်ကျစွာ လှုပ်ရှားသက်ဝင်လိုက်နဲ ့ပေါ့. . . ၄) ကောင်းကင်နဲ ့မြေကြီးကြားမှာ တလူလူတက်နေတဲ့ အညွန့်တစ်စလို ့. . . . ကိုယ့် ကိုယ်ကို ထင်မှတ်သူ. […]


aye.kkOctober 17, 20141min14812
တိမ်တွေဆိုတာ လိုရာသရုပ်ကို အလိုလိုခြယ်သနိုင်တယ် ပြီးတော့လည်း ပျောက်ဆုံးပျက်ပြယ် သွားတာပါပဲ။ အတွေးဆိုတာလည်း တိမ်တွေလိုပါပဲ……. တွေးနေတာလေးကို တကယ်သိဘို့ပဲ လိုအပ်ပါတယ်။။


ကုိ ထြဋ္October 16, 20141min35821
– စကားဦးလေး သန်းထားမယ်နော်… ကျွန်တော် အရင်က  အချစ်ကဗျာတွေ ရေးတယ်ဗျ… ဒါပေမဲ့ ဦးကြိးမိုက်ကတော့ ဝေး နေလို့တဲ့ ကဗျာလို မမြင်ဘူးတဲ့… 🙂 – ဟီး… ဒါပေမဲ့ စမ်းကြည့်တာပေါ့လေနော်… အဆင်မပြေရင် ပွိုင့်မပေးပါနဲ့… – အရင်က တချက်တချက် သတိရလို့ ရေးလိုက်… ကြုံရာ ရေးတော့ ပျောက်ပျောက်သွားရော.. – ဘယ်ထားမှန်း မသိနဲ့ … ခုတော့ စုစည်းထားလိုက်မယ်နော်… မော့မော့များ… 🙂 – တခုပဲ တောင်းဆိုချင်ပါတယ်… ကဗျာရေးတဲ့ အလင်းဆက်၊ ကိုခ၊ ကိုစစ်၊ ကိုကမ်းဝေး… သိသလောက်ပေါ့… ကျန်ခဲ့ရင် ဆောရီးနော်.. နည်းနည်းလေး မန့်ပေးပါလားလို့… အားမနာတမ်းနော်…  🙂 – အော် ကျန်လို့… လေးပေါက်ရယ်၊ […]


တုံးအအ ယောကျင်္ား အပြုံးများအောက်မှာ မလှုပ်သာပဲ မက်ဆဲစိတ်ကူး ရူးနေဘဝမှာ ကျေနပ်စွာ ၊ ပြုံးစစမိန်းမ ထိန်းပြတဲ့ မာယာကြား များစွာ ပုရိသ သက်ဆင်းကျလာ ကျော့ကွင်းမှာ ၊ ထိုသို့သောအခါ မာယာများရှင် လွန်ပျော်ရွှင်သွား တွေ့လား ကိုးဖြာ သဲမာယာတဲ့ အိုဘယ့် ပုရိသ ခံလိုက်ရ ၊ သို့လေသော်လည်း ထိုငနဲတွင် ချေခြင်လက်စား စိတ်ကားအပြည့်ရှိ ရမည့်ခွင့်ရေး  တွေးကာချောင်းမြောင်း နေမစောင်းမီ  တုံးသည်ထင်ထား ထိုယောကျင်္ား၏ ဒါးသွားများကို မြင်စေလို ၊


manawphyulayOctober 15, 20141min20513
စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ ဆူးတစ်ချောင်းသာဆိုရင်တော့ ရင်ထဲမှာ ဒဏ်ရာကျန်ခဲ့စေဦး နုတ်ပစ်မိမှာ အမှန်ပါ အဲဒီအတွက် ခံစားချက်မဲ့စွာ…. စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက် မင်းသိအောင် ပြောဖို့ ခက်ခဲရင်း မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ ကြာခဲ့ပေမယ့် ခုတော့ ဒဏ်ရာများစွာ… ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့် ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ မေ့ပစ်လိုက်ဖို့ ပြောရအောင် အဲဒါ အိပ်မက်မှ မဟုတ်တာ….